သွေးပူလေ့ကျင့်ခန်း
Vol. 89 Ch. 1240
တိရှန်းက သူ့မာနကြောင့် လက်မလျှော့လိုသလို သူ့ကိုယ်သူ ကျရှုံးခွင့် မပြုနိုင်ပေ။ သူက ဝမ်ပေါင်လဲ့ကို အငယ်တစ်ယောက်အဖြစ်သာ သတ်မှတ်ကာ သူ့ကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့်သာ ရှိသေးသည်ဟု ယုံကြည်ထားခဲ့သည်။
သူက ကျောက်ပြားကမ္ဘာ၏ လျို့ဝှက်ချက်များစွာကို နားလည်ထားပြီး ဝမ်ပေါင်လဲ့၏ တာအိုသည် ကွဲပြားကြောင်း ပြောနိုင်သော်လည်း ထိုလူထံ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်သွားရသည့်အချက်ကို လက်မခံနိုင်သေးပေ။
ဤသည်က ယခုအတွက်လည်း အတူတူသာ ဖြစ်၏။ သူ့အပြင်ရုပ်ခန္ဓာကို ခေါင်းဆောင်ကြီးမှ ပေးထားသည့် အထွတ်အထိပ်ရတနာဖြင့် ပြန်လည်ပြုပြင်ထားပြီး သူ့တာအိုက ပိုမို ပြီးပြည့်စုံလာခဲ့သည်။ သူ့ကျင့်ကြံဆင့်က ယခင်ကထက် ပိုမိုမြင့်မားပြီး အထွတ်အထိပ်ရတနာဖြင့် ပေါင်းစည်းမှုက သူ့အတွက် တံခါးချပ်အသစ်ကို ဖွင့်လှစ်ပေးလိုက်သလိုမျိုး ဖြစ်၏။ သူက အနာဂတ်အတွက် လမ်းစဥ်အသစ်ကို မြင်လိုက်ရသည်။ သူက အဆင့်တက်လှမ်းဖို့အတွက် ဦးတည်ချက်ကို ရှာတွေ့တော့မည် ဖြစ်၏။
သို့သော် ယခုတွင် အရာအားလုံးက ဖုန်မှုန့် ဖြစ်သွားခဲ့သည်။ အကြောင်းအရင်းက ဝမ်ပေါင်လဲ့သည် မယုံကြည်နိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် အားကောင်းလာ၍ ဖြစ်သည်။ သူက ယခင်တိုက်ပွဲအတွင်း သူ့ကို တိုက်ခိုက်နိုင်သော်လည်း ယခုအခါ တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ပိုင်းသွားလေသည်။
သစ်သားဓာတ်တာအိုဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးချက်ကြီးတွင် အဆုံးအစွန်မဲ့စွမ်းအား ကိန်းအောင်းနေ၏။ သူ့တောင်တာအိုက ထိုအရာကို ခေတ္တမျှ ခုခံနိုင်သော်လည်း ကြာကြာတောင့်ခံထားနိုင်မည် မဟုတ်ပေ။
ထိုအကြောင်းအရင်းကြောင့် သူ့နှလုံးသားထဲ၌ ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။
ဒါက ငါ့ကံကြမ္မာ မဟုတ်ဘူး …
တိရှန်းက ခါးသီးစွာ ရယ်မောလိုက်သည်။ သူ့မျက်ဝန်းထဲရှိ ရူးသွပ်မှုက ပျောက်ကွယ်သွားပြီး မှုန်မှိုင်းမှိုင်း ပုံစံဖြင့် အစားထိုး ဝင်ရောက်လာသည်။ သူက ကြယ်တာရာကောင်းကင်ထဲတွင် ရပ်နေရင်း ခုခံဖို့ မေ့လျော့သွားဟန်ပေါ်သည်။
အကြောင်းအရင်းကမူ သူသည် ဝမ်ပေါင်လဲ့နှင့် သူ့ကြားရှိ ကွာဟချက်က အလွန်တရာ ကြီးမားကြောင်း နားလည်လိုက်၍ ဖြစ်သည်။
သို့သော်လည်း သူ့စိတ်ကို ကြီးစိုးနေသည့် ခံစားချက်ကို အတင်းအကျပ် ဖယ်ရှားလိုက်သည်။ သူ့၏ ပြိုလဲလုနီးပါးဖြစ်နေသည့် ခန္ဓာကိုယ်ထဲ အဝါရောင် အလင်းတန်းတချို့ကို မြင်လိုက်ရ၏။ သူတို့က သူ့ဝန်းကျင်ရှိ ကြယ်တာရာကောင်းကင်အထက် ပျံ့နှံ့လာသည်။ သူတို့က ကွဲပြားသည့် ကြယ်တာရာ အလင်းရောင်သဖွယ် ဖြစ်နေသော်လည်း မျက်စိစူးလှ၏။
