လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း
Vol. 89 Ch. 1233
“နတ်ဧကရာဇ်ကွမ်းမင်ကလည်း နယ်စပ်မှာ ရှိတယ်”
“လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းကလည်း ပြည်ထောင်စုကြီးကို လူသိရှင်ကြား ရှုံ့ချထားတယ်”
“ဂိုဏ်းကြီးလေးဂိုဏ်းကလည်း လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းအတိုင်း အတူတူပဲ”
“အဆုံးမဲ့မျိုးနွယ်ရဲ့ နတ်ဘုရားအသိစိတ်က ရောက်လာပြီးတော့ ငါ့ကို သတိပေးသွားတယ်” ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ သို့သော် အေးစက်စက်အပြုံးမျိုး ဖြစ်၏။ သူက ပြည်ထောင်စုကြီး၏ သီးသန့်ရပ်တည်လိုသည့် ကိစ္စသည် အဆုံးမဲ့မျိုးနွယ်၏ အောက်ခြေစည်းမျဥ်းနှင့် အလှမ်းဝေးနေသေးကြောင်း ပြောနိုင်လေ၏။ မဟုတ်ပါက သူတို့သည် အန္တရာယ်များသည့် အခြေအနေမျိုးတွင် ရှိနေမည် မဟုတ်ဘဲ အဆုံးမဲ့မျိုးနွယ်က လာရောက်ကာ ဖိနှိပ်လိမ့်မည်။ အကယ်၍ ဤသို့သာဆိုပါက ပြည်ထောင်စုကြီး၏ ကြားနေဆုံးဖြတ်ချက်သည် သက်ရောက်မှုရှိသည်ဟု ဆိုရပေမည်။
“ဒီလိုဆိုရင် သူ့ကို ထပ်ပြီး နည်းနည်း ရန်စရမယ်။ ချန်ရှင်းက ငါ့ကို ကူညီထားတာဆိုတော့ အခု သူ့ကို ပြန်ကူညီပေးရမယ် …”
ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်မှ သစ်သားမျိုးစေ့ကို ခံစားလိုက်ရင်း တိတ်ဆိတ်သွားသည်။ သစ်သားမျိုးစေ့က ယခုအခါ သူ့ဝိညာဉ်ဖြင့် ပေါင်းစည်းသွားပြီ ဖြစ်၏။ အကယ်၍ သူသာ သူ လိုအပ်သည့်အနေအထားကို ရယူလိုပါက ကျင့်ကြံရေး မဟုတ်တော့ဘဲ သစ်သားဓာတ်စွမ်းအားများ၏ ပေါင်းစည်းမှုနဲ့ နားလည်နိုင်စွမ်းသာ ကျန်တော့သည်။
“နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်။ အဲဒါက ဓာတ်ငါးပါးရဲ့ တခြားတာအိုမျိုးစေ့တွေကို ဖွဲ့စည်းဖို့ပဲ။ ဓာတ်ငါးပါးလုံး ပြီးမြောက်သွားတာနဲ့ သက်ရောက်မှုတစ်ခု ရှိလာလိမ့်မည်။ ဒီလိုဆိုရင် မဟာဒိဋ္ဌိနယ်မြေပဲဖြစ်ဖြစ် အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေပဲဖြစ်ဖြစ် ဓာတ်ငါးပါးတာအိုမျိုးစေ့ရဲ့ ဇစ်မြစ် ဖြစ်လာလိမ့်မယ်။
အဲဒီလိုဆိုရင် မြေဓာတ်တာအိုကတော့ စောင့်ရအုံးမယ်။ တခြားတာအိုတွေကလည်း အလှမ်းဝေးနေသေးတယ်။ ကျန်တာဆိုလို့ ရေဓာတ်တာအို သယ်ဆောင်ထားတဲ့ အထွတ်အထိပ်ရတနာပဲ။”
ဝမ်ပေါင်လဲ့က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းဘက် လှမ်းကြည့်လိုက်သည်။
သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းအတွင်း ရေဓာတ်တာအိုကို သယ်ဆောင်ထားသည့် အရာတစ်ခုကို သေချာခံစားမိနေသည်။ သို့သော် ထိုအရာကို အတိအကျ မသိပေ။
“လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း” ဝမ်ပေါင်လဲ့က အသက်ရှိုက်စာ အနည်းငယ် တိတ်ဆိတ်သွားလေ၏။ သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေသည်။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားသော ဂိုဏ်းများက သူ့ကို လူသိရှင်ကြား အပြစ်တင်ဝေဖန်ခဲ့ကြသည်။ နတ်ဧကရာဇ် ကွမ်းမင်က နယ်နိမိတ် အပြင်ဘက်တွင် စခန်းချထား၏။ အဆုံးမဲ့မျိုးနွယ်ကပင် သူ့ကို ခြိမ်းခြောက်လာခဲ့သည်။ အကယ်၍ သူသာ လက်လျော့လိုက်ပါက သူ့ကိုယ်ကို ချုပ်တည်းထားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူသာ ပြန်လည်တိုက်ခိုက်ပြီး ကန့်သတ်ချက်ကို စမ်းသပ်လိုပါက သံကို ပူတုန်း နာနာရိုက်ရမည်။ သူက အလွယ်တကူ ရန်စ၍ ရသည့်သူ မဟုတ်ကြောင်း ပြသရမည်။ ဤသည်က နည်းလမ်းတစ်ခုသာ ရှိ၏။ သူက ပိုမိုခြိမ်းခြောက်နိုင်စွမ်း ရှိရမည်။
