← Chapters

ဩဇာလွှမ်းမိုးမှု ထူထောင်တည်ဆောက်ခြင်း

Vol. 89 Ch. 1239

ဩဇာလွှမ်းမိုးမှု ထူထောင်တည်ဆောက်ခြင်း

Vol. 89 Ch. 1239

နောက်တစ်ခုက ငါ ဩဇာလွှမ်းမိုးမှု ဖြန့်ကျက်ဖို့ပဲ …

ဝမ်ပေါင်လဲ့ တွေးနေသည့်အရာများကို မည်သူမှ မသိကြပေ။ ဤကျင့်ကြံဆင့်အနေအထားတွင် အဆုံးမဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးပင် ဖြစ်စေ သူ့ဂိုဏ်းတူအစ်ကိုကြီးဟောင်း ချန်ရှင်းပင် ဖြစ်စေ ထိုးဖောက်မြင်နိုင်ကြမည် မဟုတ်ပေ။

ဤအဆင့်အနေအထားရှိ စွမ်းအားကြီးပုဂ္ဂိုလ်က သူတို့ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေကြလေပြီ။ တခြားသူများက သူတို့၏ အကြောင်းအရာများကို မှန်းဆရုံသာ တတ်နိုင်ကြ၏။

ဤသည်မှာ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် သာမန်ကျင့်ကြံသူကြားမှ ကွာခြားချက် ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုစကားများကို ပြောလိုက်ပြီး သူ့အသံက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံး ပျံ့နှံ့သွားသည်နှင့် သက်ရှိအားလုံးက တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်လာကြသည်။ သူတို့က ဝမ်ပေါင်လဲ့ဘေးတွင် တိုက်ခိုက်ရင်း သူတို့စွမ်းပကားကို ထူထောင်နိုင်တော့သလိုမျိုး ဖြစ်နေသည်။

မဟာဒိဋ္ဌိနယ်မြေ၌ ဝိညာဉ်ခုနှစ်ပါး တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကမူ စိတ်အားထက်သန်စွာ ကြည့်နေလေသည်။ သူ့အတွက် ဝမ်ပေါင်လဲ့က ရန်သူ မဟုတ်ပေ။ တစ်ချိန်တည်းဆိုသလို သူ့ဂိုဏ်းမှ ၁၇ မြောက်သားတော်နှင့် ဝမ်ပေါင်လဲ့ကြားရှိ ဆက်ဆံရေးကြောင့် တစ်ခါက ဒေါသထွက်ခဲ့ဖူးသည်။ သို့သော် ယခုအခါ သူ့အနေနှင့် ပိုမို သဘောကျလာမိ၏။

သူ့ဂိုဏ်းရှိ ၁၇ မြောက်သားတော်က ဝမ်ပေါင်လဲ့၏ သား ဖြစ်၏။ သူတို့က မွေးစားသား ဖြစ်နေလျှင်ပင် ဤဆက်ဆံရေးက တခြားဂိုဏ်းများထက် ပိုသာကြောင်း သိသာလှသည်။

ထို့ကြောင့် သူနှင့် ဝမ်ပေါင်လဲ့သည် သဘာဝ မဟာမိတ်သဖွယ် ခံစားနေရသည်။ အကြောင်းအရင်းကမူ သူတို့၏ ရည်မှန်းချက်က အတူတူ ဖြစ်၍ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အဆုံးမဲ့မျိုးနွယ်ကို ရှင်းထုတ်လိုကြသည်။ ဝိညာဉ်ခုနှစ်ပါး တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက အဆုံးမဲ့မျိုးနွယ်၏ ထိန်းချုပ်မှုကို ရှင်းထုတ်ပစ်ချင်သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော် ယခင်က သူတစ်ယောက်တည်း မတတ်နိုင်ခဲ့ပေ။

သူက စကြဝဠာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်သော်လည်း အဆုံးမဲ့မျိုးနွယ်တွင် နတ်ဧကရာဇ်များစွာနှင့် စွမ်းအားကြီး တည်ထောင်သူ ခေါင်းဆောင်ကြီးတို့ ရှိနေသည် မဟုတ်ပါလော။ ထိုအကြောင်းအရင်းကြောင့် သူက နှစ်များစွာ မျိုသိပ်အောင့်အီးထားခဲ့ရသည်။ သို့သော် စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် တခြားသူထံ အဘယ်ကြောင့် ဦးညွှတ်လိုမည်နည်း။

