← Chapters

ဝမ့်ဖုန်းချိုင့်ဝှမ်းမှထွက်ခွာခြင်း

Vol. 6 Ch. 81

ဝမ့်ဖုန်းချိုင့်ဝှမ်းမှထွက်ခွာခြင်း

Vol. 6 Ch. 81

အဂ္ဂိရတ်ပညာရှင်၏ ဝိညာဉ်စွမ်းအား အဆင့်တွင် ၀.၃သည် ပထမအဆင့် အဂ္ဂိရတ်ပညာရှင်၊ ၀.၄သည် ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး ၀.၆ သည် စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်သည်။

ကိန်းဂဏာန်းများ အနည်းငယ် ပြောင်းလဲသွားပုံရသော်လည်း လက်တွေ့တွင် အောင်မြင်ရန် အလွန်ခက်ခဲပါသည်။

ကျန်းဝူအင်ပါယာ တစ်ခုလုံးတွင် စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် ဖန်းရှစ်ပိုင်ရှင် ယွမ်ဟုန် တစ်ဦးတည်းသာ ရှိသည်ကို တွေ့မြင်နိုင်၏။

လုရွှမ်သည် လက်ရှိတွင် ဝိညာဉ်စွမ်းအား ၀.၄ရှိပြီး အခွင့်အလမ်းမရှိဘဲ အချိန်တိုအတွင်း ၀.၆သို့ တက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

"စိတ်ဝိညာဉ်စွမ်းအားကို အချိန်တိုအတွင်း ၀.၆ တိုးချင်ရင် ဝိညာဉ်စွမ်းအား အမှတ်ကိုဖွင့်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်!"

လုရွှမ်၏မျက်လုံးများ မှိတ်၍ သူ့စိတ်ထဲမှ

"ဒါပေမဲ့ ဝိညာဥ်စွမ်းအင်အမှတ်ကို ဖွင့်ဖို့ လုံလောက်တဲ့ ဝိညာဥ်စွမ်းအား ရှိဖို့လိုတယ်...ဒီခန္ဓာကိုယ်က ကွဲလွဲနေသေးတယ်"

ဝိညာဥ်စွမ်းအား အမှတ်ကို ဖွင့်လိုက်တာနဲ့ အချိန်တိုအတွင်းမှာ ဝိညာဉ်စွမ်းအားကို ခုန်ပျံကျော်လွှားနိုင်စေပေမယ့် ဒီအမှတ်ကို ဖွင့်ချင်ရင်တော့ သင့်မှာ ဝိညာဉ်စွမ်းအားကို အရင်ရှိထားသင့်သည်။

အသက်ရှိတဲ့ ကြက်ဥရှိမှ ကြက်တစ်ကောင် ပေါက်လာနိုင်သလိုပင်။

"ငါ့ရဲ့ဝိညာဉ်စွမ်းအားကို ဖြည်းဖြည်းချင်း မစွမ်းဆောင်ဘူးဆိုရင်တောင် ငါကောင်းကောင်း လေ့ကျင့်နေသရွေ့ တစ်နှစ်ပြီးရင် ၀.၆ကို ရောက်နိုင်တယ်!"

ဝိညာဉ်စွမ်းအားများ တိုးတက်စေရန် ဖြတ်လမ်းမရှိပါ။ ယခင်က အသုံးပြုခဲ့သော ကိုးမှတ် ဝိညာဥ်နည်းလမ်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အသုံးပြုပါက မဆိုးချေ။ ၎င်းကို အလွန်အကျွံသုံးပါက သူကိုယ်တိုင်ပင် ခံနိုင်မည်မဟုတ်တော့။

စိတ်စွမ်းအင် ၀.၄မှ ၀.၆သို့ မြှင့်တင်ထားပြီး တစ်နှစ်ထက်နည်းသော အချိန်အတွင်း အပြီးသတ်ရန် မဖြစ်နိုင်ပါ။

