← Chapters

လခြမ်းလက်ချောင်း

Vol. 89 Ch. 1228

လခြမ်းလက်ချောင်း

Vol. 89 Ch. 1228

အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေထဲ အမှောင်မြစ် အပြင်ဘက်တွင် အမှောင်ဂိုဏ်းသားများနှင့် အဆုံးမဲ့မျိုးနွယ်၏ မဟာမိတ်များက တိုက်ခိုက်နေလေသည်။ တိုက်ပွဲက ပြင်းထန်နေပြီး နတ်ဘုရားစွမ်းရည်မျိုးစုံကိုလည်း ထုတ်သုံးထားကြသည်။ ထိုတာအိုနည်းစနစ်များ၏ လှိုင်းလုံးများက အဖက်ဖက်သို့ ပျံ့နှံ့သွား၏။

ထိုစဥ် ဝမ်ပေါင်လဲ့က ရောက်ရှိလာသည်။ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့်အချိန် တိရှန်း၊ တာအိုဆရာယန်၊ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးနှင့် အမှောင်ဂိုဏ်းက စိတ်ဝိညာဥ်မြှုပ်နှံ့ရေးသစ်ပင်တို့က လှည့်ကြည့်လိုက်ကြသည်။

အဆုံးမဲ့မျိုးနွယ်မှ လူသုံးယောက်နှင့် ယှဥ်လိုက်လျှင် စိတ်ဝိညာဥ်မြှုပ်နှံ့ရေးသစ်ပင်ကြီးက ပိုမိုခံစားမိနေ၏။ အကြောင်းအရင်းမှာ သူ့တကယ့်သွင်ပြင်က စိတ်ဝိညာဥ်သစ်ပင် ဖြစ်နေ၍ ဖြစ်သည်။ သစ်ပင်ကလည်း အပင်အမျိုးအစား ဖြစ်၏။ ထိုအရာက သစ်သားဓာတ်တာအိုထဲမှ တစ်ခု ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့၏ သစ်သားဓာတ်တာအိုက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း တာအိုစည်းချက်က ပျံ့နှံ့လာသည့်အတွက် စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်က ဖိနှိပ်မှုကို ခံစားနေမိဆဲ ဖြစ်၏။

သို့သော်လည်း သူက အံ့အားသင့်ခြင်း မရှိပေ။ အတိအကျပြောရလျှင် ရွှမ်ဟွား၏ ကိစ္စနှင့် ပတ်သက်ပြီး ဝမ်ပေါင်လဲ့သည် တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်နေမည်ကို သဘောပေါက်ထားသည့်သူများထဲမှ တစ်ဦး ဖြစ်၏။

တခြားသော နတ်ဧကရာဇ်များ မမြင်နိုင်သည့် အကြောင်းအရင်းကမူ သူတို့သည် သစ်သားဓာတ်တာအိုကို မကျင့်ကြံထား၍ ဖြစ်သည်။ သို့သော်လည်း စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်၏ သစ်သားဓာတ်တာအိုက ရွှမ်ဟွားသည် ပြန်ရောက်လာပြီးသည့်နောက် သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားသည့် အကြောင်းအရင်းကို နားလည်စေသည်။

အကြောင်းအရင်းကမူ ရွှမ်ဟွားကလည်း သစ်သားဓာတ်တာအိုကို ကျင့်ကြံထား၍ ဖြစ်၏။

ပွင့်ချပ် ၁၅ လွှာရှိသည့် အနက်ရောင်ကြာပွင့်က မည်မျှပင် ထူးဆန်းစေကာမူ၊ မည်သို့ပင် ပြောင်းလဲသွားစေကာမူ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။

ထို့ကြောင့် ရွှမ်ဟွားသည် စကြဝဠာအဆင့်ဖြစ်နေသော်လည်း ဝမ်ပေါင်လဲ့နှင့် ထိတွေ့မိသည်နှင့် သူက တုန်လှုပ်သွားဆဲ ဖြစ်၏။ သူ တုန်လှုပ်သွားသည့် အကြောင်းအရင်းကို တခြားသူများက နားလည်နိုင်မည် မဟုတ်ပေ။

စိတ်ဝိညာဥ် မြှုပ်နှံရေးသစ်ပင်က ထိုအရာအားလုံးကို နားလည်ထား၏။ ဝမ်ပေါင်လဲ့၏ တာအိုစည်းချက် ပျံ့နှံ့လာသည်နှင့် သူက ချက်ချင်းနောက်ဆုတ်လိုက်ဖို့ တုံ့ဆိုင်းမနေပေ။ သူအလိုလိုသိစိတ်က ဝမ်ပေါင်လဲ့နှင့် နီးကပ်၍ မရကြောင်း ပြောပြနေ၏။

