← Chapters

ရေဓာတ်တာအိုမျိုးစေ့ အောင်မြင်ခြင်း

Vol. 89 Ch. 1237

ရေဓာတ်တာအိုမျိုးစေ့ အောင်မြင်ခြင်း

Vol. 89 Ch. 1237

အကယ်၍ ဝမ်ပေါင်လဲ့နှင့် တိရှန်းတို့ တိုက်ပွဲက နတ်ဘုရားအနေအထားဟု ဆိုရမည်ဆိုလျှင် ဂိုဏ်းကြီး ၅ဂိုဏ်း၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကို သတ်ပစ်ပြီး ဂိုဏ်းကြီး ၅ဂိုဏ်းလုံးကို သူ့ထံ အညံ့ခံအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံး၏ ဧကရာဇ်အနေအထားဟု ဆိုရပေမည်။

ထိုအခိုက်အတန့်တွင် ကျယ်ပြောလှသည့် မဟာလက်ဝဲတာအိုနယ်မြေအတွင်း ဝမ်ပေါင်လဲ့ကို ဆန့်ကျင်မည့်သူ မရှိတော့ပေ။

ထိုစဥ် မဟာလက်ဝဲတာအိုနယ်မြေအတွင်းရှိ အသင်္ချေဂိုဏ်းများ၊ မျိုးနွယ်များနှင့် လူမှုအဖွဲ့အစည်း အားလုံးက ဝမ်ပေါင်လဲ့ကို သူတို့၏ ဧကရာဇ်အဖြစ် အသိအမှတ်ပြုသွားကြသည်။

ဂိုဏ်းကြီး လေးဂိုဏ်းက ပထမဦးဆုံး တုံ့ပြန်သည့်သူများ ဖြစ်၏။ သူတို့က စတင်အညံ့ခံလိုက်ကြစဥ် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းကလည်း နောက်မှလိုက်ပါလာသည်။ သူတို့၏ ခေါင်းဆောင်ကြီး သေဆုံးသွားမှုအပြီးတွင် သူတို့သာ ဆက်လက်နေထိုင်လိုပါက ခေါင်းငုံ့ထားရမည်ဖြစ်သည်။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းသားများက ခေါင်းမော့ဖို့ရာ အခွင့်အရေးမရှိတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ထွက်သွားပြီးသည့်နောက်တွင် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းရှိ အထက်ပိုင်းက အများဆန္ဒကောက်ခံခဲ့ကြသည်။ သူတို့က နေအဖွဲ့အစည်း၊ ပြည်ထောင်စုနှင့် ဝမ်ပေါင်လဲ့ထံ ဦးညွတ်ခဲ့ကြ၏။

တစ်ချိန်တည်းဆိုသလို လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်းက သူတို့၏ ကိုယ်ပိုင် ကြယ်စင်စုအား နေအဖွဲ့အစည်းအတွင်း ပူးပေါင်းဖို့ အဆိုပြုခဲ့သည့် ပထမဦးဆုံး အင်အားစုဖြစ်ပေသည်။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ ခေါင်းဆောင်အသစ်က အတော်လေး တွေးတတ်သည်ဟု ဆိုရပေမည်။

ထိုအရာကို မြင်ကာ တခြားသော ဂိုဏ်းကြီး လေးဂိုဏ်းကလည်း လိုက်လံတောင်းဆိုခဲ့ကြသည်။

ယခုအခါ နေအဖွဲ့အစည်းက သာမန်ဂိုဏ်း သို့မဟုတ် မျိုးနွယ်များ ဝင်ရောက်နိုင်သည့် နေရာတစ်ခု မဟုတ်တော့ပေ။ ထိုအရာက တောင်းဆိုသည်ဟု စကားဖြင့် ထိုက်တန်နေသည်။ ဝမ်ပေါင်လဲ့က ထိုကိစ္စကို ဂရုမစိုက်ဘဲ ပြည်ထောင်စုကြီး၏ ဥက္ကဋ္ဌ ဝူမုန့်လင်ထံသာ အပ်ထားခဲ့သည်။

