ဖိရွှယ်နယ်ပယ် အထွတ်အထိပ်
Vol. 6 Ch. 80
ကျင့်ရှီး (တိတ်ဆိတ်ခြင်း)မြက်သည် ကောင်းကင်နှင့်မြေကြီး၏ အစွမ်းသတ္တိဖြင့် မွေးဖွားသော အထူးဆေးဖက်ဝင် ပစ္စည်းဖြစ်ပြီး ကျင့်ရှီးဆေးလုံးကို သန့်စင်ရန်အတွက် အဓိကပါဝင်ပစ္စည်း ဖြစ်သည်။
တခြားသူတွေနဲ့ တိုက်ခိုက်တာကို တစ်ချက်ချောင်းကြည့်တဲ့အခါ ကိုယ့်ရဲ့ဝှက်ဖဲကို တခြားသူတွေရှေ့မှာ ချပြတာနဲ့ အတူတူပဲ ဖြစ်သည်။ ကျင့်ရှီးဆေးကတော့ မတူချေ။
ဆေးသောက်ထားတဲ့လူက မိမိ၏ အသက်ရှူသံကို ဖုံးကွယ်ထားနိုင်ပြီး တစ်ဖက်က ကျင့်ကြံမှု အရမ်းမမြင့်သရွေ့ လုံးဝ မြင်နိုင်မှာ မဟုတ်ချေ။
ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်ခြင်းက တခြားသူတွေရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကနေ ရှောင်ရှားနိုင်သော ရတနာတစ်ခုလည်း ဖြစ်ပေသည်။
မူလဂိုဏ်းကြီး ခြောက်ဂိုဏ်းမှာတောင် ဒီအရာက ရှာမတွေ့နိုင်တဲ့ ရှားပါးရတနာ တစ်ခုဖြစ်သည်။ ဒီလိုနေရာမှာ တွေ့နိုင်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
"ဒီသံလက်နတ်ဆိုးက ဒီအရာကို ရထားပေမယ့် အသုံးဝင်ပုံကို သူမသိတာလား ဒါမှမဟုတ် ကျင့်ရှီးဆေးကို သန့်စင်ပေးနိုင်တဲ့ ဘယ်သူကိုမှ လုံးဝ ရှာမတွေ့ခဲ့တာလား... အဲဒါကြောင့် ဒီပစ္စည်းကို သူ့ခန္ဓာကိုယ်မှာ သိမ်းထားပြီး အသုံးမပြုခဲ့တာပေါ့..."
သူ့လက်ဖဝါးပေါ်က ကောင်းကောင်း ထိန်းသိမ်းထားတဲ့ ကျင့်ရှီးမြက်ကို မြင်လိုက်ရတော့ လုရွှမ် တိတ်တဆိတ် ဝမ်းသာသွားသည်။
ဒီမြက်ရဲ့တန်ဖိုးကို ရွှေစသန်းပေါင်းများစွာနဲ့ ဝယ်လို့ မရဘူး။ ဒီသံလက်နတ်ဆိုးက အဲဒါကို မသိတာမဟုတ်ရင် ဟိုးအရင်ကတည်းက အသုံးပြုခဲ့လိမ့်မည်။
"ကျင့်ရှီးဆေးက အဆင့်၅ မှော်ဆေးလုံးပဲ....ငါ့ရဲ့လက်ရှိ ဝိညာဥ်စွမ်းအားနဲ့ဆို သူ့ကိုသန့်စင်လို့ မဖြစ်သေးဘူး... ဖိရွှယ်နယ်ပယ်က ဝိညာဥ်စွမ်းအား အမှတ်တွေကို ဖွင့်နိုင်ရင်တော့ ဖြစ်နိုင်တယ်"
ကျင့်ရှီးမြက် ရှိမှတော့ သဘာဝကျကျ ကျင့်ရှီးဆေးကို သန့်စင်ရတော့မှာပေါ့။
"ဒါပေမဲ့ ငါ တခြားဆေးဖက်ဝင် ပစ္စည်းတွေကို အရင်ရှာရမယ်!"
