← Chapters

ဖြောင့်မတ်သောလုရွှမ် (ပထမပိုင်း)

Vol. 5 Ch. 75

ဖြောင့်မတ်သောလုရွှမ် (ပထမပိုင်း)

Vol. 5 Ch. 75

သံလက်မျောက်ဝံကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်မှာပင် မယုံနိုင်စရာပင်။

ဝမ့်ဖုန်းချိုင့်ဝှမ်းသည် ကျစ်ရှာတောင်၏ အစွန်အဖျားတွင် သာရှိပြီး သားရဲတွေက အဆင့်နှစ်၊ သုံး၊ သို့မဟုတ် လေးအဆင့်ရှိလျှင်ပင် ကောင်းနေပြီ။ သို့သော် အဆင့်ငါးကောင် ရုတ်တရက်ပေါ်လာပါက မည်သူမဆို မယုံနိုင်စရာ ဖြစ်သွားလိမ့်မည်။

"အဲဒါပြောလည်း အသုံးမဝင်ဘူးဆိုတာ ငါသိတယ်...ပြီးတော့ ငါ့ခွန်အားက နည်းတယ်လေ... ငါသိလိုက်တဲ့ အချိန်မှာ သံလက်မောင်း မျောက်ဝံက ငါ့မျက်စိရှေ့ ရောက်လာပြီ...အရင်ထွက်ပြေးဖို့က လွဲပြီး ရွေးချယ်စရာမှ မရှိတော့တာ!"

လုရွှမ်က တစ်ချက်ကြည့်လာပြီး ဆက်ပြော၏။

"ဒီလိုအခြေအနေမျိုး ဆိုရင် ငါ မပြောနဲ့!! မင်းတို့ဆိုလည် လှည့်ထွက်ပြေးမှာ သေချာတယ်!"

လူတိုင်း အံသြသွားကြသည်။

သေသေချာချာ စဉ်းစားကြည့်တော့ အဲဒီလိုအခြေအနေမျိုးမှာ သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေ လှည့်ထွက်ပြေးရမှာပဲ။ သူတို့ရှေ့က ဒီလူထက် ပိုကောင်းမှာ မဟုတ်ဘူး။

"သူ့ကို မယုံနဲ့!! ဒီကောင်က လှည့်စားနေတာ!! သူပြောသလိုသာဆိုရင် ဒီရက်တွေမှာ ဘာလို့ ငါတို့ဆီမလာတာလဲ"

သံလက်နတ်ဆိုးက အော်ဟစ်လိုက်သည်။

"အဲဒါက ငါမရှာချင်တာ မဟုတ်ဘူး.... မင်းတို့ကိုလိုက်ရှာနေတဲ့ အချိန်မှာ သားရဲပေါင်းများစွာနဲ့ ကြုံပြီး အသတ်ခံရလုနီးပါး ဖြစ်နေပြီ..." လုရွှမ်က ခေါင်းခါလိုက်ပြီး

"ဟုတ်သားပဲ... ဒီအကြောင်း အရင်မပြောနဲ့...ငါ့မှာ တိကျတဲ့ သတင်းတစ်ခု ရှိတယ် မင်းတို့ ဝိညာဥ်ခုနှစ်မျိုးမှို အကြောင်း ကြားချင်လား?"

"ဘာတွေထူးလို့လဲ?"

ဝိညာဥ်ခုနှစ်မျိုးမှို ဆိုတဲ့အသံကို ကြားတော့ လူတိုင်း စိတ်ဆိုးကြပေမယ့် မျိုသိပ်ထားပြီး အတူတူ ကြည့်လိုက်ကြသည်။

"ဝေ့ချန်နဲ့ တခြားသူတွေ ဝိညာဥ်အပင်ကို တိတ်တိတ်လေး ရသွားတယ်လို့ ငါကြားခဲ့တယ်....ဒါပေမယ့်... တခြားသူတွေကို လှည့်စားတားဆီးဖို့ အတွက် အစားထိုးပစ္စည်း ရှာချင်နေကြတယ်!"

