ဒုကျောင်းအုပ်ချန်နှင့်တိုက်ပွဲ (ဒုတိယပိုင်း)
Vol. 6 Ch. 90
ဗုန်း! ဗုန်း! ဗုန်း!
ဒုကျောင်းအုပ်ချန်၏ လက်သီးရိုက်ချက်များ ဆက်တိုက် ကျရောက်လာသည်။
နေရာတိုင်းတွင် စွမ်းအားများ လွင့်စင်သွားကာ မြေကြီးပေါ်ရှိ ကျောက်တုံးများ အပိုင်းပိုင်းကွဲကြေကာ ပတ်ဝန်းကျင်လေသည် ဓားဖြင့်ခုတ်ခံရသကဲ့သို့ လူတိုင်းကို ထိတ်လန့်စေ၏။
ဖိအားကို မခံနိုင်သောကြောင့် အားနည်းသော ဥပဒေအဖွဲ့မှ တပည့်အချို့ လွင့်ပါသွားသည်။
လုရွှမ်သည် မုန်တိုင်း ဗဟိုချက်တွင် ရပ်နေသော တစ်ဦးတည်းသော လှေနှင့်တူသည်။ ၎င်းသည် အချိန်မရွေး မှောက်သွားပုံရသော်လည်း အကြောင်း တစ်စုံတစ်ရာကြောင့် လှိုင်းလုံးများနှင့်အတူ အတက်အဆင်းဖြစ်ကာ နစ်မြုပ်ခြင်းမရှိခဲ့ပေ။
"ဒီကောင်လေးက တကယ်ကို ခွန်အားတွေ ရှိနေတာပဲ...."
"ဒုကျောင်းအုပ်ချန်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေတာတောင် အခုထိ မရှုံးသေးဘူးလား?? တော်လိုက်တာ!"
"သူက တကယ်ကြီး အောက်တန်းက ကျောင်းသားလား?"
"အောက်တန်းက ကျောင်းသားတွေမှာ ဒီလိုမျိုး ခွန်အားတွေ ရှိတယ်ဆိုတော့ ငါအဲဒီတုန်းက ဒီအသက်အရွယ်မှာ ခွေးတွေနဲ့ တသက်လုံး ရှင်သန်နေခဲ့တာလား?"
...……
ဥပဒေအဖွဲ့၏ အခြားတပည့်များသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ရင်း တိုက်ပွဲကိုလည်း အရူးအမူး ကြည့်နေကြသည်။
တော်တော်များများကို စုံစမ်းခဲ့ပြီးပြီ။ လုရွှမ်က တကယ့် အငယ်တန်း ကျောင်းသားတစ်ယောက်ပါပဲ။ ဟိုးအရင်က အငယ်တန်းပြိုင်ပွဲမှာ ရွှေတံဆိပ်နေရာက ချန်ဖုန်းကို အနိုင်ယူခဲ့တဲ့အတွက် သူ နာမည်ကြီးလာခဲ့တာ။
သို့သော် ထိုအချိန်တုန်းက ဝူအဆင့်နယ်ပယ်သာ ရှိသေးသည်။
အခု ဘယ်လောက်ကြာသွားပြီလဲ?
ဝူအဆင့်၅ ဖိရွှယ်နယ်ပယ် အဆင့်နဲ့ ဒုကျောင်းအုပ်ချန်ကို တိုက်ခိုက်နေတာ ကြာပြီဆိုပေမယ့် မရှုံးသေးချေ။ မျက်စိနဲ့ မြင်နေရသော်လည်း မျက်စိကန်းသွားပြီဟုသာ ထင်နေရသည်။
"ဒီလိုအချိန်တိုလေး အတွင်းမှ ဖိရွှယ်နယ်ပယ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့တယ် ဆိုတော့ ဒီကောင်လေးက ပါရမီရှင် ဆိုတာတော့ ငါဝန်ခံရမယ်၊ ဒါပေမယ့်... ဒါပေမဲ့ ပါရမီရှင် တစ်ယောက်ကတော့ ဒီနေ့ သေချာပေါက် အသတ်ခံရလိမ့်မယ်!"
ဥပဒေအဖွဲ့၏ လက်ထောက်ခေါင်းဆောင် ဝူယွမ်သည် ကွင်းပြင်ထဲက တိုက်ပွဲကို ကြည့်ပြီး သက်ပြင်းမချနိုင်တော့ဘဲ
"ဒီအတိုင်းသာ ဆိုရင် ကြည့်ရတာတော့ နောက်ငါးကွက်လောက်ဆိုရင် သူသေမှာ သေချာတယ်!"
"ငါးကွက်လား?"
သူ့စကားကြားတော့ လျောက်ချင်းက ခေါင်းခါသည်။
"အဲဒီကောင်လေး ဘယ်ကကြည့်ကြည့် ညာကကြည့်ကြည့် မခံနိုင်တော့ဘူး ဆိုပေမယ့် အဲ့လောက်လည်း မရိုးရှင်းဘူး!"