ဝူမုန့်လင်ဘက်တွင် သူမ၏ ကျင့်ကြံဆင့်က သိပ်မမြင့်မားသော်လည်း သူမ၏ နည်းလမ်းများက အတော်လေး ကျွမ်းကျင်လှသည်။ သူမက ဂိုဏ်းကြီး ၅ဂိုဏ်းမှ လာရောက်တွေ့ဆုံသူများကို သူမဆီမှ အကျိုးအမြတ် မရဘဲ သူတို့က စိတ်ပိုင်းဆိုင်ရာအရ လက်ခံသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဝူမုန့်လင်နှင့် အတော်လေး တည့်ရှုသွားကြသည့် ကြယ်နယ်မြေအဆင့် အမျိုးသမီး ကျင့်ကြံသူတချို့ပင် ရှိသေးသည်။

ဤ္နနည်းဖြင့် နေအဖွဲ့အစည်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုက ချောမွေ့နေသည်။

ဝူမုန့်လင်က ဝမ်ပေါင်လဲ့ကို သမက်အဖြစ် သတ်မှတ်ထားပြီးပြီဖြစ်ကာ ဝမ်ပေါင်လဲ့၏ လိုအပ်ချက်များကို အရင်ဆုံး ထည့်သွင်းစဥ်းစားပေးသည်။

ဝမ်ပေါင်လဲ့က ပြန်ရောက်လာပြီးသည့်နောက်တွင် မျက်ရည်စက်ကို လေ့လာနေ၏။ သူက ဂိုဏ်းကြီးများနှင့် မျိုးနွယ်များအား သန့်စင်မှု ပြီးမြောက်ဖို့ရာအတွက် သူ့အတွက် အလုပ်လုပ်ပေးဖို့ အကြံပြုခဲ့သည်။ ဝူမုန့်လင်က ထိုကိစ္စအတွက် ချက်ချင်းဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုကြီးကို ဝင်ရောက်ဖို့အတွက် ပထမဦးဆုံး လိုအပ်ချက်အဖြစ် သတ်မှတ်ခဲ့သည်။

ဝမ်ပေါင်လဲ့က တခြားသောသူများကို စိတ်ပူစရာ မလိုပေ။ အကြောင်းအရင်းမှာ သူက ဗဟိုချက် ဖြစ်နေ၍ဖြစ်၏။ ဂိုဏ်းကြီးများနှင့် မျိုးနွယ်များက သူ့ကို ထောက်ခံပေးကြသည်။

သိပ်မကြာခင် မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးမှ မိသားစုများနှင့် ဂိုဏ်းကြီးများမှ လက်နက်သန့်စင်သူများက စတင်အလုပ်ရှုပ်လာကြသည်။ တစ်ပိုင်းတစ်စ ပြီးမြောက်ထားသည့် သင်္ကေတအမှတ်အသားများကို ဝမ်ပေါင်လဲ့ရှိရာ အင်္ဂါဂြိုဟ်ဆီ ပို့ဆောင်ပေးခဲ့ကြသည်။

တစ်ချိန်တည်းဆိုသလို မဟာလက်ဝဲတာအိုနယ်မြေထဲ နေအဖွဲ့အစည်း မြင့်တက်လာမှုက မဟာဒိဋ္ဌိနယ်မြေဖြစ်စေ သို့မဟုတ် အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေဖြစ်စေ မည်သူကမှ မကျူးကျော်ရဲကြတော့ပေ။ စစ်ပွဲတွင် ဆင်နွှဲဖို့ကိုပင် ဝမ်ပေါင်လဲ့ထံ အကြောင်းမကြားကြတော့ပေ။

ဤသည်က မဟာလက်ဝဲတာအိုနယ်မြေအတွင်း ဝမ်ပေါင်လဲ့၏ အနေအထားကို ပိုမိုခိုင်မာသွားစေသည်။ ရလဒ်အနေဖြင့် နေအဖွဲ့အစည်းက ပိုမိုအသက်ဝင်လာ၏။ ဂိုဏ်းကြီးများနှင့် မျိုးနွယ်များက ဝမ်ပေါင်လဲ့ကို နေ့စဥ်နေ့တိုင်း လာရောက်တွေ့ဆုံနေကြသည်။

ဝမ်ပေါင်လဲ့၏ အဆက်အသွယ် ကွန်ယက်ကို လျို့ဝှက်ချက်အနေဖြင့် ထိန်းထားဖို့ရာ ခက်ခဲလှသည်။ ထိုဂိုဏ်းများက ရှာဖွေတွေ့ရှိသွားသည့်အတွက် ကောင်းကင်တာအိုကျောင်းတော်က အထွတ်အမြတ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းဆိုသလို ကောင်းကင်မြို့တော်ကလည်း အတူတူသာ ဖြစ်၏။

ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့အတွက်မူ ထိုဂိုဏ်းများနှင့် မျိုးနွယ်များက ပိုမိုပင် သဘောကျနေကြသည်။ သူတို့က လာရောက်လည်ပတ်ကာ လက်ဆောင်များပင် ပို့ဆောင်ပေးခဲ့ကြ၏။

ကျောက်ယမုန့်က ထိုအရာကြောင့် အနည်းငယ် စိတ်ရှုပ်ကာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။

သို့သော်လည်း ကျိုးရှောင်ရကမူ သူမ ယခင်က မပြသဖူးသည့် စွမ်းရည်ကို ပြသလာခဲ့သည်။ သူမက ထိုကိစ္စများကို ဖြေရှင်းရာ၌ နည်းလမ်းကျလာသည်။ သူမက လာရောက်သူများထံ လက်ဆောင်အားလုံးကို ပြန်ပေးလေသည်။ ထို့ကြောင့် သူတို့က သူမကို မတွေ့လျှင်ပင် သူတို့က အေးအေးဆေးဆေး ထွက်သွားကြဆဲ ဖြစ်၏။

ဤသို့ဖြင့် ပြည်ထောင်စုကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအောက်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းတို့၏ အကူအညီဖြင့် လူမှုအနေအထားက ပိုမိုတိုးတက်လာသောကြောင့် နေအဖွဲ့အစည်းက အထွတ်အမြတ်နယ်မြေ ဖြစ်နေလေပြီ။

ဝမ်ပေါင်လဲ့အတွက် သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။ သူက မျက်ရည်စက်ကို သေချာလေ့လာကြည့်နေသည်။ သူက ထိုအရာသည် မျက်ရည်စက်ဖြစ်ကြောင်း ပိုမိုသေချာလာမိ၏။

အကြောင်းအရင်းမှာ သူ့နတ်ဘုရား အသိစိတ်ဖြင့် ပေါင်းစည်းသွားသည့်အချိန်တိုင်း သူသည် ထူးကဲသည့် စိတ်ခံစားချက် တချို့ကို ခံစားမိလိုက်သည်။ ထိုအရာက ဝမ်နည်းမှုနှင့် ပျော်ရွှင်မှုတို့ဖြစ်သော်လည်း အဆုံးသတ်တွင် ဗလာနတ္ထိလိုမျိုး ဖြစ်နေသည်။ ဤသည်က ပျော်ရွှင်မှုလည်း မဟုတ်သလို ဝမ်းနည်းမှုလည်း မဟုတ်ဘဲ တည်ငြိမ်မှုနှင့် ရိုးရှင်းမှုသာ ဖြစ်သည်။

“ဒါက ဘယ်လိုစွမ်းအားကြီး ပုဂ္ဂိုလ်မျိုးလဲ။ ဒါက မျက်ရည်စက်လား။” ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပလာသည်။ သူက ထိုမျက်ရည်စက်တွင် စွဲလမ်းမှုကဲ့သို့သော သဲလွန်စနှင့် အားကောင်းသည့် အသက်စောင့်စွမ်းအား ပါဝင်နေကြောင်း ခံစားမိသည်။ ထိုအရာက ချစ်ခြင်းမေတ္တာ မျက်ရည်စက်လိုမျိုး ဖြစ်၏။

သူ့သုံးသပ်ချက်အရ ထိုအရာသည် မျက်ရည်စက် တစ်စက်တည်း မဟုတ်ပေ။ သို့သော်လည်း မျက်ရည်စက် ၃ စက်ထက် ပိုဖို့တော့ ခက်ခဲလိမ့်မည်။ ထို့အပြင် မျက်ရည်စက်တိုင်းတွင် တာအိုစည်းချက် အမြောက်အမြား ပါဝင်နေလေ၏။

“ဒါက ပြင်ပလောကက ပစ္စည်းလား။”

ဝမ်ပေါင်လဲ့က ခေါင်းကို ငုံ့ထားပြီး သူ့လက်ထဲမှ မျက်ရည်စက်ကို ကြည့်လိုက်သည်။ သူက သူ့ဘာသာသူ ရေရွတ်ရင်း အမူအရာက ပြောင်းလဲသွားခဲ့၏။ သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းတစ်ခုသည် အငွေ့အသက်တချို့ကို ထုတ်လွှင့်နေကြောင်း ခံစားမိလိုက်သည်။ ထိုအငွေ့အသက်နောက်ကွယ်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် သံသယတို့ဖြင့် ပြည့်နှက်လာ၏။ သူက ထိုအငွေ့အသက်၏ ဇစ်မြစ်ဖြစ်ရာ ဆုတောင်းပုလင်းကို ထုတ်ယူလိုက်သည်။