ဤသည်က သူ့ဘဝလိုမျိုး ဖြစ်၏။ ထိုအရာက မပြီးပြည့်စုံသော်လည်း စိတ်လှုပ်ရှားဖို့ ကောင်းနေသည်။ အကယ်၍ ဤသို့သာဆိုပါက သူက သေဆုံးဖို့ရာ အဘယ့်ကြောင့် တုံ့ဆိုင်းနေရမည်နည်း။
တိရှန်း၏ မျက်ဝန်းထဲမှ အမှောင်ထုက ပျောက်ကွယ်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကာ သူ့ခန္ဓာကိုယ်က ရုတ်တရက် လောင်ကျွမ်းရင်း စွမ်းအားမြှင့်တင်လိုက်၏။ သူက ဝမ်ပေါင်လဲ့ရှေ့ တဖန်တိုးလာသည်။ သူက မီးတောက်များဆီ ခုန်ဝင်လာသည့် ပိုးဖလန်တစ်ကောင်အလား ဖြစ်၏။
ဝမ်ပေါင်လဲ့က ရပ်နေရင်း တိရှန်း ရောက်ရှိလာမှုကို စောင့်ကြိုနေသည်။ သူက တိရှန်း၏ ယခင်အမှောင်ထုကို မြင်လိုက်ရပြီး တဖန်မြင့်တက်လာသည့် အလင်းရောင်ကိုပါ မြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် အဝေးတစ်နေရာမှ ဒေါသတကြီး အော်သံထွက်ပေါ်လာ၏။
“ဝမ်ပေါင်လဲ့ ငါ့နတ်ဧကရာဇ်ကို သတ်ရဲရင် မင်းရဲ့ ပြည်ထောင်စုကြီးကို ဖျက်ဆီးပစ်မယ်”
သူက ပြောလိုက်စဥ် အမှောင်တာအိုများက အပြင်းအထန် ထွက်ပေါ်လာသည်။ ချန်ရှင်းက မမြင်နိုင်သည့် လေဟာနယ်ထဲ လှုပ်ရှားလိုက်သလိုမျိုးဖြစ်၏။ အသံမကြားရသော်လည်း အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ အသံက လေဟာနယ်ကို ထိုးခွင်းထွက်လာသည်။
“ချန်ရှင်း … တိရှန်း ကျရှုံးသွားရင် ငါတို့ဂိုဏ်း ၂ခုကြားက တိုက်ပွဲက ပိုဆိုးသွားမယ်”
“ကိစ္စမရှိဘူး” ချန်ရှင်း၏ အသံက တည်ငြိမ်လှသည်။ ထို့နောက် လေဟာနယ်ထဲ လှိုင်းတွန့်များစွာ ထွက်ပေါ်လာပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားကာ အဆုံးမဲ့မျိုးနွယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်လျက်ရှိနေပြီး သူ့ဆီ ပြေးဝင်လာသည့် တိရှန်းကိုသာ ကြည့်နေသည်။ သူက ခြေထောက်ကို ကြွကာ တိရှန်းရှေ့မှောက် ပေါ်ထွက်လာ၏။ တိရှန်း ဖောက်ခွဲပစ်မည်ကို မစောင့်ဘဲ ညာဘက်လက်ဖြင့် တိရှန်းကို လက်ညှိုးထိုးလိုက်သည်။
“လဆုတ်ပညာရပ်”
ဤသည်က လရိပ်ပညာရပ် မဟုတ်ဘဲ လဆုတ်ပညာရပ်သာ ဖြစ်၏။
သူက အချိန်မြစ်ကြောင်းအတွင်း ထပ်မဆင်းတော့ပေ။ ထိုအစား တိရှန်းအား လွန်ခဲ့သည့် အသက်ဆယ်ရှိုက်ခန့် အချိန်ကို ပြန်လည်ဆွဲယူလိုက်ခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့၏ ရေဓာတ်တာအို ဇစ်မြစ်နှင့် သစ်သားဓာတ်တာအိုတို့၏ ပေါင်းစည်းမှုဖြင့် လဆုတ်ပညာရပ်က ရုတ်တရက် ထွက်ပေါ်လာသည်။ အချိန်တာအိုစည်းချက်များကလည်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ တိရှန်း၏ ခန္ဓာကိုယ်က နောက်ဆုတ်ခံလိုက်ရပြီး အရာအားလုံးက ထိုစီးကြောင်းနှင့် ဆန့်ကျင်နေသည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကသာ ထိုစီးကြောင်းကို ဆန့်ကျင်နေခြင်း မရှိပေ။