သူ ခံစားနေမိသည့် အနက်ရှိုင်းဆုံး ခံစားချက်က ဝမ်ပေါင်လဲ့သည် ဝဲကတော့သဖွယ်ဖြစ်ကာ သူသာ နီးကပ်သွားသည်နှင့် ဝါးမျိုခံရမည် ဖြစ်သည်။ ဝဲကတော့အတွင်း ပါဝင်နေသည့် အငွေ့အသက်က သူ့တာအို၏ ဇစ်မြစ်နှင့် တူနေသည်။

ထိုဖိနှိပ်စွမ်းအားက ဝါစဉ်ကဲ့သို့ အလိုလျောက် တည်ရှိနေသည့်အတွက် သူ့အား အင်အားကင်းမဲ့စေသည်။ သူက ထိုအရာကို ဆန့်ကျင်ခြင်းနှင့် တာအိုကို စွန့်ပယ်ခြင်းတို့ မပြုလုပ်သရွေ့ ဒါမှမဟုတ် ဝမ်ပေါင်လဲ့က သေဆုံးမသွားသရွေ့ ထိုဖိနှိပ်မှုက ဆက်တိုက် တည်ရှိနေမည်ဖြစ်ကာ ပိုမိုအားကောင်းသထက် အားကောင်းလာလိမ့်မည်။

ရွှမ်ဟွားကလည်း အခု အဲဒီလို ခံစားနေရမယ်လို့ ထင်တယ် …

သူက နောက်ဆုတ်လိုက်ရင်း တိရှန်း၏ မျက်ဝန်းမှ သတ်ဖြတ်ငွေ့တို့က ပေါက်ကွဲထွက်သွားသည်။ ကြယ်တာရာကောင်းကင်အထက် လှိုင်းလုံးများ ထွက်ပေါ်လာ၏။

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဝမ်ပေါင်လဲ့က လေဟာနယ်ထဲ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ သူက ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာလေ၏။ ပထမဦးစွာ သူ့သွင်ပြင်က ပိုမိုရှင်းလင်းလာခဲ့သည်။ သူ ပေါ်ထွက်လာသည့်အခါ သူ့တာအိုစည်းချက်က နေရာတစ်ခုလုံးဆီ ဖြန့်ကျက်ကာ လွှမ်းခြုံသွားခဲ့သည်။ တိုက်ပွဲကွင်းပြင်ရှိ နှစ်ဖက်လုံးက အမှောင်ဂိုဏ်းဖြစ်စေ၊ အဆုံးမဲ့မျိုးနွယ် မဟာမိတ်ဖြစ်စေ၊ သူတို့က ကွဲပြားသည့် မိုးကောင်းကင်တာအိုများ ရှိကြသည်။ သို့သော်လည်း ဓာတ်ငါးပါးစွမ်းအားက သူတို့၏ အခြေခံအုတ်မြစ်ဖြစ်နေသည့်အတွက် နှစ်ဖက်လုံး၏ ကျင့်ကြံသူများ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကြသည်။

စိတ်ဝိညာဥ် မြှုပ်နှံရေးသစ်ပင်က ပိုမိုရှင်းရှင်းလင်းလင်း ခံစားမိ၏။ သူ ကိုယ်တိုင်မြင်တွေ့ပြီးသည့်နောက်တွင် အရိုအသေပေးချင်လာမိသည်။ ကံကောင်းစွာဖြင့် သူ့ကျင့်ကြံဆင့်က မြင့်မားနေလေသည်။ သူက အမှောင်ဂိုဏ်း၏ တာအိုကို အသုံးပြုကာ ဖိနှိပ်ထားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။

ထိုမြင်ကွင်းက တိရှန်းကို မျက်မှောင်အသာကြုတ်သွားစေသည်။ တာအိုဆရာယန်နှင့် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးအတွက်မူ သူတို့ကလည်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။ ဝမ်ပေါင်လဲ့၏ ပေါ်ထွက်လာမှုက မူမမှန်လွန်းခြင်း မဟုတ်သော်လည်း သူ့ပေါ်ထွက်လာမှုက ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ ထိုအရာက သူတို့နှစ်ဦးပင် မလုပ်နိုင်သည့် အရာတစ်ခု ဖြစ်၏။

သူတို့နှစ်ဦးကို ပိုမိုအံ့အားသင့်သွားစေသည်က ဝမ်ပေါင်လဲ့ ထွက်လာပြီးသည့်နောက်တွင် ကြယ်တာရာကောင်းကင်ရှိ လှိုင်းတွန့်များက မြင့်တက်လာပြီး စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုအရာက အားလုံး၏ စိတ်ထဲ ပဲ့တင်ရိုက်သွားကာ လေဟာနယ်ကပင် ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့သည်။ ထို့နောက် ရွှေရောင်နွားချီးပိုးက ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

