ဝိုင်းထားပြီ
Vol. 6 Ch. 78
ဝုန်း....ဝုန်း....ဝုန်း....
ပြတ်သားသောအသံ သုံးသံ ဆက်တိုက်ကြားရပြီး အရိုးများ ကွဲအက်သွားသည့် အသံနှင့်အတူ အရှိန်ပြင်းပြင်းဖြင့် ကျားသစ်ကြီးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်မရှူတော့ပေ။
"အဆင့်၅ သားရဲ....နဂါးဆင်ရွှေလက်ဝါးရဲ့ ပထမအဆင့်က နောက်ဆုံးတော့ ပြည့်စုံသွားပြီ!"
လုရွှမ်သည် နန်းတော်ပင်လယ် နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်မှာ နောက်ထပ်ငါးရက်ပင် ရှိပြီဖြစ်သည်။ ဤငါးရက်တာ ကာလအတွင်း သူသည် ချိုင့်နက်ထဲသို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
ဤဝမ့်ဖုန်းချိုင့်ဝှမ်းသည် တကယ်ကို အစွမ်းထက်သည်။ ပိုဝင်လေလေ ဝိညာဥ်စွမ်းအင်တွေက အားကောင်းလေဖြစ်ပြီး သားရဲတွေကလည်း အဆင့်မြင့်လေ ဖြစ်သည်။
ဒုတိယနေ့တွင် ရှားပါးသော အဆင့်၅ သားရဲများစွာကို တွေ့ရသည်။
လုရွှမ် ရပ်တန့်လိုက်သည်။
အဆင့်၅သားရဲသည် ဖိရွှယ်နယ်ပယ်ရှိ သန်မာသောလူနှင့် ညီမျှသည်။ သူကအခု ဝူအဆင့်၄ နန်းတော်ပင်လယ် နယ်ပယ်ရှိ လူဖြစ်လို့ တိုက်ပွဲအခြေအနေတွင် အနည်းငယ် ရုန်းကန်နေရဆဲ ဖြစ်လေ၏။
အဆင့်ငါးရှိ မျက်နှာဖြူ ကျားတစ်ကောင်နှင့် တိုက်ခိုက်ပြီး တစ်နာရီနီးပါး ကြာပြီးနောက် လုရွှမ်သည် ပထမအဆင့် နန်းတော်ပင်လယ်၏ စစ်မှန်သော စွမ်းအင်ကို အားကိုးခြင်းဖြင့် ၎င်းကို သတ်ပစ်နိုင်လိုက်သည်။
ဤအတွေ့အကြုံဖြင့် သူသည် စစ်မှန်သောစွမ်းအင်ကို ထိန်းချုပ်ရာတွင် ပိုမိုကျွမ်းကျင်လာသည်။
ယနေ့အထိ သူသည် အဆင့်၅ အကောင်ကြီး နှစ်ကောင်နှင့် ဆက်တိုက် ကြုံတွေ့ရပြီး လေ့ကျင့်လေလေ စစ်မှန်သော စွမ်းအင်ကို ထိန်းချုပ်နိုင်လေ အားကောင်းလေဖြစ်သည်။ သူ၏ လှုပ်ရှားမှုများကို ပို၍ ကျွမ်းကျင်လေလေ ဖြစ်ပြီး နဂါးဆင်ရွှေလက်ဝါး၏ ပထမအဆင့်ကို ပြီးပြည့်စုံစေခဲ့၏။
၎င်းသည် ပထမအဆင့် ဖြစ်သော်လည်း ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသောအခါ ၎င်း၏ စွမ်းအားသည် အဆများစွာ တိုးလာလိမ့်မည်။ အဆင့်၅ သားရဲကြီးသည် ပြင်းထန်သည်။
အရေးကြီးသော နေရာကို လက်ဝါးဖြင့် မရိုက်နိုင်ခဲ့ရင် သူကိုယ်တိုင်သာ သေတဲ့အထိ အရိုက်ခံရလိမ့်မည်။
"နဂါးဆင်ရွှေလက်ဝါးက ပထမအဆင့် ပြီးပြည့်စုံသွားပြီ.... ဖိရွှယ်နယ်ပယ်ကို ဖွင့်ဖို့ အချိန်ရောက်ပြီပဲ!"