ထိုအစား သူက ခြေတစ်လှမ်းလှမ်းကာ တိရှန်းရှေ့မှောက် ပေါ်ထွက်လာသည်။ တိရှန်းက ပိုးဖလန်တစ်ကောင်လို ဒဏ်ရာမရသေးပေ။ ထိုစဉ် သူက တိရှန်း၏ ရင်ဘတ်ကို ထိုးခွင်းကာ တစ်စုံတစ်ခုကို ဆွဲယူလိုက်သည်။ ထိုဆွဲယူမှုဖြင့် တိရှန်း၏ ခန္ဓာကိုယ်ထဲ ပျံ့နှံ့နေသည့် မြေကြီးအဝါရောင် အလင်းပြောက်များက ဖြတ်ခနဲ ပေါ်ထွက်လာသည်။ နောက်အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ညာဘက်လက်က တွင်းနက်ကြီးသဖွယ် ပြောင်းလဲသွားသလိုမျိုး အလင်းပြောက် အားလုံးကို စုပ်လိုက်သည်။
သူတို့က တိရှန်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဝါရောင် အလင်းပြောက်များ၏ ဇစ်မြစ်အားလုံးကို စုပ်ယူနေ၏။ ထိုအရာက ရှည်လျားလှသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အခိုက်အတန့်လေး၌ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ နောက်အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ညာဘက်လက်ကို ပြန်လည်ဆွဲထုတ်လိုက်၏။
သူက ညာဘက်လက်ကို ဆွဲရင်း တိရှန်း၏ ခန္ဓာကိုယ်က ရှုံ့သွားသည့် လေပူပေါင်းတစ်ခုလို ဖြစ်သွားလေသည်။ ထိုအရာက ညှိုးနွမ်းသွားပြီး ပြာအဖြစ် ပြောင်းလဲသွား၏။ သူ့ဝိညာဥ်ကသာ ကျန်ရှိနေခဲ့သည်။ သူက ဝမ်ပေါင်လဲ့၏ ညာဘက်လက်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေမိသည်။
ဝမ်ပေါင်လဲ့၏ ညာဘက်လက်ထဲ၌ အပိုပစ္စည်းတစ်ခု ရှိလာလေပြီ။
ဤသည်က လက်ဝါးအရွယ်အစားရှိသည့် အဝါရောင် အစိုင်အခဲ ဖြစ်၏။
ထိုအစိုင်အခဲမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေပြီး ကမ္ဘာကြီး၊ မိုးမြေနှင့် ကြယ်တာရာကောင်းကင် တစ်ခုလုံးကို ကြည့်နေသလိုမျိုး ခံစားချက် ပေးစွမ်းနေသည်။
ထိုအရှိန်အဝါက စကြဝဠာကြီးနှင့် တူညီသည့် အရင်းအမြစ်မှ ထွက်ပေါ်လာဟန်ပေါ်ပြီး ထိုအရာကို ဖုံးကွယ်မထားနိုင်ပေ။ ဝမ်ပေါင်လဲ့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။
သူက သူ ထိတွေ့လိုက်သည့် ပစ္စည်း၏ မူလဇစ်မြစ်ကို နားလည်လိုက်သည်။ သို့သော်လည်း ထိုမူလဇစ်မြစ်က သူ ထင်ထားသည်ထက် ကျော်လွန်နေ၏။ သူက အာဏာချဲ့ထွင်ဖို့ရာ ကြိုးစားသည်ဟု ပြောခဲ့သော်လည်း ဤသည်က အဓိက အကြောင်းအရင်း မဟုတ်ပေ။ ဤသည်က အယောင်ပြမှုသာ ဖြစ်၏။
သူ့တကယ့် အစစ်အမှန်က ထိုပစ္စည်းအတွက် ဖြစ်ပေသည်။
