ဥပဒေအဖွဲ့ကိုဖြိုခွင်းခြင်း
Vol. 6 Ch. 87
မော့ရှီးနဲ့ တုဖျင်တို့ဟာ အဆင့်မြင့် အတန်းက အောင်မြင်တဲ့ စီနီယာ ကျောင်းသားတွေ ဖြစ်ပြီး သူတို့အားလုံး သတ်ဖြတ်ခြင်းကို လုပ်ခဲ့ဖူးသည်။
သို့သော် ဘယ်နောက်ခံ ဘယ်နေရာကိုမှ ဂရုမစိုက်ဘဲ လူတစ်ယောက်ကို စိတ်ရှိသလို နင်းသတ်ပစ်လိုက်တာက သူတို့ကို ကြောက်စိတ်တချို့ ဝင်လာစေသည်။
အထူးသဖြင့် လူငယ်လေး၏ အမြင်တွင် ပုရွက်ဆိတ်ကို အသေနင်းမိခြင်းကဲ့သို့ ဘာမှမထူးခြားချေ။
အတန်းနိမ့် အကယ်ဒမီ တစ်ခုတွင် ထိုသို့သောသဘောထားနှင့် ဤမျှအေးစက်သော စိတ်ထားမျိုး အဘယ်ကြောင့် ရှိနေသည်ကို တွေးကြည့်ရန်မှာ ၎င်းတို့အတွက် အမှန်တကယ်ပင် ခက်ခဲလှသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ဘယ်အရာက ကြောက်စရာ ကောင်းသော တည်ရှိမှုအား ခံစားစေနိုင်သည်ကို နားလည်သွားသည်။
ကြောက်စရာ ကောင်းလိုက်တာ!
"မင်းတို့အလှည့်ပဲ!"
ဝေ့ချွမ်ကို ခေါင်းဖြတ်သတ်ပြီးနောက် လုရွှမ်သည် အခုနက လေကြီးပြီး မာနကြီးနေသော လူသုံးယောက်ကို လှည့်ကြည့်လိုက်သည်။
"လုရွှမ်... ငါတို့အားလုံးက အတန်းဖော်တွေပဲလေ... ငါတို့အမှားပါတယ် နောက်ဆို မင်းကိုထပ်ပြီး ဒုက္ခမပေးတော့ဘူးလို့ ကတိပေးတယ်!"
မော့ရှီးရဲ့ ဖီးနစ်မျက်လုံးတွေ တောက်ပလာပြီး ဒူးထောက်လိုက်ကာ အလောတကြီး တောင်းဆိုလိုက်သည်။
"ငါတို့ရောပဲ....ငါတို့ ထပ်မလုပ်ရဲတော့ပါဘူး... ငါတို့ကိုလွှတ်ပေးပါ..."
တုဖျင်နှင့် ရှင့်မင်တို့သည် တစ်ချိန်တည်းတွင် ဒူးထောက်လိုက်ကြသည်။
"ငါတို့ ဒူးထောက်ပြီး အရှက်ခွဲခံပါ့မယ်... ငါတို့ကို အကြိမ်တစ်ရာမက အပြစ်ပေးရင်လည်း ခံယူပါ့မယ်..."
"မင်းကိုသတ်ရင် ရွှေစတစ်သန်း ဆုပေးရုံတင်မဟုတ်ဘဲ ဆရာဝေ့ချွမ်နဲ့ ဒုကျောင်းအုပ်ချန်ရဲ့ ချီးကျူးမှုကိုလည်း ရနိုင်မှာမလို့!"
