နန်းတော်ပင်လယ် နယ်ပယ်ကြီး ပြီးပြည့်စုံသွားပြီ
Vol. 6 Ch. 77
လန်ရော့ရှင်း နောက်ဆုံးမှာ လမ်းလျှောက်ပြီး လုရွှမ်ထံရောက်လာသည်။
"နင်တစ်ခါ ငါတစ်ခါ...ငါတို့ကြေပြီ!"
စကားပြောပြီးနောက် ဝေ့ချန်နှင့် အခြားသူများနောက်သို့ အနီးကပ် လိုက်သွားခဲ့သည်။
"အင်း……"
အရင်တစ်ခါက သူမကြောင့်သာမဟုတ်ရင် မိမိသည် ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီ။ သေသေချာချာ ပြောရင် တစ်ဖက်က ကြင်နာမှု ပြသသွားတာ အမှန်ပဲ ဖြစ်လေသည်။
"နောက်တစ်ခါတွေ့မှ ပြောကြရအောင်!"
လုရွှမ် ခေါင်းညိတ်နေလိုက်သည်။ ထိုအကြောင်းကို မတွေးတော့ဘဲ စကားပြောလုဆဲဆဲတွင် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။
"မင်းရဲ့ ရက်ရောတဲ့ အကူအညီအတွက် ညီအစ်ကို လုရွှမ်ကို ကျေးဇူးတင်ပါတယ်! ဒီနေ့ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ သံကြေးစားအဖွဲ့က ပြေးလို့လွတ်မှာ မဟုတ်တော့ဘူး..."
တျယ်လုံသည် ရှေ့တွင် ဒူးထောက်ကာ ကျေးဇူးတင် နေတော့သည်။
၎င်းတို့၏ သံကြေးစား အဖွဲ့ကို ကျန်းဝူမြို့တော်တွင် အဆင့်မြင့်သည်ဟု ယူဆသော်လည်း ၎င်းတို့သည် စစ်မှန်သော သန်မာသူများထက် အားနည်းနေဆဲဖြစ်သည်။
တခြားအရာ မပြောနှင့်။ အခုနက ဝေ့ချန်ဆိုသည်မှာ ဝူအဆင့်၅ ဖိရွှယ်နယ်ပယ်ရဲ့ သန်မာသူတစ်ယောက်ပဲ။ တကယ်သာ တိုက်ခိုက်ကြရင် သူတို့တစ်ဖွဲ့လုံး ပျက်စီးသွားရင်တောင် တစ်ဖက်လူကို ထိခိုက်နိုင်မှာ မဟုတ်ချေ။
သူတို့ရှေ့က လူငယ်လေးကြောင့်သာ မဟုတ်ရင် ဒီနေ့ သူတို့ဟာ ပျက်စီးလုနီးပါး ဖြစ်သွားလိမ့်မည်။
"မြန်မြန်ထ!! ဒါက တစ်ဖွဲ့လုံး အတူတူ လုပ်ခဲ့တာပါ"
လုရွှမ်သည် တျယ်လုံကို အမြန်ထဖို့ ကူညီခဲ့သည်။
အမှန်တော့ သူနည်းနည်းတောင် တောင်းပန်ရလိမ့်မည်။ တစ်ဖက်လူရဲ့ ဘေးဒုက္ခက သူကိုယ်တိုင်ကြောင့်ဖြစ်တာပင်။ မဖြေရှင်းနိုင်ခဲ့ရင် လူကောင်းတစ်စုကို ဒုက္ခပေးရာ ရောက်သွားမှာကိုတော့ သူတကယ် ကြည့်မနေနိုင်ချေ။
"ငါလူယန်က ကြမ်းတမ်းတဲ့လူပါ...ဘယ်လိုပြောရမလဲ? သံလက်မျောက်ဝံနဲ့ တွေ့ပြီး မင်းထွက်ပြေးသွားတော့ ငါမင်းကို နောက်ကွယ်မှာ အများကြီး ကျိန်းမောင်းခဲ့တယ်...အခုတော့ ငါသိသွားပါပြီ နောက်ဆိုရင် မင်းကငါ့ရဲ့ ခေါင်းဆောင်တစ်ယောက်လိုပဲ မင်းခိုင်းတာမှန်သမျှ ငါလုပ်မယ်!"
