← Chapters

အဆင့်မြင့်သုံးယောက်

Vol. 6 Ch. 85

အဆင့်မြင့်သုံးယောက်

Vol. 6 Ch. 85

"ဘယ်လိုလုပ် သူဖြစ်နေတာလဲ?"

"သွားပြီ... အကြီးတန်းရဲ့ ထိပ်တန်း စီနီယာငါးယောက်ထဲက နန်းတော်ပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံအဆင့် သန်မာတဲ့လူပဲ!"

ဝင်လာသူကို မြင်တော့ ရန်းလင်နဲ့ ယွမ်ချောင်တို့ လန့်သွားပြီး သူတို့ရဲ့ အမူအရာတွေ ပြောင်းလဲသွားသည်။

ရှင့်မင် အမည်ရှိတဲ့ ထိုစီနီယာသည် အကြီးတန်းနှစ်တွင် ရာထူးကြီးသူ သြဇာကြီးသူ တစ်ဦးဖြစ်ကာ အကယ်ဒမီတစ်ခွင်လုံးရှိ ကျော်ကြားသူများစွာအနက် လုရွှမ် ပြန်လာသောအခါတွင် သူ့ကိုပါတွေ့ရန် မမျှော်လင့်ခဲ့ပေ။

အရင် လုရွှမ်ရဲ့ ခွန်အားအရ တန်းလိနယ်ပယ်က တစ်ယောက်ယောက် ရောက်လာခဲ့ရင်တောင် ချောမွေ့စွာ လွတ်မြောက်နိုင်ပေမယ့် နန်းတော်ပင်လယ် နယ်ပယ်ဟာ စစ်မှန်တဲ့ စွမ်းအင်တွေကို စုစည်းထားပြီး အစောပိုင်း အဆင့်မှာတောင် တန်းလိစွမ်းအင် ၁၀ခု ရှိသည်။

တန်းလိနယ်ပယ် ပြီးပြည့်စုံတဲ့ အဆင့်အောက်က နှစ်ဆအားကောင်းတဲ့ ဖိအားအောက်မှာသာ ဆိုရင် ဘယ်သူက လွတ်မြောက်နိုင်ပါ့မလဲ?

"လုရွှမ်.... ငါတို့ မင်းကိုကူညီ တားဆီးပေးထားမယ် မင်းထွက်ပြေးတော့!"

ရန်းလင်သည် လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေသော်လည်း သူ့သွားများကို အံကြိတ်ကာ ပြောလိုက်သည်။

"သတ္တိကောင်းလိုက်တာ! ဥပဒေအဖွဲ့ရဲ့ နောက်ဆုံး ရွှေအမိန့်တော်ကို တားဆီးဖို့ သတ္တိရှိနေတယ်ပေါ့! မင်း ဒီသစ္စာဖောက်နဲ့ ပူးပေါင်းဖို့ စီစဉ်နေပုံပဲ.... ဒီနေ့ မင်းတို့သုံးယောက် တစ်ယောက်မှ မပြေးနဲ့....ငါမင်းတို့ကို သတ်ပြီး ဆုတော်ငွေ ယူလိုက်မယ်!"

ရှင့်မင်သည် အခန်းတံခါးကို ပိတ်လိုက်ပြီး အေးစက်စွာပြုံးကာ သူ့မျက်နှာမှာ ရက်စက်မှုအပြည့်နှင့် ကြည့်လာ၏။

"သစ္စာဖောက်?"

မထင်မှတ်ပဲ တစ်စုံတစ်ယောက်က သူ့ကို ဒီနာမည်ခေါ်လိုက်တော့ လုရွှမ် သူ့မျက်လုံးတွေကို အသာမှိတ်ထားလိုက်သည်။

"ဟုတ်တယ်....ကောင်လေး မင်းက ဘယ်လိုအသက်ရှင်ရမှန်း မသိတဲ့လူပဲ...ဒီလောက်တောင် မိုက်မဲရတယ်ပေါ့ ငါမင်းကို ပြောလိုက်မယ် မင်းလို သေးငယ်တဲ့ ကျင့်ကြံမှုလေးနဲ့ အကယ်ဒမီရဲ့ မျက်နှာကို အိုးမဲသုတ်ရဲတယ်ပေါ့...မင်းက သေလမ်းရှာနေတာပဲ"

ရှင့်မင်သည် သူ့လက်ကို ဝှေ့ယမ်းကာ အထင်အမြင် သေးစွာ ဆို၏။

သူ့မျက်လုံးထဲမှာတော့ လုရွှမ် ချိုဝမ့်ထျန်းကို အနိုင်ယူနိုင်ခဲ့တာ ဘာမှမဟုတ်ပေ။

နန်းတော်ပင်လယ် နယ်ပယ်ရှိ သန်မာသော အမျိုးသားတစ်ဦး၏ ရှေ့တွင် ရပ်နေသည့် တန်းလိနယ်ပယ်ဆိုတဲ့ အရာလေးက ပုရွက်ဆိတ်များထက် မပိုပါ။

"ရှင့်မင်... မင်းက မြန်မြန်လေးကို ရောက်ချလာတာပဲ...ဒီလို ကောင်းတဲ့ကိစ္စကို ညီအစ်ကိုချင်း စောင့်သင့်တာကို...."