တုန်တုန်ယင်ယင်နဲ့ တောင်းဆိုနေတုန်း ရုတ်တရက် တိုက်ခိုက်လိုက်သည်။
လက်ဝါးသုံးချက်သည် မတူညီသော လမ်းကြောင်းမှ တိုက်ခိုက်လာပြီး လုရွှမ်၏ အရေးကြီးသော နေရာ၃ခုကို တိုက်ရိုက်တိုက်ခိုက်လာသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
တခြားသူသာဆိုရင် သူတို့ ဒီလိုလုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးယဉ်မှာ မဟုတ်ချေ။ နောက်ဆုံးတော့ ဒူးထောက်ပြီး သူတို့ရဲ့အမှားတွေကို ဝန်ခံသလို သူတို့ရဲ့ ဂုဏ်သိက္ခာလည်း ဆုံးရှုံးသွားပြီလေ။
ကံမကောင်းချင်တော့ လုရွှမ်သည် သာမာန်လူမဟုတ်ပေ။ သူသည် ဘဝနှစ်ခုတွင် နေထိုင်ဖူးသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သူ၏ယခင်ဘဝတွင် သူသည် သစ္စာဖောက် တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့သည်။
"တကယ်စိတ်ရင်းနဲ့ တောင်းပန်ရင် ငါ မင်းတို့ကို သတ်ဖို့ ပျင်းနေတာ....အခုလိုဆိုရင်တော့ ငါက သတ်ပေးရမှာပေါ့!"
အေးစက်သော နှာချေမှုတ်သံဖြင့် တိုက်ခိုက်မှု သုံးချက်ကိုပင် မကြည့်ဘဲ လက်ဖဝါးကို သုံးကြိမ်ဆက်တိုက် ရိုက်ချလိုက်သည်။
ဗုန်း ဗုန်း ဗုန်း!
ကွဲအက်သွားသော ကြက်ဟင်းခါးသီးကဲ့သို့ ပေါက်ကွဲသံကြီး သုံးချက်ဖြင့် ရှင့်မင်၊ မော့ရှီးနှင့် တုဖျင်တို့၏ ဦးခေါင်းများသည် တစ်ချိန်တည်းတွင် ပေါက်ကွဲသွားကာ အလောင်းသုံးလောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
"လုရွှမ်... သူတို့ကိုသတ်လိုက်ပြီ..."
"ဖိရွှယ်နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်မှာ အားကောင်းတဲ့ သူကတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး ...... အဲဒါက ဘယ်လို ခွန်အားမျိုးလဲ?"
ယွမ်ချောင်နှင့် ရန်းလင်တို့ တုန်လှုပ်သွားကြသည်။
နောက်ဆုံးသော ရွှေအမိန့်ကို မကြုံတွေ့မီက လွတ်မြောက်ရန်က တစ်ခုတည်းသော နည်းလမ်းမှာ လွတ်မြောက်ရန်သာ ဖြစ်သည်ဟု သူတို့ ခံစားခဲ့ရသည်။ အကြောင်းမှာ အတွင်းမှ ကျောင်းသားများနှင့် ဆရာများကို ဆွဲဆောင်လိုက်သည်နှင့် သေချာပေါက် လုရွှမ် သေရပေလိမ့်မည်။
တစ်လခွဲလောက် မတွေ့လိုက်ရတာနဲ့ ဒီအခန်းဖော်က ဒီအခြေအနေအထိ ရောက်သွားလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ချေ။
ဖိရွှယ်နယ်ပယ်မှာ အားကောင်းတဲ့ သူတွေကို ပေါ့ပေါ့ပါးပါး သတ်ပစ်လိုက်တယ်။ အဆင့်မြင့်အတန်းက အထွတ်အထိပ်တွေကလည်း သူ့ရှေ့မှာ ပုရွက်ဆိတ်နဲ့ ဘာမှမခြားဘူး။
သူ ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ?
ဝူအဆင့်ထက် မြင့်အဆင့်ကို ရောက်ဖို့ တစ်လလောက် အချိန်ယူရတယ်လေ
"ဒီအရာတွေက မင်းတို့ရဲ့လက်ရှိ ခွန်အားအတွက် အသုံးဝင်တယ်.... ယူသွား!"
လုရွှမ်၏ အသံကို ကြားလိုက်ရသောအခါ နှစ်ယောက်သား ထိတ်လန့်သွားပြီး ကျောက်စိမ်းပုလင်းနှစ်လုံး ပျံဝဲလာသည်ကို တွေ့လိုက်ရသည်။
လူငယ်လေးက ဝေ့ချွမ်နှင့် အခြားသူများ ကိုယ်ပေါ်မှ ရှာဖွေနေခြင်း ဖြစ်သည်။
"ဒါ.....အဆင့်၂ ယွမ်လိဆေးလုံး?"
