← Chapters

တိတ်ဆိတ်ခြင်းမြက်

Vol. 6 Ch. 79

တိတ်ဆိတ်ခြင်းမြက်

Vol. 6 Ch. 79

ဗုန်း

ကျင်းကျန့်ဝမ်းသည် ရှေ့ဦးစွာ ပြေးသွားကာ လက်ကောက်ဝတ်ကို မြှောက်ကာ ရွှေရောင်တုတ်ဖြင့် ရိုက်ချလိုက်သည်။

"ထိပ်တန်း မှော်လက်နက်လား?"

လုရွှမ်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အားကောင်းသော ထိုးနှက်ချက်ကို ရှောင်လိုက်ပြီး တစ်ဖက်လူ၏ ရွှေတုတ်အဆင့်ကိုလည်း တွေ့လိုက်ရသည်။

ထိပ်တန်းအဆင့် မှော်ကိရိယာ။

လေ့ကျင့်မှုများကဲ့သို့ မှော်ရတနာများကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ သာမန်၊ ဝိညာဥ်၊ ဧကရာဇ်၊ သူတော်စင်နှင့် နတ်ဘုရားအဆင့်တို့ကို အဆင့်နိမ့်၊ အလယ်တန်း၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ ခွဲခြားထားသည်။

ကျန်းဝူအင်ပါယာလို နေရာမျိုးမှာ သာမန်အဆင့်ထက် ပိုလျှင် ထိပ်တန်း မှော်လက်နက် အစစ်အမှန်ပါပဲ။ ဒီလောက် နာမည်ကောင်း ရခဲ့တာ အံ့သြစရာ မရှိပါဘူး။ ဒီအရာ တစ်ခုတည်းကတင် လူတော်တော်များများကို ထွက်ပြေး သွားစေနိုင်တယ်လေ။

သို့သော် လုရွှမ်သည် သာမန်လူမဟုတ်ပေ။ မှော်လက်နက်သည် မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းသည် ခန္ဓာကိုယ်ကို မထိမှန်နိုင်လျှင် သက်ရောက်မှုရှိမည် မဟုတ်။

နှစ်ယောက်စလုံးဟာ နန်းတော်ပင်လယ် နယ်ပယ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ အောင်မြင်ထားကြကာ သူ့ရဲ့ ခွန်အားဟာ ကျင်းကျန့်ဝမ်းထက် အများကြီး အားကောင်းလို့ နှစ်ယောက်သားက တူညီတဲ့ အဆင့်မှာ မရှိကြပါ။

ပြိုင်ဘက်၏ လှုပ်ရှားမှုနှင့် ခွန်အားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် လုရွှမ်သည် သူ့ညာလက်၏ လက်ငါးချောင်းကို တပြိုင်နက်တည်း ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ တိုးသွားသည်။

နဂါးဆင်ရွှေလက်ဝါးကို အသုံးပြုရန်ပင် စိတ်မထိန်းနိုင်တော့ပေ။

ဗုန်း!

ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ လက်သီးချက်ဖြင့် ဖြစ်ပေါ်လာသော လေအဟုန်သည် ပြိုင်ဘက်၏ ရင်ဘတ်ဆီသို့ တည့်တည့်တိုးဝင်သွားသည်။

"ဘာ?"

ကျင်းကျန့်ဝမ်းသည် သူ့ရှေ့မှ လူငယ်သည် ဤမျှလောက် အစွမ်းထက်မည်ဟု မမျှော်လင့်ထားချေ။ လုရွှမ်ရဲ့ လက်ဝါးက တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးထဲမှ ရွှေလှံတံကို ဖမ်းဆုပ်ထားလိုက်သည်။

လုရွှမ်၏ ခွန်အားကို သူ့လို နည်းပါးတဲ့ အစွမ်းသတ္တိရှိသူက မည်သို့ တားဆီးနိုင်မည်နည်း?

ဗုန်း!