ဤသည်က အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုကြောင့် ထိုအရာသည် သူ့အလိုလို ပေါ်ထွက်လာခြင်း ဖြစ်၏။ ထိုအရာ၏ မျက်ဝန်းထဲ၌ ရူးသွပ်မှုတို့ ရှိနေကာ အမုန်းတရားတို့လည်း ကိန်းအောင်းနေသည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို အော်ဟစ်ကာ ဝမ်ပေါင်လဲ့သည် သူ့ဆီမှ သစ်သားဓာတ်တာအို လုပ်ပိုင်ခွင့်ကို လုယူသွားသည့်အတွက် မုန်းတီးနေဟန်ပေါ်သည်။

“နားငြီးတယ်” ဝမ်ပေါင်လဲ့၏ အမူအရာက နဂိုအတိုင်း ကျန်ရှိနေ၏။ သူက ဘေးပတ်လည်ကို ကြည့်ကာ အော်ဟစ်နေသည့် မိုးကောင်းကင်တာအိုကို ရင်ဆိုင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ သူက ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးထိုးလိုက်၏။

တခြားသူများ၏ အမြင်တွင် မိုးကောင်းကင်တာအိုက သူတို့အတွက် နတ်ဘုရားသဖွယ် ဖြစ်သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကလွဲ၍ ဘာမှမဟုတ်ပေ။ သစ်သားဓာတ်မျိုးစေ့ကို ဖွဲ့စည်းပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အဆင့်အတန်းက မြင့်မားလာခဲ့သည်။ ထိုလက်တစ်ချောင်းဖြင့် ဖိနှိပ်စွမ်းအား ထွက်ပေါ်လာကာ အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုက ဆက်တိုက် နောက်ဆုတ်လိုက်ရသည်။ ၎င်းက အော်ဟစ်နေဆဲဖြစ်သော်လည်း သူ့မျက်ဝန်း၌ အကြောက်တရားများ ကိန်းအောင်းနေသည်။

ထိုမြင်ကွင်းက နှစ်ဖက်လုံးရှိ ကျင့်ကြံသူများကို ပိုမိုတုန်လှုပ်သွားစေ၏။ တာအိုဆရာယန်နှင့် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးကလည်း နှလုံးခုန်မြန်လာသလို ခံစားလိုက်ရသည်။ သူတို့က ဝမ်ပေါင်လဲ့သည် နတ်ဧကရာဇ်တစ်ပိုင်းအဆင့် တိုက်ခိုက်စွမ်းရည်ကို အဘယ့်ကြောင့် ပိုင်ဆိုင်ထားမှန်း တွေးမကြည့်နိုင်ပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့ကမူ သူတို့ကို တုန်လှုပ်အောင် ပြုမူနိုင်ခဲ့သည်။

တိရှန်းနှင့် ရင်ဆိုင်စဥ်အခါကပင် သူတို့က ဤသို့မခံစားခဲ့ဖူးပေ။ အဆုံးမဲ့တာအိုမျိုးနွယ်တစ်ခုလုံး၌ သူတို့သည် ချန်ရှင်းနှင့် ဝေ့ယန်ကျစ်တို့ဆီကသာ ထိုသို့ခံစားမိခဲ့ဖူးသည်။

သူတို့၏ စိတ်နှလုံးသားများက တုန်ယင်လာကာ တိရှန်း၏ မျက်ဝန်းမှ သတ်ဖြတ်ငွေ့တို့ကလည်း ပေါက်ကွဲထွက်လာသည်။ သူက ရှေ့တစ်လှမ်းတိုးကာ ဝေဝါးသွား၏။ သူပြန်လည်ပေါ်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့ရှေ့မှောက်တွင် ရောက်ရှိနေပြီ ဖြစ်၏။ သူက ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ဆီ ရိုက်ချလိုက်သည်။

သူက ဝမ်ပေါင်လဲ့ဆီ လက်ဝါးချက် ထုတ်လွှတ်လိုက်သည်နှင့် သူ့နောက်ဘက်တွင် ဧရာမတောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သူ့ကျင့်ကြံဆင့်က ပေါက်ထွက်လာပြီး စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်၏ တာအိုစည်းချက်များကလည်း နေရာအနှံ့ပျံ့နှံ့သွားကာ နေရာတစ်ခုလုံးက စည်းတံဆိပ်တစ်ခုအတွင်း လွှမ်းခြုံခံလိုက်ရသလိုဖြစ်သွားလေသည်။

တိရှန်း၏ တာအိုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ တခြားသူများ၏ တာအိုက ဖိနှိပ်ခံလိုက်ရသည်။

“ကောင်စုတ်လေး”

