အသားကင်
Vol. 5 Ch. 72
"ဟဲဟဲ ငါ ဘယ်သူ့ကိုမှ မယုံဘူး ဆိုရင်တောင် မင်းကို မယုံဖို့ မဖြစ်နိုင်ဘူး!" ဝေ့ချန်က ပြုံးပြီး
"ကောင်းပြီ...စိတ်မဆိုးပါနဲ့ ငါက အတွေးလွဲသွားလို့ပါ"
စကားပြောပြီးနောက်ကို ခြေသံတွေ တဖြေးဖြေး ပျောက်ကွယ်သွားပြန်သည်။
"သူမ ဘာလို့ငါ့ကို ကူညီတာလဲ?"
ထိုအချိန်တွင် လုရွှမ်သည် ထိုမိန်းကလေးကို နားလည်မှု လွဲသွားခဲ့သည်ကို သိသွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်။
သူက ဒီလန်ရော့ရှင်းနဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့ပါဘူး။ ဝူအဆင့် မရောက်ခင်က သူနဲ့ တိုက်ခိုက်ရတဲ့ တစ်ခုတည်းသော အဆက်အသွယ်ပဲ။
ရိုးရိုးသားသား ပြောရရင် ဒီတိုက်ပွဲက ပျော်စရာ မကောင်းခဲ့ချေ။ ဒါတောင် ဝေချန် သံသယဖြစ်ခဲ့တာတောင် သူမကိုယ်တိုင် ကူညီခဲ့တာ ဘာကြောင့်လဲ?
"အဲ့လောက် အများကြီး တွေးမနေတော့ဘူး အရင် ထွက်သွားရမယ်!"
အနီးနားတွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် လုရွှမ်သည် ခေါင်းယမ်းကာ တွေးမနေတော့ဘဲ သူ့ခန္ဓာကိုယ်ပေါ်တွင် ဝိညာဥ်ခုနစ်မျိုးမှိုကို ထုပ်ပိုးကာ ကျောက်ကျင်းကို ကောက်ယူ၍ ဂူထဲမှ အမြန် ထွက်ခွာလာခဲ့သည်။
"ဒီနေရာက မလုံခြုံတော့ဘူး အရင်က ငါရှာခဲ့တဲ့ နေရာကို သေချာပေါက် ပြန်ရှာကြမှာ မဟုတ်သလို တခြား သားရဲတွေလည်း မလာတော့ဘူးဆိုတော့ အရမ်းလုံခြုံတယ်!"
လှိုဏ်ဂူမှ ထွက်သွားတော့ လုရွှမ်သည် မရပ်မနား ဆက်ပြေးပြန်သည်။
ဝေ့ချန် ကဲ့သို့သော လူများသည် ဝိညာဥ်ခုနှစ်မျိုးမှို၏ တည်နေရာမှ လမ်းတစ်လျှောက်လုံး သူတို့ကို ရှာလိမ့်မည်။ ရှာခဲ့သော နေရာများကိုတော့ ထပ်ရှာလိမ့်မည် မဟုတ်။
ထို့ကြောင့် အခုထွက်ပြေးနေတာက နည်းလမ်းကောင်း မဟုတ်ဘဲ အရင်နေရာကို ပြန်သွားတာက လုံခြုံလိမ့်မည်။
ကျောက်ကျင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး တောက်လျှောက် ပြေးသည်။
ခန္ဓာကိုယ်တွင်းရှိ စွမ်းအင် အစစ်အမှန်သည် တစ်ညတာသာ စုပ်ယူခဲ့ရသော်လည်း အရှိန်နှင့် ခွန်အား နှစ်ခုစလုံးသည် ပိုမိုအားကောင်းလာသည်။
အချိန်မကြာလိုက်ဘဲ ဝိညာဥ်ခုနှစ်မျိုးမှို ကြီးပြင်းလာရာ လှိုဏ်ဂူထဲသို့ ပြန်ရောက်လာခဲ့သည်။
"ဆက်လေ့ကျင့်ရအောင်..."