ပြီးတော့ ဒီအရှိန်က အလျင်မြန်ဆုံး ဖြစ်နေပြီ။ တခြားသူတွေဟာ သူက တစ်နှစ်အတွင်းမှာ ၀.၂အဆင့်တောင် မြင့်သွားတယ် ဆိုတာ သိရင် သူတို့သေချင်သွားမှာ သေချာ၏။

ထိုအရှိန်က အရမ်းမြန်ပေမယ့် လုရွှမ်အတွက်ကတော့ အရမ်း နှေးနေပါသေးသည်။

သူ့မှာ အဓိကအမှတ် ၁၁ မှတ်ဖွင့်ထားပြီးသား။ ဆက်မဖွင့်ခင် တစ်နှစ်လောက် စောင့်နိုင်ပါ့မလား?

ပြန်လည်မွေးဖွားလာတဲ့ အချိန်ကစလို့ လက်ရှိအချိန်အထိ သာမန်အဆင့်မှ ဝူအဆင့်၅ ဖိရွှယ်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိရန် တစ်လခန့်သာ အချိန်ယူခဲ့ရသည်။

တစ်နှစ်ကတော့ မစောင့်နိုင်တော့ဘူး!

"တကယ်ကို အဆင်မပြေဘူး... ဘာနည်းလမ်းကို သုံးရမလဲ!"

လုရွှမ် ရုတ်တရက် စဉ်းစားလိုက်သည်။

ဝိညာဥ်စွမ်းအား အမှတ်ကို ဖွင့်ရန် အကူအညီအဖြစ် ပြင်းထန်သော ဝိညာဉ်စွမ်းအား တစ်ခု လိုအပ်ပါသည်။ မှတ်တမ်းတွေအရ ဝိညာဥ်စွမ်းအား အလုံအလောက် မရှိပါက အောင်မြင်ရန် မဖြစ်နိုင်ပါ။

သို့သော် အထူးလျှို့ဝှက်နည်းလမ်းကို အသုံးပြုခြင်း သို့မဟုတ် အခြားသူများ၏ အကူအညီကို အားကိုးခြင်းဖြင့် တစ်ရှိန်ထိုး ဖြတ်ကျော်နိုင်သည် ။

"ဝိညာဉ်သုံးသွယ် စုဆောင်းခြင်းနည်းလမ်း"

ရုတ်တရက် နည်းလမ်း၏ အမည်ကို သတိရလာသည်။

ဝိညာဥ်သုံးသွယ် စုဆောင်းခြင်း နည်းလမ်းသည် ဂိုဏ်းခြောက်ခုရှိ ဝမ့်ရှင်းဂိုဏ်း၏ လျှို့ဝှက်နည်းလမ်း ဖြစ်သည်။

ဂိုဏ်းကြီးခြောက်ခုရှိ ရွှမ်ချင်းဂိုဏ်းသည် ကိုယ်ခံပညာတွင် အစွမ်းအထက်ဆုံး၊ ဆင်ချပ်ဝတ်ဂိုဏ်းသည် ရုပ်ခန္ဓာတွင် ပထမဖြစ်ပြီး ရုပ်သေးပင်လယ်ဂိုဏ်းသည် ရုပ်သေးသန့်စင်မှုနည်းပညာတွင် ပထမဖြစ်ပြီး ဤဝမ့်ရှင်းဂိုဏ်းသည် ဝိညာဉ်စွမ်းအား အကောင်းမွန်ဆုံး ဖြစ်သည်။

ဂိုဏ်းခြောက်ခုအနက် ဝိညာဥ်စွမ်းအင် ပထမဘွဲ့ကို ယူထားခြင်းသည် ချဲ့ကားခြင်း မဟုတ်ပေ။

စိတ်နှလုံးကို မေးခြင်း၊ ကောင်းကင်လမ်းကို မေးခြင်း၊ စိတ်ကို တည်ငြိမ်စေခြင်း၊ ဝိညာဉ်စွမ်းအားကို တည်ငြိမ်စေခြင်း။

