← Chapters

သတ်

Vol. 6 Ch. 86

သတ်

Vol. 6 Ch. 86

သုံးယောက်လုံး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ လုရွှမ်သည် မဖုံးကွယ်ဘဲ သူ့လက်ဖဝါးများက ရှေ့သို့ဆက်လက် ရွေ့လျားသွားကာ တိုက်ခိုက်မှုကို တစ်ချိန်တည်းတွင် ရင်ဆိုင်လိုက်သည်။

ရှင့်မင်၊ မော့ရှီးနှင့် တုဖျင်တို့သည် အပြင်းထန်ဆုံးသော စီနီယာကျောင်းသား သုံးယောက်ဖြစ်သည့်အပြင် နန်းတော်ပင်လယ် ပြည့်စုံခြင်းအဆင့် ဆိုပေမယ့် အင်အား ၅၀ လောက်သာ ထုတ်နိုင်သည်။

လုရွှမ်၏ လေ့ကျင့်မှုသည်လည်း နန်းတော်ပင်လယ် နယ်ပယ် ပြီးပြည့်စုံတဲ့အဆင့် ဆိုပေမယ့် စွမ်းအား ၁၀၀လောက်ကို ထုတ်သုံးနိုင်၏။

ဗုန်း!

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု အခန်းအတွင်း ထွက်ပေါ်လာသည်။

အကယ်ဒမီ အဓိက အားကောင်းမောင်းသန် စီနီယာများသည် တုံ့ပြန်ရန် အချိန်ပင် မရှိကြဘဲ တစ်ချိန်တည်းတွင် လွင့်ပစ်ခံလိုက်ရကာ နံရံကို ပြေးစောင့်ကြတော့သည်။

"ဘာ?"

"မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."

စီနီယာ သုံးယောက်လုံး အံ့သြ ထိတ်လန့်သွားကြသည်။

အချင်းချင်း တစ်ကြိမ်လေးပဲ တိုက်ခိုက်လိုက်ပေမယ့် သူတို့ရှေ့မှ လူငယ်၏ စွမ်းအားသည် သူတို့ထက်ပင် အားကောင်းကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။

သူက အောက်တန်းက ကောင်လေးပဲ မဟုတ်လား? တန်းလိနယ်ပယ်ပဲ မဟုတ်ဘူးလား?

ဒီလောက် ပြင်းထန်တဲ့ ခွန်အားနဲ့ ဒီလို ထူထဲ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင် ဘယ်လိုလုပ် ရှိနိုင်မှာလဲ?

တစ်ဖက်မှ ရန်းလင်နှင့် ယွမ်ချောင်တို့သည် လုရွှမ်တော့ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်တွေ့ရမည်ဟု ထင်ခဲ့ကြသော်လည်း ဤအခြေအနေကို မြင်လိုက်ရသောအခါတွင် သူတို့အားလုံး စိတ်ရှုပ်သွားကြသည်။

အဆင့်မြင့် အတန်းက အပြင်းထန်ဆုံး စီနီယာသုံးယောက်ကို လက်ဝါး တစ်ချက်တည်းနဲ့ ရိုက်ထုတ်ပစ်လိုက်တယ်?

ဒီလူ တကယ် လုရွှမ်လား?

"ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ်...ဒါပေမယ့် မင်းတို့ကဘယ်လို တန်ဖိုးထားရမှန်း မသိမှတော့ သွားသေလိုက်တော့!"

လုရွှမ်က အေးစက်စွာ ဟစ်အော်လိုက်ပြီး ရှေ့ကို လျှောက်သွားလိုက်သည်။

သူက မာနကြီးတယ်။ သူ့မျက်လုံးထဲမှာတော့ ဒီလူတွေဟာ သတ်ဖို့ မထိုက်တန်ပေမယ့် သူမကြိုက်တဲ့ အဓိကအချက်ကို ထိမိသွားတဲ့အတွက် ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်လို့ မရတော့ဘူး။

ရှေ့သို့ ခြေလှမ်းနှစ်လှမ်းဖြင့် ရောက်ရှိလာပြီး လက်ငါးချောင်းကို ဖြန့်ကာ သုံးယောက်လုံးကို ရိုက်ချပစ်လိုက်သည်။

