← Chapters

ဉာဏ်ကောင်းတဲ့ဝေ့ချန်

Vol. 5 Ch. 74

ဉာဏ်ကောင်းတဲ့ဝေ့ချန်

Vol. 5 Ch. 74

တောအုပ်ထဲမှာ ဝေ့ချန်နဲ့ သူ့အဖွဲ့။

"သခင်လေးချန် အဲဒီလူက ဝိညာဥ်ခုနှစ်မျိုးမှိုကို ရပြီးတော့ တစ်နေရာရာမှာ ပုန်းအောင်းနေမယ် ထင်တယ် သူဘယ်လိုလုပ် ပြန်လာမှာလဲ? အခုလို ပြန်လာတာက ကျွန်တော်တို့အားကို အချည်းအနှီး သုံးရာမကျဘူးလား?"

ဖိရွှယ်နယ်ပယ်ရှိ အခြားသန်မာသူ ကျန်းရန်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"လူတော်တော်များများက ဝိညာဥ်ခုနှစ်မျိုးမှိုကို တချိန်တည်း ရှာနေကြတာ ချိုင့်ဝှမ်းကြီး တစ်ခုလုံး ပိတ်ဆို့လုနီးပါးပဲ...သူလွတ်မြောက်ချင်တိုင်း လွတ်မြောက်နိုင်မယ် ထင်လား!"

ဝေ့ချန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ဉာဏ်ပညာ အလင်းတန်းများ ထွန်းတောက်လာခဲ့သည်။

"ဝိညာဥ်ခုနှစ်မျိုးမှိုကို ဘယ်နားဖွက်ထားနိုင်မလဲ ရှာကြည့်ရအောင်....ဝိညာဥ်ခုနှစ်မျိုးမှိုက အရမ်း ရှာရခက်ခဲပေမယ့် သားရဲတိရစ္ဆာန်က အနံ့နဲ့ တခြားသွင်ပြင်တွေ အရတော့ လူသားတွေထက် သာလွန်ကောင်းမွန်တယ်... သူဒီအရာကို သယ်ဆောင်ထားသရွေ့တော့ အနှေးနဲ့အမြန်ဆိုသလို ရှာတွေ့ခံရမှာပဲ... လွန်ခဲ့တဲ့ နှစ်ရက်က ဒီလောက်ကြီးမားတဲ့ ဧရိယာထဲမှာ ရှာဖွေခဲ့တာတောင် သားရဲရဲ့ မူမမှန်တဲ့ ခြေရာလက်ရာကို ရှာမတွေ့ခဲ့ဘူး....ဆိုလိုတာက သားရဲတစ်ကောင်မှ မရှိတော့ဘူးလို့ ပြောတာပဲပေါ့!"

"ဒီကိစ္စမှာ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ် ဝိညာဥ်ခုနှစ်မျိုးမှိုကို အဲဒီလူက တစ်နေရာရာမှာ စွမ်းအင်တွေ မပြန့်သွားအောင် ဝှက်ထားလို့ ဒါမှမဟုတ် တခြားသားရဲတွေ မဖြတ်သန်းနိုင်တဲ့ နေရာမှာ ဝှက်ထားလို့ပဲ.... မျက်လုံးနီ မျောက်ဝံရဲ့နေရာက တခြားသားရဲတွေ မချဉ်းကပ်ရဲတဲ့ အရပ်ပဲလေ သူ ဒီကို ပြန်မလာဘူးလို့ မင်းပြောရင် သူက ဘယ်သွားနိုင်မှာလဲ?"

"ဒါက.."

အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။

ဝေ့ချန်က ဘာလို့ ပြန်လာတာလဲ နားမလည်ပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့ ကြိုးစားမှုတွေကို ခိုးယူသွားတဲ့လူက ဒီနေရာကလွဲလို့ တခြားသွားစရာနေရာ မရှိဘူးဆိုတာ သိလိုက်ရ၏။

"သခင်လေးချန်က အံ့သြစရာကောင်းလိုက်တာ... အဲဒီကောင်လေး ဂူထဲမှာ တကယ်ရှိနေရင် သူ့ကိုဖမ်းပြီးရင် သူ့ဆီက ဝိညာဥ်ခုနှစ်မျိုးမှို ကို လွှဲပေးခိုင်းရုံတင်မကဘူး ငါတို့ကို လှည့်စားသွားတဲ့အတွက် သင်ခန်းစာ ကောင်းကောင်းလည်း ပေးမှာရမယ်!!"

ကျန်းရန်က အေးစက်စွာ ဟစ်အော်လိုက်သည်။

"အင်း အဲဒီအတွက် စိတ်ချပါ ငါသူ့ကို ဒီလောက်မြန်မြန် မသေခိုင်းဘူး..."