လှိုဏ်ဂူထဲ ပြန်ရောက်တော့ လုရွှမ် သက်ပြင်းတစ်ချက်ချကာ ဝိညာဉ်အရည်အချို့ကို ထပ်မံယူ၍ မျိုချလိုက်သည်။
အချိန်ကို မဖြုန်းတီးဘဲ တတ်နိုင်သမျှ အမြန်ဆုံး လေ့ကျင့်ခြင်းသည် မှန်ကန်သော နည်းလမ်းဖြစ်သည်။
ဗုန်း!
ဝိညာဉ်စွမ်းအင်က ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး စွမ်းအားတွေ ပြန်လည် ဆူပွတ်လာသည်။
အချိန်အနည်းငယ် ကြာပြီးနောက် လုရွှမ် သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
"စစ်မှန်တဲ့ ဝိညာဥ်ချီကို နောက်ထပ် ၂၀၀% စုလိုက်တာ နန်းတော်ပင်လယ် နယ်ပယ်၏ အလယ်အလတ်အဆင့်ကို ရောက်သွားပြီ"
ဤလေ့ကျင့်မှု ကာလပြီးနောက် ဝိညာဉ်ရေးအရည်၏ အကူအညီဖြင့် သူသည် ထပ်မံအောင်မြင်မှုတစ်ခု ရရှိခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်း စစ်မှန်သော စွမ်းအင်လမ်းကြောင်း ၄၀၀ ပြည့်ကိုစုဆောင်းကာ နန်းတော်ပင်လယ် နယ်ပယ်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိခဲ့သည်။
ဂွီ......
ကျင့်ကြံမှု တိုးတက်လာပြီး သူ့ခွန်အား တိုးလာတယ်လို့ ခံစားလာရသလို သူ့ဗိုက်ကလည်း အလူးအလဲ ဆာနေပြီဆိုတာ သိလိုက်ရ၏။
ဖန်းရှစ်ရဲ့ အခန်း၁၀ထဲ ဝင်လေ့ကျင့်ခဲ့ချိန်ကစလို့ ဘာမှမစားခဲ့တာ ၂ရက်ကျော်ခဲ့ပြီ။
ဝိညာဉ်စွမ်းအင်ဖြင့် ကျွေးမွေးထားလို့ ခန္ဓာကိုယ် လုပ်ဆောင်မှုဆိုင်ရာ ပြဿနာမရှိသော်လည်း အချိန်တိုင်း အစာမစားဘဲ နယ်ပယ်အဆင့်ကိုသာ ထိုးဖောက်နေလို့ သူ့ဗိုက်က သည်းမခံနိုင်တော့ပေ။
"အစားအသောက် အရင်စားပြီးမှ လေ့ကျင့်တာ ဆက်လုပ်ရမယ်...."
ကျင့်ကြံခြင်းသည် နေ့ချင်းညချင်း အဆင့်တက်တာ မဟုတ်ကြောင်း သိတာကြောင့် ယခု ဗိုက်ဆာနေတာကို အမှန်တကယ် သည်းမခံနိုင်တော့ဘဲ ချက်ချင်း ထရပ်လိုက်သည်။
"ဝိညာဥ်အရည်နဲ့ အပင်တွေကို အရင်ဖွက်ရမယ်..."