အရပ်ရှည်ရှည်နဲ့ ကြမ်းတမ်းတဲ့ အဖွဲ့ဝင် တစ်ယောက် ရောက်လာ၏။
"ငါရောပဲ... ဘာမှမသိဘဲ မင်းနဲ့ပတ်သက်ပြီး အခုလေးတင်ပဲ အပြစ်ပြောနေတာ... မင်းဆီက တကယ်အရိုက်ခံရဖို့ ထိုက်တန်ပါတယ်!"
နောက်တစ်ယောက် တက်လာသည်။
ဒီလူတွေဟာ ရိုးသားပြီး အမှားတွေကို ပြင်နိုင်တာကို မြင်တော့ လုရွှမ်ရဲ့ နှလုံးသားက အနည်းငယ် ထိမိသွားပြီး
"ငါတို့အားလုံးက သူငယ်ချင်းတွေမို့လို့ ဒီစကားတွေပြောဖို့ မလိုပါဘူး..."
"ခေါင်းဆောင်တျယ်လုံ....ဝိညာဥ်ခုနှစ်မျိုးမှိုက လက်ဝယ်ရဖို့ အလှမ်းဝေးနေသေးတယ် ခင်ဗျား အခုဘာဆက်လုပ်မှာလဲ?"
ခဏကြာ စကားစမြည်ပြောပြီးနောက် ဒီလူအုပ်စုက တော်တော်ကောင်းမယ် ထင်တာကြောင့် လုရွှမ် မေးလိုက်သည်။
"ဝိညာဥ်ခုနှစ်မျိုးမှိုကိုတော့ မရနိုင်တော့ဘူး...ဒီတစ်ခေါက် သားရဲအရေပြားနဲ့ အရိုးတွေ အများကြီး ရခဲ့ပါတယ်... လက်ဗလာနဲ့တော့ ပြန်စရာ မလိုတော့ဘူးပေါ့"
တျယ်လုံကရယ်ရင်း။
"ငါအခု အားလုံးကိုခေါ်ပြီး ပြန်မယ်!"
"အင်း! ဝေ့ချန်က သွားပြီဆိုပေမယ့် မြန်မြန်ထွက်သွားတော့.... သူပြန်လာရင် တကယ်မလွယ်ဘူး"
လုရွှမ် ပြောလိုက်သည်။
ဝေ့ချန်က သူ့ဆီက လှည့်စားခံလိုက်ရပြီး သံလက်နတ်ဆိုးနောက်ကို လိုက်သွားခဲ့တာ။ ဖမ်းမိရင် သေချာပေါက် မေးမြန်းမှာဖြစ်လို့ သူ့ကိစ္စ ပေါ်သွားနိုင်သည်။ ဒီသံကြေးစားအဖွဲ့ကို မြန်မြန် ထွက်သွားခိုင်းတာက အကောင်းဆုံးသာ ဖြစ်သည်။
"ကောင်းပြီ... မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုလုရွှမ် ဒါက ငါ့တို့ သံကြေးစားအဖွဲ့ရဲ့ သင်္ကေတပါ... နောင်မှာ မင်းမှာ မှာကြားစရာတွေရှိရင် ငါတို့ကို ခေါ်လိုက်!! ငါတို့ညီအကိုတွေက သေချာပေါက် မီးနဲ့ရေပေါ် သွားရမယ်ဆိုလည်း ပြဿနာမရှိဘူး!"
သန်မာသူတွေရဲ့ စိတ်နေစိတ်ထားက ပြောလို့မကောင်းမှန်း တျယ်လုံ သိပေ၏။ ဒီတစ်ခေါက် ဝေ့ချန်လက်က လွတ်သွားပေမယ့် နောက်တစ်ခေါက် ပြန်ရောက်လာရင် မလွယ်တော့ပေ။ မဟုတ်ပါက သူတို့ရဲ့ သင်္ကေတကို ထုတ်ပေးမည်မဟုတ်။
"ဒါဆို ခေါင်းဆောင် ကြင်နာမှုကိုလည်း ကျေးဇူးတင်ပါတယ် !"