ကျောက်စိမ်းပုလင်း အဖုံးကို ဆွဲထုတ်လိုက်သောအခါတွင် ဆေးရနံ့က သင်းပျံ့လာပြီး နှစ်ယောက်သား ထိတ်လန့်သွားကြသည်။
သူတို့သည် ဝူအဆင့်ကို ဖြတ်ကျော်လာခဲ့တာ မကြာသေးလို့ ယွမ်လိဆေးသည် ၎င်းတို့အတွက် အလွန် အသုံးတည့်လှသည်။ ဆေးကို သုံးလိုက်မယ်ဆိုရင် ခွန်အားများ တိုးလာမည်မှာ သေချာပါသည်။
မူလအဆင့်နယ်ပယ်ကို ချောချောမွေ့မွေ့ ဖြတ်ကျော်ရန် ခက်ခဲမည် မဟုတ်တော့ပေ။ ဝူအဆင့်၂သို့ တက်လှမ်းရန်လည်း ခက်ခဲမည် မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ်..."
နှစ်ယောက်သား ကျောက်စိမ်းပုလင်းကို သိမ်းထားလိုက်သည်။
"လုရွှမ် မင်းရဲ့လက်ရှိအင်အားက မပျော့ပေမယ့်... အကယ်ဒမီတစ်ခုလုံးကို တိုက်ဖို့မလုံလောက်ဘူး... ဒီလူတွေရဲ့ အလောင်းတွေကို ငါတို့ ရှင်းပစ်မယ်...မင်းမြန်မြန် ထွက်ပြေးသင့်ပြီ!"
"ဟုတ်တယ် မင်းထွက်ပြေးပြီး သူတို့မဖမ်းမိရင် ကိစ္စမရှိတော့ဘူး!"
နှစ်ယောက်သား တစ်ချက်ကြည့်လိုက်ပြီး အံကိုကြိတ်လိုက်ကြသည်။
"ငါက ထွက်ပြေးလို့ရတယ်...မင်းတို့ကရော?"
လုရွှမ်သည် ခေါင်းကို လှည့်လိုက်ပြီး မေး၏။
သူသည် ဘဝနှစ်ခုတွင် လူတစ်ဦးဖြစ်ရသည့် အတွေ့အကြုံနှင့် ဖုံးကွယ်ခြင်းစွမ်းရည်ကို အားကိုးကာ လွတ်မြောက်နိုင်လို့ ကျန်းဝူအကယ်ဒမီမှ လူများက သူ့ကိုဖမ်းမိရန် အမှန်တကယ် မဖြစ်နိုင်ပေ။
ဒါပေမယ့် ဒီလူနှစ်ယောက် အတွက်တော့ သိပ်မလွယ်ဘူး!
အိပ်ဆောင်အဖွဲ့ဝင် တစ်ယောက်အနေနဲ့ သူ့ကို ဖျောင်းဖျရုံတင် မကဘဲ အလောင်းကိုလည်း ဖျောက်ပေးဖို့ ကူညီပေးဦးမည်။ ကြံရာပါအဖြစ် ဥပဒေအဖွဲ့ဆီက ခေါင်းဖြတ်ခံရမှာ သေချာသည်။
"ငါတို့... ငါတို့ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး အနည်းဆုံးတော့ ငါတို့ အပြစ်ပေးခံရလိမ့်မယ်... အဆိုးဆုံး ငါတို့ အထုတ်ခံရရုံပေါ့ ဘာမှတော့ မဖြစ်လောက်ပါဘူး"
ယွမ်ချောင် အံကြိတ်ရင်း ဆိုလိုက်သည်။
"ဟုတ်တယ် မင်းက မတူဘူး...မြန်မြန်သွားတော့ မဟုတ်ရင် မင်းမလွတ်နိုင်တော့ဘူး!"