ထိုကိစ္စကို တိရှန်း ဒဏ်ရာအပြင်းအထန် ရရှိသွားစဥ်ကတည်းက စီစဥ်ထားခဲ့ခြင်း ဖြစ်ကာ တိရှန်းက နတ်ဧကရာဇ်တစ်ပါးဖြစ်သည့်အတွက် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးအနေဖြင့် ထိုပါရမီရှင်မျိုးကို အလဟသ သေဆုံးခံမည် မဟုတ်ပေ။ သူ့အပြင်ရုပ်ခန္ဓာ ဖျက်ဆီးခံလိုက်ရပြီးသည့်နောက် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက ထိုအရာကို ပြန်လည်ပြုပြင်ဖို့ နည်းလမ်းရှာပေးလိမ့်မည်။ တောင်တာအိုနှင့် မြေတာအိုတို့က တူညီသည့် ဇစ်မြစ်ရှိကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူ ခံစားမိထားသည့် မြေဓာတ်တာအို အထွတ်အထိပ် ရတနာကို အသုံးပြုနိုင်ချေ မြင့်မားကြောင်း ကောက်ချက်ချထားသည်။
ဝမ်ပေါင်လဲ့ ခန့်မှန်းထားသည်က မှန်ကန်ခဲ့၏။ သူက ဤနေရာကို လာဖို့ ကျင့်ကြံဆင့် ချိုးဖောက်မှု ဖိအားကို အသုံးပြုခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သို့သော်လည်း မြေဓာတ်တာအို အထွတ်အထိပ် ရတနာက သူ ထင်ထားသည်ထက် ပိုမိုထူးကဲနေလိမ့်မည်ဟု ထင်မှတ်မထားမိပေ။
ထိုအရာက စကြဝဠာတစ်ခုလုံးနှင့် ပဲ့တင်ထပ်နေပြီး လူများအား ကျောက်တုံးကမ္ဘာဖြစ်သည့် ကမ္ဘာကြီးကို ကြည့်နေရသလိုမျိုး ခံစားချက် ပေးစွမ်းသည်။ ဤပစ္စည်းက ကျောက်တုံးကမ္ဘာသာ ဖြစ်၏။ ပို၍အတိအကျပြောရမည်ဆိုလျှင် ဤပစ္စည်းသည် ကျောက်တုံးကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့က အဆုံးမဲ့မျိုးနွယ်သည် ဤပစ္စည်းကို ဘယ်လိုရထားမှန်း မသိပေ။ သို့သော်လည်း သူ့စိတ်ခံစားချက်များက ရှုပ်ထွေးနေ၏။ သူက လက်ထဲတွင်ရှိနေသည့် ရွှံ့တုံးကို ကိုင်ကာ ခေါင်းမော့ကြည့်လိုက်စဥ် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည့် တိရှန်းကို မြင်လိုက်ရသည်။
“ငါ့ကို ဘာလို့ မသတ်တာလဲ”
ဝမ်ပေါင်လဲ့က ဘာမှမပြောပေ။ ထိုအစား သူက လေဟာနယ်ကို လှမ်းကြည့်လိုက်၏။ တိရှန်းအပေါ် လေးစားမှုကြောင့်ဖြစ်စေ သို့မဟုတ် ချန်ရှင်းကြောင့်ဖြစ်စေ သူက တိရှန်း၏ အသက်ကို ချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်သည်။
ချန်ရှင်း ဘာတွေတွေးနေတာလဲ …
ဝမ်ပေါင်လဲ့က သူ့ဘာသာသူ ရေရွတ်လိုက်ပြီး သက်ပြင်းချကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“လူကြီးမင်း ဝေ့ယန်ကျစ် ကျုပ်က ဒီကို အာဏာချဲ့ထွင်ဖို့ ရောက်လာတာ မဟုတ်ဘူး။ အဆုံးမဲ့မျိုးနွယ်ရဲ့ ပြည်ထောင်စုကြီးအပေါ် ကျူးကျော်မှုကြောင့် ရောက်လာတာ။ ဒီနေ့ ကျုပ်က ရှင်းပြချက်ကို ယူပြီးပြီ။ လူကြီးမင်း တကယ်လို့ မကျေနပ်ရင် မဟာလက်ဝဲတာအိုနယ်မြေထိ လာတွေ့လို့ရတယ်။ မဟာလက်ဝဲတာအိုနယ်မြေက ကြားနေ အနေအထားကို ပြောင်းလဲမှာ မဟုတ်ဘူး။”
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က လက်နှစ်ဖက်ယှက်ကာ ဦးညွတ်လိုက်သည်။ ထို့နောက် သူက ကြယ်စင်များထဲ လျှောက်လှမ်းသွား၏။ သူ ထွက်ခွာသွားသည်နှင့် အမှောင်တာအို၏ အရှိန်အဝါကလည်း သိသိသာသာ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ပေါင်လဲ့၏ ပုံရိပ်က အဆုံးမဲ့မျိုးနွယ်မှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဝေ့ယန်ကျစ်၏ ပုံရပ်က အဆုံးမဲ့မျိုးနွယ်၏ ပိုင်နက်အတွင်း ပေါ်ထွက်လာ၏။
