ဝံပုလွေကအရှေ့ ကျားကအနောက်မှာ
Vol. 5 Ch. 73
"အရသာရှိလိုက်တာ ငါဒီလောက် အရသာရှိတဲ့ အစားအစာကို မစားရတာကြာပြီ..."
များမကြာမီ ယွမ်ယန်ချီနှင့် ကင်ထားသော ငှက်များစွာတို့သည် ကျီးကန်း၏ ဝမ်းထဲသို့ ကျသွားကြပြီး အနက်ရောင်ငှက်သည် ကျောက်တုံးပေါ်တွင် ပျင်းရိစွာ အိပ်လျက် နေလေသည်။
လုရွှမ်သည် အသားကင်သူဖြစ်သော်လည်း တစ်ကိုက်သာ မြည်းစမ်းကြည့်ပြီးနောက် သူ့အတွက် ဝေစု မရှိခဲ့ပေ။ ၎င်း၏ခန္ဓာကိုယ် အရွယ်အစားမှာ ငှက်ကင် တစ်ကောင်လောက်ပင် မကြီးမားပေ။
ငှက်ကင်တွေကို ဘယ်လိုစားလိုက်သလဲ မသိ။
"ငါ အပြင်ထွက်တော့မယ်!"
ဤကျီးကန်း၏ အသွင်အပြင်ကို မြင်တော့ လုရွှမ်သည် အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်ဆိုတာကို သူ့ကိုလိမ်နေသလားဟုပင် သံသယဝင်လာမိသည်။
"ထွက်သွားတော့ ကျိုးနေတဲ့ ငှက်အနည်းငယ်လောက်နဲ့ ငါ့ကို လှည့်စားနိုင်လိမ့်မယ်လို့ မထင်နဲ့... နောက်တစ်ခါ ဝိုင်ပုလင်းတွေ ယူလာခဲ့!" ကျီးကန်းက အတောင်ပံခတ်လျက် ပြောလာ၏။
"... " လုရွှမ်သည် ခေါင်းယမ်းလိုက်သည်။
ငှက်တစ်ကောင်နှင့် ရင်းနှီးရန် ပျင်းလွန်းသဖြင့် အပြင်ထွက်ခါနီးတွင် အတွေးတစ်ခု ရုတ်တရက်ဝင်လာကာ မျက်လုံးများ တောက်ပလာပြီး ကျီးကန်းကို အလျင်အမြန် ကြည့်လိုက်သည်။
"ခုနက ငါငှက်ကိုယူပြီး ဒီထဲဝင်လာလို့ ရတယ်ဆိုတော့.. တခြားအရာတွေလည်း ထည့်လို့ရမလား?"
"သေချာပေါက် ရတာပေါ့! ဒါက အာကာသ မှော်လက်နက်... မှော်နယ်မြေပဲ မင်းပစ္စည်းတွေကို မထည့်ထားချင်ဘူးဆို ဘာကို ထည့်ထားချင်လို့လဲ?"
ကျီးကန်းသည် သူ့ကို မထီမဲ့မြင်ပြုစွာ စိုက်ကြည့်သည်။
"မင်း အခုက ကျောက်ကျင်းကို ကိုင်ပြီး လှည့်ပတ်ပြေးနေတာ... အဲဒါကို ထည့်ရမှန်းတောင် မသိဘူးလား....တော်တော်တုံးတာပဲ"
"မင်းအကုန်သိတယ်..."
လုရွှမ်သည် ခဏတာ ဒေါသထွက်သွားပြီး ကျောက်ကျင်းကိုကိုင်ကာ လှည့်ပတ်ပြေးနေမိမှန်း သိရက်သားနဲ့ စကားမပြောဘဲ အစားအသောက်ကို မြင်သောအခါမှ ချက်ချင်းပင် အဓိပ်ပါယျမဲ့စှာ ပြောလာခဲ့တဲ့ ကျီးမည်းကို စိုက်ကြည့်လိုက်သည်။
"နံစော်နေတဲ့ ကျီးမည်း.... မင်းက ဝံပုလွေလိုမျိုးပဲ...."