အမှောင်ဂိုဏ်း‌ ပေါ်ထွက်လာမှုက သူ့အား မျှော်လင့်ချက် ရှိလာစေသည်။ ဝမ်ပေါင်လဲ့ ပေါ်ထွက်လာမှုက သူ့ကို ပိုမို မျှော်လင့်ချက် တိုးလာစေ၏။ ထိုအကြောင်းအရင်းကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် အဆုံးမဲ့မျိုးနွယ်ထဲ သွားကာ တိုက်ခိုက်မည့်အချိန်ကို စောင့်မျှော်နေခြင်း ဖြစ်ပေသည်။

သူက ထိုင်ကြည့်နေမည် မဟုတ်ဘဲ အချိန်မရွေး တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထား၏။ သူက အခွင့်ကောင်းနှင့် အချိန်ကောင်း ရောက်လာဖို့ စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် စောင့်ကြည့်နေသူ နောက်ထပ်တစ်ယောက်လည်း ရှိနေသေးသည်။ ထိုလူက စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး ဖြစ်၏။ ထိုလူက ရေတံခွန်ရှေ့ တင်ပျဉ်ခွေထိုင်ကာ အရာအားလုံးကို ကြည့်နေသည်။ သူ့မျက်ဝန်းထဲ ပျော်ရွင်မှု သို့မဟုတ် ဝမ်းနည်းမှုတို့ ရှိမနေပေ။ သို့သော်လည်း အနီးကပ်ကြည့်လိုက်ပါက သူ့မျက်ဝန်းထဲ မျှော်လင့်စောင့်စားမှုတို့ကို မြင်ရလိမ့်မည်။

တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ အသံကို အဆုံးမဲ့မျိုးနွယ်ထဲပင် ကြားလိုက်ရသည်။ အဆုံးမဲ့မျိုးနွယ်၏ နတ်ဧကရာဇ်တချို့၏ အမူအရာတို့က ပြောင်းလဲသွားကြ၏။ နတ်ဧကရာဇ်ကွမ်းမင်က စိတ်ထဲ တုန်လှုပ်လာမိသည်။ သူ့လက်က ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း စိတ်ထဲ၌ နာကျင်မှုကို ခံစားနေရဆဲ ဖြစ်၏။

“မဖြစ်ဘူး … ရွှမ်ဟွား ဘယ်မှာလဲ” နတ်ဧကရာဇ်ကျိကျားက ရှေ့တစ်လှမ်းတိုးကာ နဂိုနေရာမှ ပျောက်ကွယ်သွားလေသည်။ သူက ရွှမ်ဟွား သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေသည့် နေရာ၌ ပေါ်ထွက်လာသည်။

သူ ပေါ်ထွက်လာသည်နှင့် ရွှမ်ဟွားက အော်ဟစ်ကာ ရူးသွပ်သွားတော့မလို ဖြစ်နေသည့် အခိုက်အတန့် ဖြစ်နေသည်။ ဝမ်ပေါင်လဲ့၏ ရေဓာတ်တာအို မျိုးစေ့ ဖွဲ့စည်းပြီး သစ်သားဓာတ် စွမ်းအား ပေါ်ထွက်လာကာ ရွှမ်ဟွားအား အသိလွှတ်သွားစေသည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က အဆင့်မြင့်သွားသည့်အခါ မမြင်နိုင်သည့် ထိနှက်ချက်လိုမျိုး ရွှမ်ဟွားအား ခုခံဖို့ ကျဆုံးသွားစေတော့သည်။

သူ့ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး ရူးသွပ်လုမတတ် ဖြစ်နေသည်။ သူက သီးသန့်ကျင့်ကြံရာမှ ပြေးထွက်ကာ အဆုံးမဲ့မျိုးနွယ်ထဲမှ မဟာလက်ဝဲတာအိုနယ်မြေဆီ သွားကာ ဂါရဝပြုတော့မည့်ပုံ ဖြစ်နေသည်။

သို့သော်လည်း နတ်ဧကရာဇ်ကျိကျား ရောက်လာမှုကြောင့် တားဆီးခံလိုက်ရသည်။ ထိုသူက အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ ကိုယ်ပွား မဟုတ်ပါလော။ သူ့ကျင့်ကြံဆင့်က ရွှမ်ဟွားထက် ပိုမို မြင့်မားပေသည်။ နောက်ဆုံးတွင် ရွှမ်ဟွားက အသိစိတ်တချို့ ပြန်ကပ်လာသည်။ သို့သော်လည်း ရွှမ်ဟွားအပေါ် ဝမ်ပေါင်လဲ့၏ လွှမ်းမိုးမှုက မရိုးရှင်းလှပေ။