ဝိညာဥ်သုံးသွယ် စုဆောင်းခြင်း နည်းလမ်းသည် ကျော်ကြားသော လျှို့ဝှက်စာအုပ်များထဲမှ တစ်ခုသာ ဖြစ်သည်။ ဤနည်းလမ်းကို အသုံးပြုရန်အတွက် ဝိညာဉ်စွမ်းအား ၀.၅အထက်ရှိသူ အနည်းဆုံး ၃ဦးကို ရှာဖွေပြီး တြိဂံဖွဲ့စည်းကာ ဝိညာဉ်စွမ်းအားကို ဖွင့်၍ ပံ့ပိုးပေးရန်လိုအပ်ပါသည်။

၎င်းတို့၏ အကူအညီဖြင့် အချိန်တိုအတွင်း ကိုယ်ပိုင် အသုံးပြုရန်အတွက် ဝိညာဉ်စွမ်းအားကို စုစည်းနိုင်သည်။

သို့သော် ချို့ယွင်းချက် တစ်ခုကတော့ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ထက် ကျော်လွန်တဲ့ ဝိညာဉ်စွမ်းအားတွေကို အတင်းအကြပ် စုပ်ယူခြင်းသည် တစ်ဖက်လူများကို ထိခိုက်စေဖို့ လွယ်ကူသည်။

ထို့အတူ စွမ်းအင်စုစည်းနေစဥ် နောက်ဆုတ်လိုက်လျှင်လည်း ငတုံးတစ်ယောက်လို ဖြစ်သွားနိုင်ပြန်သည်။

"ငါအန္တရာယ်ကို မကြောက်ဘူး အဓိကက ၀.၅ အထက်ရှိတဲ့ ဝိညာဉ်စွမ်းအား ၃ယောက်ကို ဘယ်မှာရှာရမလဲ?"

သူက အန္တရာယ်ကို ဘယ်တုန်းကမှ မကြောက်ဖူးပါ။ ၀.၅အထက် ဝိညာဉ်စွမ်းအား အတိုင်းအတာရှိသူ ၃ဦးကို ရှာတွေ့ဖို့က အရမ်းခက်ခဲလေ၏။

"ကြည့်ရတာ ငါဆရာကြီး ယွမ်ဟုန်ကို ဒုက္ခပေးနေရဦးမှာပဲ"

ကိစ္စတော့ မရှိပါ။ သူရှာမတွေ့ရင်တောင် ဖန်းရှစ်ကနေတော့ ရှာတွေ့နိုင်တယ်လေ။

စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် သူ၏ ဝိညာဉ်စွမ်းအားသည် သဘာဝအတိုင်း ၀.၆ သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် လူနှစ်ယောက်ကို ရှာတွေ့ရန်မှာ ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။

"ဒီလိုဆိုမှတော့....တုံ့ဆိုင်းမနေတော့ဘူး ကျန်းဝူမြို့ကို အရင်ပြန်သွားလိုက်မယ်"

ဒီလိုအချိန်မှာ စိတ်စွမ်းအင်တွေ တိုးမလာဘူးဆိုရင် ဆက်လေ့ကျင့်ဖို့ မရဲတော့ပါ။ ဒီမှာ အချိန်ဖြုန်းမယ့် အစား ကျန်းဝူမြို့ကို မြန်မြန်သွားလိုက်တာ ပိုကောင်းမယ် မဟုတ်ပါလား။

ထွက်လာတာ တစ်လခွဲနီးပါး ရှိပေမယ့် လေ့ကျင့်မှုတွေ တိုးတက်လာခဲ့သည်။ ထွက်လာတုန်းကတော့ နန်းတော်ပင်လယ် နယ်ပယ်ရဲ့ အစောပိုင်း အဆင့်မှာပဲ ရှိပေမယ့် အခု ဖိရွှယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။

ကျန်းဝူအကယ်ဒမီတွင် ဖိရွှယ်နယ်ပယ်ဆိုလျှင် အတွင်းစည်း ကျောင်းသားတစ်ဦး ဖြစ်နေပြီဖြစ်ပြီး ကျောင်းသားများကြားတွင် အထွတ်အထိပ်ဆုံး တည်ရှိမှု ဖြစ်လေသည်။

"နောက်ဆုံးတော့ မင်း အပြင်ထွက်တော့မယ်ပေါ့...ငါ့သေရည်နော် ငါ့သေရည်ကို လုံးဝမမေ့စေနဲ့.."