ဆေးဖက်ဝင် ပစ္စည်းများနှင့် အဆင့်မြင့် ရွှေကတ်ကို ကျောက်စိမ်းပြားထဲ ထည့်လိုက်ပြီး လုရွှမ် သူ့လက်ကို မြှောက်၍ ၎င်းတို့နှစ်ဦး၏ အလောင်းများကို မြှုပ်နှံလိုက်သည်။
တစ်ဖက်က သူ့ကိုသတ်ချင်ခဲ့ပေမယ့် သူတို့ကသာ လူသတ်နှုတ်ပိတ်ခံလိုက်ရသည်။ သူကတော့ လူသေအလောင်းတွေကို တောထဲမှာ စွန့်ပစ်တတ်တဲ့ အလေ့အထ မရှိသေးချေ။
"စွမ်းအင်တွေ စုစည်းပြီး ဖိရွှယ်နယ်ပယ်ကို ထိုးဖောက်ရအောင်!"
အလောင်းနှစ်လောင်းကို စွန့်ပစ်ပြီးနောက် လုရွှမ်သည် ဖိရွှယ်နယ်ပယ်ကို ထိုးဖောက်ရမည့် အချိန်ရောက်ပြီဟု သိလိုက်သည်။
ဖိရွှယ်။ ဖိရွှယ်နယ်ပယ်ကို စတင်ခြင်းသည် ဝူအဆင့်၅ကို စတင်လိုက်ခြင်းသာ ဖြစ်ပေသည်။ ဤအစွမ်းသတ္တိမျိုးသည် ကျန်းဝူ အင်ပါယာတွင် တကယ့်အသက် စွမ်းအင်အဖြစ် မှတ်ယူနိုင်၏။
ဟူ.....
ကျောက်စိမ်းပြားထဲ ပြန်ဝင်လိုက်ပြီး ခြေ၂လှမ်း လှမ်းလိုက်ကာ ဝိညာဥ်ခုနှစ်မျိုးမှိုရှေ့ကို သွားလိုက်သည်။
"ဒီအရာရဲ့ အရေးကြီးဆုံး အသုံးဝင်ပုံက လူတွေရဲ့ တွေးခေါ်မှုကို ချဲ့ထွင်ပေးနိုင်တဲ့ အရောင်အသွေး ခုနှစ်မျိုးရှိတဲ့ နှလုံးသားပဲ....လူတွေရဲ့ ကောင်းမွန်တဲ့ နှလုံးသားနဲ့ လျင်မြန်တဲ့ စိတ်ကို ဖြစ်စေဖို့... လူတွေဖွင့်ဖို့ အလားအလာများတဲ့ အမှတ်က [နှလုံးလမ်းကြောင်းအမှတ်]ပဲ"
လက်လှမ်း၍ ဝိညာဥ်အပင်မှ လုံးဝန်းသော မှိုပွင့်တစ်ခုကို ယူလိုက်သည်။
ဤအရာသည် လက်ရာမြောက်နှလုံးသား၏ နှလုံးလမ်းကြောင်း အမှတ်ကို ဖွင့်တဲ့အခါ အရေးအကြီးဆုံး ပစ္စည်းဖြစ်၏။
စွမ်းအင်အမှတ် လမ်းစဥ်တွင် ကျင်ကြံမှုအမှတ်နှင့် အရန်အမှတ်ဟူ၍ ပိုင်းခြားထားသည်။ ကျင့်ကြံမှုအမှတ်သည် အမှတ်၁၅အထိ ခွန်အားကို စဥ်ဆက်မပြတ် မြှင့်တင်ပေးနိုင်သည်။
အရန်အမှတ်များသည် ကျင့်ကြံမှုကို မြှင်တင်ပေးခြင်း မရှိသော်လည်း ကောင်းကျိုးများစွာကို သယ်ဆောင်လာနိုင်၏။
ဥပမာအားဖြင့် ဤနှလုံးလမ်းကြောင်း အမှတ်ကို ဖွင့်ပြီးသည်နှင့် လူတို့အား ဉာဏ်ထက်မြတ်စေပြီး တွေးခေါ်မှုကို ချဲ့ထွင်စေနိုင်သည်။
"နှလုံးလမ်းကြောင်းအမှတ်.... လူ့ခန္ဓာကိုယ်ထဲက ဖွင့်ဖို့ခက်တဲ့ အရန်အမှတ်တွေထဲက တစ်ခုပဲ...ငါအရင်ဘဝတုန်းက မအောင်မြင်ခဲ့ဘူး ဒီတစ်ခါတော့ အောင်မြင်မလား စမ်းကြည့်ရမယ်..."