ကွာခြားချက် အရမ်းကြီးမားလွန်းလှ၏။ ထိုအခိုက်အတန့်တွင် ရွှမ်ဟွားက အသိစိတ်တချို့ ပြန်ရလာသော်လည်း မတည်ငြိမ်သေးပေ။ ကံကောင်းစွာဖြင့် နတ်ဧကရာဇ်ကွမ်းမင်ပင် ရောက်လာကာ ကျိကျားအား ကူညီ၍ သူ့ကို ဖိနှိပ်ပေးထားသည်။ ဤသည်က ရွှမ်ဟွားအား ဖြူဖျော့သွားစေပြီး ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။ သူက ခန္ဓာကိုယ်ထဲမှ စိတ်နတ်ဆိုးနှင့် တူညီသည့် တည်ရှိမှုမျိုးကို ဖိနှိပ်ထားနိုင်လောက်ရုံမျှသာ ဖြစ်၏။

သို့သော် ထိုအခိုက်အတန့်တွင် ကျိကျား၏ အမူအရာက ပြောင်းလဲသွားပြန်သည်။

“တိရှန်း” ကွမ်းမင်က ပြောလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့အကြည့်တို့က ကြယ်နယ်မြေကို ထိုးဖောက်သွားဟန်ပေါ်၏။ ထို့နောက် အဆုံးမဲ့မျိုးနွယ်၏ ကြယ်နယ်မြေ အနောက်ဘက်ကို မြင်လိုက်ရသည်။ ထိုနေရာရှိ ကြယ်ပင်လယ်ထဲ တိရှန်းက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ သူက ခန္ဓာတစ်ဝက်ကျော် ပြန်လည်ကောင်းမွန်လာမှန်း သိသာလှ၏။

တိရှန်း၏ အပြင်ခန္ဓာကိုယ်ကို ဝမ်ပေါင်လဲ့က သတ်လိုက်ပြီ ဖြစ်၏။ သူ့ဝိညာဉ်ပင် ထိခိုက်သွားခဲ့သေးသည်။ သို့သော်လည်း သူက အားကောင်းသည့် ကုသရေးတချို့ ရရှိထားမှန်း သိသာလှသည်။ သူ့အပြင်ရုပ်ခန္ဓာ ပြန်လည် ဖွဲ့စည်းပြီးရုံသာမက သူ့ကျင့်ကြံဆင့် အတက်အကျလှိုင်းကလည်း ယခင်ထက် ပိုမို အားကောင်းနေသည်။

သူ့ကျင့်ကြံဆင့် အပြည့်အဝ ပြန်လည်ကောင်းမွန်သွားသည်နှင့် သူ့တိုက်ခိုက်စွမ်းရည်သည် အဆများစွာ ခုန်တက်သွားပြီး နဂိုအနေအထားထက်ပင် ကျော်လွန်သွားလိမ့်မည်။

သို့သော်လည်း ထိုအခိုက်အတန့် နတ်ဧကရာဇ် ကွမ်းမင်နှင့် နတ်ဧကရာဇ် ကျိကျားတို့က တိရှန်းကို ကြည့်လိုက်ကြသည်။

မဟာလက်ဝဲတာအိုနယ်မြေ၏ နေအဖွဲ့အစည်းထဲ အင်္ဂါြဂိုဟ်ပေါ်ရှိ ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် မဟူရာအလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက ရှေ့တစ်လှမ်းတိုးကာ ကြယ်တာရာကောင်းကင်ထဲ ပေါ်ထွက်လာ၏။

သူ ရောက်လာသည့်အခါ သူ့ခန္ဓာကိုယ်က မှုန်ဝါးသွားသည်။ သူ့ပုံရိပ် ကြည်လင်လာသည့်အခါ အင်္ဂါဂြိုဟ်မှ ထွက်လာပြီး အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေထဲ ပေါ်ထွက်လာပြီ ဖြစ်၏။ သူက အဆုံးမဲ့မျိုးနွယ်၏ အနောက်ဘက်တွင် ရှိသည့် ကြယ်ပင်လယ်ထဲ တိရှန်း သီးသန့်ကျင့်ကြံနေရာ နေရာ၌ ပေါ်ထွက်လာသည်။