လုရွှမ် ဟစ်အော်လိုက်သည်။
"ဘယ်နှခါ ပြောရမလဲ ကျီးမည်းလို့ မခေါ်နဲ့... ငါက ရွှေကျီးကန်းလို့!!"
သူ့စကားကိုကြားတော့ ငှက်နက်ကြီးက ခုန်ပြီး ပြင်းပြင်းထန်ထန် ပြန်ပြောလိုက်၏။
"ကောင်းပြီ.. ကျီးမည်း! နောက်တစ်ကြိမ် ကျီးမည်းလို့ မခေါ်တော့ဘူး! ဟုတ်ပြီလား ကျီးမည်း!" လုရွှမ် ခေါင်းတဆက်ဆက် ညိတ်ရင်း ပြောလိုက်သည်။
"" ကျီးမည်း
ဟူ....
လုရွှမ်သည် သူ၏ စစ်မှန်သော စွမ်းအင်အလှည့်အပြောင်းဖြင့် လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့သည်။
သေချာပေါက်ကို အရင်က ပျောက်ကွယ်သွားခဲ့တဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့သည်။
ညသည် ရေနှင့်တူသည်။ လသည် ကောင်းကင်၌ မြင့်တင်လျက် ချိုင့်ဝှမ်းမှ ထူးခြားသောလေများ တိုက်ခတ်လာသဖြင့် နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်စေသည်။
"ကျောက်ကျင်းနဲ့ ဝိညာဥ်ခုနှစ်မျိုးမှိုကို ကျောက်စိမ်းပြားထဲမှာ ထည့်ထားလိုက်ပြီး ဒီကနေ ထွက်သွားရမယ်!"
သူ့စိတ်ထဲတွင် ကျောက်စိမ်းပြားသည် ပြင်ပအရာများ ပါ၀င်သိမ်းဆည်း နိုင်သည်ကို သိသဖြင့် လုရွှမ်တွင် အစီအစဉ် အသစ်တစ်ခု ရသွားသည်။
ပုန်းအောင်းဖို့ နေရာကို မရှာနိုင်ခင်မှာ ဝိညာဥ်အရည်နဲ့ ဝိညာဥ်ဆေးပင်ကို ထားခဲ့ဖို့ မဖြစ်နိုင်ဘူး။
ယခုအချိန်တွင် ဝမ့်ဖုန်းချိုင့်ဝှမ်း အတွင်း၌ မရေမတွက်နိုင်သော ပြင်းထန်သည့် သားရဲများသာမက ဝိညာဉ်ခုနှစ်မျိုးမှိုကို ရှာဖွေရန် လာကြသည့် ကျင့်ကြံသူများလည်း ရှိသည်။
ထိုကြီးမားသော ကျောက်ကျင်းကြီးကို ကိုင်ဆောင်ကာ ဝိညာဉ်ခုနှစ်မျိုး မှိုနှင့်အတူ ပတ်ပြေးနေရင်တော့ မတွေ့ကြဘူးဆိုရင် အတော် ထူးဆန်းလိမ့်မည်။
ရှာတွေ့ခံရသည်နှင့် သတင်းသည် တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး မလွတ်မြောက်နိုင်ရုံ သာမက လူအများ၏ ဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်လာကာ မည်သို့မည်ပုံ သေရမည်ကို မသိလိုက်ဘဲ ဖြစ်သွားနိုင်သည်။
အခုက မတူတော့ပေ။ ကျောက်စိမ်းပြားက အရာအားလုံးကို သိမ်းဆည်းထားနိုင်သည်။ ကျောက်ကျင်းနဲ့ ဝိညာဥ်ခုနှစ်မျိုးမှို အကုန်လုံးကို အဲဒီထဲကို ထည့်ထားနိုင်၏။
လက်ထဲမှာ ဘာတစ်ခုမှ မတွေ့ရဘူးဆိုရင် သံသယ အဝင်မခံရတော့လေ
ဒါကို တွေးပြီးတာနဲ့ လုရွှမ်ဟာ ကျောက်ကျင်းနဲ့ ဝိညာဥ်ခုနှစ်မျိုးမှိုကို သိုလှောင်ထားတဲ့ လှိုဏ်ဂူဆီ အမြန်ပြန်ပြေးသွားခဲ့သည်။
"ဟင်? တစ်ယောက်ယောက် ရှိနေတယ်?"
