မဟာလက်ဝဲတာအိုနယ်မြေ၏ အရှင်သခင်
Vol. 89 Ch. 1238
မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်လာလေသည်။
အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုက မဟာလက်ဝဲတာအိုနယ်မြေရှိ ရေဓာတ်တာအိုနှင့် သစ်သားဓာတ်တာအိုတို့၏ လုပ်ပိုင်ခွင့်ကို အပြီးတိုင် ဆုံးရှုံးလိုက်ရသည်။ ထိုအရာက တာအိုနှစ်ခု ဆုံးရှုံးသွားဟန် ထင်ရသော်လည်း လက်တွေ့တွင်မူ ရေက သစ်သားကို မွေးဖွားပေး၏။ ထိုတာအိုနှစ်ခုက အချင်းချင်း လိုက်ဖက်ညီနေသည်။ ထိုအရာက သစ်သားဓာတ်တာအိုကို အဆုံးအစွန်ထိ ထုတ်သုံးစေနိုင်သည်။
ထိုအရာကို အကန့်အသတ်မဲ့ဟု ပြောလျှင်ပင် လွန်ကဲရာကြမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့က ရေဓာတ်တာအိုမျိုးစေ့ကို ဖွဲ့စည်းရာတွင် အောင်မြင်သွားသည်နှင့် အားပြင်းပြင်း တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူက မဟာလက်ဝဲတာအိုနယ်မြေရှိ ထိုအရာကို ရှင်းရှင်းလင်းလင်း ခံစားမိနေကာ လူတစ်ယောက်၏ ကျင့်စဥ်က သစ်သားဓာတ် ပါဝင်နေသရွေ့ သူတို့က မည်မျှပင် ကျင့်ကြံထားစေကာမူ သူ့ထိန်းချုပ်မှုအောက် အပြီးတိုင် ရောက်ရှိသွားလိမ့်မည်။ တကယ်တော့ အတွေးတစ်ချက်ဖြင့် သူက သစ်သားဓာတ်တာအိုကို အုတ်မြစ်အနေဖြင့် သက်ရှိအားလုံးကို သတ်ပစ်နိုင်သည်။
တစ်ချိန်တည်းဆိုသလို သူ့လက်ရှိနေရာတွင် ရှိနေသည့် သစ်သားဓာတ် စွမ်းအားက ဓမ္မစွမ်းအားအားလုံးကို ဖိနှိပ်ထားနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
ရေဓာတ်တာအိုက အတော်လေး အားကောင်းသော်လည်း ထောက်ပံ့မှု လစ်ဟာနေသည်။ ထို့ကြောင့် ရေဓာတ်က အနည်းငယ် အားပျော့နေသော်လည်း သစ်သားဓာတ်၏ စွမ်းအားကို ပိုမိုအားကောင်းအောင် လုပ်ပေးနိုင်သည်။
ဝမ်ပေါင်လဲ့က သူသည် သတ္ထုတာအိုကို ဖွဲ့စည်းနိုင်သည်နှင့် ရေဓာတ်တာအိုနှင့် သစ်သားဓာတ်တာအိုတို့က အကန့်သတ်မဲ့ စွမ်အား အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိလေသည်။ တစ်ချိန်တည်းဆိုသလို ဓာတ်ငါးပါးက အချင်းချင်း အထောက်အကူပြုရုံသာမက တစ်ခုနှင့်တစ်ခုလည်း တိုက်ခိုက်နိုင်သည်။ ရေဓာတ်တာအိုက သစ်သားဓာတ်တာအိုကို ပိုမိုအားကောင်းလာစေသည်။
တူညီလှစွာ သူသည် မီးဓာတ်တာအိုမျိုးစေ့ကို ဖွဲ့စည်းလိုက်လျှင် သစ်သားဓာတ်တာအိုကြောင့် မီးဓာတ်တာအို၏ စွမ်းအားက သိသိသာသာ တိုးမြင့်သွားလိမ့်မည်။