တစ်ချိန်တည်းဆိုသလို ချန်ရှင်းကို ကူညီပြီး သူ့ဖိအားကို လျှော့ချပေးရမည်။ ထို့အပြင် တိရှန်းကိုလည်း မြေဓာတ်တာအို အထွတ်အထိပ်ရတနာကို ရစေပြီး သူ့ကျင့်ကြံဆင့်ကို ပြန်ကောင်းလာခွင့် ပြုရမည်။
ဤသည်က ဗြောင်ကျသည့် အစီအစဥ်ဖြစ်ကာ လျို့ဝှက်ကြံစည်ထားခြင်း မဟုတ်ပေ။ အဆုံးမဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ထိုအရာကို ထိုးဖောက်မြင်လျှင်ပင် သူ ဘာမှမလုပ်သရွေ့ ဤနည်းဖြင့်သာ ဖြေရှင်းရလိမ့်မည်။
ထိုအကြောင်းကို စဥ်းစားကာ ဝမ်ပေါင်လဲ့က တုံ့ဆိုင်းမနေတော့ပေ။ သူက တကယ့်ခန္ဓာကိုယ်ကို အသုံးမပြုဘဲ ဓမ္မကိုယ်ပွားကို အသုံးပြုခဲ့၏။
သူက ထရပ်လိုက်သည့်အချိန် ကြယ်တာရာကောင်းကင်က လှုပ်ခတ်သွားလေသည်။ လှိုင်းတွန့်များက အဖက်ဖက်သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက သာမန်လူတစ်ယောက်၏ အရွယ်အစားအတိုင်း ရှိကာ နဂိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာ ပြန်လည်ပေါ်ထွက်လာသည့်အခါ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
စကြဝဠာကို ကူးသန်းလာသလိုမျိုး သက်ရှိအားလုံး၏ စိတ်ထဲက လှုပ်ခတ်သွားသည်။ ဝမ်ပေါင်လဲ့အတွက် သူ့လှုပ်ရှားမှုအားလုံးကို ဖုံးကွယ်မထားနိုင်ပေ။ သူက ပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည့်အခါ လူများစွာက အာရုံခံစားမိလိုက်ကြသည်။
လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးအတွက်လည်း အတူတူသာ ဖြစ်၏။ သူက မျက်လုံးဖွင့်ကာ ခက်ထန်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက ညာဘက်လက်ကို ဝှေ့ပြီး လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ မဟာ မန္တန် အစီအရင်ကို အသက်သွင်းလိုက်သည်။
ဝမ်ပေါင်လဲ့၏ အမြင်တွင် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ အစီအရင် အသက်ဝင်လာသည်နှင့် သူ့ရှေ့တွင် ရှိနေသည့် ကြယ်နယ်မြေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ဝဲကတော့ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုဝဲကတော့အတွင်း ရွှေရောင်တလက်လက် တောက်ပနေသည့် သံကြိုးကိုးခု ရှိနေလေ၏။ သူတို့က နဂါးလိုမျိုး ရစ်ပတ်လျက်ရှိပြီး သူတို့အပေါ်တွင် သင်္ကေတများ သယ်ဆောင်ထားပြီး သတ်ဖြတ်ငွေ့တို့ ကိန်းအောင်းနေသည်။
တစ်ချိန်တည်းဆိုသလို လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းရှိ ကျင့်ကြံသူများက တင်ပျဥ်ခွေထိုင်ကာ သူတို့၏ ကျင့်ကြံရေး စွမ်းအားကို အစီအရင်ထဲ ပေါင်းထည့်လိုက်ကြသည်။ လမ်းစဥ်ကိုးသွယ်ဂိုဏ်းမှ တခြားသောသူများကလည်း ပျံသန်းထွက်လာကြ၏။ သူတို့က ထာဝရကြယ်အဆင့်ဖြစ်ကာ သူတို့၏ ကိုယ်ပိုင်ဖိအားကို ထုတ်လွှင့်လာသည်။ သူတို့၏ ရန်လိုမှုက အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
