← Chapters

ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခြင်း

Vol. 89 Ch. 1236

ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခြင်း

Vol. 89 Ch. 1236

ချန်ရှင်းက အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ဖြစ်လာပြီး အဆုံးမဲ့တာအိုနယ်မြေထဲ ဆင်းသက်လာပြီးသည့်နောက်တွင် သူ့ကို ပြန်လည်ကယ်တင်ဖို့ အခွင့်အရေး မရှိတော့ပေ။ ဤသည်က အဆုံးမဲ့မျိုးနွယ်နှင့် မဟာမိတ်ဂိုဏ်းများအတွက်လည်း အတူတူသာ ဖြစ်၏။

ပြန်လည်အသက်သွင်းခြင်းအပေါ် ထိန်းချုပ်ခွင့်ကြောင့် အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်ကြားက တိုက်ပွဲဖြစ်လာခြင်း ဖြစ်သည်။ မဟုတ်ပါက ဤစစ်ပွဲသည် လိုအပ်လာမည် မဟုတ်ပေ။ ထို့ကြောင့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအနေဖြင့် ချန်ရှင်းသည် ထိုအချက်ကို အတင်းအကျပ် ထိန်းချုပ်ထားပြီး သူ့လုပ်ပိုင်ခွင့် အာဏာအများစုကို ဤနေရာတွင် အသုံးပြုထားသည်။ အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုက အာဏာများစွာ ရှိသော်လည်း ဤကဏ္ဍတွင် လစ်ဟာနေလေ၏။

ထို့ကြောင့် ဤနှစ်များအတွင်း သေဆုံးသွားသည့်သူအားလုံးက အစစ်အမှန် ပျောက်ကွယ်သွားကြသည်။ သူတို့ကို သေလူများအဖြစ် ဖော်ညွှန်းလျှင်ပင် လွန်ကဲမည် မဟုတ်ပေ။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့၏ ဘယ်ဘက်လက်ဖြင့် ထိတွေ့ပြီးသည့်နောက်တွင် သေဆုံးသွားပြီး ပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်နှင့် ဝိညာဥ်ပင် ပျက်သုဥ်းသွားသည်။

လက်တွေ့တွင် သာမန်တိုက်ပွဲသာ ဖြစ်နေပါက ဂိုဏ်းကြီး ၅ဂိုဏ်းနှင့် ရေဓာတ်နှင့် သစ်သားဓာတ် တာအိုတို့၏ ထိန်းချုပ်မှုအောက်တွင် ဝမ်ပေါင်လဲ့က ချန်ယဲ့ကို အသုံးပြုလျှင်ပင် သူ့အနေဖြင့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကို သူ့ဂိုဏ်းအတွင်း သတ်ဖို့ရာ အင်မတန် ခက်ခဲလိမ့်မည်။ သို့သော်လည်း စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည်ကို ပြသလာသည့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ရှင်းရှင်းလင်းလင်း သေသေသပ်သပ် အသတ်ခံလိုက်ရသည်။

ဝမ်ပေါင်လဲ့က ဤတိုက်ပွဲကို အခွင့်ကောင်းယူခဲ့၏။ ပထမဦးစွာ သူသည် ချန်ယဲ့ဖြင့် ဂိုဏ်းအသီးသီးမှ ဝှက်ဖဲများ အားလုံးကို ဖိနှိပ်ခဲ့သည်။ ထို့နောက် အချိန်မြစ်ကြောင်းအတွင်း သူက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ တာအိုအမြုတေဖြစ်သည့် မျက်ရည်စက်ကို ထုတ်ယူခဲ့သည်။

သူ ထုတ်ယူလာသည့် မျက်ရည်စက်က တကယ်တမ်းတော့ ပုံရိပ်ယောင်မျှသာ ဖြစ်၏။ သို့သော်လည်း ပုံရိပ်ယောင်နှင့် လက်တွေ့ကြားတွင် အားကောင်းခြင်းနှင့် အားနည်းခြင်းကို အမြဲတမ်း နှိုင်းယှဥ်နိုင်သည်။ သေချာသည့် အနေအထားတစ်ခုအရ ပြောရပါက အလိမ်အညာနှင့် အမှန်တရားကြား နှိုင်းယှဥ်သလိုမျိုး ဖြစ်လိမ့်မည်။ အလိမ်အညာက အားကောင်းလွန်းလျှင် လူအားလုံးက ယုံကြည်လာသည့်အခါ အမှန်တရား ဖြစ်လာလိမ့်မည်။