စားစရာရှာဖို့ ထွက်သွားပြီး ခဏကြာမှ ပြန်လာရင်တောင် ဒီပစ္စည်းတွေကို သူ့နောက်ကျောမှာ မသယ်နိုင်ပေမယ့် ဒီမှာထားဖို့လည်း နည်းနည်းတော့ စိတ်ပူရသည်။
လက်ဝါးနှစ်ချက်ဖြင့် မြေပြင်၌ အပေါက်ကြီးတစ်ခု ရိုက်ခွဲကာ ဝိညာဉ်အရည်နှင့် ဝိညာဥ်ခုနှစ်မျိုးမှိုတို့ကို အပြင်ဘက်မှ မမြင်နိုင်စေရန် ဂရုတစိုက် ဖွက်လိုက်ပြီးမှ ဂူထဲမှ ထွက်သွားလေသည်။
လက်ရှိအချိန်မှာ အပြင်တွင် မှောင်နေပြီ။ သူ တစ်နေကုန် လေ့ကျင့်နေမိ ပုံရသည်။
ဝှီ......
မှောင်နေသော ကောင်းကင်သည် လုရွှမ်အပေါ် သက်ရောက်မှု မရှိပါ။ သူ၏ရုပ်ပုံသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။
လေထုထဲမှ ကျောက်တုံးများ ထွက်လာပြီးနောက် ငှက်အနည်းငယ်ကို ထိမှန်သွားသည်။
"ဒါပဲစားတာပေါ့!"
ငှက်ကို ကောက်ယူ၍ စမ်းချောင်းရေဖြင့် ဆေးကြောကာ မီးပုံးတင်ကာ ကင်လိုက်သည်။
သံလက်နတ်ဆိုး အသားမကင်မီ မီးကို အတားအဆီး မရှိသောနေရာတွင် ဖိုခဲ့သည်။
သူ့ရဲ့လက်ရှိ နေရာက လေနှင့် အလင်းရောင်မှ အမိုးအကာ ရှိ၍ မီတာဆယ်ဂဏန်းကျော်အထိ မီးကို ကျောက်တုံးများဖြင့် ပိတ်ဆို့ထားသောကြောင့် ရှာမတွေ့နိုင်ပေ။
သားရဲများ သို့မဟုတ် မီတာအနည်းငယ် နီးသော နေရာမှလူများ တွေ့ခဲ့လျှင်မူ သူကအရင်တွေ့နိုင်ပြီး အေးအေးဆေးဆေး ထွက်သွားနိုင်သည်။
ခဏကြာတော့ ငှက်ကို ကင်ပြီး အနံ့သင်းသင်းလေး ထွက်လာ၏။
"စိတ်ပျက်စရာကြီး! မုန်းစရာကြီး! ကောင်စုတ်လေး မင်း ငါ့ကို အရသာရှိတဲ့ အစားအသောက်တွေ ပေးမယ်လို့ ကတိပေးထားပြီးတော့ မင်းကကတိတွေကို မတည်ဘူး.... မင်းရဲ့အပျော်တွေကိုပဲ ဂရုစိုက်တယ်... အရမ်းများသွားပြီ အရမ်းများသွားပြီကွ!!..."
အသားတစ်ပိုင်းကို ဖဲ့ပြီး ပါးစပ်ထဲ ထည့်ခါနီးမှာ ဒေါသတကြီး အော်မြည်သံကို စိတ်ထဲမှာ ကြားလိုက်ရသည်။
ဒီအသံကိုကြားတော့ လုရွှမ် ခဏလောက် မင်သက်သွားပြီး
"ကျီးမည်း?"
ကျောက်စိမ်းထဲက ကျီးကန်းက သူ့ကို စားချင်စရာ အရသာတစ်ခုခု ယူလာပေးချင်ပေမယ့် သူ အလုပ်များနေတဲ့ အချိန်မှာ မေ့သွားခဲ့သည်။
"မင်းရဲ့ ငှက်ခေါင်းကြီးကိုပဲ မည်းနေလိုက်...လောင်ဇီက ရွှေကျီးကန်း... အဆင့်နိမ့်ကျီးကန်း မဟုတ်ဘူး!! ကြားလား? မင်းငါ့ကို ကျီးမည်းလို့ ခေါ်ရဲရင် မင်းကို နန်းတော်ပင်လယ် နယ်ပယ်အကြောင်း ဘယ်တော့မှ မပြောဘူး!! သိတောင်မသိချင်နဲ့!"