သားရဲ၏ အသားတစ်ပိုင်းကို လှီးဖြတ်ပြီးနောက် အစားအစာ အရန်အဖြစ်ယူကာ ကျောက်စိမ်းပြားထဲသို့ တိတ်တဆိတ် ပစ်ထည့်လိုက်ပြီး လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူမျှော်လင့်ထားသည့်အတိုင်း နဂါးဆင်ရွှေလက်ဝါးသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားကာ ဝိညာဥ်ချီ၏ ထိန်းချုပ်မှုသည် များစွာ တိုးတက်လာခဲ့သည်။
ဝိညာဥ်ချီကို လက်ရှိ ထိန်းချုပ်နိုင်ရင် ဖိရွှယ်နယ်ပယ်ကို ထိုးဖောက်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားနိုင်သည်။
"ဖိရွှယ်နယ်ပယ်က တစ်မှတ်ဆိုရင် အစောပိုင်းအဆင့်....၄မှတ်ဆို အလယ်အလတ်အဆင့်၊ ၇မှတ်ဆို နှောင်းပိုင်းအဆင့်၊ ၁၁မှတ်ဆို အထွတ်အထိပ်အဆင့်နဲ့ ၁၅မှတ်ဆို ပြီးပြည့်စုံတဲ့ အဆင့်ဆိုပြီး ခွဲထားတယ်"
"စွမ်းအင်အမှတ် လမ်းစဥ်ကျ မတူကြဘူး...[ဝိညာဥ်စွမ်းအင် အမှတ်]လိုမျိုး လူတွေအပေါ် မတူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ် အဲဒီဝင်ပေါက်ကို ဖွင့်နိုင်ရင် ဝိညာဉ်စွမ်းအား အတိုင်းအတာက လေထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို သူ့ဘာသာသူ စုပ်ယူနိုင်ပြီး ဆက်ပြီး အားကောင်းလိမ့်မယ် လေ့ကျင့်ဖို့ မလိုဘူး....အစွမ်းထက်တဲ့ အဂ္ဂိရတ်ဆရာတွေ အားလုံးက အဲဒီအမှတ်ကို ဖွင့်ထားကြတယ်... အဲဒါကိုမဖွင့်ဘဲ အဂ္ဂိရတ်သူတော်စင် အဆင့်ကို မရောက်နိုင်ဘူး"
"[နတ်စွမ်းအင်အမှတ်]က ဖွင့်ပြီးရင် စွမ်းအင်တွေက ခန္ဓာကိုယ်အတွင်းကို စိမ့်ဝင်သွားပြီး ကြွက်သားတွေကို သန်မာ ကြံ့ခိုင်လာစေတယ်... ကြံ့ခိုင်တဲ့ ကိုယ်ခံပညာ လေ့ကျင့်သူ အများအပြားက ဒီအချက်ကို ဖွင့်လုနီးပါး ဖြစ်နေပြီ!"
"[နတ်မျက်စိစွမ်းအင် အမှတ်]က လူတွေရဲ့ မျက်လုံးကို ပိုမိုပြတ်သားစေပြီး သာမန်လူများ မမြင်နိုင်တဲ့ အရာတွေကိုတောင် မြင်နိုင်တယ်...အဲဒါကြောင့် အမှတ်လမ်းစဥ် ပိုကျယ်ပြန့်လာရင် အကျိုး သက်ရောက်မှုလည်း တဖြည်းဖြည်း တိုးလာလိမ့်မယ်..."