"မကောင်းတဲ့ တိရိစ္ဆာန်ကောင်!! မင်းလုပ်ရဲလား.... "

လက်ဝါးက သုံးယောက်စလုံးပေါ် ကျရောက်သွားပြီး သေလုမျောပါး အော်ဟစ်သံတွေ ထွက်ပေါ်လာစဥ် နံရံကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလိုက်သံနဲ့အတူ စွမ်းအင်လှိုင်း တစ်ချက်က လုရွှမ် မျက်နှာရှေ့တည့်တည့်ကို ရောက်ရှိလာသည်။

"ဟမ့်"

လူသုံးယောက်ကို ရင်ဆိုင်ရင်း လုရွှမ်က သူ့ခြေဖဝါးကို မြေပြင်ပေါ်နင်းပြီး တစ်ဖက်က လက်ဝါးကို လက်သီးနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဗုန်း

လက်သီးနှင့် လက်ဖဝါးချင်း ထိမိပြီး နှစ်ယောက်သား တစ်လှမ်းချင်း နောက်ပြန်ဆုတ်သွားကြသည်။

ဝှစ်....

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နံရံအနောက်ကနေ ထွက်လာ၏။

"ဆရာ ဝေ့ချွမ်?"

ရောက်လာတဲ့ လူကိုမြင်တော့ ရန်းလင်နဲ့ ယွမ်ချောင်က ချက်ချင်း မှတ်မိသွားသည်။

အောက်တန်း ကျောင်းအုပ်ကြီး ဝေ့ချွမ်ပင်တည်း။

"ဆရာဝေ့ချွမ်....ကျွန်တော်တို့အတွက် တရားမျှတမှု ယူပေးရမယ် ဒီကောင်လေးက အရမ်းမောက်မာပြီး ကျွန်တော်တို့က ကောင်းကောင်း ဆွေးနွေးချင်ရုံပဲကို သူက တိုက်ခိုက်တယ်..ဒီလိုလူစားမျိုးကို သေချာပေါက် သတ်ပစ်ရမယ်!"

ဝေ့ချွမ် ရောက်လာတာကို မြင်တော့ တုဖျင် ရုန်းကန်ပြီး အော်လိုက်သည်။

"ဒီလိုလူမျိုးက အကယ်ဒမီကို မျက်နှာပျက်စေတယ်!! ဖယ်ရှားပစ်ရမယ်!"

"အပိုင်းပိုင်း မဖြတ်ရင် လူတွေလည်း ကျေနပ်နိုင်မှာ မဟုတ်ဘူး"

မော့ရှီးနှင့် ရှင့်မင်တို့သည်လည်း ကျယ်လောင်စွာ ဟစ်အော်ကြသည်။

သူတို့က အဆင့်မြင့်အတန်းက ကျောင်းသားတွေလေ။ အောက်တန်း ကလေးတစ်ယောက်ဆီက အခုလို အရိုက်ခံလိုက်ရတယ် ဆိုတာကို ဘယ်လိုလုပ် လက်ခံနိုင်ရမှာလဲ?

ထို့ကြောင့် ဆရာရောက်လာတာ မြင်တာနဲ့ လုံးဝ လွှတ်မပေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

"လုရွှမ် မင်းက အရမ်း သတ္တိကောင်းတာပဲ... အကယ်ဒမီမှာ လူသတ်ဖို့ ဘယ်လောက် သတ္တိကောင်းနေတာလဲ? မင်း သေချင်နေတာလား?"

သူတို့ရဲ့ အသံကိုကြားတော့ ဝေ့ချွမ်က ကျယ်လောင်စွာ အော်လိုက်၏။

"တိုက်ခိုက် သတ်ဖြတ်တယ်? သူတို့ သုံးယောက်က သေသွားပြီလား?"