ရန်းလင်လည်း စိုးရိမ်တကြီး ခေါင်းညိတ်လိုက်သည်။
"အန္တရာယ် ကြုံလာတဲ့အခါ သူငယ်ချင်းတွေကို မစွန့်ပစ်ဘူး...... မှန်တယ်... ငါကတိပေးတယ် ဒီနေ့ရဲ့ ဆုံးဖြတ်ချက်အတွက် မင်းတို့ကို သေချာပေါက် ပြန်ပေးဆပ်မယ်!"
သူတို့နှစ်ယောက်ရဲ့ သဘောထားကို မြင်တော့ လုရွှမ်က ခေါင်းညိတ်လိုက်တယ်။
သူ့အရင်ဘဝက သစ္စာဖောက်ခံရပြီး နောက်တွင် သူသည် အခြားသူများကို ယုံကြည်ရန် ဆန္ဒမရှိတော့ပေ။ မမျှော်လင့်ဘဲ သူ့ရှေ့ရှိ အခန်းဖော်နှစ်ဦးသည် အန္တရာယ်များစွာ ကြုံတွေ့ရပြီးတာတောင် သူ့ကို သစ္စာမဖောက်ခဲ့သဖြင့် အလွန်စိတ်သက်သာရာ ရသွားသည်။
"အခုပြောနေတော့ ဘာအသုံးဝင်မှာလဲ... သူတို့လာတယ်ဆိုတော့ အာရုံစိုက်နေတဲ့သူတွေ အများကြီးရှိရမယ်...ဥပဒေအဖွဲ့က မကြာခင် ရောက်လာတော့မယ်....မြန်မြန် သွားတော့...."
မထင်မှတ်ပဲ လူငယ်က သူတို့နှစ်ယောက် ပြောတဲ့စကားတစ်ခွန်းမှ မကြားခဲ့သလို ဖြစ်နေတာကြောင့် ရန်းလင်က စိုးရိမ်စိတ်တွေ အပြည့်နဲ့ ပြန်ပြောတော့၏။
မင်းအခု ထွက်မသွားရင် အရမ်း နောက်ကျသွားပြီ။
မင်းမညံ့ရင်တောင် အကယ်ဒမီ တစ်ခုလုံးနဲ့ ပြိုင်နိုင်မှာလား?
"ငါမသွားဘူး!"
လုရွှမ်သည် နှစ်ယောက်သား ငြင်းခုံမှုကို နှောင့်ယှက်ရင်း ခေါင်းယမ်းလိုက်သည်။
"မသွားဘူး?"
နှစ်ယောက်လုံး အံ့အားသင့်သွားပြီးနောက် ယွမ်ချောင်က
"ဒါဆို မင်းဘာလုပ်မှာလဲ? အဖမ်းခံဖို့ စောင့်နေတာလား? ဒါမှမဟုတ် ငါတို့ ဒီအလောင်းတွေကို အခုချက်ချင်း ကိုင်တွယ်ပြီးရင် ဘာမှဝန်မခံနဲ့... ဘာပဲဖြစ်ဖြစ် သူတို့သေတာအတွက် ဘာအထောက်အထားမှ မရှိဘူးလေ... သူတို့ရှာတွေ့တာက ဘယ်အချိန်မှ ဖြစ်မလဲ မသိဘူး... နှောင့်နှေးနိုင်ရင် ကြာသွားလိမ့်မယ်"
အကယ်ဒမီရှိ ဆရာနှင့် အတန်းဖော်များကို ပြောင်ပြောင်တင်းတင်း ခေါင်းဖြတ်ခြင်းသည် ယခင်ကနှင့်မတူတဲ့ ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်နေပြီဖြစ်ပြီး ပြစ်မှုက မည်သို့ပင်ရှိစေကာမူ မလွတ်မြောက်နိုင်ပါ။
အလောင်းကို ဖုံးကွယ်ထားရင်တော့ သက်သေလည်း ရှိလာမှာ မဟုတ်ဘူး။
"ဒါကို ကိုင်တွယ် ဖြေရှင်းမယ်? မလိုဘူး... ယွမ်ချောင် မင်းလှည်းတစ်စီးရှာပြီး ဒီအလောင်းတွေကို တင်လိုက်... ငါ သူတို့ကို ဥပဒေအဖွဲ့ဆီ ခေါ်သွားပြီး သူတို့ရဲ့ မိုက်မဲမှုကြောင့် လူဘယ်နှစ်ယောက် သေမလဲဆိုတာ ကြည့်ဦးမယ်!"