လုရွမ် ဝမ့်ဖုန်းချိုင့်ဝှမ်းမှ ထွက်ခွာတော့မည်ကို မြင်လိုက်ရသောအခါ ကျီးကန်းသည် ၎င်း၏ အတောင်ပံများကို စိတ်လှုပ်ရှားစွာ ခါလိုက်သည်။

သေရည်တောင်းတာ တစ်လခွဲကျော်ရှိပေမယ့် ဒီကောင်လေးက တစ်ခါမှ မယူခဲ့ဘူး။

"အင်း!"

လုရွှမ်သည် ကျောက်စိမ်းပြားထဲမှ လျှပ်တပြက်ခုန်ထွက်လာခဲ့ကာ သူလာရာလမ်းအတိုင်း ပြန်သွားခဲ့သည်။

ဖိရွှယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပြီမို့ ခွန်အားတွေလည်း ထပ်တိုးလာခဲ့ပြီ။

သာမန် တန်းလိနယ်ပယ်သည် စွမ်းအင်၅ခုဆိုလျှင် ပြည့်စုံပေမယ့် သူကတော့ စွမ်းအင်၉ခုအထိ ကျင့်ကြံထားသည်။

နန်းတော်ပင်လယ်၏ အစောပိုင်းအဆင့်တွင် စစ်မှန်သော ဝိညာဥ်ချီစွမ်းအင် ၁၀ကို သုံးနိုင်ပြီး အလယ်အလတ် အဆင့်တွင် ၂၀၊ နှောင်ပိုင်းအဆင့်တွင် ၃၀ ဖြစ်သည်။ ပြီးပြည့်စုံတဲ့ အဆင့်ရောက်ရင်တော့ နန်းတော်ပင်လယ် နယ်ပယ်စွမ်းအင်ကို ၅၀အထိ သုံးနိုင်၏။

အဆင့်၁ နန်းတော်ပင်လယ် နယ်ပယ်သည် သာမန်နန်းတော်ပင်လယ် နယ်ပယ်၏ အဆင့်၅နှင့် ကွာခြားမှု သိပ်မရှိသော်လည်း လုရွှမ်ကျင့်ကြံထားသော ယွမ်ယန်ကျင့်စဥ်က သူတော်စင် ကျင့်ကြံရေးနည်းလမ်း ကဲ့သို့ သာမန်လူများထက် စစ်မှန်တဲ့ ဝိညာဥ်ချီပိုများလေသည်။

နန်းတော်ပင်လယ် နယ်ပယ်၏ ပြီးပြည့်စုံမှုအဆင့်ကို ရောက်ရှိသွားသောအခါ သူ့စွမ်းအားသည် ၁၀၀နီးပါး ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း တွက်ချက်ထားနိုင်၏။

ဆိုလိုသည်မှာ ၎င်းသည် သာမန် နန်းတော်ပင်လယ် ပြီးပြည့်စုံခြင်း အဆင့်ထက် နှစ်ဆပို၍ ပြီးပြည့်စုံနေပါသည်။ ထို့ကြောင့် သံလက်နတ်ဆိုးကို ကိုယ်ခံပညာပင် မလိုအပ်ဘဲ အလွယ်တကူ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖိရွှယ်နယ်ပယ်မှာ အမှတ်တစ်ခုဖွင့်တိုင်း ခွန်အားက ၁၀တိုးလာမည်။ ဤအချက်သည် သာမန်ကျင့်ကြံမှုလေး တစ်ခုသာမို့ လုရွှမ်အတွက် များစွာပြောင်းလဲမှု မရှိချေ။

သူသည် ကျင့်ကြံမှုအတွက် အမှတ်၁၁ခုကို ဖွင့်ခဲ့ပြီး သူ၏ခွန်အားသည် ၁၁၀ တိုးလာသည်။ ဆိုလိုသည်မှာ သူသည် ယခုအခါတွင်ကြီးမားသော ခွန်အား ၂၁၀ရှိနေပြီ။