လုရွှမ်က အေးစက်စွာ ပြန်ကြည့်နေသည်။

ဒီဝေ့ချွမ် ရောက်နေတာ ကြာပြီ။ အခုမှ ပေါ်လာတာ မဟုတ်ချေ။ ဒါပေမယ့် ထိုသုံးယောက်က သူ့ရဲ့ပြိုင်ဘက် တွေ မဟုတ်တာကို တွေ့တော့မှ ခုန်ထွက်လာပြီး လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ပြောနေ၏။

သူမျက်စိ ကန်းနေတာများလား?

ဒါမှမဟုတ် ဦးနှောက်မကောင်းတော့တာလား?

ဥပဒေအဖွဲ့က သူ့ကို အပြစ်လာရှာတဲ့အခါ ဒီကျောင်းအုပ်ဆရာကြီးက ဘယ်မှာပုန်းနေပါလိမ့် အတန်းထဲက ကျောင်းသားတွေကို ဥပဒေအဖွဲ့က ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အချိန် သူက ဘယ်ရောက်နေတာလဲ?

အခု စီနီယာ ကျောင်းသားကို ရိုက်နှက်မှ ခုန်ထွက်လာတယ်ပေါ့!

ဧကန္တ သူတို့က မင်းရဲ့အဖေလား?

"အတင့်ရဲလိုက်တာ!! အဆင့်မြင့် အတန်းက စီနီယာတွေ မင်းကိုသင်ပေးနေရင် မင်းနှိမ့်ချပြီး လက်ခံရမယ်...မင်းက ခုခံရဲဖို့ သတ္တိတောင်ရှိနေတယ်ပေါ့... ငါမင်းရဲ့ ကျောင်းအုပ်ပဲ!! အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်! မဟုတ်ရင် ဒီဆရာက မင်းကို အပြစ်ပေးရလိမ့်မယ်!"

ဝေ့ချွမ်က ကြိမ်းမောင်းလေသည်။

"နှိမ့်ချပြီး လက်ခံရမယ်? ဟား!"

သူ့စကားကြားတော့ လုရွှမ်က ဒေါသတကြီး ရယ်လိုက်သည်။

ဘယ်လို ရိုင်းစိုင်းတဲ့ သဘောတရားမျိုးလဲ? စီနီယာတွေက ငါ့ကိုသတ်ချင်နေတာကို မခုခံဘဲ ငါ့ကိုသတ်ဖို့ စောင့်ရမှာလား?

"ခင်ဗျားဆိုလိုတာက...တကယ်လို့ ကျုပ်က အဆင့်မြင့် အတန်းက ကျောင်းသားတစ်ယောက်...ခင်ဗျားက အောက်တန်းက ကျောင်းသားဆိုရင် ကျုပ်ခင်ဗျားကို သင်ပြပေးမယ်...ခင်ဗျားနှိမ့်ချပြီး လက်ခံမှာလား? ဘာမှမခုခံဘဲနဲ့လေ"

ဒေါသထွက်နေသော လုရွှမ်သည် ကမ္ဘာကြီးကို စိုးမိုးနေသော အရူးဧကရာဇ် တစ်ယောက်၏ စိတ်ဓာတ်ကို ပြန်လည်ရရှိခဲ့သည်။

နှိမ့်ချစွာ လက်ခံရမယ်လား? မင်းဦးနှောက် ပျက်နေလို့လား?

"ဘာ?"

"လုရွှမ်က....သင်ပြမယ်?"

ဒါကိုကြားတော့ ဘေးက ရန်းလင်နဲ့ ယွမ်ချောင်တို့ မူးလဲလုမတတ် ဖြစ်ကုန်ကြသည်။

သေစမ်း! မျက်စိရှေ့ကလူက ဆရာနော်!

ကျောင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြရင် သူတို့ အလိုရှိတဲ့အတိုင်း ဆရာတွေက ဒီလိုမျိုး ဆူပူကြိမ်းမောင်းနိုင်၏။

"မင်းသေချင်နေတာပဲ!"