လက်သီးချက်က ရင်ဘတ်ကို ထိမှန်ပြီး ပေါက်ကွဲသံကြီးတစ်ခု ဖြစ်သွားသည်။

လှုပ်ရှားမှုတစ်ခုရဲ့ ရလဒ်က ထွက်လာတဲ့အခါ မြင်ကွင်းထဲကလူဟာ အသက်မရှူတော့ချေ။

လူများစွာအတွက်တော့ လုရွှမ်သည် အရေးတယူလုပ်ပြီး သတ်ရန် မထိုက်တန်ဟု ခံစားခဲ့ရသော်လည်း သူ့ကိုသတ်ချင်သူများကိုတော့ သနားညှာတာမည် မဟုတ်ပေ။

"နန်းတော်ပင်လယ် နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်....မင်းကတကယ်တော့ နန်းတော်ပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံတဲ့ အဆင့်ပဲ!"

တစ်ဖက်ရှိ သံလက်နတ်ဆိုးက အနိုင်အရှုံးဟာ ဒီလောက်မြန်မြန်နဲ့ ဆုံးဖြတ်သွားမယ်လို့ မမျှော်လင့်ထားလေရာ သူ့မျက်နှာက သိပ်မကြည့်ကောင်းတော့ဘဲ သံသယတွေ အပြည့်နဲ့

“မင်းရောက်လာတုန်းက မင်းဟာ အစောပိုင်းအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား? ပြီးပြည့်စုံတဲ့ အဆင့်အထိ မင်းက ဘယ်လိုလုပ် ရောက်သွားတာလဲ?"

"ဧကန္တ...."

ရုတ်တရက် သူ့စိတ်ထဲတွင် လှုံ့ဆော်မှုအလင်းတန်းများ ထွက်ပေါ်လာပြီး သံလက်နတ်ဆိုး တစ်ခုခုကို တွေးမိလိုက်ရာ သူ့မျက်လုံးထဲ ပြင်းထန်သော မီးတောက်တစ်ခု ပေါ်လာသည်။

"မင်းမှာ ဝိညာဥ်ခုနှစ်မျိုးမှို ရှိနေတာလား?...လတ်စသတ်တော့ ဝေ့ချန်နဲ့ တခြားသူတွေက ရှာနေကြတာ မင်းပဲကိုး!"

အရင်ကတော့ ဝေ့ချန်နဲ့ လုရွှမ်တို့ဟာ သူခိုးတစ်ကောင်ကို အတူတူ ရှာနေကြတာပဲလို့ ထင်ခဲ့ပေမယ့် သုံးရက်ဆက်တိုက် လိုက်အဖမ်း ခံရပြီးနောက်မှာတော့ ဒါဟာ လုံးဝမဟုတ်တော့ဘူးဆိုတာ သိလိုက်ရသည်။

ဝေ့ချန်လည်း ဝိညာဥ်ခုနှစ်မျိုးမှိုကို မရသေးလို့ပဲ ဖြစ်နိုင်သည်။ မဟုတ်ပါက ဒီလောက် ဇွဲကြီးကြီးနဲ့ လိုက်ဖမ်းနေစရာ မလိုအပ်ဘူး မဟုတ်လား?

ဤအခိုက်အတန့်တွင် သူသည် သံကြေးစားအဖွဲ့ကို အကြောင်းပြချက်မရှိဘဲ ကူညီနေသည့် သူ့ရှေ့မှ လူငယ်ကို တွေးမိပြီး သူ၏ ခွန်အားများ ဘာကြောင့် လျင်မြန်စွာ တိုးတက်လာကြောင်းကို သဘောပေါက်သွားသည်။

"မင်းမတုံးဘူးပဲ!"