သူတို့၏ နောက်တွင် တစ်နှစ်ပတ်လုံး သီးသန့်ကျင့်ကြံနေခဲ့သည့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး ရှိနေသည်။ သူက မန္တန်အစီအရင်ကို ဖွင့်ဟကာ ပထမဦးဆုံးအကြိမ် ထွက်လာလေ၏။ သူက အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်အဖြူရောင် ရှိလေသည်။ သူက မသေမျိုးတစ်ယောက်နှင့် တူညီပြီး သူ့မျက်ဝန်းအထက် လျှပ်စီးတို့ ကိန်းအောင်းနေဟန်ပေါ်သည်။ သူ့ခန္ဓာကိုယ်မှ လှိုင်းတွန့်များ ထွက်ပေါ်လာသည့်အခါ ရေလှိုင်းများက အဖက်ဖက်သို့ ပျံ့နှံ့သွားဟန်ပေါ်သည်။
ထို့အပြင် သူ့နဖူးအထက် ရေစက်ပုံသဏ္ဍာန် အမှတ်အသားတစ်ခုလည်း ရှိနေသေး၏။
ကိစ္စတွေက အဆုံးမသတ်သေးပေ။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ တောင်နယ်နိမိတ်ကို ဖွင့်လှစ်လိုက်သည်နှင့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ ကြယ်နယ်မြေအတွင်း နောက်ထပ်အလင်းဂိတ် လေးခု ပေါ်ထွက်လာသည်။ သူတို့က တခြားသော ဂိုဏ်းကြီး လေးဂိုဏ်းမှ ဖွင့်လှစ်လိုက်ခြင်း ဖြစ်၏။ ထိုအခိုက်အတန့်တွင် ဂိုဏ်းကြီး ငါးဂိုဏ်း ပူးပေါင်းထားမှုက မန္တန်အစီအရင် စွမ်းအားကို တိုးမြှင့်ပေးလိုက်သည်။ သံကြိုးကိုးကြိုး၊ လူ့ဘီလူးကြီး၊ ပုဆိန်တစ်လက်၊ မီးပြင်းဖိုနှင့် ဥက္ကာပျံတို့က ပေါ်ထွက်လာသည်။
သို့သော်လည်း ဤသည်က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ပြင်ဆင်ထားသည့် အရာအားလုံး မဟုတ်သေးပေ။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ပြည်ထောင်စုကြီးအား လူသိရှင်ကြား ရှုံ့ချရဲသည်မှာ သူအားကိုးစရာ ရှိနေ၍ ဖြစ်သည်။ သူ အားကိုးစရာလူက ခန့်မှန်းကြည့်နေဖို့ မလိုပေ။ အာရုံကောင်းသည့်သူတိုင်း သိကြလိမ့်မည်။ ထိုသူက အပြင်ဘက်တွင် ရှိနေသည့် နတ်ဧကရာဇ် ကွမ်းမင် ဖြစ်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းဆီ ရောက်ရှိလာသည်နှင့် နတ်ဧကရာဇ်ကွမ်းမင်က သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။ သူက အဆုံးမဲ့မျိုးနွယ်တပ်ကို ဦးဆောင်ပြီး မဟာလက်ဝဲတာအိုနယ်မြေတွင်း ဝင်ရောက်လာသည်။
ထိုအခိုက်အတန့်တွင် အင်အားကြီး ပုဂ္ဂိုလ်အားလုံး၏ အကြည့်က သူ့အပေါ် ကျရောက်လာ၏။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းမှ နတ်ဆိုးသားတော်ကလည်း ထရပ်လိုက်သည်။ သူက အခြေအနေတစ်ခုလုံးကို သုံးသပ်နေဟန်ပေါ်၏။ စန္ဒာကြယ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးကလည်း မျက်လုံးဖွင့်လာသည်။ သူ့မျက်ဝန်းအထက် လေးနက်သည့် အမူအရာမျိုး ရှိနေသည်။
ရှဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးက တိတ်ဆိတ်နေပြီး သူ့ညာဘက်လက်ဖြင့် လက်ဟန်စည်းတံဆိပ်များကို ထုတ်ဖော်နေသည်။ ဤသည်က ဓမ္မစွမ်းအားလှိုင်း အတက်အကျ မရှိသော်လည်း ရှဲ့မျိုးနွယ်မှ သူနှင့် သိသည့်သူတိုင်းက ဤမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်သွားကြလိမ့်မည်။ အကြောင်းအရင်းကမူ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက သူ အရေးကြီးသည့် ကိစ္စကို ဆုံးဖြတ်ချက်ချရာ၌ လုပ်လေ့လုပ်ထရှိသည့် အလေ့အကျင့် ဖြစ်၏။