ဝေ့ချန်သည် နှုတ်ဆိတ်နေပြီးမှ စကား ဆက်ပြောတော့မည့်အခိုက် ရုတ်တရက် တိတ်ဆိတ်သော အမူအရာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဟူ.....

လူတိုင်းသည် ဤလုပ်ရပ်ကိုမြင်ပြီး တစ်ချိန်တည်းမှာပင် အသံများကို လျှော့လိုက်ကြသည်။

တိတ်ဆိတ်သွားသောအခါတွင် သစ်ရွက်ခြောက်များနှင့် သစ်ပင်များကြား တရွေ့ရွေ့ လွင့်ထွက်နေသော အရိပ်အမျိုးမျိုး၏ ခြေလှမ်းများ ရှေ့တွင် ချက်ချင်းပင် လေးနက်သော အသံဖြင့် ထွက်ပေါ်လာသည်။

"သံလက်နတ်ဆိုး... အဲဒီကောင်က အမှန်ပြောတာလား ဒါမှမဟုတ် လိမ်နေတယ်လို့ မင်းထင်လား?"

ရီဝေနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ကြားလိုက်ရသည်နှင့် အရက်အနည်းငယ် သောက်တယ်လို့ ပြောလို့ရသည်။

ငါ့သံလက်ရဲ့ ညှဉ်းပန်းနှိပ်စက်မှု အောက်မှာ မင်းရော လိမ်ပြောနိုင်မယ်လို့ ထင်လား? ဒုတိယအသံက ဟစ်အော်လိုက်သည်။

မာနကြီးပေမဲ့ သူ့အသံက နည်းနည်းတော့ နောက်ကျကျန်နေပြီး တော်တော် မူးနေပုံရ၏။

"ဒါအမှန်ပါပဲ..... သူပြောတာက ဝိညာဥ်ခုနှစ်မျိုးမှိုကို ကျန်းဝူအကယ်ဒမီရဲ့ အတွင်းစည်းထဲက ကျောင်းသားဝေ့ချန်နဲ့ တခြားသူတွေက လုယူသွားခဲ့တာတဲ့...အဲဒီဝေ့ချန်က ဖိရွှယ်နယ်ပယ်မှာ သန်မာတဲ့သူတစ်ယောက်ပဲ သူ့ဆီက ပြန်ယူချင်တယ် ဆိုရင်တော့.. ..."

သူက မူးဝေသောအသံဖြင့် ခေါင်းယမ်းလိုက်သည်။

"ပြီးတော့ ငါတို့လည်း ဂူထဲကို ကြည့်လိုက်တော့ တစ်ချိန်က မျက်လုံးနီ မျောက်ဝံတစ်ကောင် ရှိခဲ့ဖူးပုံပဲ... အဲဒီကောင်က အဆင့်၆ သားရဲကြီးပဲ...ဝေ့ချန်နဲ့ တခြားလူတွေက သူ့ကို သတ်ပစ်နိုင်ရင် သူတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ပြင်းထန်လွန်းတာကို ပြသနေတာပဲ... ကြည့်ရတာ ငါတို့မှာ ဝိညာဥ်ခုနှစ်မျိုးမှို အတွက် မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်... အဲဒါကို မေ့ထားလိုက်ရအောင်။"

"ဒါဆို ဘာလုပ်နိုင်ဦးမှာလဲ? ငါတို့ထဲက ဘယ်သူက ဝေ့ချန်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်လို့လဲ?"

ဒုတိယအသံမှာ အနည်းငယ်စိုးရိမ်နေပုံရသည်။

"ဟမ့် ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး သူတို့ကို ဘာမှ အခွင့်ကောင်းယူလို့ မရဘူး... ခဏနေမှ သူတို့မှာ ဝိညာဥ်ခုနှစ်မျိုးမှို ရထားတယ်ဆိုတာ လူတိုင်းသိအောင် လုပ်ပြီး သတင်းလွှင့်ပစ်မယ်!!"

ရှပ်......ရှပ်.....

စကားပြောသံများ ပြီးသွားသောအခါ ခြေသံများ တဖြေးဖြေး ပျောက်ကွယ်သွားကာ လရောင်အောက်တွင် ဂူအနီးတစ်ဝိုက်သို့ လှည့်ပတ်နေသည့် ခဲပြာရောင် ချပ်ဝတ်တန်ဆာများကို မြင်တွေ့ရသည်။

.......

ဤစကားဝိုင်းများသည် ဝေ့ချန်နှင့် အခြားသူများနားထဲသို့ အလွန်ရှင်းလင်းစွာ ရောက်ရှိခဲ့သည်။

"သခင်လေးချန်....ဝိညာဥ်ခုနှစ်မျိုးမှိုက ငါတို့နဲ့အတူ ရှိနေတယ်လို့ပြောတာ.... သူတို့က ဘာကိုဆိုလိုတာလဲ?"