တစ်ဖက်လူက ခန့်မှန်းတာကို လုရွှမ် ငြင်းဖို့ စိတ်မ၀င်စားပါဘူး။

ဘာပဲဖြစ်ဖြစ် ခဏကြာပြီးရင် အသတ်ခံရတော့မှာမို့ သိတာမသိတာက အသုံးမဝင်တော့ဘူးလေ။

"ဟားဟား ကောင်းကင်က ငါ့ကို ကူညီပေးနေတယာပဲ.... ခွေးကောင်...ဝိညာဥ်ခုနှစ်မျိုးမှို မင်းလက်ထဲမှာ ရှိတယ်မလား.. မြန်မြန် ထုတ်ပေးစမ်း! မင်းရဲ့ အသက်ကို နှမြောတယ်ဆိုရင်ပေါ့ မဟုတ်ရင် မင်းကို ငါ့ရဲ့သံလက်ကို မြည်းစမ်းခွင့်ပေးလိုက်မယ်"

သံလက်နတ်ဆိုးကြီးက ရှည်လျားစွာ အော်သံ ပေးလာသည်။

သူ၏ စိတ်လှုပ်ရှားနေသော အသွင်အပြင်က သူသည် ကျင်းကျန့်ဝမ်း သေလားရှင်လားကို လုံးဝ အလေးအနက် မထားသလို ဘဝ၏သေဆုံးခြင်းမှာ သက်ရောက်မှု လုံးဝမရှိသကဲ့သို့ ဖော်ပြလာသည်။

"နန်းတော်ပင်လယ် ပြည့်စုံခြင်းနယ်ပယ်....အဟား ဖိရွှယ်နယ်ပယ်နဲ့ ခြေတစ်လှမ်းပဲ ကွာတယ်ဆိုပေမယ့် ခြားနားတဲ့ ကမ္ဘာတစ်ခုလိုပဲကွ...မင်းနဲ့ငါ့ကြားမှာ ဘယ်လောက်တောင် ဝေးကွာနေမယ်လို့ ထင်လဲ?"

လူငယ်လေး၏ မျက်နှာကို မြင်လိုက်ရသဖြင့် စိတ်နှလုံး ခြိမ်းခြောက်မှု လုံးဝမရှိဘဲ သံလက်နတ်ဆိုးက ထပ်မံ လှောင်ပြောင်ကာ ရှည်လျားသော လက်တံဖြင့် ရိုက်ချလိုက်သည်။

ဗုန်း.....ဝုန်း....

"တကယ်တော့ ဒါကလည်း သေစေနိုင်တဲ့ ထိပ်တန်း မှော်လက်နက်ပဲ!"

ပြိုင်ဘက်ရဲ့ လက်ဝါးအားက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မြင်လိုက်ရတဲ့အခါ လုရွှမ် ခဏလောက် အေးခဲသွားသည်။

ဤသံလက်နတ်ဆိုးသည် ရက်စက်ကြမ်းကြုတ်၏။ သူ၏လက်များသည် အမှန်တကယ် သန့်စင်ထားသော လက်နက်များဖြစ်သည်။

ဆိုလိုသည်မှာ ဤလက်များသည် ၎င်းတို့၏ ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားမှလွဲ၍ ထိထိမိမိ အာရုံခံစားနိုင်ခြင်း မရှိပါ။

"ဖိရွှယ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်... သံလက် လက်နက်ကိရိယာလည်း ရှိတယ်.... ဒါဆို နောက်ဆုံးရလဒ်ကို ငါစမ်းကြည့်ရမယ်!"

ပြိုင်ဘက်၏ လက်ဖဝါးက တည့်တည့်လာနေပေမယ့် လုရွှမ်သည် မရှောင်တိမ်းဘဲ သူ့နှလုံးသားထဲတွင် စစ်မှန်သော စွမ်းအင်သည် နန်းတော်ပင်လယ်မှ ထိုးထွက်လာ၏။

သူ့တစ်ကိုယ်လုံး၏ သွေးကြောများကို ထိုးဖောက်ဝင်ရောက်ကာ ကြီးမားသော လေးကဲ့သို့ ဖြစ်သွားသည်။

ဗုန်း!