တခြားတစ်ဖက်တွင် အမှန်တရားကမူ အလိမ်အညာ ဖြစ်သွားလိမ့်မည်။

ပုံရိပ်ယောင်နှင့် လက်တွေ့ကလည်း ဤသို့သာ ဖြစ်၏။ ပုံရိပ်ယောင်က လက်တွေ့ထက် ပိုမိုအားကောင်းသွားသည့်အခါ ဘယ်အရာက တကယ့်အစစ်အမှန် ဖြစ်မည်နည်း။ ဘယ်အရာကရော ပုံရိပ်ယောင် ဖြစ်မည်နည်း။

ထိုမေးခွန်းက ဖြေဆိုဖို့ရာအတွက် မလွယ်ကူလှပေ။ သို့သော် ဝမ်ပေါင်လဲ့က သူ့တာအိုပညာရပ်များကို အသုံးပြု၍ သက်သေပြခဲ့သည်။ သူ့ပုံရိပ်ယောင် မျက်ရည်စက်က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကို ဖိနှိပ်ထားနိုင်ခဲ့၏။ ရလဒ်အနေဖြင့် အဆုံးသတ်တွင် ထိုသူက စကြဝဠာအဆင့် မဟုတ်ဘဲ စကြဝဠာတစ်ပိုင်းအဆင့်သာ ရှိသေးသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့အတွက် စကြဝဠာတစ်ပိုင်းအဆင့် ကျင့်ကြံသူကို သတ်ဖို့ရာအတွက် အသေးအဖွဲ့ကိစ္စသာ ဖြစ်၏။

ဆူဆူညံညံအသံများကြားတွင် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက နောက်ဆုံးအချိန်ထိ မျက်လုံးဖွင့်ဖို့ ကြိုးစားနေ၏။ သူက ဝမ်ပေါင်လဲ့ကို ကြည့်နေသော်လည်း စကားပြောဖို့ရာ စွမ်းရည် မကျန်တော့ပေ။ သူ့မြင်ကွင်းက ဝေဝါးလာပြီး သူ့ခန္ဓာကိုယ်ထဲရှိ အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဥ်တို့က အသံကျယ်ကြီးနှင့်အတူ ပျက်သုဥ်းသွားသည်။

သူ ပျက်သုဥ်းသွားသည့်အခါ သူ့ခန္ဓာကိုယ်က သိသိသာသာ သက်တမ်းကြီးရင့်လာသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း နှစ်သောင်းချီ ကုန်ဆုံးသွားသလိုမျိုး ဖြစ်၏။ သူ့ခန္ဓာကိုယ်က အမှုန့်သဖွယ် ပြောင်းလဲသွားကာ လေနှင့်အတူ မျောလွင့်သွားသည်။

ထိုအခိုက်အတန့်တွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်သွား၏။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းမှ ကျင့်ကြံသူများကလည်း ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေကြသည်။

ဘယ်သူက အရင်ဆုံး စပြောလိုက်လည်း မသိသော်လည်း အဖက်ဖက်မှ ငိုရှိုက်သံများ ထွက်ပေါ်လာသည်။

“ခေါင်းဆောင်ကြီး”

“ခေါင်းဆောင်ကြီး”

ငိုရှိုက်သံများ ပဲ့တင်ထွက်လာသည့်အခါ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ကျင့်ကြံသူများက ဒူးထောက်လျက် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး ပျောက်ကွယ်သွားရာဘက် ဝပ်တွားဦးညွတ်လိုက်ကြသည်။ သူတို့၏ အမူအရာ၌ ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။ ထိုသူက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း တစ်ခုလုံးကို ဖန်တီးခဲ့သည့်သူ ဖြစ်၏။ ဂိုဏ်းငယ်လေးအဆင့်မှ ယနေ့လို အနေအထားရောက်အောင် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်ပေသည်။

သူက ဤနေရာတွင်ရှိသည့် တပည့်တစ်ဦးချင်းစီကို ဂရုစိုက်သည်ဟု ဆိုရပေမည်။ ပြင်ပလောကတွင် သူက ရက်စက်ကာ မသိတတ်သည့် သူခိုးကြီးတစ်ယောက် ဖြစ်နေကာ လူများစွာ၏ မုန်းတီးမှုကို ခံရသော်လည်း လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းသားများအတွက်မူ သူသည် အရာအားလုံးကို ကာကွယ်ပေးသည့် နတ်ဘုရားတစ်ပါး ဖြစ်၏။