ဝေ့ချွမ်သည် ထိုစကားကို ကြားသောအခါ ဒေါသကြောင့် သွေးအန်လုမတတ်ဖြစ်ပြီး လုရွှမ်ဆီသို့ ပြေးဝင်သွားလေသည်။

သူလှုပ်ရှားပြီးတာနဲ့ သူ့ရဲ့ကျင့်ကြံမှု အဆင့်ကို ချက်ချင်းပြသလိုက်သည်။ ဖိရွှယ်နယ်ပယ် နှောင်ပိုင်းအဆင့်။

အကယ်ဒမီရှိ ဆရာများသည် ကျောင်းသားများထက် အားကောင်းကြသည် မဟုတ်ပေ။ အနည်းဆုံး အတွင်းစည်းထဲရ တပည့်များနှင့် နှိုင်းယှဉ်ပါက ဆရာ၊ ဆရာမ အများစုမှာ နိမ့်ကျလွန်းလှသည်။

ဗုန်း!

လက်သီး၏ ခွန်အားသည် လှိုင်းလုံးကဲ့သို့ ပြေးဝင်လာကာ နှောင်းပိုင်းအဆင့်၏ ကြီးမားသောခွန်အား ၁၂၀အရှိန်သည် ဟိန်းထွက်လာသည်။

"ဟမ့်!"

လုရွှမ်သည် သူ၏လက်မောင်းကို မြှောက်လိုက်ပြီး ဖိရွှယ်နယ်ပယ်၏ စွမ်းအားကို အသုံးမချဘဲ နန်းတော်ပင်လယ်၏ ပြီးပြည့်စုံမှု စွမ်းအားကိုသာသုံး၍ လက်ဖဝါးဖြင့် ရိုက်လိုက်သည်။

"ဘာ?"

ဝေ့ချွမ်သည် ဆင်တစ်ကောင်ကို ရင်ဆိုင်နေရသလိုမျိုး ဆန့်ကျင်ဘက်ဖက်မှ ပြင်းထန်စွာ ထွက်ပေါ်လာသော အင်အားကို ချက်ချင်း ခံစားလိုက်ရပြီး ခုခံရန် အချိန်မရလိုက်ချေ။

နဂါးဆင်လက်ဝါးသည် ပြင်းထန်သော တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ရုံသာမက နဂါးနဲ့ဆင်၏ စိတ်ဓာတ်နှင့် အင်အားကိုပါ ပိုင်ဆိုင်ထားသည်။ ပထမအဆင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိရာ အားက မသေးလှချေ။

ဝေ့ချွမ်သည် ဖိရွှယ်နယ်ပယ်၏ဘနှောင်းပိုင်းအဆင့်တွင် ရှိသော်လည်း သူသည် သာမန် ဖိရွှယ်နယ်ပယ်တွင်သာ ဖြစ်ပြီး အင်အား ၁၂၀အရှိန်ရှိသည်။ နဂါးဆင်ရွှေလက်ဝါးက အင်အား၁၀၀ အရှိန်သာရှိ၏။

ဗုန်း!

ဝေ့ချွမ်၏ ပါးစပ်မှ သွေးများ ထွက်လာပြီး ဝေ့ချွမ်သည် အသက်တစ်ဝက်ကျော်မျှ မထိန်းထားဘဲ သူ့လက်တစ်ပြင်လုံးမှ စူးရှသော အသံများ ဆက်တိုက်ကြားလိုက်ရပြီး လွင့်ထွက်သွားသည်။

တိုက်ပွဲတွင် တစ်ခါတစ်ရံ ရိုးရှင်းသော ခွန်အားသည် ရလဒ်ကို မဆုံးဖြတ်နိုင်ဘဲ ကျွမ်းကျင်မှုသည် ကြီးမားသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။

နွား၏ ခွန်အားသည် တောဝံပုလွေထက် အဆပေါင်းများစွာ ကြီးမားသည်ဟု ထင်ရသော်လည်း တကယ့်တိုက်ပွဲတွင်မူ နောက်ဆုံးတွင် အနိုင်ရမည်မှာ မသေချာပါ။

နဂါးဆင်ရွှေလက်ဝါးသည် ရွှမ်ချင်းဂိုဏ်း၏ အထွတ်အထိပ် ကိုယ်ခံပညာ ဖြစ်သည်။ ကျင်ကြံမှု အတိမ်အနက်ဖြင့် အဆင့်သည် တိုးလာပါသည်။ ပထမအဆင့်၏ ပြီးပြည့်စုံသော လေ့ကျင့်မှုသို့ ရောက်ရှိသောအခါ ၎င်းသည် အလယ်အလတ်တန်း သာမာန်အဆင့်၏ အထွတ်အထိပ် ကိုယ်ခံပညာနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