သူက မြန်မြန်ဆန်ဆန် လုပ်လေလေ ဆုံးဖြတ်ချက်က ပိုမိုအရေးကြီးလေလေ ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူ့ညာဘက်လက်က မှုန်ဝါးသွားဟန်ပေါ်သည်။
အဆုံးမဲ့မျိုးနွယ်မှ ကျိကျားဖြစ်စေ၊ သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေသည့် ရွှမ်ဟွားဖြစ်စေ တိုက်ပွဲကွင်းပြင်ကို သွေးဆာသည့် မျက်လုံးများဖြင့် လှမ်းကြည့်လာကြသည်။
အမှောင်ဂိုဏ်းမှ စွမ်းအားကြီး ပုဂ္ဂိုလ်များကလည်း စောင့်ကြည့်နေကြ၏။
အဆုံးမဲ့မျိုးနွယ်နှင့် အမှောင်ဂိုဏ်းကြားက တိုက်ပွဲသည် ဤခေတ်ကာလ၏ အဓိက မဟုတ်တော့ဘဲ ဝမ်ပေါင်လဲ့က အဓိက ဖြစ်လာခဲ့သည်။
သူက သီးသန့်ကျင့်ကြံရာမှ ထွက်မလာလျှင် အဆင်ပြေသော်လည်း ယခုအခါ သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်သည့်အတွက် လှုပ်ရှားမှု အကြီးကြီး တစ်ခုပြီး တစ်ခု ဆက်တိုက် ပြုလုပ်လာသည်။ သူ့အပြုအမူတိုင်း၏ နောက်ကွယ်တွင် နက်နဲသည့် အဓိပ္ပာယ်တချို့ ကိန်းအောင်းနေဟန်ပေါ်၏။ ဤသည်က လူများကို စိုးရိမ်စေသည့် ကိစ္စရပ်လည်း ဖြစ်ပေသည်။
စွမ်းအားကြီး ပုဂ္ဂိုလ်များက ကြည့်နေရင်း နတ်ဧကရာဇ် ကွမ်းမင် ရှေ့တွင် လေဟာနယ်က ရုတ်ချည်းဆိုသလို ပျက်ယွင်းသွားကာ နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက ထွက်ပေါ်လာကာ တားဆီးလိုက်သည်။
သူမက အတော်လေး စိတ်ရှုပ်ထွေးနေပြီး အမူအရာ ပျက်ယွင်းလျက် ရှိသည်။ သို့သော်လည်း သူမက ရွေးချယ်စရာ မရှိပေ။ သူမ၏ စိတ်ထဲ ဝမ်ပေါင်လဲ့ ပေးခဲ့သည့် ညွှန်ကြားချက်ဖြင့်သာ ပြည့်နှက်နေ၏။
“ကွမ်းမင်ကို တားထား”
“လူကြီးမင်း ကျွန်မ မလုပ်နိုင်ဘူး။ ကျွန်မကို အမြုတေ ပြန်မပေးသရွေ့ နတ်ဧကရာဇ် ကွမ်းမင်နဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”
“အဲဒီအတွက် မလိုဘူး။ အသက်ရှိုက်စာ ၂၀ပဲ အချိန်ဆွဲထား။ ဒီလောက်ဆို လုံလောက်ပြီ။”
“အသက်ရှိုက်စာ ၂၀” နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက အံကြိတ်လိုက်သည်။ သူမက ကွမ်းမင်ကို မြင်သည်နှင့် သူမ၏ ကျင့်ကြံဆင့် စွမ်းအားတို့က ထွက်ပေါ်လာကာ ပတ်ဝန်းကျင် လေဟာနယ်ကိုပင် ပျက်ယွင်းသွားစေသည်။
လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းရှိ ခေါင်းဆောင်ကြီးကလည်း ဝမ်ပေါင်လဲ့ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
“ဝမ်ပေါင်လဲ့ မင်းက ဘာလို့ ဒီရောက်နေတာလဲ။ မင်း ဒီဂိုဏ်းထဲကို ဝင်ရဲရင် မင်းနဲ့ငါနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်။”
လမ်းစဥ်ကိုးသွယ် ကြယ်စင်စု အပြင်ဘက်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ သူက အစီအရင်မန္တန်ဆီ ဦးတည်လိုက်၏။ သူ့အသံက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
“ဒီနေ့ ငါက လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်းကို ဖျက်ဆီးပြီးတော့ ပစ္စည်းတစ်ခုကို ယူဖို့ ရောက်လာတာ”