အော်ငေါက်သံက အဆက်မပြတ် ထွက်ပေါ်လာသည်။
"အာ့ တောင်းပန်ပါတယ် ငါမေ့သွားလို့... ဒီမှာ အသားကင် ငါ မင်းကို ဘယ်လိုလုပ်ပေးရမလဲ?"
တစ်ဖက်လူ၏ ဟောက်သံကိုကြားတော့ လုရွှမ်သည် အနည်းငယ်ရှက်သွားပြီး ကမန်းကတန်းပြောလိုက်သည်။
အမှန်တကယ်ကို သူ မေ့သွားခဲ့တာ ဖြစ်၏။
ဤကိစ္စတွင် သူသည် ယခင်ဘဝက ကဲ့သို့ပင် ကျင့်ကြံခြင်းနှင့် ဆိုင်သော ကိစ္စများ ပါဝင်လာသောအခါတွင် အခြားအရာ အားလုံးကို ဘေးဖယ်ထားရမည် ဖြစ်သည်။
"အရူး ငါမင်းကို မပြောခဲ့ဘူးလား? မင်း ယွမ်ယန်ကျင့်စဥ်ရဲ့ စစ်မှန်တဲ့စွမ်းအင်ကို စုစည်းပြီး ကျောက်စိမ်းပြားနဲ့ တစ်ချိန်တည်း ဆက်သွယ်နေသမျှ မင်းဝင်လာနိုင်တယ်လို့!"
ကျီးကန်း၏အသံက ဆက်၍ ထွက်လာသည်။
"ကောင်းပြီ!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
တစ်ဖက်က ရိုးရိုးရှင်းရှင်း ပြောပေမယ့် သူက အာကာသ မှော်လက်နက်ကို တစ်ခါမှ မသုံးဖူးဘူးလေ ဒါကို ဘယ်လိုလုပ် သိမလဲ?
ကျီးကန်းပြောသည့်အတိုင်း မီးကိုငြိမ်းသတ်ပြီး ချီဝိညာဥ်စွမ်းအင်ကို စုစည်းလိုက်သည်။
ဟူ.....
ရုတ်တရက် နေရာမှ ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်တွင် သူသည် ကျောက်စိမ်းပြားထဲသို့ တစ်ဖန်ပြန်သွားရောက်သွား၏။ ရေဆေးပြီး ကင်ထားသော ငှက်အနည်းငယ်ကို သူ့လက်ထဲတွင် ကိုင်ထားသည်။
"မြန်မြန် လာ ဒီကို ယူလာခဲ့..."
သူဝင်လာတာကို မြင်တော့ ကျီးကန်းဟာ ပျံသန်းလာပြီး ခြေသည်းတွေနဲ့ ကင်ထားတဲ့ ငှက်တစ်ကောင်ကို ကောက်ယူပြီး အသားတစ်ပိုင်းကို ဆုတ်ဖြဲလိုက်သည်။
သူသည် ပါးစပ်ကိုဖွင့်၍ အသားကို ပါးစပ်ထဲထည့်ကာ နှစ်ရာနှင့်ချီ၍ ဘာမှမစားဘဲ နေခဲ့သလိုဖြင့် ဝါးနေ၏။
သို့သော်လည်း အသားကို စားပြီးပြီးချင်းမှာ သူ့တစ်ကိုယ်လုံးမှာ အနက်ရောင် အမွှေးအမျှင်တွေ ချက်ချင်း ပြုတ်ထွက်တော့မတတ် အန်တော့သည်။
"ဖွီး...ဖွီး....ဖွီ...."
ကျီးကန်းက ငှက်ကင်ကို မြေပြင်ပေါ် ပစ်ချလိုက်ကာ
"ဒါက ဘာကြီးတုန်း? ငှက်ရော ဟုတ်ရဲ့လား?? မင်း မင်းအသားရော ကင်တတ်ရဲ့လား?!!"