သံတံဆိပ်ပြား တစ်ချက်ကြည့်လိုက်ပြီး လုရွှမ်သည် ၎င်းကို သူ့ရင်ဘတ်ထဲတွင် ပေါ့ပေါ့ပါးပါး ထည့်ထားလိုက်သည်။
အမှန်အတိုင်း ဆိုရရင် ကျေးဇူးဆပ်တယ်ဆိုတဲ့ အရာကို သူသိပ်ပြီးတော့ စိတ်မဝင်စားချေ။
နန်းတော်ပင်လယ် နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည့် သံကြေးစားအဖွဲ့၏ ခေါင်းဆောင်ကဲ့သို့သော ခွန်အားကို ရက်အနည်းငယ်အတွင်း သူရောက်ရှိနိုင်သည်။
သူ့ကို တစ်ဖက်က ဘယ်လိုကူညီနိုင်မှာလဲ?
ကျေးဇူးတရားတွေကို အလဟသ ဖြုန်းတီးမယ့်အစား စွန့်လွှတ်လိုက်တာက ပိုကောင်းပါ၏။
"နှုတ်ဆက်ပါတယ်!"
လုရွှမ်က သံတံဆိပ်ပြားကို လက်ခံလိုက်တာနဲ့ သူ့စိတ်ထဲမှာ ဘာဖြစ်နေမှန်း မသိဘဲ တျယ်လုံးသည်ပြုံး၍ လက်သီးဆုပ်ပြီး ကျန်တဲ့လူတွေနဲ့အတူ ထွက်သွားရာ ခဏကြာတော့ သူ့မျက်လုံးရှေ့မှာ ပျောက်သွားကြသည်။
"ဆက်ပြီး လေ့ကျင့်ကြရအောင်..."
သူတို့ထွက်သွားတာကို မြင်တော့ လုရွှမ်သည် ယွမ်ယန်ရဲ့ စစ်မှန်တဲ့ စွမ်းအင်တွေကို အသုံးပြုကာ သူ့ခန္ဓာကိုယ်က လေထဲတွင် ရုတ်တရက် ပျောက်သွားသည်။
သူ့အတွက် ကျင့်ကြံမှုလောက် ဘာကမှ အရေးမကြီးပါဘူး။
ကျောက်စိမ်းပြားထဲ ဘယ်လို ဝင်ထွက်ရမလဲ ဆိုတာ သိတော့ လုရွှမ်သည် နေရာရှာဖို့ စိတ်မ၀င်စားဘဲ ထိုထဲဝင်သွားကာ တင်ပျဉ်ခွေထိုင်ဖို့ နေရာတစ်ခုရှာကာ ဝိညာဉ်အရည်ကို ဖွင့်၍ ဆက်လက် လေ့ကျင့်လိုက်သည်။
သုံးရက်ကြာသော်
ရှည်လျားသော လေချွန်သံနှင့်အတူ လုရွှမ် မတ်တပ်ရပ်လိုက်သည်။
တစ်ကိုယ်လုံး၏ အရိုးများသည် ပဲကြော်ကဲ့သို့ ပြတ်သားသော အသံနှင့် ထွက်ပေါ်လာသည်။ စစ်မှန်တဲ့ ဝိညာဥ်ချီများက နန်းတော်ပင်လယ် နယ်ပယ်တစ်လျှောက် ပျံ့နှံ့သွားကာ ရှည်လျားသော အဖြူရောင် စွမ်းအင်သည် လေထဲသို့ ဖြောင့်တန်းစွာ ပျံသန်းသွား၏။
"မင်း ရသားပဲ ကောင်လေးရ... မင်း နန်းတော်ပင်လယ်နယ်ပယ်ရဲ့ ပြီးပြည့်စုံမှု အဆင့်ကို မြန်မြန်နဲ့ ရောက်သွားပြီ!"