လေးကြိုးကိုညှိ၍ မြှားပစ်သလိုမျိုး လက်သီးသည် ပြိုင်ဘက်၏ လက်ဖဝါးကို တည့်တည့်ထိမှန်သည်။

"ဟားဟား ဒါမင်းဘာသာ သေကြောင်းရှာတာနော်"

ဤလူငယ်သည် သူ၏ကြီးကျယ်ခမ်းနားသော ဖိရွှယ်နယ်ပယ်က စွမ်းအားရှင်နဲ့ ယှဥ်ပြိုင်ရဲတာကြောင့် သံလက်နတ်ဆိုး၏ မျက်လုံးများထဲတွင် လှောင်ပြုံးများ ပြသလာ၏။

သူ၏ သံလက်တစ်စုံသည် သာမန်အဆင့်ရှိ မှော်ပညာ ထိပ်တန်းလက်နက်များ ဖြစ်ကြောင်း မပြောလိုပါ။

ဖိရွှယ်နယ်ပယ် တစ်ခုတည်း၏ ကနဦးအဆင့်တွင် ခွန်အားသည် နန်းတော်ပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံတဲ့ အဆင့်ထက် အဆများစွာသန်အယပြီး ၎င်းတို့နှစ်ခုကြားရှိ အဆင့်ကွာခြားချက်မှာ ပြောင်းလဲ၍မရပေ။

ဗုန်း!

လက်သီးနှင့် လက်ဖဝါးများ ထိခတ်သောအခါ ဤလူငယ်သည် သူ့လက်ဖဝါးဖြင့် အသတ်ခံရမည်ဟု သံလက်နတ်ဆိုးမှ တွေးလိုက်သောအခါတွင် တစ်ဖက်သူ၏ လက်သီးထဲတွင် သမုဒ္ဒရာရေလှိုင်းကဲ့သို့ စွမ်းအားများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"ဒါ.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

သူ၏ စွမ်းအင်များသည် လျော့ပါးသွားရာ သူ့စိတ်ထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုတစ်ခု ပေါ်လာသည်။

ဤစစ်မှန်သော ဝိညာဥ်ချီမျိုးသည် နန်းတော်ပင်လယ် နယ်ပယ်က သန်မာသော လူတစ်ဦး ပိုင်ဆိုင်နိုင်သော အရာမဟုတ်ပေ။

ဝုန်း.....ဝုန်း....ဝုန်း....

ထိုအတွေးပေါ်လာသည်နှင့် တပြိုင်နက် ပြတ်သားသော အသံများ ဆက်တိုက်ကြားရပြီး ခိုင်မာလှသော သံလက်သည် အပိုင်းအစများ ကွဲအက်သွားကာ သူ့တစ်ကိုယ်လုံး အရုပ်ကဲ့သို့ နောက်သို့ တည့်တည့် လွင့်သွားလေသည်။

"ဖူး.....!"

သွေးများ တဟုန်းဟုန်း ထွက်ကျလာသည်။ အားကောင်းပြီး ထူထဲသော ဝိညာဥ်ချီသည် အရှိန်အဟုန်ဖြင့် ဝင်လာကာ သူ၏ အတွင်းအင်္ဂါများနှင့် အရိုးများကို အမှုန့်ဖြစ်အောင် ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်သည်။

"မင်း...မင်း...မင်းမှာ ဘယ်လိုလုပ် ဒီလောက်အားကောင်းတဲ့ စစ်မှန်တဲ့ ချီစွမ်းအင်တွေ ရှိနေတာလဲ... မင်းက ဘယ်သူလဲ!"