ထိုစဥ် ယခုအခိုက်အတန့်တွင် ထိုနတ်ဘုရားက ကျရှုံးသွားခဲ့သည်။ ကာကွယ်မှုကလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။

ထိုအခိုက်အတန့်တွင် သူတို့၏ ယုံကြည်မှုများကလည်း ပြိုလဲသွားကြသည်။

နောက်တွင် လိုက်ပါလာသည်က ဆုံးရှုံးမှုနှင့် အနာဂတ်အတွက် အကြောက်တရားသာ ဖြစ်၏။ ဂိုဏ်းသားအားလုံးက ခါးသီးမှုဖြင့် ပြည့်နှက်နေကြသည်။

လေထဲတွင် ငိုကြွေးသံများ ပဲ့တင်ထပ်လာသော်လည်း ဝမ်ပေါင်လဲ့၏ အမူအရာက မပြောင်းမလဲကျန်ရှိနေသည်။ ဤနေရာတွင် သနားညှာတာနေဖို့ မလိုအပ်ပေ။ အကယ်၍ သူသာ သေသွားပါက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ဂိုဏ်းသားများက သူ့ကို သနားကြမည် မဟုတ်ပေ။

“ဒါက ကျင့်ကြံရေးလောကပဲ” ဝမ်ပေါင်လဲ့က တခြားဂိုဏ်းကြီးလေးဂိုဏ်းကို ကြည့်လိုက်သည်။ သူကြည့်လိုက်သည့်အခါ ဂိုဏ်းကြီးလေးဂိုဏ်းမှ ကျင့်ကြံသူများက ခေါင်းငုံ့ထားကြပြီး သူ့အကြည့်နှင့် မဆုံရဲကြပေ။ ဂိုဏ်းကြီးလေးဂိုဏ်းမှ ခေါင်းဆောင်ကြီးများကပင် တုန်ယင်နေကြ၏။

“အညံ့ခံလား။” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ မေးလိုက်သည်။

“ကျုပ် … ကျုပ်တို့ အညံ့ခံပါတယ်” သူ့စကားသံက လေထဲ ပဲ့တင်ထွက်သွားစဥ် ဂိုဏ်းကြီးလေးဂိုဏ်းမှ ခေါင်းဆောင်ကြီးများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့က အရိုအသေပေးဖို့ ဦးညွတ်လိုက်ကြ၏။ သူတို့၏ သက်ဆိုင်ရာဂိုဏ်းမှ ဂိုဏ်းသားများကလည်း ဝမ်ပေါင်လဲ့ထံ ဦးညွတ်ဂါရဝပြုလိုက်ကြသည်။

ဂိုဏ်းကြီးလေးဂိုဏ်းက ကျင့်ကြံသူများက အရိုအသေပေးပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ခေါင်းကို မော့ကာ ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့အကြည့်က လေဟာနယ်ကို ထိုးခွင်းသွားဟန်ပေါ်သည်။ ယခုအခါ လမ်းစဥ်ကိုးသွယ်တာအို ကြယ်နယ်မြေ အပြင်ဘက်တွင် အားကောင်းသည့် အလင်းတန်းက သူ့ဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။ သိပ်မကြာခင် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး သေဆုံးသွားပြီးသည့်နောက်တွင် ထိုပုံရိပ်က ရပ်တန့်သွားဟန်ပေါ်၏။

ထိုသူက နတ်ဧကရာဇ် ကွမ်းမင် ဖြစ်ပေသည်။

သူ့အမူအရာက မလိုလားဟန်ပေါ်နေသည်။ သူက သူ့ရှေ့တွင် ရှိနေသည့် ကြယ်နယ်မြေကို သေသေချာချာ စိုက်ကြည့်လိုက်၏။ သူက ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံသွားသည်။

သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဝမ်ပေါင်လဲ့” သူက နောက်ကျလွန်းသွားခဲ့သည်။ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်ကို ဖြည့်စည်းဖို့ အရာအားလုံးကို စတေးခဲ့သည်။ နတ်ဧကရာဇ်ကွမ်းမင်ကို အသက်ရှိုက်စာ ၂၀ကျော် အချိန်ဆွဲပေးခဲ့သည့်အတွက် ဝမ်ပေါင်လဲ့အား အချိန်လုံလုံလောက်လောက် ပေးထားနိုင်ခဲ့သည်။