လုရွှမ်သည် သူ့ဗိုက်ပြည့်နေသရွေ့ အစားအစာအတွက် လိုအပ်ချက်များစွာ မရှိပါ။
အသား အပိုင်းအစတစ်ခုကို ဆွဲခွာပြီး မြည်းစမ်းကြည့်ပြီးနောက် ပဟေဠိမျက်နှာဖြင့် ပြန်ကြည့်ကာ
"အဆင်ပြေပါတယ်"
သူ့အကင်က အရသာမရှိပေမယ့် အရမ်းမဆိုးပါဘူး။
"ဘာကောင်းတာလဲ!" ကျီးကန်းက ဒေါသတကြီးနဲ့
"မင်းက ယွမ်ယန်ကျင့်စဥ်ရဲ့ ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီးတော့ အသားကင်ဖို့ ယွမ်ယန်ဝိညာဥ်ချီကို ဘယ်လိုသုံးရမှန်း မသိဘူးလား?"
"ယွမ်ယန်ဝိညာဥ်ချီနဲ့ အသားကင်မယ်?" လုရွှမ် အံ့သြသွားသည်။
ဝိညာဥ်ချီနဲ့လည်း အသားကင် လုပ်လို့ရလား?
"တခြားကျင့်စဥ်တွေရဲ့ ဝိညာဥ်ချီက သေချာပေါက် မရဘူးပေါ့!! ဒါပေမဲ့ ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအင်က ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး သန့်စင်တဲ့ ယန်စွမ်းအင်ပဲ!...အသားကင်လိုက်ရင် အရသာရှိတယ် ဘုရားတောင် မငြင်းနိုင်ဘူး... အဲဒါကြောင့် ဒီလောက်ကောင်းတာကို ဘယ်လိုသုံးရမှန်း မသိဘူးရင် အစားအစာကို ဖြုန်းတီးဖို့ မီးတောက်လိုမျိုး အဆင့်နိမ့်ပစ္စည်းတွေကို သုံးနေလိုက်.... တုံးလိုက်တာ တကယ် တုံးလိုက်တာ..."
"ကောင်းပြီ ငါစမ်းကြည့်မယ်!"
အသားကင်ရန်အတွက် ဝိညာဥ်ချီကို အသုံးပြုခြင်းသည် ဖြုန်းတီးခြင်းဟု ခံစားမိသော်လည်း သူ့ရှေ့ရှိ ကျီးကန်းသည် အလွန်သဘောကျကာ စူးစမ်းချင်စိတ်ကို နှိုးဆွပေးနိုင်သည်။
အကင်မလုပ်ရသေးသော ငှက်ကလေးကို ကောက်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားမှုဖြင့် ယွမ်ယန်ဝိညာဥ်ချီကို သူ့လက်ဖဝါးကနေ လွင့်ထွက်လာစေသည်။
ဇိဇိဇိဇိ
ငှက်သား နှင့် ယွမ်ယန်ဝိညာဥ်ချီတို့ ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာပြီး ခဏအကြာတွင် ပြင်းထန်သော ရနံ့တစ်ခုသည် မျက်နှာဆီသို့ ပြေးလာကာ အနံ့ခံလိုက်ရုံဖြင့် စားချင်စိတ်ကို လှုပ်ခါသွားစေသည်။
"တကယ်...မွှေးနေတာပဲ!"
ဤအနံ့ကို အနံ့ခံလိုက်လျှင် အစာစားချင်စိတ်မရှိသော လုရွှမ်ပင်လျှင် သွားရည်ယိုခြင်းကို မထိန်းနိုင်ဘဲ ယခင်က သူလုပ်ခဲ့သော အရာကို အမှိုက်ဖြစ်သည်ဟု ပြောခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ထိုသို့သော နှိုင်းယှဥ်မှုသည် အမှန်ပင် တူညီသည်မဟုတ်လော။