ဝမ်ပေါင်လဲ့၏ အမူအရာက တည်ငြိမ်နေသည်။ သူက ထိုတိုက်ကွက်ကို ရှောင်ရှားခြင်း မရှိပေ။ သူက ညာဘက်လက်ကို အသာမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထို့နောက်ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ သစ်သားဓာတ်တာအိုက သဏ္ဍာန်ပေါ်လာကာ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိလာပြီး နှစ်ဖက်လုံးမှ ကျင့်ကြံသူသိန်းချီ၏ ခန္ဓာကိုယ်များကို လှုပ်ခါသွားစေသည်။ ကျင့်ကြံသူတစ်ဝက်ကျော်လောက်ဆီမှ အစိမ်းရောင်ကြိုးမျှင်များ ထွက်ပေါ်လာ၏။

ဤသည်က သစ်သားဓာတ်တာအို၏ စည်းမျဥ်းဥပဒေသ ဖြစ်ပေသည်။ ဓာတ်ငါးပါးက အခြေခံဖြစ်သည့်အတွက် ကျင့်ကြံသူအများစုက သူတို့၏ တစ်ဘဝလုံး ထိုအရာနှင့် ထိတွေ့ခဲ့ဖူးကြသည်။ သူတို့က ထိုအရာနှင့် ထိတွေ့ခဲ့ဖူးသည်နှင့် သူတို့ခန္ဓာကိုယ်ထဲ အရိပ်အယောင် ကျန်ရှိနေလိမ့်မည်။ သူတို့က ဝမ်ပေါင်လဲ့ကဲ့သို့ ထိုကြိုးမျှင်များကို ဖြတ်တောက်မခံရသရွေ့ သက်ရောက်မှု ရှိမည် ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အလိုအတိုင်း သစ်သားဓာတ်တာအို၏ အရိပ်အယောင်သဲလွန်စများက သူ့ကိုယ်ပိုင်စွမ်းအား ဖြစ်လာနိုင်သည်။

ကျင့်ကြံသူတစ်ဝက်ကျော်၏ ကြိုးမျှင်များက ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာ၏။ သူတို့က သူ့ကို ဝန်းရံထားပြီး ဝဲကတော့တစ်ခုသဖွယ် ဖန်တီးကာ တိရှန်း၏ လက်ဝါးနှင့် သူ့နောက်ဘက်မှ တောင်ကြီးကို ရစ်ပတ်လိုက်သည်။

ခဏအကြာတွင် တိရှန်းက သူသည် ချုပ်တီးခံလိုက်ရသလို ခံစားမိလိုက်၏။ သူက အေးစက်စက် သရော်လိုက်သည်။ တောင်ကြီးက သူ့အလိုလို ပြိုကျသွား၏။ သူက သူတို့ကို ထပ်မံဖိနှိပ်တော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့က ရှေ့တလှမ်းတိုးကာ သူ ရပ်နေခဲ့သည့်နေရာမှ ပျောက်ကွယ်သွားလေသည်။

သူ ပျောက်ကွယ်သွားသည်နှင့် တာအိုဆရာယန်နှင့် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့နှစ်ဦးက တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း နောက်ကျလွန်းသွားခဲ့၏။ ဝမ်ပေါင်လဲ့က တာအိုဆရာယန်၏ ဘေးနားတွင် ပေါ်ထွက်လာကာ ညာဘက်လက်ကို အေးစက်စွာ မြှောက်ပြီး တာအိုဆရာယန် ရှိခဲ့ဖူးသည့်နေရာကို လက်ညှိုးထိုးလိုက်သည်။ ထိုနေရာက ဗလာကျင်းနေသော်လည်း ဝမ်ပေါင်လဲ့၏ စကား၏ အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။

“လဆုတ်ပညာရပ်”

ထိုစကား ပေါ်ထွက်လာသည်နှင့် တာအိုဆရာယန်၏ မျက်နှာအထက် တုန်လှုပ်မှုတို့ ပြည့်နှက်လာသည်။ သူ့ကျင့်ကြံဆင့်က မြင့်မားနေသော်လည်း ကန့်သတ်ခံလိုက်ရဟန်ပေါ်သည်။ အချိန်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာပြီး သူ့ပုံရိပ်က အချိန်နောက်ဆုတ်ခံလိုက်ရသလိုဖြစ်သွားကာ အသက်ရှိုက်စာ အနည်းငယ်ခန့်က တည်ရှိနေခဲ့သည့်နေရာ၌ ပေါ်ထွက်လာခဲ့သည်။

ဤသည်က ဝမ်ပေါင်လဲ့၏ လက်ချောင်း ကျဆင်းလာသည့်နေရာ ကွက်တိ ဖြစ်၏။ သူ့လက်ချောင်းက တာအိုဆရာယန်၏ မျက်ခုံးကြား ကျရောက်လာခဲ့သည်။

ဝုန်း …

All Chapters