“မင်းကို အသက် ၃ ရှိုက်စာ ပေးမယ်။ တကယ်လို့ ထွက်မသွားဘူးဆိုရင် မင်းကို သတ်မယ်။” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“၁”

“မင်း” နတ်ဧကရာဇ်ကွမ်းမင်၏ ခန္ဓာကိုယ်က တောက်ပလာကာ သူ့အရှိန်အဝါများက ပေါက်ထွက်လာသည်။ သူ့မျက်ဝန်းအထက် ဝန်လေးမှုတို့ ရှိနေသော်လည်း အနက်ပိုင်း၌မူ အကြောက်တရားများလည်း ကိန်းအောင်းနေသည်။ ဝမ်ပေါင်လဲ့က ဒုတိယအကြိမ် ရေတွက်တော့မည့်ဆဲဆဲတွင် သူက ဖြတ်ပြောလုနီးပါး ဖြစ်သွားသည်။

“၂”

ဒုတိယအကြိမ် ရေတွက်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းရှိ အေးစက်မှုက နတ်ဧကရာဇ်ကွမ်းမင်၏ စိတ်နှလုံးသားကို တုန်ယင်သွားစေသည်။ သူက သတ်ဖြတ်ငွေ့ကို ခံစားမိ၏။ ဝမ်ပေါင်လဲ့သည် သူ့ကို သတ်ပစ်နိုင်ရုံသာမက ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်ကြောင်း နားလည်လိုက်သည်။

ထို့ကြောင့် သူသည် လက်လျှော့ဖို့ မလိုလားသော်လည်း ချက်ချင်း နောက်ဆုတ်လိုက်၏။ အသက်ရှိုက်စာ တစ်ရှိုက်စာအတွင်း သူက မဟာလက်ဝဲတာအိုနယ်မြေမှ ထွက်သွားတော့မည် ဖြစ်သည်။

“ငါ့ရဲ့ အိမ်အကူကို ပြန်ပေးခဲ့” ဝမ်ပေါင်လဲ့၏ အသံက နတ်ဧကရာဇ်ကွမ်းမင်ထံ ရောက်ရှိလာကာ ရုတ်တရက် ရပ်တန့်သွားစေသည်။

နတ်ဧကရာဇစ်ကွမ်းမင်က တုံ့ဆိုင်းနေခြင်း မရှိဘဲ လက်ကို ဝှေ့ကာ နောက်ဆုံးထွက်သက်နီးပါး ရောက်နေသည့် နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးကို ပစ်လွှတ်လိုက်သည်။

သို့သော်လည်း အင်မတန် အားနည်းနေသည့် နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက ထွက်ပေါ်လာသည်နှင့် သူမ၏ မျက်ဝန်းအထက် ပြင်းထန်သည့် အမုန်းတရားတို့ကို ထုတ်ဖော်လာသည်။ ထိုအရာက ခန္ဓာကိုယ်ထဲမှ စွမ်းအားတချို့ကို အသက်သွင်းလိုက်ဟန်ပေါ်သည်။ သူမ၏ ခန္ဓာကိုယ်က ဧရာမပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားကာ နတ်ဧကရာဇစ်ကွမ်းမင်၏ ညာဘက်လက်ကို ဆွဲကိုက်လိုက်သည်။

အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာ၏။

ထိုအရာက မြန်ဆန်လွန်းလှပြီး ဝမ်ပေါင်လဲ့၏ ဖိအားအောက်တွင် နတ်ဧကရာဇ်ကွမ်းမင်က ဝမ်ပေါင်လဲ့ကိုသာ သတိထားနေခဲ့သည်။ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးကိုမူ အာရုံမစိုက်ခဲ့ပေ။ ထို့အပြင် နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက အစကတည်းက စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည် ရှိထားသူ ဖြစ်၏။ အကြောင်းအရင်းအားလုံးကြောင့် နတ်ဧကရာဇ်ကွမ်းမင်သည် တုန်လှုပ်သွားမိသည်။ သူက ညည်းတွားမိလိုက်ပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။ သူက ညာဘက်လက်တစ်ဝက်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်၏။