လုရွှမ်က သူ့အသံကို လျှော့လိုက်သည်။

"ဝေ့ချန်? မင်းက ကျန်းဝူအကယ်ဒမီရဲ့ အတွင်းခန်းထဲက ကျောင်းသားဝေ့ချန် အကြောင်း ပြောနေတာလား?"

တျယ်လုံက မျက်မှောင်ကြုတ်လိုက်သည်။

ဝေ့ချန်က အရမ်း နာမည်ကြီးနေပုံရပြီး တျယ်လုံတောင် သူ့ကိုသိနေ၏။

"သူပဲ!" လုရွှမ် ခေါင်းညိတ်လိုက်သည်။

"ဝေ့ချန်က ဝူအဆင့်၅ ဖိရွှယ်နယ်ပယ်က သန်မာတဲ့ တိုက်ခိုက်ရေး သမားပဲ.... သူတို့ရသွားတယ်ဆိုတာ ဖြစ်နိုင်ချေရှိတယ်" တျယ်လုံက ခေါင်းလှည့်ကြည့်ပြီး

"ဒီသတင်းကို မင်းတို့ ဘယ်သူ့ဆီကနေ ကြားလာတာလဲ?"

သူတို့ကိုယ်တိုင် ပြောနေကြတာ... အခုနက တွေ့တော့ စကားစမြည် ပြောဖြစ်သွားတယ် သူတို့က ဝိညာဥ်ခုနှစ်မျိုးမှိုကို ယူပြီး တိတ်တဆိတ် ဝှက်ထားကြတာ...တခြားသူတွေ ရှာမတွေ့အောင် မွှေနှောက်ရှာဖွေတာကို တားဆီးဖို့အတွက် သူတို့က တမင်တကာ ပြောလိမ့်မယ်.... ဝိညာဥ်ခုနှစ်မျိုးမှိုကို တစ်ယောက်က ခိုးသွားတယ် ဆိုပြီးတော့ပေါ့!

လုရွှမ်က ဆက်လက်ပြောသည်။

"သူတို့က တခြားတစ်ယောက်နဲ့ တွေ့တဲ့အခါ အဲဒီလူရဲ့ နေရာကို တမင်တကာ စစ်ဆေးမေးမြန်းပြီး ရှာကြလိမ့်မယ်.... ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာတွေတောင် ဆက်တိုက် ဖြစ်လာနိုင်အောင်လေ"

"ဘယ်လိုတောင် ယုတ်မာတဲ့ နည်းဗျူဟာလဲ!"

တျယ်လုံ၏ မျက်နှာများသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

ဤနည်းဗျူဟာသည် အမှန်တကယ်ပင် ယုတ်ညံ့သည်ဟု ဆိုရပေမည်။

ဝေ့ချန်နဲ့ တခြားသူတွေကို တွေ့တဲ့အခါ သူတို့ ဝိညာဥ်ခုနှစ်မျိုးမှိုကို ရခဲ့သလားလို့ သံသယ ဖြစ်မိသွားလိမ့်မည်။ သူတို့က မပြောရင် ရထားတယ်လို့ ဝန်ခံပြီးသား ဖြစ်သွားသလို တစ်စုံတစ်ယောက်က ခိုးသွားခဲ့တာလို့ပါ ပြောလာနိုင်၏။

ဒီလိုနည်းနဲ့ သူ့ကို ဘယ်သူမှ သံသယရှိမှာ မဟုတ်ဘူး။

ဤရွေ့လျားမှုသည် ရှေ့တစ်လှမ်း တိုးသလိုဖြင့် နောက်ဆုတ်သွားတာ ဖြစ်ပြီး အမှန်ပင် အလွန်လိမ္မာပါးနပ်စွာ ကစားသွားခြင်း ဖြစ်ပါသည်။

စကားပြောနေစဉ် ခြေသံများ ထွက်ပေါ်လာပြီး လူတစ်စု တောအုပ်ထဲမှ ထွက်လာခဲ့သည်။

"ဝေ့ချန်?"

လာသူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ သံလက်နတ်ဆိုးနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် သတိအပြည့် ဖြစ်သွားသည်။

တကယ်ကို ပြောနေတုန်း ရောက်ချလာတာပဲ

"ငါက ဘယ်သူလဲလို့ တွေးနေတာ...သံကြေးစားအဖွဲ့က ခေါင်းဆောင်နဲ့ သံလက်နတ်ဆိုးကိုး....ဟားဟား ပေါက်ကရတွေ ပြောမနေနဲ့!! လူကို ထုတ်ပေးစမ်း!"

ဝေ့ချန် နှင့် အခြားသူများသည် ဂူပေါက်ဝသို့ ရောက်သောအခါ သံလက်နတ်ဆိုးနှင့် အခြားသူများ ထိုနေရာ၌ ရှိနေကြပြီး ချပ်ဝတ်တန်ဆာ ဝတ်ထားတာလည်း မှန်ကန်ကြောင်း တွေ့လိုက်ရသဖြင့် အေးစက်စွာ ပြုံးလိုက်ကြသည်။

"တကယ်ကြီးကိုး!"

ဒါကိုကြားတော့ တျယ်လုံနဲ့ တခြားသူတွေက သူတို့ရဲ့ နှလုံးသားထဲမှာ "ထိတ်လန့်တကြား" ခံစားခဲ့ရပြီး ကောင်လေး ပြောခဲ့တာကတော့ အတိအကျ ဖြစ်လို့နေသည်။

အရှက်မရှိကြဘူး! ဘယ်လောက် အရှက်မဲ့လိုက်သလဲ!

တစ်ဖက်သားက ဘာလုပ်ချင်လဲ ဆိုတာ "အကြောင်းတရားနဲ့ အကျိုး" ကိုသိတဲ့ တျယ်လုံနဲ့ တခြားသူတွေက ဝေ့ချန်နဲ့ သူတို့ရှေ့က တခြားသူတွေကို ရွံရှာစိတ်တွေ အပြည့်နဲ့ ကြည့်နေကြသည်။

မင်းတို့ ဝိညာဥ်ခုနှစ်မျိုးမှိုကို ရသွားလို့ ငါတို့ လုယူဖို့ နည်းလမ်း မရှိတာ ထားပါတော့။ ဒါပေမဲ့... အဲဒါအတွက် ငါတို့ခေါင်းပေါ်ကို အပြစ်လာ မတင်နဲ့လေ

မဟုတ်ရင် ငါတို့မှာ မြေခွေးကို ဖမ်းချင်တော့လည်း ဖမ်းမမိဘဲ ပြဿနာတွေ တက်လာမှာပေါ့

"ဝေ့ချန်! မင်းဒီလိုပြောတာ သိပ်ပြီး အဓိပ္ပာယ် မရှိသလိုပဲ....ငါတို့အားလုံး ကျန်းဝူမြို့ထဲကပဲ အဆင့်နိမ့်တိုင်း လွှဲချလို့ မရဘူးကွ!"

သူ့စိတ်ထဲမှာ ဒေါသထွက်နေပေမယ့် တျယ်လုံက သူနဲ့ တခြားသူတွေဟာ တစ်ဖက်လူရဲ့ ပြိုင်ဘက်မဟုတ်မှန်း သိနေတာကြောင့် သူ့ဒေါသကို မျိုသိပ်ထားလိုက်သည်။

"မင်းဘာဖြစ်နေတာလဲ လူတိုင်းသိတယ်....တခြားတစ်ယောက်ယောက်ကို ရှာသင့်တယ်လို့ ငါထင်တယ်!"