အသက်ပြင်းပြင်းရှူရင်း လုရွှမ် သူ့စိတ်တွေ တည်ငြိမ်သွားအောင် ပြုလုပ်လိုက်သည်။
နှလုံးလမ်းကြောင်း အမှတ်သည် အလွန်အရေးကြီးသည်။ မရေမတွက်နိုင်သော လူများက ၎င်းကို ဖွင့်ချင်ကြသော်လည်း အောင်မြင်ရန် မလွယ်ကူချေ။
ယခင်ဘဝက ၎င်းကို မအောင်မြင်ခဲ့လျှင်ပင် ယခုတစ်ကြိမ်တွင် သူသည် ဝိညာဥ်ခုနှစ်မျိုးမှိုကို မတော်တဆ ရခဲ့တာကြောင့် သူ့အရင်ဘဝက မလုပ်ဖူးတဲ့ အရာတစ်ခုကို ပြီးမြောက်ဖို့ အခွင့်အရေး ရှိလာပြီ။
မကြာခင်မှာပဲ သူ့စိတ်တွေ ငြိမ်သက်သွားပြီး သူ့မျက်နှာမှာ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ မရှိတော့ပေ။
မတိုင်ခင်က ခူးယူထားတဲ့ ဝိညာဥ်အသီးကို လုရွှမ် သူ့ပါးစပ်ထဲ တိတ်တဆိတ် ထည့်လိုက်သည်။
မကြာခင်မှာပဲ ဆေးရဲ့အာနိသင်က စတင်လာတဲ့အခါ သူ့ရဲ့ တွေးခေါ်မှု တစ်ခုလုံး မြန်လာပြီး သူ့ရဲ့ စွမ်းအားတွေ အရမ်းတိုးလာ၏။
လုရွှမ်သည် ဤဆေး၏ အကျိုးသက်ရောက်မှုကို အချိန်ကန့်သတ်ချက် ရှိသည်ကို သိထားတာကြောင့် မရပ်တန့်ဝံ့ဘဲ သူ၏ စိတ်စွမ်းအားကို အာရုံစူးစိုက်ကာ သူ၏ယခင်ဘဝက မှတ်သားထားတဲ့ မှတ်တမ်းများကို ဂရုတစိုက် ပြန်စဥ်းစားမိသည်။
ကျင့်ကြံမှု အမှတ်များကိုသာ ပုံသေသတ်မှတ်ထားသော်လည်း အရန်အမှတ်များသည် မည်မျှပင် သန်မာသည်ဖြစ်စေ အတိုင်းအတာ တစ်ခုအထိသာ ဆုံးဖြတ်နိုင်သည်။
ဤအခြေအနေသည် မူလအမှတ်နှင့် ဆင်တူသောကြောင့် ဖွင့်ရန်ခက်ခဲသည်။
သူ့မှတ်ဉာဏ်တွင် နှလုံးလမ်းကြောင်း အမှတ်သည် နှလုံးအနီးတွင် တည်ရှိပြီး မည်သည့်နေရာတွင် ရှိသည်ကိုတော့ သူလည်းပဲ အတိအကျ မသိပါ။
"နှလုံးသားတစ်ဝိုက်မှာ သံသယ ဖြစ်စရာနေရာ ၈၃နေရာရှိတယ်...ငါရှာမတွေ့ဘူး ဆိုတာတော့ မယုံဘူး!"
တည်နေရာ အတိအကျကို သူမသိသော်လည်း နှလုံးပတ်ပတ်လည်တွင် အပ်စိုက်သည့်နေရာများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို အတိအကျ သိထားသည်။
သူသည် ဤအပ်စိုက်ကုထုံး အမှတ်များကို သူ့စိတ်ထဲတွင် အမြန်စစ်ထုတ်ပြီး သံသယဖြစ်ဖွယ်နေရာ ၈၃ ခုကို ရွေးချယ်ခဲ့သည်။
"အမှတ်ကိုဖွင့်ဖို့ စစ်မှန်တဲ့ စွမ်းအင်ကို သေးငယ်တဲ့ အပ်ကလေးတွေအဖြစ် ပေါင်းစည်းဖို့လိုတယ်....ဆိုတော့ ဝိညာဥ်စွမ်းအားရဲ့ အကူအညီ လိုတယ်..."