ကျန်းရန်က သံသယတွေ အပြည့်နဲ့။

"ဟမ့်....ငါမှန်းတာ မှန်မယ်ဆိုရင် သူတို့ဖမ်းမိတဲ့သူက ငါတို့ရဲ့ ဝိညာဥ်ခုနှစ်မျိုးမှိုကို ခိုးတဲ့လူပဲ သူက ငါတို့ကို တမင်အပြစ်လွှဲချလိုက်တာ!!"

ဝေ့ချန်၏ မျက်လုံးများသည် ဉာဏ်ပညာနှင့် ပြည့်နှက်နေသည်။

"ငါတို့ မျက်လုံးနီ နတ်ဆိုးမျောက်ဝံနဲ့ ထိပ်တိုက်တွေ့တာကို ဒီလူကပဲ သိတယ်.... ဒီနေရာကို ပထမဆုံးရှာတွေ့တဲ့သူက ငါတို့ပဲဆိုတာလည်း သိတယ်!"

"ဟုတ်တယ်... ဒီလူနှစ်ယောက်က အဲ့လူကို ဖမ်းမိသွားတာပေါ့!"

ကျန်းရန်က သူ့ပေါင်ကို ရိုက်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွား၏။

သူတို့အဖွဲ့သည် ဤနေရာသို့ ပထမဆုံး ရောက်ခဲ့သူဖြစ်ပြီး ဝိညာဉ်ခုနှစ်မျိုးမှိုနှင့် အနီးစပ်ဆုံးဖြစ်ခဲ့သည်။ သူတို့ကလွဲလို့ မျက်လုံးနီ နတ်ဆိုးမျောက်ဝံနှင့် ဝိညာဥ်ခုနှစ်မျိုးမှိုရဲ့ အခြေအနေများကို သိသူက အောင်မြင်စွာ လုယက်သွားသော တစ်ဦးတည်းသော လူဖြစ်သည်။

ဤအချက် တစ်ခုတည်းမှပင် ထိုလူသည် တစ်ဖက်လူတွေ၏ လက်ထဲတွင် ရှိနေရမည်ဟု ကောက်ချက်ချနိုင်သည်။

"ဒါပေမယ့်... ဝိညာဥ်ခုနှစ်မျိုးမှိုက ငါတို့နဲ့ရှိနေတယ်လို့ ဘာလို့ပြောတာလဲ?"

"နားမလည်သေးဘူးလား? ပထမအချက် ဝိညာဥ်ခုနှစ်မျိုးမှိုကို ရှာဖွေတဲ့ အဖွဲ့တွေထဲမှာ ငါတို့အဖွဲ့က အသန်မာဆုံးပဲ.... ငါတို့ရနိုင်ရင် ဘယ်သူကမှ မရနိုင်တော့ဘူး.... ဒုတိယအချက် ရှုပ်ယှက်ခတ်ပြီး တခြားအဖွဲ့တွေက ငါတို့ကို ပြဿနာလာရှာနေတဲ့ အချိန်မှာ သူက အတုအယောင်အဖြစ် ဟန်ဆောင်ပြီး ထွက်ပြေးဖို့ အခွင့်အရေးကို ယူနိုင်မှာလေ!"

ဝေ့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး

"ပြောရရင်... ဒီအစီအစဥ်က တကယ်ကောင်းတာပဲ... ဒါပေမယ့် ကံမကောင်းစွာပဲ... သူက ဒီဝေ့ချန်ကို အရမ်း လျှော့တွက်လိုက်တာပဲ!"

"သခင်လေးချန်က ဉာဏ်ကောင်းလိုက်တာ!"

"အခုနက နားမလည်ဘူး ဖြစ်နေတာ သခင်လေးချန် ပြောတော့မှ လှည့်ကွက်တွေ အများကြီးရှိတာကို ချက်ချင်း သဘောပေါက်သွားတယ်"

"အဲဒီကောင်က တကယ် သေချင်နေတာပဲ သူက သခင်လေးချန်ကိုတောင် ထိရဲတယ်!! သူတော့ ရလဒ်ကောင်းမှာ မဟုတ်တော့ဘူး"

.......