ကျီးမည်းသည် ကျောက်ပြားပေါ်တွင် ပျင်းရိစွာ အိပ်နေပြီး အမွေးအတောင်များကို ၎င်း၏ခြေသည်းများဖြင့် ရံဖန်ရံခါ ကုတ်နေသည်။
နန်းတော်ပင်လယ် နယ်ပယ်သည် ၎င်း၏အမြင်တွင် ဖော်ပြရန် မထိုက်တန်သော်လည်း သုံးရက်အတွင်း နန်းတော်ပင်လယ် အလယ်အဆင့်မှ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဝိညာဉ်အရည်၏ ပံ့ပိုးမှုဖြင့်ပင် ဤကလေး၏ စွမ်းရည်သည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။
"နန်းတော်ပင်လယ် နယ်ပယ် ပြီးပြည့်စုံသွားပြီ!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
ကျန်းဝူအကယ်ဒမီမှာ ဒီလိုခွန်အားမျိုးက မဆိုးပါဘူး။ ဒါပေမဲ့ သူ့အရင်ဘဝကနဲ့ ယှဥ်ရင် ပြောဖို့မထိုက်တန်သလို သူ့မှာ ဂုဏ်ယူစရာလည်း မရှိပါဘူး။
သို့သော် သူဘယ်လိုမှ မခံစားရချေ။ ထိုအကြောင်းသာ တခြားသူသိရင် သေသွားချင်မှာ ကျိန်းသေပင်။
အရင်က ရွှေစတစ်သန်း ရခဲ့သလိုပင်။ ရွှေစတစ်သန်းက သူ့အရင်ဘဝက အရာတွေနဲ့ယှဥ်ရင် ဘာမှမဟုတ်သလို သုံးရက်အတွင်း စုဆောင်းနိုင်ခဲ့တဲ့ ဝိညာဥ်ချီတွေကလည်း သူ့ကိုမကျေနပ်စေချေ။
"ဟန်ဆောင်နေလိုက် ဟန်ဆောင်စမ်းပါ! ကောင်လေး.... မင်းရဲ့ ကျင့်ကြံမှုအခြေခံက သိပ်မကောင်းဘူးလို့ ငါမထင်ထားခဲ့ပေမယ့် မင်းရဲ့ဟန်ဆောင်နိုင်စွမ်းက တော်တော်ကောင်းပါတယ်...ဒီလိုလုပ် မင်း အံ့သြသွားတဲ့ ပုံကို ဟန်ဆောင်ကြည့်လိုက်... ငါရွှေကျီးကန်းက မင်းကိုတပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ထားတယ်.... မြန်မြန် ဆရာတင်စမ်းပါ..."
ကျီးမည်းသည် သူ့ကို မထီမဲ့မြင် အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
လုရွှမ်ကတော့ ငှက်မည်း၏ စကားကို လျစ်လျူရှုထားသည်။
ရက်အနည်းငယ် ကြာအောင် ကျင့်ကြံပြီးနောက် သူ နားလည်လာခဲ့သည်။
ဤကျီးကန်းသည် စကားပြောစက်ဖြစ်ပြီး တစ်ခုခုပြောသည်နှင့် တပြိုင်နက် ဆက်ပြောတော့မှာ ဖြစ်သည်။
"ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်က တကယ်ကို အစွမ်းထက်သားပဲ!"
အော်ဟစ်နေသော ကျီးမည်းကို လျစ်လျူရှုကာ လုရွှမ်သည် သူ့ရဲ့ဒန်တီယန်ကို ကြည့်လိုက်သည်။
ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်သည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာ တစ်ခုကဲ့သို့ ၎င်းတွင် အကန့်အသတ်မရှိ စစ်မှန်သော စွမ်းအင်များ တဟုန်ထိုး အားကောင်းနေပါသည်။
အဆင့်၅ နန်းတော်ပင်လယ် နယ်ပယ်မပြောနှင့် အရင်ဘဝက အဆင့်၂ နန်းတော်ပင်လယ် နယ်ပယ်ပင် တစ်ဝက်လောက် နောက်ကျကျန်ခဲ့လိမ့်မည်။
"ဒါက အစွမ်းထက်တယ်... ဒါပေမယ့် သနားစရာပဲ...ဝိညာဥ်ချီ စားသုံးမှုက ကြောက်စရာကောင်းတယ်!"