စိတ်ဝိညာဉ်သည် အလွန် အာရုံစူးစိုက်နေပြီး အတွေး တစ်ခုစီတိုင်းသည် လုရွှမ်၏စိတ်ထဲတွင် လည်ပတ်နေသည်။
လက်ရာမြောက် နှလုံးသားသည် တကယ်ကို အစွမ်းထက်သည်ဟု ဆိုရပေမည်။ ဤအရာကြောင့်သာ မဟုတ်ပါက သူ့အတွက် လျင်မြန်စွာ တွေးတောရန် မဖြစ်နိုင်သလို ရှင်းရှင်းလင်းလင်း တွေးတောရန်လည်း မဖြစ်နိုင်ပေ။
"စပြီး စမ်းသပ်ကြည့်ရအောင်...."
စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်သည် သေးငယ်သော ဆေးထိုးအပ်များအဖြစ် ပေါင်းစပ်သွားပြီး လုရွှမ် စတင်စမ်းသပ်လိုက်သည်။
တစ်ကြိမ်! နှစ်ကြိမ်! သုံးကြိမ်……
ဘယ်လောက် ကြာသွားလဲ မသိ။
ဗုန်း!
ခဏကြာတော့ တစ်ကိုယ်လုံး အေးမြသော ခံစားမှုတစ်ခုက ဖြတ်သန်း ဆင်းသက်လာပြီး လုရွှမ်၏ မျက်လုံးများသည် ချက်ချင်းပင် အလင်းရောင်များ ထွက်လာသည်။
"အောင်မြင်ပြီ....နှလုံးလမ်းကြောင်း အမှတ်ကို ဖွင့်နိုင်သွားပြီ"
ကျယ်လောင်သော ရယ်သံနှင့်အတူ လုရွှမ်သည် စိတ်လှုပ်ရှားစွာ ထခုန်လုနီးပါးပင် ဖြစ်သွားသည်။
မူလက စမ်းသပ်ချက် တစ်ခုမျှသာ ဖြစ်ပြီး မျှော်လင့်ချက်များစွာ ထားခဲ့ခြင်း မရှိခဲ့ပေ။အောင်မြင်မည်ဟုလည်း တစ်ခါမှ မတွေးခဲ့ဖူးချေ။
လက်ရာမြောက်နှလုံးသား သို့မဟုတ် ဝိညာဥ်ခုနှစ်မျိုးမှို မရှိလျှင် အောင်မြင်နိုင်ခြေမှာ အလွန်နည်းပါးနေသေးသည်။ စစ်မှန်သော ဝိညာဥ်ချီ နှင့် စိတ်ဝိညာဉ် စွမ်းအား၏ အစွမ်းထက် ထိန်းချုပ်မှုရှိလျှင် ဤအရာကို ပြုလုပ်ရန် မဖြစ်နိုင်တာတော့ မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်ဘဝက မလုပ်ခဲ့ဖူးသော အရာတစ်ခုကို အောင်မြင်ပြီး ပြီးမြောက်ခဲ့သည်။
"ပထမတစ်ချက် အောင်မြင်ပြီ!"
နှလုံးလမ်းကြောင်း အမှတ် ပွင့်သွားသည်နှင့် လုရွှမ်သည် ရုတ်တရက် သူ့စိတ်တွေ ကြည်လင်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ဝိညာဉ်စွမ်းအားလည်း တိုးလာခဲ့သည်။
သူချက်ချင်းပြုံးပြီး ဆက်ထိုင်လိုက်သည်။
သုံးရက်အကြာတွင်
လုရွှမ်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
"နတ်စွမ်းအင် အမှတ်....နှလုံးလမ်းကြောင်း အမှတ်....နတ်မျက်စိအမှတ်..... သုံးရက်အတွင်းမှာ ကျင့်ကြံမှု ၁၁မှတ်နှင့် အရန်အမှတ် ၇မှတ်အပါအဝင် ကျင့်ကြံမှု ၁၈မှတ်ကို ဆက်တိုက်ဖွင့်နိုင်ခဲ့တယ်.... အဲ့တော့ ငါ့ရဲ့ကျင့်ကြံမှုက ဖိရွှယ်နယ်ပယ် အထွက်အထိပ်ကို ရောက်နေပြီပေါ့..."