လုရွှမ် ရပ်တန့်သွားသည်။
ဘယ်အချိန်က ဂူရှေ့မှာ လူတစ်စု ရောက်လာပြီး လှည့်ပတ်ကြည့်နေကြလဲ မသိ။
"ဝိညာဥ်ခုနှစ်မျိုးမှိုက ဒီထဲမှာ ရှိလိမ့်မယ်!"
"အားလုံး ရှာကြည့်ကြ....တစ်ခုခု တွေးမိလား?"
.......
စကားသံတွေ ထွက်ပေါ်လာသည်။
"သူတို့ပဲလား?" လုရွှမ် အံ့အားသင့်သွားသည်။
အသံသည် အလွန်ရင်းနှီးနေ၏။ ၎င်းတို့သည် သံကြေးစား အဖွဲ့ခေါင်းတောင် တျယ်လုံ၊ သံလက်နတ်ဆိုးနှင့် တခြားလူများ ဖြစ်သည်။
"အလျင်စလိုမလုပ်နဲ့...ငါ နက်နဲနေရာမှာ သေချာ မြှုပ်ထားတယ်....သူတို့ထွက်သွားမှ ငါသွားပြီးတော့ တူးလိုက်မယ်"
လုရွှမ် ရှေ့ကို မတက်သွားခဲ့။
အဲဒီလူတွေကို မတွေ့တာ အကောင်းဆုံးပဲ။
အဆင့်၅ သံလက် မျောက်ဝံကြီးနဲ့ တွေ့တာကို စကားမပြောဘဲ လှည့်ထွက်ပြေးခဲ့သည်။ သူတို့အစောကတည်းက သူ့ကို ဒေါသထွက်နေလောက်၏။ အခုအချိန် ထွက်သွားရင် ဒုက္ခရှာသလို ဖြစ်သွားလိမ့်မည်။
"ဘာမှမတွေ့ဘူး ဆိုရင် ဒီမှာ အကြာကြီး မနေဘဲ မကြာခင် ထွက်သွားလိမ့်မယ်!"
လုရွှမ် အရမ်းစိတ်ရှည်ထားလေသည်။
သူတို့ ရှာမတွေ့ဘဲ အဲဒီမှာ တစ်ချိန်လုံး နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ထွက်သွားတာကို စောင့်ပြီးတော့ သူဝင်သွားရင် ဘယ်သူမှ မြင်မှာမဟုတ်ဘူး။
"မိုင်ငါးဆယ် အကွာအဝေးမှာ ငါရှာဖွေခဲ့တယ်... ဒါပေမယ့် ခြေရာတစ်ချက်တောင် မတွေ့ခဲ့ရဘူး... ထွက်ခွာသွားမယ့် အရိပ်အယောင်တောင် မတွေ့ဘူး... ဒီကောင် ပြန်လာလောက်ပြီ"
"မှန်တယ်... အန္တရာယ်အရှိဆုံး နေရာက အလုံခြုံဆုံး နေရာပဲ... သူသာ ဂူထဲမှာ ပုန်းနေခဲ့ရင် ငါတို့ သူ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး!"