ဝေ့ချွမ်က ဘယ်လိုပဲဖြစ်ဖြစ် မတားနိုင်ချေ။

"ကျုပ် လူသတ်မှု ကျူးလွန်တယ်လို့ ပြောလိုက်တယ် မဟုတ်ဘူးလား? ဒီလိုဖြစ်ရင် ဒီစွပ်စွဲချက်ကို ကျုပ်ဘယ်လိုလုပ် အချည်းနှီး အဖြစ်ခံပါ့မလဲ?"

လုရွှမ်သည် ခြေလှမ်းနှစ်လှမ်းဖြင့် ရှေ့သို့ ထွက်လာပြီး ဝေ့ချွမ်၏ မျက်နှာကို လှမ်းကြည့်လိုက်ပြီး မျက်နှာပေါ်ကို ခြေထောက်တစ်ဖက် တင်ထားလိုက်သည်။

"မင်း... မင်း... လုပ်ရဲတယ်!! ငါ့ယောက္ခမက ဒုကျောင်းအုပ်ချန်ပဲ... သူက ဥပဒေအဖွဲ့ရဲ့ တာဝန်ခံ ကျောင်းအုပ်ကြီးကွ!! မင်း ငါ့ဆံပင်ကို တစ်ချက်ထိရဲရင် သူသေချာပေါက် မင်းကိုသတ်ပြီး မင်းမိသားစု တစ်ခုလုံးကို မင်းနဲ့အတူ သင်္ဂြိုဟ်ပစ်လိမ့်မယ်!! အိပ်ဆောင်ထဲက အမှိုက်နှစ်ကောင်လည်း သေတော့မှာ... သူတို့ကို ဘယ်သူမှ မကယ်တင်နိုင်ဘူး!"

သူ့ခြေဖဝါးမှ ဖိအားကို ခံစားလိုက်ရသဖြင့် ကောင်လေးက သူ့ကို တကယ်သတ်ပစ်နိုင်တာကို သိတော့ ဝေ့ချွမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အကြောက်တရားကို ခံစားလိုက်ရသည်။

သူ့နောက်ခံကို အားကိုးဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး!"

"ဒုကျောင်းအုပ်ချန်? ငါသူ့ကိုမသိဘူး!"

လုရွှမ်က ခေါင်းခါလိုက်ပြီး

"မင်း ငါ့မိသားစုအားလုံးကို ငါနဲ့အတူ သင်္ဂြိုဟ်ချင်ရင် မင်းအရင်သေရမယ်!"

စကားပြောပြီးနောက် တစ်ဖက်လူ၏ မျက်လုံးများထဲက ထိတ်လန့်ကြောက်ရွံ့မှုကို လျစ်လျူရှုပြီး ခြေဖဝါးပေါ်၌ အင်အားသုံး၍ နင်းချပစ်သည်။

ဖောင်း!

ဝေ့ချွမ်၏ခေါင်းသည် ရုတ်တရက် တက်နင်းမိသော ဖရဲသီးကဲ့သို့ ရုတ်တရက်ပေါက်ကွဲသွားသည်။

"ဖိရွှယ်နယ်ပယ် နှောင်းပိုင်းအဆင့်က သန်မာတဲ့လူကို လက်သီးတစ်ချက်တည်းနဲ့ လွင့်သွားအောင် လုပ်လိုက်တယ်? ပြီးတော့ သူ့ပြိုင်ဘက်တောင် မဟုတ်ဘူး!"

"သူ...ဆရာဝေ့ချွမ်ကို သတ်လိုက်တာလား?"

မော့ရှီး၊ တုဖျင်နှင့် တစ်ဖက်မှ အခြားသူများသည် ၎င်းတို့၏သွားများ တဆတ်ဆတ် တုန်ယင်လာကြလေ၏။

All Chapters