တံခါးဖွင့်သံနဲ့အတူ နောက်ထပ် လူငယ်တစ်ယောက် ဝင်လာသည်။

အနီရောင် ဖီးနစ်မျက်လုံးများနှင့် မီးခိုးရောင်ဝတ်စုံနှင့် လူငယ်သည် အေးစက်ပြီး အုံ့မှိုင်းသောအသွင်ကို ယူဆောင်လာသည်။

"စီနီယာ မော့ရှီး?"

"ထိပ်တန်းငါးယောက်ထဲက တစ်ယောက်?"

......

ဒီလူငယ်လေးကို မြင်တော့ ရန်းလင်နဲ့ ယွမ်ချောင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူတို့ နှလုံးသားတွေ လုံးလုံး နစ်မြုပ်သွားတော့သည်။

အခုနက ရှင့်မင်တစ်ယောက်ပဲ ရှိတာကြောင့် သူတို့နှစ်ယောက် ပေါင်းပြီး တားထားရင် လုရွှမ် ထွက်ပြေးချိန် ရသေးသည်။ သို့သော်လည်း အခု မော့ရှီးပါ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ မလွတ်မြောက်နိုင်တော့ချေ။

မော့ရှီးသည် ထိပ်တန်း စီနီယာအဆင့်ငါးခုတွင် အဆင့်သတ်မှတ် ခံထားရသော်လည်း ၎င်း၏စစ်မှန်သော ခွန်အားသည် ရှင်မင်ထက် သာလွန်သည်။

မမျှော်လင့်ဘဲ ထိုသို့သော ရွှေရောင်အမိန့်စာသည် အမှန်တကယ်ပင် လူများကို စေလွှတ်လိုက်နိုင်၏။

"စည်ကားလိုက်တာ...မင်းတို့နှစ်ယောက် ငါ့ထက်အရင် ရောက်နေတယ်ပေါ့ ငါ့ကိုဝေစု ခွဲမပေးချင်လို့လား?"

ထိတ်လန့်မှု မပြီးသေးခင် နောက်ထပ် လူတစ်ယောက် ထပ်ဝင်လာခဲ့သည်။

ဒီလူကိုမြင်တော့ ရန်းလင်နဲ့ ယွမ်ချောင်တို့ဟာ လုံးဝကို ထုံကျင်သွားကြသည်။

စီနီယာအတန်း၏ ထိပ်တန်းကျောင်းသား ငါးဦးထဲက တစ်ဦးဖြစ်နေဆဲ။ သူက တုဖျင်!

အဆင့်မြင့် စီနီယာတန်းက ထိပ်တန်းငါးယောက်မှာ ပထမက မင်းသမီးရွှယ်ရုံ၊ ဒုတိယမှာ ကျောက်ချန် ဖြစ်ပြီး ကျန်မှာ တုဖျင်၊ မော့ရှီးနှင့် ရှင့်မင်တို့ဖြစ်သည်။

ဆရာကြီးငါးဦးအနက် သုံးယောက်က ချက်ချင်းကို ရောက်ချလာသည်။

လွတ်မြောက်ဖို့လား? လုံးဝ မဖြစ်နိုင်တော့ဘူး!

"မင်းတို့နှစ်ယောက် ငါ့နဲ့လာမလုနဲ့... ငါက ပထမဆုံး ရောက်လာတာလေ တရားခံက ငါ့လက်ထဲပဲ ရောက်လာရမယ်...."

မော့ရှီး ရောက်လာတာကို မြင်တော့ ရှင့်မင်က ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။

"နောက်ဆုံးအမိန့် ရွှေစာလွှာမှာ အရင်ရောက်တဲ့သူက အရင်ယူရမယ်လို့ မပြောထားဘူး... ဘယ်သူ ဒီကောင်လေးကို သတ်နိုင်လဲ သတ်နိုင်တဲ့သူက ဆုငွေကို ရမှာပဲ!"

မော့ရှီးကလည်း ပြန်ပြော၏။

"မှန်ပါတယ်...အတန်းနိမ့် ကလေးကို သတ်လိုက်တဲ့အတွက် ဆုငွေ တစ်သန်း ပေးတယ်ဆိုတာမျိုးက နှစ်အနည်းငယ်မှာ တစ်ကြိမ်သာ ဖြစ်တတ်တာ.... ရှင့်မင် ငါ့ကို တိုက်ခိုက်ချင်ရင်တော့ မင်းရဲ့ ကျင့်ကြံမှုကို အရင်စဉ်းစားရမယ် !"