သူ့နှလုံးသားထဲက အမှတ်အသားတွေကို ဖွင့်ဖို့ အခြေအနေကို အစမ်းလေ့ကျင့်ပြီးနောက် လုရွမ် သေသေချာချာ စဉ်းစားနေရ၏။
"မှတ်တမ်းတွေအရ အဓိက စွမ်းအင်အမှတ် ၁၅ခု ဖွင့်လှစ်ခြင်းက ပြီးပြည့်စုံမှုကို ရောက်ရှိနိုင်ပြီး ပိုမိုမြင့်မားတဲ့ အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်မယ်...ဒါပေမဲ့ အဲဒီအဆင့်အတွက် အရန်အမှတ်တွေကို ပိုဖွင့်ထားလေ အနာဂတ်မှာ အလားအလာ များလေပဲ.... အမှတ်၁၅ခုကို ဖွင့်နိုင်ရင် သာမန်အဆင့်လေးပဲ အမှတ်၂၀ကသာ ပါရမီရှင်လို့ ပြောရမှာ...အမှတ်၂၅ခု ဆိုရင်တော့ ပါရမီရှင်တွေထဲက ပါရမီရှင်ပဲ အရင်ဘဝက ငါအမှတ်၃၀အထိ ဖွင့်နိုင်ခဲ့တယ်....တိမ်ပင်လယ် နယ်မြေမှာတော့ တကယ်ရှားပါးတယ်လို့ ယူဆလို့ရတယ်"
ဖိရွှယ်နယ်ပယ်ရဲ့ အမှတ်တွေကို ဖွင့်ခြင်းသည် ကိုးကွင်းနယ်ပယ်ကို ထိုးဖောက်သလိုပင် အမှတ်များ ဖွင့်နိုင်လေ အနာဂတ် အောင်မြင်မှုများ ပိုများလေ ဖြစ်သည်။
သူ၏ယခင်ဘဝတွင် သူသည် သာမန်လူများထက် နှစ်ဆပိုမိုများပြားသည့် အမှတ် သုံးဆယ်ပြည့်ကို ဖွင့်ပြခဲ့သည်။ နံပါတ်တစ် ရွှမ်ချင်ဂိုဏ်းက ထူးချွန်ထက်မြတ်သော ပါရမီရှင်ပင် နောက်ကျကျန်နေခဲ့သည်။
"ဒဏ္ဍာရီအရ... လူ့ခန္ဓာကိုယ်မှာ အမှတ် ၃၆ခု ရှိတယ်...အမှတ်၁၆ခုကို ဖွင့်နိုင်ရင် မထင်မှတ်ထားတဲ့ အမြတ်အစွန်းတွေ ရနိုင်တယ်...အဲဒါဒဏ္ဍာရီက ဘယ်သူမှ မအောင်မြင်ခဲ့ဘူး... အရင်ဘဝက ငါကိုယ်တိုင်ရောပဲ"
"အရန်အမှတ်တွေကို ဖွင့်ခြင်းက ခွန်အားကို မတိုးစေဘူး....ဒါပေမဲ့ စိတ်ကို တက်ကြွစေတယ် တွေးခေါ်ပုံကလည်း မြန်ဆန်လာမယ်... အနာဂတ် ကျင့်ကြံရင်လည်း ချောမွေ့လာမယ်...ပြန်မွေးဖွားလာပြီ ဆိုမှတော့ နောက်ထပ် အမှတ်တွေကို ထိုးဖောက်ရမယ်...ဒဏ္ဍာရီထဲက အမှတ်၃၆ကိုတော့ မတွေးရဲပါဘူး အနည်းဆုံး အရင်ဘဝကထက် ပိုပြီးတော့ပေါ့!"