သံလက်နတ်ဆိုးသည် ခေါင်းကို ငုံ့ကာ အသက်ရှုရပ်သွားသည်။

အဆုံးတွင် ဖိရွှယ်နယ်ပယ်က သန်မာသော လူတစ်ဦးဖြစ်တဲ့ သူသည် နန်းတော်ပင်လယ် ပြီးပြည့်စုံတဲ့ အဆင့်ရဲ့ ကလေးတစ်ယောက်လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ။ အလွန်ရိုးရှင်းပြီး စေ့စေ့စပ်စပ် ဖြစ်နေသည်ကို သူမယုံနိုင်ဖြစ်သွားခဲ့သည်။

"ဒီသံလက်နတ်ဆိုးက သာမန် ဖိရွှယ်နယ်ပယ်ပဲ ရှိသေးတယ်... သူနဲ့လိုက်ဖက်တဲ့ ကျင့်ကြံရေးနည်းလမ်း မရှိတော့ အဆင့်မတက်သေးဘူး မဟုတ်ရင်တော့ သတ်ဖို့လွယ်မှာ မဟုတ်ဘူး"

နှစ်ယောက်၏ အလောင်းကို ကြည့်လိုက်တော့ လုရွှမ်သည် ဂုဏ်ယူမဆုံး။

ဒါကမှ သူ့ရဲ့ အရူးဧကရာဇ် ပုံစံပင်။

သူတို့နှစ်ဦးကို အမြန်သတ်နိုင်ခြင်းက ပထမအဆင့် နန်းတော်ပင်လယ် စွမ်းအင်သည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဒုတိယအချက်မှာ သံလက်နတ်ဆိုးသည် အဆင့်မြင့်ပေမယ့် ၎င်း၏ကိုယ်ပိုင်ခွန်အားနှင့် အပြည့်အဝ လိုက်လျောညီထွေ မဖြစ်သေးသည့်အပြင် ကျင့်ကြံရေး နည်းလမ်းကလည်း မကောင်းချေ။

အကယ်၍ သူသည် မိသားစုကြီး တစ်ခုထဲက ဖိရွှယ်နယ်ပယ်ရှိ သန်မာသူတစ်ဦး ဖြစ်ခဲ့ပါက သတ်ရန် လွယ်ကူမည် မဟုတ်ပေ။

"သူတို့မှာ ဘာရှိလဲ ကြည့်ရအောင်!"

သူတို့နှစ်ဦးကို အဆုံးသတ်ပြီးနောက် လုရွှမ်သည် လမ်းလျှောက်သွားပြီး သူတို့ကိုယ်ပေါ်ကို ရှာဖွေခဲ့သည်။

"ဒီနှစ်ယောက်မှာ ဖန်းရှစ်ရဲ့ ရွှေကတ်ရှိနေမယ်လို့ မထင်ထားဘူး... ရွှေစ ၃သန်းကျော်လောက် ရှိတာပဲ!"

အမြန်လှန်ကြည့်ပြီးနောက် သူ့လက်ထဲတွင် ဖန်းရှစ်က အဆင့်မြင့် ရွှေကတ်နှစ်ကတ် ရှိနေသည်။

သံလက်နတ်ဆိုးနှင့် ကျင်းကျန့်ဝမ်းသည် သာမန်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ၎င်းတို့သည် နာမည်ဆိုးနှင့် ဆိုးသွမ်းမှုများစွာကို ပြုလုပ်ခဲ့ကြသည်။ နှစ်များစွာအတွင်း ရွှေစများစွာကို လုယက်ခဲ့ကြသည်။

စုစုပေါင်း သုံးသန်းကျော်မို့ သူခဏတာ သုံးဖို့ လုံလောက်ပါ၏။

"ဒါကဘာလဲ?"

သူသည် ရှာတွေ့ထားတဲ့ ရွှေကတ်ပြားကို ခဏလှန်လိုက်ပြီး သံလက်နတ်ဆိုးထံမှ လက်ဖဝါးအရွယ် ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်သည်။

ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်တော့ ပါးလွှာတဲ့ ဆေးပင်တွေ ရှိနေ၏။

"တိတ်ဆိတ်ခြင်းမြက်....ဒီလိုကောင်းတဲ့ ပစ္စည်းတောင် ရှိတယ်လား?"

ကြည့်လိုက်ပြီးနောက် လုရွှမ်၏ မျက်လုံးများသည် မကူညီနိုင်ဘဲ တောက်ပလာ၏။

ကျင့်ရှီးမြက် = တိတ်ဆိတ်ခြင်းမြက်

All Chapters