"ငါတို့နောက်ကွယ်မှာ ပုန်းလျှိုးကွယ်လျှိုး လှည့်စားနေတဲ့ လူပဲ!! တွေ့လို့ကတော့ သူ့ကို အပိုင်းပိုင်း မခွဲရရင် ငါ့ကိုဝေ့ချန် ခေါ်မှာမဟုတ်ဘူး။"
ကျောက်ဆောင်တစ်ခုရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ လုရွှမ်ဟာ တျယ်လုံနဲ့ တခြားသူတွေ ဂူထဲအနားက ထွက်ခွာသွားဖို့ စောင့်ဆိုင်းနေပြီး နောက်ထပ် ခြေသံတွေ ဆက်တိုက် ကြားလာရကာ ဒေါသတကြီး အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့သည်။
"ဝေ့ချန်.... ပြန်ရောက်လာတာလား?"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
ကြည့်ရတာ ဝေ့ချန်က မတုံးဘူးပဲ။
ဂူထဲသို့ ဝင်ရန်ထွက်ရန် လမ်းကြောင်းက တစ်ခုသာ ရှိသေးသည်။ သူဝင်သည်ဖြစ်စေ ထွက်သည်ဖြစ်စေ သိရန် လွယ်ကူသည်။ သူ အပြင်မထွက်သေးဘဲ ပုန်းလျှိုးကွယ်လျှိုး ကစားရမည်။
ရှာတွေ့ခဲ့တဲ့ နေရာကိုပဲ ပြန်လာရှာကြတယ်။
မျှော်လင့်ထားသည့်အတိုင်း လှည့်ကြည့်လိုက်တော့ မဝေးလှသော နေရာမှ လူတစ်စုရောက်လာပြီး ဝေ့ချန်မဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်မလဲ?
"မကောင်းတော့ဘူး တျယ်လုံနဲ့ တခြားသူတွေက ဂူထဲကို တစ်ခါမှ မဝင်ဖူးဘူး...ငါ ကျောက်ကျင်းနဲ့ ဝိညာဥ်ခုနှစ်မျိုးမှိုကို မြေအောက်မှာ ဝှက်ထားခဲ့တယ်... အဲဒါတွေကို သူတို့ရှာမတွေ့လောက်ဘူး ဆိုပေမယ့်... ဝေ့ချန်က ဂူကို အရင်မြင်ဖူးတယ်... ငါတို့သူ့ကို ထပ်ဝင်ခွင့်ပြုလိုက်ရင် သူဝိညာဉ် အရည်နဲ့ ဝိညာဥ်ခုနှစ်မျိုးမှိုကို ရှာတွေ့သွားလိမ့်မယ့"
ဝေ့ချန်ကို မြင်လိုက်ရတော့ လုရွှမ် သူ့ရင်ထဲမှာ "ခွပ်ခနဲ!" ဖြစ်သွားသလို ခံစားလိုက်သည်။
ကျောက်ကျင်းနှင့် ဝိညာဥ်အပင်များကို မြေအောက်၌ မြှုပ်နှံထားခဲ့သည်။ ၎င်းကို မြေပြင်မှ ဖုံးကွယ်ထားသော်လည်း ဂူထဲကို မရောက်ဖူးသော လူများက ရှာတွေ့နိုင်မည် မဟုတ်။
သို့သော်လည်း အရင်က ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသူက ကျောက်ကျင်းလောက်ကြီးတဲ့ တစ်ခုခုကို မြှုပ်ထားတဲ့ နေရာကို မမြင်နိုင်ရင် အံ့သြစရာ ဖြစ်သွားလိမ့်မည်။
ဒါကြောင့်
"ဝေ့ချန် မဝင်ခင် ကျောက်ကျင်းနဲ့ ဝိညာဥ်ခုနှစ်မျိုးမှိုကို ထုတ်ပြီး ကျောက်စိမ်းပြားထဲမှာ ထည့်ထားရမယ်!"