ဝူယွမ်သည် ခေါင်းဆောင်က သန်မာသည်ကို သိသောကြောင့် သူသည် အဓိပ္ပါယ်မရှိသော စကားမပြောနိုင်သဖြင့် သံသယစိတ်ဖြင့်သာ ကြည့်နေလေသည်။
သူ့အမြင်အရတော့ ဒီကောင်လေးက ခံနိုင်ရည်မရှိတာ သိသာထင်ရှားပြီး အန္တရာယ်က နေရာတိုင်းမှာ ရှိနေ၏။ သူ နည်းနည်းတောင် မလှုပ်ရှားသလိုမျိုးပဲ။ ဘာလို့ ခေါင်းဆောင်ရဲ့အမြင်က မတူဘူးလို့ ထင်ရတာလဲ?
"မင်းနဲ့ ဒုကျောင်းအုပ်ချန် တိုက်ရတဲ့အခါကျရင် မင်းဘာလုပ်မှာလဲ?"
သူ့မေးခွန်းကို မဖြေဘဲ ခေါင်းဆောင်လျောက်ချင်းက မေးလာ၏။
"ငါ? ငါကဘယ်လိုလုပ် ဒုကျောင်းအုပ်ချန်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ? ငါသေချာပေါက် ထွက်ပြေးမှာပဲ!..."
စကားမဆုံးခင်မှာ ဝူယွမ်က တစ်ခုခုကို တွေးနေသလိုမျိုး သူ့မျက်နှာမှာ မယုံနိုင်စရာတွေ ပြည့်နှက်နေ၏။
"ဟုတ်တယ်....သူ့အင်အားက ဒုကျောင်းအုပ်ချန်ထက် သိသိသာသာ အားနည်းနေတယ်... ဒါကြောင့် အရေးကြီးဆုံးက ရှောင်ပြီး သူ့ရဲ့ အရည်အချင်းကို ပိုပြီး ပေါ့ပေါ့ပါးပါး အသုံးချသွားတာ....အစကတည်းက သူ တစ်ချက်မှ မရှောင်လွှဲခဲ့တာကို သတိထားမိလား? ဆိုလိုတာက တိုက်ပွဲအစကနေ အခုချိန်ထိ သူအမြဲ ထိပ်တိုက်ရင်ဆိုင်နေတယ် !"
လျောက်ချင်းက ပြောသည်။
"ထိပ်တိုက်ရင်ဆိုင်တယ်?... သူရှောင်စရာမလိုအောင် စွမ်းအားတွေ အရမ်းမြန်နေလိုလား? ဒါမှမဟုတ် ဒုကျောင်းအုပ်ချန်ရဲ့ တိုက်ခိုက်မှုအရှိန်က လုံးဝရှောင်တိမ်းဖို့ မြန်လွန်းနေလို့လား?"
ခေါင်းဆောင်က သတိပေးလာတဲ့အခါ ဝူယွမ်လည်း ဒီအချက်ကို မြင်လိုက်ပေမယ့် သူ မယုံနိုင်သေးဘူး။
ပြိုင်ဘက်မဟုတ်မှန်း သိသာ ထင်ရှားနေတာတောင် အဘယ်ကြောင့် ဆက်လက် တိုက်ခိုက်နေရသနည်း?
ဒဏ်ရာရဖို့ ထိုင်စောင့်နေတာနဲ့ မတူဘူးလား?
"မဟုတ်ဘူး....သူတစ်ခါတလေ ရှောင်ထွက်သွားတာကို ငါ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေမယ့် ဘာကြောင့်လဲမသိဘူး တစ်နည်းနည်းနဲ့ ပြန်ဆုတ်သွားတယ်!" လျောက်ချင်းက လေးနက်စွာ ခေါင်းယမ်းလိုက်သည်။
သူ...သူဘာလို့ဒီလိုလုပ်တာလဲ?"
ဝူယွမ်ဟာ ခဏလောက် ကြည့်လိုက်တော့ သေချာတာပေါ့။ သူလည်း ဒီအချက်ကို တွေ့ပြီး သည်းမခံနိုင်တော့သလို ဖြစ်လာသည်။
ဒီကောင်လေးက နှိပ်စက်တာကို ကြိုက်တာလား?
သေချာပေါက် မဟုတ်ဘူးပေါ့!
လောကမှာ အဲဒီလိုလူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ?
"ငါသိပြီ...."
သံသယများ ပြည့်နှက်နေချိန်တွင် ခေါင်းဆောင်လျောက်ချင်းသည် ရုတ်တရက် တစ်ခုခုကို တွေးတောမိသွားပုံရပြီး လက်သီးများကို တင်းတင်းဆုပ်ထားကာ
"ဒီလောက် ရဲရင့်ပြီး မာနကြီးတဲ့သူ ကမ္ဘာမှာ ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး....ကိုယ့်မျက်စိနဲ့ကိုယ် မြင်ရတာတောင် မယုံနိုင်ဘူး..."