အမှတ်၁၅ခုထက် ပိုဖွင့်ခြင်းသည် ခွန်အားကို တိုးလာစေမည် မဟုတ်သော်လည်း ၎င်းသည် အနာဂတ် ကျင့်ကြံမှုအတွက် များစွာအထောက်အကူဖြစ်စေမည်။
၎င်းသည် သင့်အား ပိုမိုလျင်မြန်စေပြီး ဉာဏ်အလင်းရရှိစေမည် ဖြစ်သောကြောင့် မည်သို့ပင်ဖြစ်ပါစေ ၎င်းကို တတ်နိုင်သမျှ ဖွင့်ကြည့်ကြသည်။
ရှပ်.....ရှပ်.....
သူတွေးနေစဉ်မှာပင် သူ့နားထဲတွင် ခြေသံအနည်းငယ် ထွက်လာပြီး လုရွှမ် မျက်မှောင်ကြုတ်ကာ ရပ်တန့်သွားသည်။
"ဘယ်သူလဲ?" မျက်ခုံးပင့်ကာ လှည့်ကြည့်လိုက်သည်။
"ဟားဟား မင်းကိုသတ်ချင်နေတဲ့ လူပဲ!"
"အထူးသဖြင့် မင်းရဲ့ နေဝင်ချိန်ကို ပို့ပေးမယ့်သူ!!"
အေးစက်သော အသံနှစ်ခု ဆက်တိုက် ထွက်ပေါ်လာပြီး နောက်မှ ရုပ်ပုံနှစ်ပုံသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
"သံလက်နတ်ဆိုး...ကျင်းကျန့်ဝမ်း မင်းတို့ ဘာမှမဖြစ်ဘူး?"
လုရွှမ်သည် ထိုလူနှစ်ယောက် လမ်းလျှောက်လာသည်ကို မြင်သောအခါ အံ့ဩသွားသည်။
ဝေ့ချန်ဆီက လိုက်ဖမ်းခံရတဲ့ သံလက်နတ်ဆိုးနဲ့ ကျင်းကျန့်ဝမ်းပင်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးကို လှမ်းကြည့်လိုက်ရာ မျက်နှာများသည် အေးစက်စက် အငွေ့အသက်များ ပြည့်နေပြီး သူ့အသားကို စားပစ်ချင်နေပုံ ပေါ်၏။
သူတို့အမြင်အရ ဝေ့ချန်က သူ့ကို လိုက်သတ်ရတဲ့ အကြောင်းရင်းက ဒီလူငယ်လေးကြောင့်ပဲ။ သူတို့ ဘယ်လိုလုပ် မမုန်းဘဲနေမှာလဲ?
ဝေ့ချန်ကို အနိုင်မယူနိုင်ခဲ့လို့ သူတို့အမုန်းတွေကို သူ့ဆီ လွှဲချလိုက်တာပဲပေါ့
"မင်းတို့က ဆန့်ကျင်ဖက် လုပ်နေတာတောင် ဝေ့ချန်က နောက်ဆုံးတော့ မင်းတို့ကို လွတ်မြောက်ခွင့် ပေးလိုက်တယ်ပေါ့" လုရွှမ် အမြန်စဥ်းစားလိုက်သည်။
သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ချိုင့်ဝှမ်းထဲသို့ လမ်းလျှောက်လာခဲ့ပြီး သူတွေ့ခဲ့သော သားရဲများသည် ပို၍ အားကောင်းလာသည်။ သူတို့နှစ်ဦး ဤနေရာ၌ ပေါ်လာတာက သူတို့၏ ကိုယ်ခံပညာ လေ့ကျင့်မှုနှင့် မတူညီသော ရည်ရွယ်ချက်တစ်ခု ရှိနေသည်မှာ သိသာထင်ရှားလှသည်။
ဝေ့ချန်ဆီက လွတ်တာနဲ့ ဒီကိုပြေးလာကြပုံပင်။
ဤနေရာ၌ ဝူအဆင့် သားရဲကောင် များစွာရှိသောကြောင့် ဝေ့ချန်သည် ဖိရွှယ်နယ်ပယ်က သန်မာသူတစ်ဦး ဖြစ်သော်လည်း ၎င်းတို့နောက်ကို မလိုက်ဝံ့သေးပေ။
"မင်းက ဉာဏ်ကောင်းသားပဲ... ဒါပေမယ့် ဒီလို ဉာဏ်ပညာကို မသုံးနိုင်တော့ဘူး ဒီနေ့က မင်းရဲ့ သေတဲ့နေ့ပဲ!"