ထိုအခိုက်အတန့်တွင် ဆိုတောင်းပုလင်းက သူ့အလိုလို တုန်ခါလာ၏။ သို့သော်လည်း ဆုတောင်းသည့်အခါလိုမျိုး နွေးထွေးသည့် စီးကြောင်း ရှိမလာပေ။ ထိုအရာက ဝမ်ပေါင်လဲ့အား ပုလင်းလေးတွင် ဇာတ်ကြောင်းတစ်ခု ပါဝင်နေသလိုမျိုး ခံစားချက်ပေးစွမ်းလာသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ် ကြည့်နေစဥ် ဆုတောင်းပုလင်းမှ သက်ပြင်းချသံကို ကြားလိုက်ရသည်။

“တတိယမြောက် မျက်ရည်စက်က ရောက်လာပြီပဲ”

ဝမ်ပေါင်လဲ့က အာရုံစိုက်ထားလေ၏။ သူက ချက်ချင်းဆိုသလို မတ်တတ်ရပ်ကာ ဆုတောင်းပုလင်းကို ဦးညွတ်လိုက်သည်။

“လူကြီးမင်းကို ဂါရဝပြုပါတယ်”

သူက ထိုအသံပိုင်ရှင်ကို သတိထားမိလိုက်သည်။ ထိုအရာက မြစ်အနက်ပိုင်းက လူသာဖြစ်ပြီး သူက ထိုသူအပေါ် ကျေးဇူးကြွေးရှိခဲ့ဖူးသည်။

အချိန်တော်ကြာ ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဆုတောင်းပုလင်းမှ အသံက ပြောလာခဲ့၏။

“ဒီမျက်ရည်စက်ကို ဉာဏ်ရှိရှိ အသုံးပြု”

ဝမ်ပေါင်လဲ့၏ အမူအရာက အလေးအနက်ဖြစ်ကာ လက်နှစ်ဖက်ယှက်ပြီး ထပ်မံအရိုအသေပေးလိုက်သည်။

ထို့နောက် သူက ဆုတောင်းပုလင်းကို သိမ်းဆည်းလိုက်၏။ သူက လက်ထဲက မျက်ရည်စက်ကို ကြည့်လိုက်ရင်း သူ့မျက်ဝန်းအထက် ထူးထူးဆန်းဆန်း အလင်းရောင်က ပိုမိုတောက်ပလာသည်။ သူက ထိုမျက်ရည်စက်၏ ဇစ်မြစ်ကို မသိသော်လည်း ဤသည်မှာ သာမန်မျက်ရည်စက် မဟုတ်ကြောင်း သိထားသည်။

“ပြီးတော့ အလောင်းရုပ်သေးရုပ်လည်း ရှိသေးတယ်” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ အလောင်းရုပ်သေးရုပ်က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ တိုက်ပွဲကွင်းပြင်အတွင်း တစ်ခါပေါ်ထွက်လာခဲ့ဖူးပြီး ဘာမှထူးခြားနေခြင်း မရှိပေ။ ထို့ကြောင့် ထိုအရာ ထူးဆန်းနေဖို့ အခွင့်အရေး အနည်းငယ်သာ ရှိ၏။ သို့သော် ထိုအရာသည် အသက်ရှင်စဥ်အခါက မျက်ရည်စက်ကို ရယူထားနိုင်ခဲ့ဟန်ပေါ်သည်။ ထို့နောက် ထိုအရာဖြင့် ပေါင်းစည်းကာ ပြန်လည်အသက်ရှင်ဖို့ လုပ်ဆောင်ခဲ့ဟန်ပေါ်သည်။ အဆုံးသတ်တွင် အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျရှုံးခဲ့၏။