လုရွှမ်က ခေါင်းခါလိုက်ပြီး "ဝိညာဉ်အရည်ကိုသာ မတွေ့ရင် နန်းတော်ပင်လယ် နယ်ပယ်မှာ အကြာကြီး ပိတ်မိနေမှာကို ကြောက်မိတယ်!"
ဝိညာဥ်အရည်ဟာ လူပေါင်းများစွာရဲ့ နန်းတော်ပင်လယ် နယ်ပယ်ကို အဆင့်၅အထိ မြင့်တင်ပေးနိုင်ပေမယ့် သူကတော့ တစ်ယောက်တည်းနဲ့ တစ်ဝက်ကုန်သွားလေပြီ။
ကံကောင်းထောက်မစွာနဲ့ သူ့မှာ ဝိညာဥ်အရည် ရှိနေ၏။ မဟုတ်ပါက ဤမျှလောက်များသော ဝိညာဉ်ရေးစွမ်းအင် လိုအပ်ချက်များကို ဘယ်မှာ ရှာရမည်နည်း။
"နန်းတော်ပင်လယ် နယ်ပယ်က ပြည့်စုံသွားပြီ ဖိရွှယ်နယ်ပယ်ကို မထိုးဖောက်ခင် စစ်မှန်တဲ့စွမ်းအင်ကို စုစည်းဖို့ အချိန်တစ်ခု ယူရဦးမှာ... မဟုတ်ရင် အရမ်း အန္တရာယ်များလိမ့်မယ်!"
နန်းတော်ပင်လယ် နယ်ပယ်ကို ပြီးပြည့်စုံသည့် အဆင့်ရောက်အောင် ထိုးဖောက်ပြီးပါက ဖိရွှယ်နယ်ပယ်ကို စတင်နိုင်ပြီဖြစ်သည်။
သို့သော်လည်း နယ်ပယ်တစ်ခုကို ဖွင့်လှစ်ခြင်းသည် အလွန်ဂရုစိုက်ရသော အလုပ်ဖြစ်ပြီး စစ်မှန်သော စွမ်းအင်အပေါ် ခိုင်ခိုင်မာမာ ထိန်းချုပ်ထားရန် လိုအပ်ပါသည်။
သူသည် ဤကာလအတွင်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခင်နယ်ပယ်မှာ အခြေမခိုင်ခဲ့ပါက နောက်တစ်ခုကို အတင်းအကျပ် ထိုးဖောက်ရင် အလွန်အန္တရာယ် များနိုင်သည်။
"စစ်မှန်တဲ့ စွမ်းအင်ကို ထိန်းပြီး လေ့ကျင့်မှုကို ခိုင်မာအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းက တကယ့်တိုက်ပွဲမှာ ကိုယ်ခံပညာကိုသုံးဖို့ပဲ.... နဂါးဆင် ရွှေလက်ဝါးရဲ့ ပထမအဆင့်ကို ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်ရင် ဖိရွှယ်နယ်ပယ်ရဲ့ အစပြုတဲ့ အခြေအနေကို ရောက်သွားနိုင်တယ်"
မကြာခင်မှာပဲ လုရွှမ်စိတ်ထဲ အကြံတစ်ခု ရသွားသည်။
စစ်မှန်သော တိုက်ပွဲမှသာလျှင် စစ်မှန်သောစွမ်းအင်ကို ပိုမိုထိန်းချုပ်နိုင်ပြီး သန့်စင်စေနိုင်သည်။
နဂါးဆင်ရွှေလက်ဝါးကို ပထမအဆင့်တွင် ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်လျှင် စစ်မှန်သော စွမ်းအင်၏ ထိန်းချုပ်မှုသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားပြီး စိတ်ပူစရာမလိုဘဲ ဖိရွှယ်နယ်ပယ်ကို ရောက်ဖို့ သိပ်မဝေးတော့ပေ။