ဝေ့ချန်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားပြီးနောက် အားလုံးက အရမ်းသဘောကျသွားပြီး လက်မထောင်ပြလိုက်ပြသည်။

စကား အနည်းငယ်ကို အခြေခံ၍ ဤအရာများကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ သခင်လေးချန်သည် အတွင်းစည်း ကျောင်းသားများကြားတွင် နာမည်ကြီးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။

"ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ" ကျန်းရန်က သူ့ကို ချီးကျူးပြီး ထပ်မေးလိုက်သည်။

"ဒါက အရမ်းရိုးရှင်းပါတယ် တစ်စုံတစ်ယောက်ဆီ တိုက်ရိုက် သွားမေးကြည့်လိုက်! ဒီကောင်လေးက သံလက်နတ်ဆိုးလို့ခေါ်ပြီး ကျန်းဝူမြို့မှာ အဲဒီနာမည်နဲ့ သံလက်နတ်ဆိုး တစ်ယောက်ပဲ ရှိတယ်.... ဒီလူကို တစ်ကြိမ်လောက် တွေ့ဖူးတယ် နန်းတော်ပင်လယ် နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တဲ့ ပေါ့ပေါ့ပါးပါး ကျင့်ကြံသူပဲ... ဒါပေမဲ အဲဒါက ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး....အဲဒီလူက ဘယ်သူလဲလို့ သွားမေးလိုက်ရင် သူမပြောရဲဘဲ မနေဘူး!"

ဝေ့ချန်က ပြောသည်။

"ကောင်းပြီ!"

နေ့ရောညပါ ကြိုးကြိုးစားစား လိုက်ရှာပြီး နောက်ဆုံးမှာတော့ "အဲဒီလူ" ရဲ့ သဲလွန်စကို ရပြီမို့ လူတိုင်းသည် ဂူဆီကို လျှောက်သွားကြ၏။

ဝေ့ချန်နှင့် အခြားသူများသည် စကားစမြည်ပြောဆိုစဉ်တွင် မီးခိုးပြာရောင် ချပ်ဝတ်တန်ဆာဝတ်ထားသည့် ရုပ်သွင်သည် အကြိမ်အနည်းငယ် လှုပ်ခါကာ တောအုပ်ထဲမှ ထွက်လာ၍ ဂူအနီးသို့ ရောက်လာ၏။

"ဘယ်သူလဲ?"

ထိုအချိန်တွင် ဂူအ၀င်ဝတွင် လူများဝိုင်းထိုင်နေကြပြီး ခြေသံများ ကြားလိုက်ရသဖြင့် ချက်ချင်းပင် သတိကြီးစွာ အော်လိုက်ကြသည်။

"ငါပါ!"

လူရိပ်က ထွက်ပေါ်လာသည်။

"ကောင်လေး မင်း ပြန်လာဖို့ သတ္တိရှိသေးတယ်ပေါ့??"

ထိုလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ လူအုပ်ကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သံလက်နတ်ဆိုးကြီး ရုတ်တရက် ထရပ်လိုက်သည်။

"မင်းကိုး!! အသင်းဖော်တွေ အန္တရာယ်ကြုံတဲ့အခါ စွန့်ပစ်သွားတဲ့ မင်းလိုလူကို ငါတို့အဖွဲ့က ကြိုဆိုမှာ မဟုတ်ဘူး!!"

"အရှက်မရှိတဲ့ လူ!"

"ဟေး ငါတို့ မင်းကို နေရာတိုင်း လိုက်ရှာနေတာ မင်းကို သင်ခန်းစာတစ်ခု သင်ပေးချင်လို့လေ အခု ငါတို့ဆီပြန်လာတယ် ဆိုတော့.....ဒုက္ခမများတော့ဘူးပေါ့"

တခြားသူတွေက ဘယ်သူလာတယ် ဆိုတာ မြင်ပြီး တစ်ချိန်တည်းမှာ မကျေမနပ် ဖြစ်ကြသည်။

လူတိုင်းရှေ့မှာ ပေါ်လာတဲ့ သူကတော့ အဆင့်၅ သံလက်မျောက်ဝံကြီးဆီကနေ လွတ်မြောက်လာတဲ့ လုရွှမ်ကလွဲလို့ တခြားသူ မဟုတ်ချေ။

သူသည် တောထဲတွင် ပုန်းအောင်းနေပြီး ဝေ့ချန်တို့ဖက်ကို အပြစ်လွှဲချလိုက်သူပဲ ဖြစ်ကာ အခုဒီကို ထပ်ရောက်လာပြန်၏။

"အားလုံး အဲ့လောက် မလောကြပါနဲ့... အဲဒီနေ့က ငါ့ဘာသာ လွတ်မြောက်ချင်ခဲ့တာ မဟုတ်ပါဘူး... ဒါပေမယ့် သံလက် မျောက်ဝံကို တွေ့တယ်လို့ပြောရင် ငါ့ရဲ့ ခွန်အားနဲ့ ဘယ်သူက ယုံမှာလဲ?" လုရွှမ်က ဆိုသည်။

"ဒါ"

လူတိုင်း ထိတ်လန့်သွားကြသည်။

တကယ်တော့ သူတို့ရှေ့ကလူက အဖွဲ့ထဲမှာ အရေးမကြီးပါဘူး။ အဲဒီတုန်းက သံလက်မျောက်ဝံကို တွေ့တယ်လို့ ပြောရင်တောင် လူတိုင်းက ရယ်ကြလိမ့်မည်။

All Chapters