“မင်း” နတ်ဧကရာဇ်ကွမ်းမင်၏ မျက်ဝန်းအထက် ရူးသွပ်မှုတို့ ဖြတ်ပြေးသွားသည်။ သူက အော်ဟစ်လိုက်ပြီး နာကျင်မှုက သူ့အသိစိတ်ကိုပင် ပြိုလဲလုမတတ် ဖြစ်စေသည်။

“ဘာလဲ ကျွန်မရဲ့ သခင်ရှေ့မှာ ကျွန်မကို သတ်ရဲလို့လား။” နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက ရက်စက်သူ ဖြစ်၏။ သူမက နောက်မဆုတ်ခဲ့ဘဲ မားမားမတ်မတ်ရပ်ကာ သူ့ပါးစပ်တွင် ရှိနေသည့် လက်တစ်ဝက်ကို ဝါးမျိုပစ်လိုက်သည်။ သူမက ဒဏ်ရာများ အလျင်အမြန် ပြန်လည်ကောင်းမွန်လာ၏။

နတ်ဧကရာဇ်ကွမ်းမင်က အတော်လေး ဒေါသထွက်နေမိသည်။ သို့သော်လည်း သူက ထိုအရာကို သည်းခံပြီး ချက်ချင်းနောက်ဆုတ်လိုက်ရသည်။

ဝမ်ပေါင်လဲ့၏ ပုံရိပ်က သူနှင့် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီး၏ ကြားတွင် ပေါ်ထွက်လာလေ၏။ သူက ပါးစပ်ကို ဟကာ နံပါတ် ၃ကို အော်တော့မည့်ဆဲဆဲတွင် နတ်ဧကရာဇ်ကွမ်းမင်က အသံကျယ်ကြီးအော်ဟစ်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားတော့သည်။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းက ထွက်ခွာသွားသည့် ပုံရိပ်ကို လိုက်ကြည့်နေမိသည်။ အဆုံးသတ်တွင် သူက တိုက်ခိုက်ဖို့ရာ လက်လျှော့လိုက်၏။

သူ့နောက်တွင် ရှိနေသည့် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးကမူ ခွေးတစ်ကောင်လိုမျိုး ထွက်ပြေးသွားသည့် ကွမ်းမင်ကို ကြည့်ရင်း ထူးဆန်းသည့် အမူအရာမျိုး ရှိနေသည်။

သူမက နတ်ဧကရာဇ်တစ်ယောက်သည် ဤသို့အမူအရာမျိုးဖြင့် ထွက်ပြေးသွားသည်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သူမက တစ်ရက်ကျ နတ်ဧကရာဇ်၏ လက်ကို ဝါးမျိုပြီး ထိုလူက ဘာမှမလုပ်နိုင်ဘဲ ထွက်ပြေးသွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ဖူးပေ။

သူက ထိုအရာအားလုံးသည် သူမကြောင့် မဟုတ်ဘဲ သူမရှေ့တွင် ရှိနေသည့်သူကြောင့် ဖြစ်ကြောင်း နားလည်ထား၏။

သူမ၏ မျက်ဝန်းအထက် စိတ်အားထက်သန်မှုတို့ ပေါ်ထွက်လာသည်။ ထိုအရာက သူမ၏ စိတ်နှလုံးသားမှ ထွက်ပေါ်လာခြင်းဖြစ်ကာ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက သူမ မခံစားဖူးသည့် အရာတစ်ခုကို သဘောပေါက်သွားခဲ့သည်။ ထိုခံစားချက်ဖြင့် သူမသည် ချက်ချင်းဆိုသလို ဒူးထောက်ကာ ဝပ်တွားလိုက်သည်။

“သခင်လေးကို ဂါရဝပြုပါတယ်”

“မင်း ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်ကွမ်းမင် ပျောက်ကွယ်သွားသည့် နေရာမှ အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။ သူက နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးကို အားရစွာ ကြည့်လိုက်သည်။

နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးအတွက် ထိုအကြည့်က ဂုဏ်ကျက်သရေကို ခံစားမိလိုက်ဟန်ပေါ်သည်။ သူမက ဒူးထောက်ဝပ်တွားသည့်အခါ သူမ၏ တင်ပါးတို့က မိုးအထိ ထောင်မတ်နေသလို ဖြစ်နေတော့သည်။

All Chapters