ဓာတ်ငါးပါးတာအိုက အခြေခံအုတ်မြစ်ဖြစ်နေတာ မထူးဆန်းတော့ဘူး။ ဓာတ်ငါးပါးတာအိုက အခြေခံအုတ်မြစ် ဖြစ်နေရုံသာမကဘူး။ သူတို့က အချင်းချင်းလည်း အထောက်အကူပြုတယ်။ ဒီစက်ဝန်းသာ ဆက်တိုက်ဖြစ်နေရင် ဓာတ်ငါးပါးလုံး ပြီးမြောက်သွားတာနဲ့ …
ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာသည်။ သူက ဓာတ်ငါးပါးလုံး ပြီးပြည့်စုံသွားသည်နှင့် မည်မျှ အားကောင်းသွားကြောင်း ဆုံးဖြတ်နိုင်တော့မည် မဟုတ်ပေ။
ဤသည်က အစွန်းရောက် တာအိုရှစ်ပါး၏ အုတ်မြစ်မျှသာ ရှိသေး၏။ နောက်ထပ် တခြားတာအိုသုံးခု သို့မဟုတ် နောက်ဆုံးသော တာအိုများက အစွန်းရောက် တာအိုရှစ်ပါး၏ တကယ့်အစစ်အမှန် မြင့်တက်သွားစေလိမ့်မည်။
“နောက်အဆင့်က အစွန်းရောက် တာအိုရှစ်ပါးရဲ့ အစစ်အမှန် မြင့်တက်မှုပဲ”
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး ညာဘက်လက်ကို အသာမြှောက်လိုက်သည်။ တစ်ချိန်တည်းဆိုသလို နေအဖွဲ့အစည်းအပြင်ဘက် သူ့ဧရာမဓမ္မပုံရိပ်က မျက်လုံးပွင့်လာလေသည်။ ထိုအရာက ညာဘက်လက်ကို မြှောက်ရင်း နေအဖွဲ့အစည်းဆီ အသာဖိလာသည်။
ဤဖိနှိပ်မှုဖြင့် နေအဖွဲ့အစည်းက တုန်ယင်သွားပြီး လှိုင်းတွန့်များစွာ ထွက်ပေါ်လာသည်။ ထို့နောက်တွင် နေအဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ချပ်ပြားဝိုင်းလည်း ပေါ်ထွက်လာသည်။
သူက ထောင့်တစ်နေရာတွင် ကျီယွဲ့ တင်ပျဥ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။ ကျီယွဲ့ကလည်း တစ်စုံတစ်ခု ခံစားမိဟန်ဖြင့် မော့ကြည့်ကာ ဒူးထောက်လိုက်၏။
“နယ်နိမိတ်ဖွင့်ပြီး အသင်္ချေနယ်မြေ ပေါင်းစည်းမယ်” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့အသံက နေအဖွဲ့အစည်းနှင့် ကြယ်တာရာကောင်းကင်အထက် ပျံ့နှံ့သွားလေသည်။ နေအဖွဲ့အစည်းအတွင်း ပူးပေါင်းဖို့ တောင်းဆိုထားကြသည့် လူမှုအဖွဲ့အစည်းများစွာက ရုတ်တရက် စိတ်လှုပ်ရှားလာကြသည်။
ပြည်ထောင်စုကြီး၏ ဥက္ကဋ္ဌ ဝူမုန့်လင်နှင့် အဆင့်မြင့် အရာရှိများကလည်း အတူတူသာ ဖြစ်၏။ သူတို့က ပူးပေါင်းကာ အချိန်တော်ကြာ စောင့်ဆိုင်းနေသည့် လူမှုအဖွဲ့အစည်းများထံ အမိန့်သဝဏ်လွှာ ပို့ဆောင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း မဟာလက်ဝဲတာအိုနယ်မြေရှိ လူမှုအဖွဲ့အစည်း ၈၀၀၀ ကျော်က တောက်ပလာသည်။ ထိုလူမှုအဖွဲ့အစည်းများကြား ငါးခုက အတောက်ပဆုံး ဖြစ်၏။
သူတို့က ယခင်က ဂိုဏ်းကြီး ၅ဂိုဏ်း ဖြစ်ခဲ့လေသည်။
နေအဖွဲ့အစည်း၏ လောကအဆင့်မြင့် ချပ်ပြားဝိုင်းက တည်နေရာတစ်ခုလိုဖြစ်၏။ ထိုအရာက ဝမ်ပေါင်လဲ့က အသက်သွင်းလိုက်သည်နှင့် ကွဲပြားသည့် အရွယ်အစားရှိသည့် လူမှုအဖွဲ့အစည်း ၈၀၀၀ ကျော်က နေအဖွဲ့အစည်းထံ ရွေ့လျားလာကြသည်။