မင်း တခြားတစ်ယောက်ယောက်ကို သွားရှာလို့ရတယ် မင်းရဲ့လုပ်ကြံမှုအကြောင်း ငါတို့သိပြီးပြီ ဟုတ်ပြီလား ငါတို့ကို ဒုက္ခပေးစရာ မလိုဘူး

သို့သော် ဝေချန်သည် ၎င်းကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။

သူ့ထင်မြင်ချက်အရတော့ တျယ်လုံက ဒါကို မငြင်းဆိုဘဲ သူ "အဲဒီလူ" ကို ဖမ်းမိပြီး "အဲဒီလူ" ပြောတာကို ယုံကြည်ကာ ဝိညာဥ်ခုနှစ်မျိုးမှိုက သူ့လက်ထဲမှာ ရှိနေတယ်လို့ ထင်နေပုံပင်။

အထူးသဖြင့် "လူတိုင်းသိတယ်" ဆိုတဲ့စကားဟာ ရိုးရိုးရှင်းရှင်းလေးပါပဲ

"မှန်တယ်... မင်းလိုလူမျိုးတွေက မိုက်တဲ့စကားလုံးတွေ မပြောတတ်ဘူး!"

ဝေ့ချန်က ခေါင်းညိတ်ပြီး

"ဒီလိုဆိုမှတော့ ငါမင်းနဲ့ အပိုတွေ မပြောချင်တော့ဘူး.... ဝိညာဥ်ခုနှစ်မျိုးမှိုကို အဲဒီလူခိုးသွားတာ... မင်းတို့လူကို ထုတ်ပေးရင် ငါဒီကိစ္စကို ဒီအတိုင်း ထားပေးမယ်...."

"မင်း"

တစ်ဖက်လူပြောသည့် စကားသည် လုရွှမ်ပြောသည်နှင့် အတူတူပင် ဖြစ်သည်ကို မြင်လိုက်ရသည်နှင့် တျယ်လုံ၏ မျက်နှာမှာ ဒေါသဖြစ်သွားပြီး

"ဘာလဲ? ကြည့်ရတာ မင်းကမျက်နှာ အရေထူပုံပဲ...တိုက်ဆိုလည်း တိုက်တာပေါ့ ငါတို့သံကြေးစားအဖွဲ့က မင်းတို့လောက် မသန်မာပေမယ့် အနိုင်ကျင့်တာတော့ မခံဘူး!!"

ဝုန်း!

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူအုပ်စုနှစ်စု၏ အငွေ့အသက်သည် ရုတ်တရက်ကျဆင်းလာပြီး အားလုံး၏ လက်နက်များကို ထုတ်လိုက်ကြသည်။

"အခွင့်ကောင်းပဲ!"

အဖွဲ့နှစ်ဖွဲ့သည် သူ၏ လှည့်စားမှုအောက်တွင် နားလည်မှု လွဲမှားနေသည်ကို တွေ့လိုက်ရသဖြင့် လုရွှမ်သည် ဤအချိန်သည် လှုပ်ရှားရန် အကောင်းဆုံးအချိန် ဖြစ်သည်ကို သိလိုက်သည်။

ဝေ့ချန်နှင့် အခြားသူများ ပေါ်လာသောအခါတွင် သူသည် လူစုလူဝေး၏ နောက်တွင် တိတ်တဆိတ် ပုန်းနေခဲ့ပြီး ဖြစ်သည်။ ယခုအခါ အားလုံးက တစ်ဖက်သားကို အာရုံစိုက်နေကြစဉ်တွင် သူသည် အနည်းငယ် လှုပ်ရှား၍ ဂူထဲသို့ ဝင်သွားလေသည်။

သူ၏ လှုပ်ရှားမှုများသည် ပေါ့ပါးပြီး အမှောင်ထုကို အခွင့်ကောင်းယူထား၏။ "တရားခံ" ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။

"ထွက်လာခဲ့!"