သာမန်ဖိရွှယ်နယ်ပယ်၏ အထွတ်အထိပ် အဆင့်သည် ခွန်အား၂၀၀ပဲ ရှိတာဖြစ်လို့ သူ၏ခွန်အားသည် အထွတ်အထိပ်ထက် ကျော်လွန်နေပြီလို့ ဆိုရမည်။

ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို သတ်ပြီး ဖိရွှယ်နယ်ပယ်ကို ထိုးဖောက်ခဲ့ပြီး ယခင်ဘဝက အတွေ့အကြုံတွေနဲ့ နဂါးဆင်ရွှေလက်ဝါးကို ပေါင်းစပ်လိုက်ရင် ဝူအဆင့်၆ သိုင်းပညာရှင်ကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ။

"နတ်စွမ်းအင်အမှတ်ကို ဖွင့်နိုင်ရင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေတိုးလာပြီး စစ်မှန်တဲ့ ဝိညာဥ်ချီကို အသုံးပြုနိုင်စွမ်းကလည်း တိုးလာလိမ့်မယ်...."

လုရွှမ်သည် သူ၏ကိုယ်ပိုင် စွမ်းအားကို ဝေဖန်ပိုင်းခြားနေ၏။

မှတ်တမ်းတွေအရ အမှတ်များကို ဖွင့်ပြီး ကျင့်ကြံမှု မတိုးတက်ပါက ခွန်အားတိုးလာမှုကလည်း အလွန်နည်းပါးလိမ့်မည်။ သို့သော် သူ၏ ပထမအဆင့် နန်းတော်ပင်လယ်သည် စစ်မှန်တဲ့ ဝိညာဥ်ချီ အဆုံးမရှိပေ။

ခွန်အားတိုးလာသည်နှင့် စွမ်းအင်သွေးကြောများသည် သဘာဝအတိုင်း ကျယ်ပြန့်လာမည် ဖြစ်သည်။ အချို့သော အတိုင်းအတာအထိ အဆင့်တက်လာနိုင်မည်။

နန်းတော်ပင်လယ် နယ်ပယ်၏ အရည်အသွေးသည် မြင့်မားသည်။ ကျင့်ကြံမှု၏ အစောပိုင်းအဆင့်တွင် စစ်မှန်သောစွမ်းအင် အရန်ပမာဏသည် များပြားနေပြီး အကျိုးသက်ရောက်မှုက မသိသာသော်လည်း နောက်ပိုင်းတွင် ကျင့်ကြံမှု အားကောင်းလေလေ အကျိုးသက်ရောက်လေလေဖြစ်သည်။

ထို့အတွက်ကြောင့် အသန်မာဆုံး ဖြစ်ချင်ပါက နန်းတော်ပင်လယ် နယ်ပယ်ရဲ့ အရည်အသွေးက မလုံလောက်ဘူးဆိုတာ မဖြစ်နိုင်ချေ။

"ကျင့်ကြံမှု ထပ်တိုးလာရင် အရှိန်ကလည်း အများကြီး တိုးလာနိုင်တယ်"

တစ်ရက် မပြည့်မီတွင် လုရွှမ်သည် ဝမ့်ဖုန်းချိုင့်ဝှမ်းမှ လမ်းလျှောက်ထွက်ကာ တောင်တန်းများထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

ဒါပေါ့ အရမ်းမြန်ရတဲ့ အကြောင်းရင်းက အရှိန်တိုးလာရုံ သာမက တစ်စိတ်တစ်ပိုင်း အနေနဲ့ ဖိရွှယ်နယ်ပယ်ကို ရောက်ပြီး သားရဲတွေကို ရှောင်တိမ်းဖို့ မလိုအပ်ဘဲ လေဟုန်စီး၍ လမ်းလျှောက်တဲ့အခါ အပိုအကွာအဝေးကို သက်သာစေတာကြောင့်ပဲ မဟုတ်ပါလား

All Chapters