ပထမဆုံးရောက်ရှိလာသည်က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းသာ ဖြစ်၏။ သူတို့ဂိုဏ်းက နေအဖွဲ့အစည်းအတွင်း ပူးပေါင်းဖို့ ပထမဦးဆုံး တောင်းဆိုခဲ့သည့်သူများဖြ စ်သည်။ သူတို့နောက်တွင် တခြားသော ဂိုဏ်းကြီးလေးဂိုဏ်းနှင့် ကွဲပြားသည့် အရွယ်အစားရှိသည့် လူမှုအဖွဲ့အစည်း ၈၀၀၀ကျော် ရောက်ရှိလာသည်။
နေအဖွဲ့အစည်းက အရာအားလုံးကို စုပ်ယူပစ်နေသည့် ဝဲကတော့ကြီးသဖွယ် ဖြစ်နေသည်။ ထိုအရာက လူမှုအဖွဲ့အစည်း ၈၀၀၀ကျော်ကို စုပ်ယူခဲ့ပြီး ကြီးမားလာသည်။ ဝဲကတော့၏ အစွန်အဖျားက အဖက်ဖက်သို့ ပျံ့နှံ့သွား၏။
အကယ်၍ တခြားသော လူမှုအဖွဲ့အစည်းဆိုပါက ထိုအရာကို တောင့်ခံနိုင်မည် မဟုတ်ဘဲ ပြိုလဲသွားလိမ့်မည်။ သို့သော်လည်း လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ လျို့ဝှက်ဆန်းကြယ် စွမ်းရည်က ယခုအခါ အပြည့်အဝ ပေါ်ထွက်လာပြီ ဖြစ်၏။ ထိုအရာက နေအဖွဲ့အစည်း၏ ဗဟိုချက်ကို အခြေငြမ်စေပြီး ဆက်တိုက်ဆိုသလို ကြီးမားလာသည်။
တစ်ချိန်တည်းဆိုသလို ဂိုဏ်းကြီး ၅ဂိုဏ်းနှင့် လူမှုအဖွဲ့အစည်း ၈၀၀၀ကျော်တို့၏ ပူးပေါင်းမှုကြောင့် နေအဖွဲ့အစည်း၏ အရွယ်အစားက သိသိသာသာ ပြောင်းလဲသွားသည်။ မဟာမိတ်ထဲရှိ သက်ရှိအားလုံးက တိုးတက်လာသည်ကို ခံစားမိလိုက်ကြသည်။
ဤကိစ္စတွင် ဝမ်ပေါင်လဲ့က အကျိုးအမြတ် အများဆုံးသူ ဖြစ်၏။ သို့သော်လည်း သူ့ကျင့်ကြံဆင့်က နက်နဲလွန်းပြီး အခြေခံအုတ်မြစ်က ခိုင်မာလွန်းသည့်အတွက် ကမ္ဘာပေါင်း တစ်သောင်း ပေါင်းစည်းမှုမှ စွမ်းအင်တစ်ဝက်ကျော်ကို စုပ်ယူထားခဲ့သော်လည်း သူ့ကျင့်ကြံရေးတိုးတက်မှုက နှေးကွေးနေဆဲ ဖြစ်၏။
သို့သော်လည်း မည်မျှပင် နှေးကွေးစေကာမူ တိုးတက်နေဆဲသာ ဖြစ်သည်။
ဖြည်းဖြည်းချင်းဖြင့် ထိပ်သီး အစောပိုင်း ကြယ်နယ်မြေအဆင့်သို့ ရောက်ရှိလာခဲ့သည်။
မဟာဒိဋ္ဌိနယ်မြေ၊ အဆုံးမဲ့မျိုးနွယ်နှင့် အမှောင်ဂိုဏ်းတို့၏ အကြည့်များ စုဝေးလာသည့်အခါ လူမှုအဖွဲ့အစည်း ၈၀၀၀ကျော်က ပေါင်းစည်းလိုက်ပြီး နေအဖွဲ့အစည်း၏ အရွယ်အစားက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံး၏ ၁ ရာခိုင်နှုန်းနှင့် ယှဥ်နိုင်သွားပြီ ဖြစ်၏။
မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို တုန်ယင်သွားစေသည့် အသံကျယ်ကြီးက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေသည်။ ထိုအသံကျယ်ကြီးကြားတွင် သူ့ဓမ္မစွမ်းအားမှ အလင်းရောင်များ ထွက်ပေါ်လာ၏။