တုဖျင်ကလည်း ငြီးငြူလိုက်သည်။

ဘာမှ မတိုက်ခိုက်သေးခင် ထိုသုံးယောက်က စကားများနေကြပြီ။

"လုရွှမ် ငါတို့ ဘာလုပ်သင့်လဲ?"

ထိုသုံးယောက်က သူတို့ကို လုံးဝ ဂရုမစိုက်တာကို မြင်လိုက်ရတော့ ရန်းလင် ကူကယ်ရာမဲ့ လုရွှမ်ကို ကြည့်လိုက်သည်။

ထိုစီနီယာ သုံးယောက်သည် တစ်ဦးနှင့်တစ်ဦး အလျှော့မပေးဘဲ အနိုင်ယူရန် လုနေရာ လွတ်မြောက်ရန် မပြောနှင့် အသက်ရှင်ခြင်းသည်ပင် အလွန်ကြီးမားသော မျှော်လင့်ချက်တစ်ခု ဖြစ်မည်ကို ကြောက်မိသည်။

"ဘာလုပ်ရမှာလဲ? သူတို့က ငါ့ကို သတ်ချင်နေတာလေ သတ်ပါစေပေါ့"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြော၏။

"သတ်ပါစေ?"

သူ့စကားကြားတော့ ငြင်းခုံနေကြသော ဆရာကြီး သုံးယောက်လုံးသည် လူသေကောင်ကို ကြည့်နေသလိုမျိုး တညီတညွတ်တည်း လှည့်ကြည့်လာကြသည်။

"ဒါက ငါကြားဖူးသမျှထဲမှာ ရယ်စရာ အကောင်းဆုံးဟာသပဲ ကမ္ဘာပေါ်မှာ ဒီလောက်မောက်မာတဲ့လူ ရှိမယ်လို့ မမျှော်လင့်ထားဘူး"

"ဘယ်လို အသက်ရှင်ရမလဲ မသိတဲ့ ခွေးတစ်ကောင်ပဲ!"

"ကောင်လေး အစကတော့ မင်းကို သတ်ပဲသတ်ချင်နေခဲ့တာ....မင်းဒီလောက် ရူးနေပြီဆိုတော့ မင်းကို သင်ခန်းစာ မပေးလို့ မဖြစ်တော့ဘူး"

ရှင့်မင်က ပြုံးပြပြီး အရှေ့ကို တိုးလာသည်။

"မင်းရဲ့ ခြေထောက်တွေကို ငါ ဖြတ်လိုက်မယ်... ပြီးတော့ မင်းကို ငါ့ရဲ့ ခြေထောက်အောက် တွားသွားခွင့် ပေးလိုက်မယ်... မင်းအသက် မရှင်နိုင်သလို သေလို့လည်း မရစေရဘူး!"

"ငါတို့ ဘယ်သူလဲဆိုတာ မင်းမသိသေးပုံ ရတယ်! ငါမင်းကို သင်ခန်းစာ တစ်ခုသင်ပေးသင့်ပြီ" မော့ရှီးရဲ့ မျက်လုံးတွေက အေးစက်နေပြီး သူ့မျက်နှာက ရက်စက်မှု အပြည့်နဲ့။

"ငါ မတိုက်ခိုက်တာကြာပြီ... တချို့လူတွေက ငါဘယ်သူလဲဆိုတာ မသိကြဘူး ထင်တယ်!"

တုဖျင်က ဆူပူကြိမ်းမောင်းရင်း သူ့အသံက အခန်းထဲကို ဖြတ်သွားသည်။

"ဒူးထောက်ပြီး မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ပစ္စည်းတွေ အားလုံးကို ချက်ချင်း လွှဲပြောင်းပေးလိုက်... ငါမင်းကို မြန်မြန် သေခိုင်းပေးမယ် မဟုတ်ရင်တော် မင်းရဲ့သေဆုံးမှုက သူတို့နှစ်ယောက် ပြောခဲ့တာထက် ဆယ်ဆပိုဆိုးလာမယ်ဆိုတာ ငါအာမခံတယ်!"

ဆူပူကြိမ်းမောင်းပြီးတဲ့ နောက်မှာတော့ သူ့ရှေ့က လူငယ်လေးဟာ အရမ်းထိတ်လန့်သွားပြီး မြေပြင်ပေါ် လဲကျသွားကာ ဒူးထောက်၍ သနားဖို့ တောင်းပန်လိမ့်မည်ဟု တွေးထားပြီးသား။

တစ်ဖက်က မျက်တောင်မခတ်ဘဲ ဘာမှမကြားသလို ထိုကိစ္စသည် သူနှင့် မသက်ဆိုင်သလိုပင် သူ့ကို ဂရုမစိုက်စွာ ကြည့်နေသည်။

"ပြောလို့ပြီးပြီလား?"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလာ၏။

"ဘာလဲ? သေဖို့ အဲ့လောက်တောင် လောနေတာလား?"