"အကောင်ငယ်လေး ငါမင်းကို မကြိုက်တာကြာပြီ။ ဒီမှာတွေ့ရတာ ကောင်းကင်ရဲ့ အကူအညီပဲပေါ့!"
သံနတ်လက်ဆိုးနှင့် ကျင်းကျန့်ဝမ်းသည် လုရွှမ်ကို တစ်ချိန်တည်း လှောင်ပြောင်ကြလေသည်။
လက်ရှိအချိန်မှာ သူတို့ရဲ့ အဝတ်အစားတွေက စုတ်ပြဲနေပြီး သူတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း သွေးစွန်းထင်းနေပေမယ့် သူတို့ရဲ့ စွမ်းအင်က အရင်ကထက် ပိုပြင်းထန်လာသည်။
"ကြည့်ရတာ မင်းရဲ့ ခွန်အားတွေ အများကြီး တိုးလာပုံပဲ....မင်း ဒီလောက် ယုံကြည်မှု ရှိနေတာ မဆန်းပါဘူး!"
တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ ခြောက်ရက်လောက်ရှိတော့ သူတို့နှစ်ယောက် ဘာတွေ တွေ့ကြုံခဲ့ရလဲ မသိလိုက်။ သူတို့ရဲ့ ခွန်အားက ပိုအားကောင်းလာသည်။
အထူးသဖြင့် တစ်ကိုယ်လုံး ခွန်အားပြည့်နေတဲ့ သံလက်နတ်ဆိုးပင်။ နန်းတော်ပင်လယ် နယ်ပယ်၏ အဆင့်များကိုဖြတ်၍ ဖိရွှယ်နယ်ပယ်သို့ ရောက်ရှိခဲ့သည်။
ဖိရွှယ်နယ်ပယ်၏ အစောပိုင်းအဆင့်သာ ရှိသော်လည်း သူ၏ခွန်အားသည် မြေကြီးကိုပင် တုန်ခါစေနိုင်လောက်၏။
ကျင်းကျန့်ဝမ်းသည်ပင်လျှင် ခွန်အားများစွာရှိပြီး နန်းတော်ပင်လယ် နယ်ပယ်၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိခဲ့သည်။
"ဟုတ်တယ်... မင်းရဲ့အမြင်အာရုံက ကောင်းသားပဲ...မင်းကြောင့်သာ မဟုတ်ရင် ငါတို့ဘယ်လိုလုပ် ဒီလောက်မြန်မြန်နဲ့ တိုးတက်လာပါ့မလဲ? ပြောရမယ်ဆိုရင် ငါတို့က မင်းကိုတောင် ကျေးဇူးတင်ရဦးမယ်..." သံလက်နတ်ဆိုးက ကျေနပ်မှုအပြည့်ဖြင့် ဆက်ပြော၏။
"အဲတော့ ကောင်းတာပေါ့....တိုးတက်လာတဲ့ စွမ်းအားတွေနဲ့ မင်းကို ကျေးဇူးဆပ်ပေးမယ်လေ..."
"သားရဲလေး....မင်းမရဏပြည်ကို ရောက်တဲ့အခါ ငါတို့ကို အပြစ်မတင်နဲ့... မင်း အပြစ်တင်ချင်ရင် တခြားသူတွေရဲ့ စီးပွားရေးမှာ ဝင်စွက်ဖက်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်တော့....စွမ်းအင်ကဖြင့် မသန်မာဘဲနဲ့ ဟန်ဆောင်နေသေးတယ်"
ကျင်းကျန့်ဝမ်းက ကျယ်လောင်စွာ လှောင်တော့သည်။