“ချန်ရှင်း … ဝမ်ပေါင်လဲ့” သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ဖြင့် တောက်လောင်နေပြီး သူက ဖိနှိပ်ဖို့ ကြိုးစားနေရသည်။
“အချိန်မကျသေးဘူး။ သိပ်မကြာခင်တော့ အချိန်ကျလာလိမ့်မယ်” ထို့နောက် ဝေ့ယန်ကျစ်က မျက်လုံးမှိတ်ထားလိုက်သည်။ သူ့လက်တစ်ချက်အဝှေ့တွင် မှေးမှိန်နေသည့် တိရှန်း၏ စိတ်ဝိညာဥ်ကို သိမ်းဆည်းလိုက်၏။
မဟာဒိဋ္ဌိနယ်မြေရှိ ဝိညာဥ်ခုနှစ်ပါး တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကလည်း သက်ပြင်းချလိုက်သည်။ သူက လှုပ်ရှားဖို့ ပြင်ဆင်ထားခဲ့သော်လည်း အဆုံးသတ်တွင် တိုက်ပွဲက ဖြစ်ပျက်မလာခဲ့ပေ။ ယခုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူက မဟာလက်ဝဲတာအိုနယ်မြေသို့ ရောက်ရှိသည့်အခါ အဆုံးမဲ့မျိုးနွယ်ဘက် လှည့်ကြည့်လိုက်သည်။
“ဝေ့ယန်ကျစ်က ဘာကို စောင့်နေတာလဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်ပြီးသည့်နောက်တွင် သူက တခြားတစ်ဖက်ကို ကြည့်လိုက်၏။ ဤသည်က အမှောင်ဂိုဏ်း၏ ဝင်ပေါက်နေရာ ဖြစ်သည်။
“ချန်ရှင်း ဒီဘဝမှာ ဂိုဏ်းတူအစ်ကိုကြီးလို့ ထပ်ခေါ်ခွင့် ရပါ့ဦးမလား”
ဝမ်ပေါင်လဲ့က စိတ်ရှုပ်ထွေးသလို ခံစားမိနေသည်။ သူ့ဆရာကြောင့် သူက ချန်ရှင်းနှင့် ဆက်သွယ်ရေးကို ဖြတ်တောက်ခဲ့သည်။
သို့သော် ထိုအရာပြီးသည့်နောက်တွင် ချန်ရှင်းက သူ့ကို အကြိမ်များစွာ ကူညီပေးခဲ့သည်။ ဝမ်ပေါင်လဲ့က နှလုံးသား ကင်းမဲ့သူ မဟုတ်ပေ။ ဤအရာကြောင့် မည်သို့စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သက်ပြင်းချပြီး နေအဖွဲ့အစည်းဆီ လျှောက်လှမ်းလာသည်။ သူ ကြည့်နေသည့်နေရာ အမှောင်ဂိုဏ်း၏ အဝင်ဝ၌ ချန်ရှင်း၏ ပုံရိပ်က လေဟာနယ်ထဲ ထွက်ပေါ်လာသည်။ သူက အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သစ်သားဓားတစ်လက်နှင့် သေရည်အိုးကို ကိုင်ဆောင်ထားသည်။
သူက မဟာလက်ဝဲတာအိုနယ်မြေဘက် လှမ်းကြည့်လိုက်၏။
ဖြည်းဖြည်းချင်းဖြင့် သူ့အေးစက်စက် မျက်နှာအထက် နွေးထွေးသည့် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။
“မင်းက အရွယ်ရောက်လာပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီပဲ။ ငါ စိတ်အေးသွားမိပြီ။ အခု ငါ လှုပ်ရှားရမဲ့ အလှည့်ပဲ။” ချန်ရှင်းက သူ့ကိုယ်ကို ရေရွတ်လိုက်သည်။ ထို့နောက် သူက အဆုံးမဲ့မျိုးနွယ်ကို ကြည့်လိုက်သည့်အချိန် သူ့အပြုံးက မျက်ကွယ်သွားပြီး အေးစက်စက်လေထုဖြင့် အစားထိုးသွားသည်။