ရှင့်မင် လှည့်ကြည့်လိုက်သည်။

"သုံးယောက် အတူတူ တက်လာခဲ့!" လုရွှမ် အကုန်လုံးကို ကျော်ကြည့်ရင်း ပြောလိုက်သည်။

အရင်က သူ့စိတ်နဲ့ဆို ဒီလိုလူလေး သုံးယောက်ကို ဒေါသမထွက်ပေမယ့် သူ့ကိုသတ်ချင်တဲ့ သူတွေကို သနားဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။

"မင်းဘာပြောလိုက်တယ်? ကောင်လေး... မင်းခေါင်းကို မြည်းတစ်ကောင်က ကန်သွားလို့လား?"

"ဟားဟား... ဒီကောင်က ငါတို့သုံးယောက်ကို အတူတူ တိုက်ခွင့်ပေးလိုက်တယ်? သူမရူးတာ သေချာရဲ့လား?"

"သူက ငါတို့ကို အောက်တန်းစား လူမိုက်တွေလို့ ထင်နေပုံရတယ်"

သူ့စကားကြားတော့ ရှင့်မင်၊ မော့ရှီးနှင့် တုဖျင်တို့သည် တခဏမျှ ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာပင် ရယ်မောလိုက်ကြသည်။

သူတို့သုံးယောက်က အဆင့်မြင့် စီနီယာတန်းရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေ ဖြစ်ကြပြီး ဒီအချိန်မှာ အောက်တန်းက ကလေးတစ်ယောက်က သူတို့သွုးယောက်ကို အတူတူ တိုက်ဖို့ပြောလိုက်တာက သူတို့မျက်နှာကို ဖျက်ရိုက်လိုက်သလိုပင်။

သူတို့တင်မကဘဲ ရန်းလင်နဲ့ ယွမ်ချောင်တို့ပင် ရူးသွပ်သွားကြသည်။

"ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ်... ဒါပေမယ့်...ဒါကိုဘယ်လို ဆုပ်ကိုင်ရမလဲ မသိဘူးပဲ... ကမ္ဘာပေါ်မှာ အမြဲတမ်း လူမိုက်တွေ အများကြီး ရှိနေတာ သနားစရာပဲ!"

တစ်ဖက်လူက ရယ်နေတာကို မြင်တော့ လုရွှမ်က စကားရပ်လိုက်ပြီး ခေါင်းခါလိုက်ကာ ခြေဖဝါးကို မြေကြီးပေါ် တစ်ချက်နင်းလိုက်သည်။

ဟူ....

ပုံရိပ်သည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သူ့ရှေ့ရှိ လေထုသည် ဖိသိပ်ကာ လေချွန်သံကဲ့သို့ ထွက်ပေါ်လာသည်။

သူသည် သူ၏စွမ်းအားအားလုံးကို အသုံးမချဘဲ ပြိုင်ဘက်ကဲ့သို့ တူညီသော စွမ်းအားဖြစ်သည့် နန်းတော်ပင်လယ် နယ်ပယ်၏ စွမ်းအားကိုသာ သုံးခဲ့သည်။

ထိုကဲ့သို့သော လူသုံးယောက်နှင့် တိုက်ခိုက်ရန် ဖိရွှယ်နယ်ပယ်က ခွန်အားကို ဖော်ပြရန် မလိုအပ်ပါ။

"နန်းတော်ပင်လယ် နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်?"

သူလှုပ်ရှားသွားသည်နှင့် တစ်ပြိုင်နက် ရှင့်မင်၊ မော့ရှီးနှင့် အခြားသူများ အံ့အားသင့်သွားကာ တစ်ဖက်လူသည် ရူးသွပ်မိုက်မဲနေတာ မဟုတ်ဘဲ ၎င်းတို့နှင့် တူညီသော ခွန်အားရှိကြောင်း သိရှိလိုက်ကြသည်။

"ကောင်လေး....သေပေတော့!"

သူတို့သုံးယောက်က တစ်ချိန်တည်းမှာ ဒေါသတွေထွက်ပြီး လက်သီးကြီး သုံးချက်ကို လှုပ်ရှားလိုက်ရာ လုရွှမ်က တစ်ချိန်တည်းမှာ ဖမ်းဆုပ်ထားလိုက်သည်။

သူတို့ သုံးယောက် လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် အရှိန်ဖြင့် ပျံ့သွားရာ တုန်လှုပ်ဖွယ် တွန်းအားများ ထွက်ပေါ်လာသည်။

All Chapters