မျက်နှာပေါ်တွင် ကျေနပ်နေသည့် အပြုံးတစ်ပွင့်ဖြင့်။
နှလုံးလမ်းကြောင်း အမှတ်ကို ဖွင့်လိုက်တာနဲ့ သူ့ရဲ့နောက်ဆက်တွဲ ကျင့်ကြံမှုဟာ ရေထဲက ငါးတစ်ကောင်လို ဖြစ်စေခဲ့ပြီး အမှတ်လမ်းကြောင်းကို ဖွင့်တဲ့အရှိန်က အရမ်းမြန်ခဲ့သည်။
သုံးရက်အတွင်းတွင် ကျင့်ကြံမှုအမှတ် ၁၈ခုကို ဆက်တိုက်ဖွင့်နိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အဓိက ကျင့်ကြံမှု အမှတ်က ၁၀အထိ ရှိလေသည်။
အမှတ်၁၀ခုကို ဖွင့်နိုင်ခြင်းသည် သူ၏ခွန်အားဟာ ဖိရွှယ်နယ်ပယ် အထွက်အထိပ်ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်သွားသည်။
ပြီးပြည့်စုံခြင်း အဆင့်ကိုရောက်ဖို့တော့ ခြေတစ်လှမ်းသာ လိုတော့သည်။
"အခု အဓိကအမှတ်တွေကို မဖွင့်သေးဘူး...အဓိကအမှတ် ၁၅ခုပြည့်သွားရင် အရန်အမှတ်တွေကို ဆက်ဖွင့်ဖို့ ခက်သွားလိမ့်မယ်... အရန်အမှတ်တွေဖွင့်ဖို့ အရင် နည်းလမ်းရှာရမယ် နောက်ဆုံးမှ အဓိကအမှတ် ၄ခုကို ဆက်တိုက် ထိုးဖောက်ရမယ်"
လုရွှမ်သည် သူ၏ကျင့်ကြံမှုကို တစ်ချက်တည်းဖြင့် ပြီးပြည့်စုံအောင် ထိုးဖောက်ဖို့ မရည်ရွယ်ထားပေ။
ထိုသို့လုပ်ဆောင်ခြင်းသည် အခြားအရန် အမှတ်များကို ဆက်လက် ဖွင့်လှစ်နိုင်ခွင့်အား ဆုံးရှုံးစေမည်သာ ဖြစ်ကြောင်း သူသိသောကြောင့် ဖြစ်သည်။
မှတ်တမ်းများအရ အရန်အမှတ် စုစုပေါင်း ၂၁ခု ရှိကာ ယခုသူသည် ၇ခုကိုသာ ဖွင့်ထားနိုင်သောကြောင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။
"ကျန်တဲ့ အရန်အမှတ်တွေက ဖွင့်ရ ပိုခက်လာတယ်... စစ်မှန်တဲ့ စွမ်းအင် ဒါမှမဟုတ် စိတ်စွမ်းအားကို ထိန်းချုပ်တာပဲဖြစ်ဖြစ် အဲဒါက စမ်းသပ်မှုကြီး တစ်ခုလိုတယ်... ဒီအချိန်မှာ ငါတံခါးပိတ် ကျင့်ကြံနေလို့ မရသေးဘူး....ကိစ္စနှစ်ခုကို လုပ်ရမယ်...တစ်ခုက နဂါးဆင်ရွှေလက်ဝါးရဲ့ အဆင့်၂ကို ချိုးဖောက်ရမယ် ဒီလိုမှ ဝိညာဥ်စွမ်းအင် ထိန်းချုပ်နိုင်စွမ်းက ပိုမြင့်လာပြီး အဓိကအမှတ်တွေဖွင့်ဖို့ လုံလောက်မှာ! ဒုတိယတစ်ခုက စိတ်စွမ်းအားကို ၀.၆အထိ မြင့်နိုင်အောင် နည်းလမ်းရှာရမယ် ဒါမှ အဆင့်၄ အဂ္ဂိရတ်ပညာရှင် ဖြစ်လာမယ်!!"
ဝိညာဥ်ခုနှစ်မျိုးမှို = လက်ရာမြောက်နှလုံးသား