လုရွှမ် မျက်နှာ တင်းကြပ်သွားသည်။
ဝေ့ချန်၏ ခွန်အားဖြင့် ဝိညာဉ်အရည်နှင့် ဝိညာဥ်အပင်ကို တွေ့ရှိပြီးသည်နှင့် ၎င်းတို့ကို ပြန်ရရန် မဖြစ်နိုင်တော့ပေ။ သူတို့ရှေ့ အရင်ရောက်ပြီး ကျောက်စိမ်းပြားထဲ ထည့်ဖို့ပဲ ရှိတော့သည်။
ဒါပေမယ့် ဒီအချိန်မှာ တျယ်လုံနဲ့ တခြားသူတွေက ဂူပေါက်ဝကို ပိတ်ဆို့ထားလို့ ဘယ်လိုဝင်ရမလဲ?
"ဂူထဲကိုဝင်ဖို့ တစ်မိနစ်လောက် အချိန်ပေးရင် ရတယ်.... ပစ္စည်းတွေ ယူပြီးရင် မြေပြင်က မူလပုံစံအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်!"
စိတ်ထဲမှာ တွေးနေမိသည်။
ကျောက်ကျင်းနှင့် ဝိညာဥ်ခုနှစ်မျိုးမှိုကို တူးဖော်ပြီး မြေသဏ္ဍာန်ကို ပြန်လည်ရယူရန် ဂူထဲသို့ဝင်ရန် အချိန်များစွာ ကြာမြင့်မည် မဟုတ်ပါ။
သို့သော် အခုဝေ့ချန်နဲ့ တခြားသူတွေ ရောက်လာပြီမို့ ဂူထဲကို ဝင်ရမှာဖြစ်ပြီး တျယ်လုံနဲ့ တခြားသူတွေက ဂူပေါက်ဝကို စောင့်နေကြပြီ။ တစ်မိနစ်မှာ ပြီးဖို့ ခက်သည်။
"သူတို့ကို အနှောင့်အယှက် ပေးစရာ တစ်ခုခု ရှိရင် ငါပစ္စည်းကို ဖယ်ထုတ်ဖို့ အခွင့်အရေး ရနိုင်တယ်..."
ဝေ့ချန် နှင့် အခြားသူများ နီးကပ်လာသည်ကို မြင်လိုက်ရသည်နှင့် လုရွှမ်သည် နှောင့်နှေးနေရန် အချိန်မရှိကြောင်း သိလိုက်ရသဖြင့် ချက်ချင်း လှုပ်ရှားရတော့မည်။
အုပ်စုနှစ်စုကို တစ်ချိန်တည်းတွင် အဘယ်အရာက အနှောင့်အယှက် ပေးနိုင်မည်နည်း။
"ဝိညာဥ်ခုနှစ်မျိုးမှို!! ဒီလူတွေ အကုန်လုံးက ဝိညာဥ်ခုနှစ်မျိုးမှိုကို ရှာဖို့ဒီမှာရှိနေကြတာ....အဲဒါရဲ့ သဲလွန်စကိုတွေ့ရင် အတူတူ လှုပ်ရှားကြလိမ့်မယ်"
လုရွှမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
တျယ်လုံဖြစ်ဖြစ် ဝေ့ချန်ပဲဖြစ်ဖြစ် ပစ်မှတ်က ဝိညာဥ်ခုနှစ်မျိုးမှို ဖြစ်ပြီး ဒီအရာကို ငါးစာအဖြစ် အသုံးပြုလိုက်ရင် တစ်ချိန်တည်းမှာ သူတို့ရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပြီါ
မှန်ကန်တဲ့ နည်းလမ်းကို တွေးထားရမယ်။ မဟုတ်ရင် ဂူထဲကို ပြန်မဝင်နိုင်ခင်မှာ သူတို့ အဝိုင်းခံထားရပြီး အသေအကြေ တိုက်ခိုက်ရနိုင်သည်။