ဤသည်က အဆုံးမဲ့မျိုးနွယ်၏ အတွင်းပိုင်း ဖြစ်၏။ ပုံမှန်အားဖြင့် တခြားသော ဂိုဏ်းများနှင့် မျိုးနွယ်များက အလွယ်လေး ဝင်ရောက်ရဲကြမည် မဟုတ်ပေ။ သို့သော်လည်း ယနေ့တွင် ဝမ်ပေါင်လဲ့က နယ်နိမိတ်ကို ကျော်လွန်ကာ ရောက်ရှိလာလေပြီ။

သူ ပေါ်ထွက်လာမှုက အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးကို အားကောင်းကောင်း လှိုင်းတွန့် ထသွားစေသည်။ ဤသည်က မဟာတာအိုကြားက ထိပ်တိုက် တွေ့ဆုံမှုကြောင့် ဖြစ်ပေသည်။ ဤသည်က ဝမ်ပေါင်လဲ့၏ ရေဓာတ်တာအိုနှင့် သစ်သားဓာတ်တာအိုတို့က အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေအပေါ် သက်ရောက်မှုရှိစေ၍ ဖြစ်သည်။

ထိုအခိုက်အတန့်၌ အဆုံးမဲ့မျိုးနွယ်ရှိ ကျင့်ကြံသူမြောက်များစွာက တုန်ယင်သွားကြသည်။ သူတို့ခန္ဓာကိုယ်ထဲ သစ်သားဓာတ်နှင့် ရေဓာတ်တို့က ဆွဲနှုတ်ခံလိုက်ရသလိုမျိုး ဖြစ်၏။ အဆုံးမဲ့မျိုးနွယ် မိုးကောင်းကင်တာအို၏ စွမ်းအား ဆင်းသက်လာပြီး ချေဖျက်သွား၍ ကံကောင်းသွားသည်။

သို့သော်လည်း အသက်ရှိုက်စာအနည်းငယ်အတွင်း အဆုံးမဲ့မျိုးနွယ်က သက်ရောက်ခံလိုက်ရသည်။ သူတို့သွေးမျိုးဆက်ဖြင့် ဖွဲ့စည်းထားသည့် အစီအရင်ကြီးလည်း သက်ရောက်ခံလိုက်ရသည်။

ဝမ်ပေါင်လဲ့က ပြဿနာမရှိ ပေါ်ထွက်လာလေ၏။

တိရှန်းက နတ်ဧကရာဇ်တစ်ပါး ဖြစ်၏။ သူက ထိုအရာကို ချက်ချင်း ခံစားမိကာ ခေါင်းမော့ကြည့်လိုက်သည်။ သူက ဝမ်ပေါင်လဲ့ကို မြင်လိုက်သည်နှင့် အမူအရာ ပျက်ယွင်းသွားတော့သည်။ ကွမ်းမင်နှင့် ကျိကျားလည်း အမူအရာ ပြောင်းလဲသွားကြ၏။ သို့သော် သူတို့နှစ်ဦးက ယခုအခါ ထွက်မသွားနိုင်သေးပေ။ ရွှမ်ဟွားအတွက် သူတို့ ဖိနှိပ်ပေးထားသည့် စိတ်နတ်ဆိုးက ပြန်လည်ထကြွလာဟန်ပေါ်သည်။ သူတို့က စွမ်းအားကုန်သုံး၍ ဆက်တိုက် ဖိနှိပ်ပေးနေရသည်။ ထို့ကြောင့် သူတို့က အချိန်မီ ရောက်လာနိုင်မည် မဟုတ်ပေ။

“ဝမ်ပေါင်လဲ့ ” တိရှန်း၏ မျက်ဝန်းအထက် ရူးသွပ်မှုတို့ ဖြတ်ပြေးသွားသည်။ သူက မတ်တတ်ရပ်လိုက်၏။ သူ့တွင် ကြမ်းတမ်းသည့် စရိုက်မျိုး ပိုင်ဆိုင်ထားသည်။ သူက အန္တရာယ်ကြား ကျရောက်နေမှန်း သိသော်လည်း နောက်မဆုတ်ပေ။ ထို့အစား သူက ကြယ်ပင်လယ်ထဲ ခုန်ထွက်လာပြီး အဆုံးမဲ့ တောင်တန်းသဖွယ် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီ ချီတက်လာသည်။