ထိုအရာက ကန့်သတ်ချက်သို့ ရောက်ရှိသွားသည့်အခါ ခန္ဓာကိုယ်အတွင်း ပြန်လည်စီးဝင်သွားသည်။ သူ့ပင်မခန္ဓာကိုယ်လည်း အတူတူသာ ဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာကောင်းကင်က သိသိသာသာကြီးမားလာသည်။
နောက်ဆုံးတွင် သူ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ဆံပင်တို့က ရှည်လျားကာ အင်္ဂါဂြိုဟ်တစ်ခုလုံးနှင့် နေအဖွဲ့အစည်း တစ်ဝက်ကျော်ကို ဖုံးလွှမ်းသွားလေ၏။ သူ့ဆံပင်များက လေနှင့်အတူ မျောလွင့်နေရင်း သူ့ကျင့်ကြံဆင့်က အစောပိုင်း ကြယ်နယ်မြေအဆင့်မှ အလယ်အလတ် ကြယ်နယ်မြေအဆင့်သို့ ရောက်ရှိသွားတော့သည်။ သူက အလယ်အလတ် ကြယ်နယ်မြေအဆင့်ကို ရောက်ရှိသွားသည်နှင့် ဖိနှိပ်စွမ်းအားက နေအဖွဲ့အစည်းတစ်ခုလုံးကို လွမ်းခြုံသွားလေသည်။
ထိုအရာက မဟာဒိဋ္ဌိနယ်မြေမှ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးက ခေါင်းငုံ့ထားလိုက်သည်။ အဆုံးမဲ့မျိုးနွယ်၏ နတ်ဧကရာဇ်များကလည်း အသက်ရှူနှုန်း မြန်ဆန်လာ၏။ အဆုံးမဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးကပင် မျက်မှောင်အသာကြုတ်လိုက်သည်။
နေအဖွဲ့အစည်းအတွင်း ဝူလေးက တုန်တုန်ယင်ယင် ဖြစ်နေလေ၏။ သူ့မျက်နှာထက် ကိုးကွယ်လိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာကာ ရေရွတ်လိုက်သည်။
“အလယ်အလတ်အဆင့် … သူ့အရှိန်အဝါအရ သူက ကောင်းကင်ကို ပြောင်းပြန်လှန်ဖို့ ကံကြမ္မာပါလာပြီးသားပဲ”
နေအဖွဲ့အစည်းက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကြီးမားကျယ်ပြန့်လာပြီး ဝမ်ပေါင်လဲ့၏ ဖိနှိပ်စွမ်းအားအောက်တွင် သက်ရှိများက တုန်ယင်နေသည်။ ဝမ်ပေါင်လဲ့က သူ မည်မျှအားကောင်းကြောင်း ခံစားမိလိုက်၏။ အတွေးတစ်ချက်ဖြင့် စကြဝဠာမုန်တိုင်းကိုပင် ဆင့်ခေါ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားကိုပင် ခံစားမိလိုက်သည်။ သို့သော် သူက အလျှင်အမြန် ငြိမ်ကျသွားသည်။ အကြောင်းအရင်းကမူ သူသည် အစွန်းရောက် တာအိုရှစ်ပါး၏ နောက်ဆက်တွဲကို တွေးမိသွား၍ ဖြစ်သည်။
သေချာစဥ်းစားကြည့်ပြီးသည့်နောက်တွင် ဓာတ်ငါးပါးတာအိုက ပြီးပြည့်စုံပြီးသည့်နောက် သူ့အနေဖြင့် သစ်သားတာအိုကို အလေးထားဖို့ လိုနေကြောင်း ခံစားမိ၏။
အကြောင်းအရင်းကမူ သူ့သစ်သားတာအိုသည် အခြေခံအားဖြင့် ကွဲပြားနေလေ၏။
အဆုံးသတ်မှာ ငါ တွေးထားသလိုမျိုး ဖြစ်နေမှာလား။ သိပ်မကြာခင် ငါက အဖြေရလိမ့်မယ်လို့ ထင်တယ် …