ထိုအကြောင်းအရင်းများကြောင့် ဝမ်ပေါင်လဲ့သည် အသေးစိတ်ကို မသိသော်လည်း ယခုအခိုက်အတန့်တွင် ဂရုစိုက်စရာ မလိုကြောင်း သိထားသည်။ ထို့ကြောင့် သူသည် အတွေးများကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။ သူက လက်ဟန်စည်းတံဆိပ် ထုတ်ဖော်ကာ မဟာလက်ဝဲတာအိုနယ်မြေရှိ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်များမှ လက်နက်သန့်စင်သူများ ဖန်တီးထားသည့် တစ်ဝက်တစ်ပျက် ပြီးမြောက်ထားသော အမှတ်အသားများကို ကြည့်လိုက်သည်။ သူက သူတို့အားလုံးကို စုကာ ရေဓာတ်တာအိုမျိုးစေ့ကို သန့်စင်ဖို့ စတင်အသုံးပြုလိုက်သည်။

ထိုသန့်စင်မှုက အင်မတန် ခက်ခဲလှပြီး လိုအပ်သည့် အမှတ်အသား အရေအတွက်က အံ့မခမ်း ဖြစ်၏။ ကျရှုံးမှုတိုင်းက မျက်ရည်စက်ကို ထိခိုက်သွားနိုင်သည်။ ထိုပစ္စည်းသည် ထူးခြားအံ့ဖွယ်ဖြစ်သော်လည်း သူ့မူလခန္ဓာကိုယ်ထက် အဆင့်နိမ့်ကျနေသေး၏။

သို့သော်လည်း သုံးကြိမ်တိုင်တိုင် ကျရှုံးပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဆုတောင်းပုလင်းကို ထုတ်ကာ ဘေးတွင် ချရင်း တောင်းဆုတစ်ခု ပြုလုပ်လိုက်သည်။

“ဒီပစ္စည်းကို သန့်စင်မှုက ကျရှုံးသွားရင်တောင် ပစ္စည်းကို ထိခိုက်မှု မရှိဖို့ မျှော်လင့်ပါတယ်။”

သူက တိုက်ရိုက်တောင်းဆိုလိုက်ခြင်း မဟုတ်ပေ။ ထိုသို့ တောင်းဆိုလိုက်လျှင် သူက အောင်မြင်မည် မဟုတ်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူသည် ပစ္စည်းပျက်စီးမသွားဖို့ရာသာ တောင်းဆုပြုလိုက်သည်။

ဝမ်ပေါင်လဲ့က ဆုတောင်းပြီးသည်နှင့် ဆုတောင်းပုလင်းက အသက်ရှိုက်စာ အနည်းငယ် ငြိမ်ကျသွားသည်။ ထိုနောက် ရင်းနှီးကျွမ်းဝင်ပြီးသား နွေးထွေးသည့် စီးကြောင်းက မျက်ရည်စက် ဝန်းကျင်တွင် ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ပေါင်လဲ့က ချောင်းအသာဟန့်လိုက်၏။ သူက အခြေအနေကို အခွင့်ကောင်းယူထားကြောင်း သိလိုက်သည်။ သူက မတ်တတ်ရပ်ကာ ဦးညွတ်လိုက်သည်။

အချိန်ကုန်ဆုံးသွားပြီးသည့်နောက်တွင် မဟာလက်ဝဲတာအိုနယ်မြေရှိ ကျင့်ကြံသူများစွာ၏ အကူအညီဖြင့် အမှတ်အသား မြောက်များစွာ ရရှိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အကြိမ်ဒါဇင်ချီ ကျရှုံးခဲ့သည်။ နောက်ဆုံးတွင် သုံးလကြာမြင့်ပြီးသည့်နောက် သူက မျက်ရည်စက်ထဲ အမှတ်အသား သောင်းချီကို ပို့ဆောင်ကာ ပေါင်းစည်းခဲ့ပြီးသည့်နောက် မျက်ရည်စက်က တောက်ပကာ ရေဓာတ်တာအိုမျိုးစေ့အဖြစ် ပြောင်းလဲသွားလေသည်။

ထိုအခိုက်အတန့်တွင် မဟာလက်ဝဲတာအိုနယ်မြေက တုန်ခါသွား၏။ ရေဓာတ်တာအိုနှင့် သက်ဆိုင်သည့် အရာအားလုံးက တုန်ယင်သွားကြကာ အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုပင် နာကျင်စွာ ညည်းညူလိုက်ရသည်။ မဟာလက်ဝဲတာအိုနယ်မြေရှိ ရေဓာတ်တာအိုအပေါ် ထိန်းချုပ်ခွင့်က ဖယ်ရှားခံလိုက်ရပြီ ဖြစ်၏။

All Chapters