လှိုဏ်ဂူထဲကို ဝင်လိုက်တာနဲ့ အချိန်ကုန်တော့မယ်ဆိုတာ လုရွှမ် သိလိုက်တဲ့အတွက် မဆိုင်းမတွဘဲ ကျောက်ကျင်းနဲ့ ဝိညာဥ်ခုနှစ်မျိုးမှို ဝှက်ထားတဲ့နေရာကို ခြေလှမ်း အနည်းငယ် လှမ်းပြီး လက်ကြီးနဲ့ မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်တွေကို လှန်ပစ်လိုက်ကာ သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး ဆွဲထုတ်လိုက်သည်။

"သိမ်းစေ!"

ဝိညာဉ်စွမ်းအင် ဆက်သွယ်မှုဆိုင်ရာ ကျောက်စိမ်းပြားဖြင့် ယွမ်ယန်၏ စစ်မှန်သော စွမ်းအင်သည် ရုတ်တရက် ပြောင်းလဲသွားသည်။

ဟူ.....ဟူ....

ကြီးမားလှသော ကျောက်ကျင်းကြီးနှင့် ဝိညာဥ်ခုနှစ်မျိုးမှိုသည် တစ်ချိန်တည်းမှာပင် လင်းထိန်သွားကာ နေရာတွင်ပင် ပျောက်ကွယ်သွား၏။ နောက်အခိုက်အတန့်တွင် ကျောက်စိမ်းပြားထဲသို့ ဝင်သွားလေသည်။

"တကယ်ကိုး"

ကြိုသိထားသော်လည်း လက်တွေ့မြင်ရသောအခါ လုရွှမ်သည် အလွန်စိတ်လှုပ်ရှားနေသေးသည်။

အာကာသ မှော်လက်နက်တစ်ခုက မျှော်လင့်ထားသလိုပဲ အရာဝတ္ထုတွေကို တကယ် ထည့်သိမ်းနိုင်စွမ်းရှိလေသည်။ အနာဂတ်မှာ ဒီလက်နက်ကြီးထဲကို အရာအားလုံးကို ထည့်သွင်းနိုင်မှာဖြစ်ပြီး တစ်နေ့တာလုံး လက်ထဲ သယ်ဆောင်သွားစရာ မလိုချေ။

ပစ္စည်းနှစ်ခုကို ယူပြီးနောက် လုရွှမ်သည် ယခင်ကနှင့် သိပ်မကွာခြားတော့အောင် မြေပြင်ကို တစ်ဖန်ပြန်ညှိကာ ထွက်သွားပြန်သည်။

ပြင်ပလူအုပ်စုနှစ်စုသည် အချင်းချင်း ရန်စောင်နေကြဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်ကြမည့် ပုံပင်။

"ကြည့်ရတာ မင်းတို့က ဝိညာဥ်ခုနှစ်မျိုးမှိုကို တစ်ယောက်တည်း အပိုင်သိမ်းချင်နေပုံပဲ...အဲဒီလို ဆိုမှတော့ ငါတို့ကို အားမနာဘူးဆိုပြီး အပြစ်မတင်နဲ့!"

တျယ်လုံနဲ့ အဖွဲ့၏ အခုလိုအခြေအနေကို မြင်လိုက်ရသောအခါ ဝေ့ချန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

အစကတော့ အဲဒီသူခိုးပဲ ဖမ်းခေါ်သွားဖို့ ရည်ရွယ်ထားပေမယ့် လူထုခေါင်းဆောင် အဖွဲ့ငယ်လေးက သူတို့ကို အော်ငေါက်ဝံ့ဖို့ မမျှော်လင့်ထားခဲ့။

"ဘယ်လိုပဲ ပြောပြော... မင်းတို့က တိုက်ခိုက်ချင်နေမှတော့ တိုက်ကြတာပေါ့!"

တျယ်လုံလည်း လွန်လွန်ကဲကဲ မဖြစ်ချင်ပေမယ့် သည်းမခံနိုင်တော့ပေ။

All Chapters