လုရွှမ်က ပေါ့ပေါ့ပါးပါးပဲ ပြော၏။
"ဘာ?"
"အ...အ... အလောင်းကို ဥပဒေအဖွဲ့ဆီ သယ်သွားမယ်? ဟုတ်လား? ငါကြားတာများ မှားသွားလား?"
ယွမ်ချောင်နှင့် ရန်းလင်တို့သည် တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားကြပြီး ထိတ်လန့်ကာ မူးလဲလုနီးပါး ဖြစ်သွားသည်။
တကယ်ကြီးလားဟ? !
လူတိုင်းက ဥပဒေအဖွဲ့ကို အရမ်းကြောက်ကြတာလေ။ လူသတ်မိရင် သက်သေတွေကို ဖျက်စီး၊ အထောက်အထား ဖျက်စီး၊ အလောင်းကို ဖျက်ဆီးပြီး သဲလွန်စတွေကို ဖျောက်ပစ်ကြမှာပဲ။
မင်းကတော့ ကောင်းရော အလောင်းကိုတောင် လွှဲပေးလိုက်ဦးမယ်။ ဒါက လူကိုသတ်လိုက်တာ မင်းကိုယ်တိုင်ပဲ ဆိုတာ သိသွားအောင်လို့လား?
"မှန်တယ်! ဒီဥပဒေအဖွဲ့က ဆက်မတည်ရှိချင်ဘူး ဆိုမှတော့ ငါကိုယ်တိုင် ဖျက်ပစ်ရမှာပေါ့!"
လုရွှမ်၏ အသံက အေးစက်စွာ ထွက်ပေါ်လာ၏။
ဟိုအရင်က တစ်ဖက်လူကို သူမသိချင်သလို မတွေ့ချင်ပေမယ့် တစ်ဖက်က ထပ်ခါထပ်ခါ ပြဿနာ လာရှာနေတာမို့ အားနာစရာ မလိုတော့ဘူးလေ။
"ဥပဒေအဖွဲ့ကို ဒုက္ခပေးဖို့ အလောင်းကို ယူသွားမှာလား?"
"ဥပဒေအဖွဲ့ကို ဖျက်စီးမယ်!!"
ယွမ်ချောင်နှင့် ရန်းလင်တို့သည် တစ်ချိန်တည်း တံတွေး မျိုချလိုက်ပြီး တကိုယ်လုံး တုန်လှုပ်သွား၏။
အရူး!
အရူးပဲ!
ကျန်းဝူအကယ်ဒမီ တည်ထောင်ပြီး ကတည်းက ကျောင်းသားတစ်ယောက်မှ ဒီလိုစကားမျိုး ပြောဝံ့တာမျိုး မရှိဖူးပါဘူး။
တစ်ဖက်လူက မိုက်မဲသည်ဟု ခံစားမိသော်လည်း အကြောင်းတစ်ခုခုကြောင့် သူတို့နှစ်ဦး တစ်ကိုယ်လုံးကို မီးတောက်လောင်သွားသလို ခံစားလိုက်ရကာ ထုတ်ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားလာကြသည်။
"ကောင်းပြီ! သေတော့လည်း သေပေါ့ ဘာကိုကြောက်နေရမှာလဲ?"
"လုပ်တောင် လုပ်ပြီးပြီပဲ ဘာကိစ္စ နောက်ဆုတ်နေရတော့မှာလဲ?"
ဥပဒေအဖွဲ့၏ အနိုင်ကျင့်ခြင်းကို ခံနေရသော သူတို့နှစ်ဦးသည် ၎င်းတို့၏ နှလုံးသားထဲတွင် လူသတ်ရန် ရည်ရွယ်ချက်များ ရှိနှင့်နေပြီဖြစ်လို့ ခပ်မြန်မြန်ပဲ သဘောတူလိုက်သည်။