“တိရှန်း ခင်ဗျားကို လေးစားမိပါတယ်“ ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက အဆုံးမဲ့မျိုးနွယ်မှ နတ်ဧကရာဇ်များနှင့် များစွာ ထိတွေ့ဆက်ဆံမှု မရှိသော်လည်း တိရှန်းကမူ သူ့ကိုယ်ပိုင်ပုံစံ ရှိ၏။ သူက မာနကြီးပြီး ခေါင်းမာတတ်သည့် ပုံစံမျိုး ဖြစ်ကာ စွမ်းအားကြီးပုဂ္ဂိုလ်ဟု ခေါ်ဆိုခံရဖို့ ထိုက်တန်ပေသည်။

ထိုကြောင့် ဝမ်ပေါင်လဲ့က ထိုအားကောင်းသော ကျင့်ကြံသူနှင့် ထိပ်တိုက် ရင်ဆိုင်ဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူက ချန်ယဲ့လောက် အားမကောင်းသော်လည်း အကန့်အသတ်မဲ့ သစ်သားဓာတ်တာအိုကို အသုံးပြုနိုင်စွမ်း ရှိသည်။ သူ့လက်တစ်ချက်အဝှေ့တွင် ကြယ်တာရာကောင်းကင်ကြီးက ဆူညံလာပြီး လေထုထဲမှ သစ်သားဓာတ် အမျှင်များ ထွက်လာကာ ဝမ်ပေါင်လဲ့အနား ဝန်းရံလျက်ရှိသည်။ သူတို့က ဧရာမ သစ်သားလက်ဝါးကြီးအသွင် ပြောင်းလဲသွားပြီး တောင်တန်းဆီ ကျရောက်လာသည်။

တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုသည် အဆုံးမဲ့မျိုးနွယ်ထဲ သက်ဆင်းလာကြောင်း ခံစားမိလိုက်၏။ အဝေးမှ အော်သံကိုပင် ကြားလိုက်ရသည်။

“ချန်ရှင်း … မင်းက ဒီနေ့ ငါနဲ့ တကယ် တိုက်ချင်နေတာလား ”

ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေ၏။ သူက ဘာမှမပြောလိုက်ဘဲ သူ့အကြည့်နှင့် တိုက်ကွက်တို့က ပိုမို ပြင်းထန်လာသည်။ သူ့အလယ်အလတ် ကြယ်နယ်မြေအဆင့် စွမ်းအားက ပေါက်ထွက်လာပြီး သစ်သားဓာတ်တာအိုနှင့် ရေဓာတ်တာအိုတို့ကလည်း ကန့်သတ်ချက်အထိ ရောက်လာသည်။ ဓာတ်ငါးပါး ပူးပေါင်းသွားကာ သစ်သားဓာတ်တာအိုအား ကြယ်တရာကောင်းကင်အထက် အတောက်ပဆုံး ကြယ်စင်တစ်လုံးလို ဖြစ်စေသည်။

ထိုအခိုက်အတန့်တွင် သစ်သားဓာတ် တာအိုဖြင့် ဖွဲ့စည်းထားသည့် လက်ကြီးက တိရှန်း ဖွဲ့စည်းထားသည့် တောင်တန်းနှင့် ထိတွေ့သွားသည်။

ထိပ်တိုက် တွေ့ဆုံရာမှ ဆူဆူညံညံ အသံများ ထွက်လာပြီး ကမ္ဘာမြေ တုန်လှုပ်မတတ် လှိုင်းလုံးများလည်း အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။ သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း အဆုံးမဲ့မျိုးနွယ်က တုန်ယင်သွားကာ အက်ကြောင်းများပင် ပျံ့သွားလေသည်။

ပထမဆုံး ပြိုလဲသွားသည်ကား တိရှန်း ဖွဲ့စည်းထားသည့် ဧရာမ တောင်တန်းကြီး ဖြစ်၏။

တောင်တန်းပေါ် အက်ကြောင်းများစွာ ပေါ်ထွက်လာပြီး အသက်ရှိုက်စာအနည်းငယ်အတွင်း သက်ရှိအရာအားလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိသည့် တောင်တန်းကြီးက ပြိုလဲကာ အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။

ပြိုကျသွားသည့် တောင်တန်းကြီးထဲမှ သွေးနီရောင်ပုံရိပ်တစ်ခု ရှိနေသည်။ သူ့ပါးစပ်မှ ဆက်တိုက် သွေးအန်နေရပြီး ခန္ဓာကိုယ်ကပင် ပြိုလဲလုမတတ် ဖြစ်နေသည်။ ဤသူက ခါးသက်နေသည့် တိရှန်းကလွဲ၍ တခြားသူ မဟုတ်ပေ။

All Chapters