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်ဝန်းအထက် တောက်ပသည့် အလင်းရောင်တချို့ ရှိနေသည်။ ထိုအလင်းရောင်က သူ့မျက်ဆန်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ သစ်သားမျိုးစေ့နှင့် ရေဓာတ်မျိုးစေ့တို့ကို လှုံ့ဆော်လိုက်သည်။
ထိုအခိုက်အတန့်တွင် မဟာလက်ဝဲတာအိုနယ်မြေထဲရှိ ကျင့်ကြံသူများ၊ သက်ရှိများ၊ အပင်များ၊ မြစ်ချောင်းများကလည်း စတင်လှုပ်ခတ်လာကြသည်။ ကြယ်စင်များစွာရှိ မြစ်ချောင်းများကလည်း လှုပ်ခတ်ကာ ရေဓာတ်တာအိုနှင့် ဆက်နွယ်နေသည့် သက်ရှိများကလည်း တုန်ယင်လာကြသည်။
အပင်များက လှုပ်ခတ်သွားပြီး ပင်လယ်ပြင်ကပင် မငြိမ်မသက်ဖြစ်လာသည်။ ကျင့်ကြံသူအားလုံးနီးပါးက သူတို့၏ ကျင့်ကြံဆင့်က မည်သိုပင်ဖြစ်စေကာမူ ချက်ချင်းဆိုသလို နေအဖွဲ့အစည်းဘက် ဒူးထောက်လိုက်ကြ၏။
ဒီနေရာက သူတို့ဘဝရဲ့ အထွတ်အထိပ်နေရာပဲ။ ဒါက သူတို့တာအိုရဲ့ ဇစ်မြစ်ပဲ။
ထိုစဥ် သက်ရှိအားလုံးက ဒူးထောက်လိုက်ကြသည်။
ထိုစဥ် ကောင်းကင်ကြီးကပင် ဦးညွှတ်လာဟန်ပေါ်၏။
ထိုစဥ် ကြယ်တာရာကောင်းကင်ကြီးက လှုပ်ခတ်သွားသည်။
အဆုံးမဲ့မျိုးနွယ်က စောင့်ကြည့်နေပြီး အမှောင်ဂိုဏ်းကလည်း စောင့်ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးက စောင့်ကြည့်နေလေ၏။
သူတို့က မဟာလက်ဝဲတာအိုနယ်မြေရှိ နတ်ဘုရားတစ်ပါး မြင့်တက်လာမှုကို စောင့်ကြည့်နေကြသည်။ သူတို့က ယခင်က မဖြစ်ပျက်ခဲ့ဖူးသည့် မဟာလက်ဝဲတာအိုနယ်မြေ၏ အရှင်သခင်တစ်ယောက် မွေးဖွားလာမှုကို ကြည့်နေကြ၏။
“အခုကစပြီး မဟာလက်ဝဲတာအိုနယ်မြေက ငါ့ကာကွယ်မှုအောက်မှာ ရှိလိမ့်မယ်”
ဝမ်ပေါင်လဲ့က အင်္ဂါဂြိုဟ်ပေါ်တွင် အားလုံး၏ စောင့်ကြည့်နေသည့် အကြည့်ကို ပြန်လည်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ့စကားက တာအိုမှတစ်ဆင့် ပျံ့နှံ့သွားပြီး မဟာလက်ဝဲတာအိုနယ်မြေရှိ သက်ရှိအားလုံး၏ စိတ်ထဲ ဝင်ရောက်သွားသည်။ ထိုအရာက အပင်၊ မြစ်ချောင်းနှင့် ပင်လယ်အထိ ပဲ့တင်ထွက်သွားသလိုမျိုးဖြစ်၏။ ထိုအရာက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။
“တာအိုသခင်”
“တာအိုသခင်”
“တာအိုသခင်” ပထမခေါ်သံက တစ်နေရာမှ ထွက်ပေါ်လာပြီးသည့်နောက်တွင် ခေါ်ဝေါ်သံက ဆက်တိုက်ဆိုသလို ပျံ့နှံ့သွားသည်။ ဂြိုဟ်တိုင်း၊ လူမှုအဖွဲ့အစည်းတိုင်း၊ ကျင့်ကြံသူတိုင်း၊ သစ်ပင်တိုင်း၊ မြစ်ချောင်းတိုင်းထံမှ ပျံ့နှံ့သွားလေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က မဟာလက်ဝဲတာအိုနယ်မြေ၏ အရှင်သခင်တစ်ပါး ဖြစ်လာခဲ့လေပြီ။