"ခေါင်းဆောင် ဘာဖြစ်လို့လဲ?"
ဝူယွမ်က နားမလည်သေးသောကြောင့် မေးရန်သာ တတ်နိုင်၏။
"ဒီလူငယ်က မရှောင်တာ မဟုတ်ဘူး... သူက ဒုကျောင်းအုပ်ချန်ရဲ့ စွမ်းအင်အကူအညီနဲ့ အားကောင်းတဲ့ ကိုယ်ခံပညာတချို့ကို လေ့ကျင့်နေတာ"
ခေါင်းဆောင်လျောက်ချင်းက ရှင်းပြသည်။
"ဘာ?" ဝူယွမ်သည် သေလုမတတ် ကြောက်လန့်သွားသည်။
"ဒုကျောင်းအုပ်ချန်ရဲ့ အကူအညီနဲ့ ကိုယ်ခံပညာကို လေ့ကျင့်နေတယ်? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"
တိုက်ပွဲတွင် မျက်စိမရှိသဖြင့် ဒုကျောင်းအုပ်ချန်၏ အသွင်အပြင်ကို ကြည့်လိုက်တာနဲ့ ထိုလူငယ်ကို လက်နှင့် ဖိသတ်ချင်နေတာ ထင်ရှားသည်။
ဒီလိုအခြေအနေမျိုး ကြုံလာရင် သူ့အသက်ကယ်ဖို့က နံပါတ်တစ် ဦးစားပေးပဲ။
"ငါလည်း မယုံဘူး ဒါပေမယ့်... ဒါက အမှန်တရားပဲ!"
လျောက်ချင်းလည်း ခေါင်းယမ်းလိုက်ပြီး သူ့မျက်လုံးတွေက မယုံကြည်မှုတွေ အပြည့်နှင့်။
သူတကယ်ကို သိချင်နေခဲ့တာ။ ဒီကောင်လေးက ဘယ်လိုလုပ် လုပ်နိုင်လိုက်တာလဲ?
………………
လျောက်ချင်းပြောတာ မှန်ပါ၏။ လုရွှမ်ဟာ လက်ရှိမှာ ကိုယ်ခံပညာကို လေ့ကျင့်နေပေမယ့် သူတို့ပြောသလို မဟုတ်ဘဲ နှစ်မျိုးဖြစ်လေသည်။
ပထမတစ်မျိုးမှာ ဆင်သံချပ် ရွှေကိုယ်ထည် ဖြစ်သည်။
ပြိုင်ဘက်၏ စွမ်းအားသည် ကြမ်းတမ်းပြီး အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ၎င်းသည် ခံစစ် ဆင်သံချပ် ရွှေကိုယ်ထည်အတွက် အကောင်းဆုံး စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။
ဒုတိယမှာ နဂါးဆင် ရွှေလက်ဝါး ဖြစ်သည်။
သူသည် အသက်နှင့် သေခြင်းကြားက ဖိအားများနှင့် ပြိုင်ဘက်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုကို အသုံးပြုခြင်း ဖြစ်၏။ ၎င်း၏ အလားအလာကို လှုံ့ဆော်ရန်နှင့် နဂါးဆင် ရွှေလက်ဝါးကို ဒုတိယအဆင့်အထိ တိုက်ရိုက် အဆင့်တက်ရန် ရည်ရွယ်ထားသည်။
ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယ်၏ ဝိညာဥ်ချီသည် အဆုံးမရှိသလို စိတ်စွမ်းအား ၀.၈ သို့ရောက်ရှိထားပြီး ဖြစ်သည်။
တစ်ဖက်တွင် ၎င်းသည် ဆင်သံချပ် ရွှေရောင်ကိုယ်ထည်ကို အသုံးပြုထားပြီး တစ်ဖက်တွင်လည်း နဂါးဆင်ရွှေလက်ဝါးကို ဒုတိယအဆင့်တက်ရန် လုပ်ဆောင်နေ၏။
ဘယ်လောက် ကြာသွားသလဲ မသိ။
ဗုန်း!
ပြင်းထန်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ဆင်သံချပ် ရွှေကိုယ်ထည်သည် ဦးစွာ ဖောက်ထွင်း ဝင်ရောက်သွားခဲ့သည်။
ဒုကျောင်းအုပ်ချန်၏ ကြီးမားသော ခွန်အား ဖိနှိပ်မှုအောက်တွင် သူသည် အဆင့်နှစ်ဆင့်ကို ဆက်တိုက် ဖြတ်ကျော်ခဲ့ပြီး သေးငယ်သော အောင်မြင်မှုမှ ပြီးပြည့်စုံသော ပထမအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ပြီးပြည့်စုံသော အခြေအနေတွင်ရှိသည့် ဆင်သံချပ် ရွှေကိုယ်ထည်သည် စွမ်းအားအပြည့်ရှိပြီး ရုပ်ခန္ဓာ၏ ခွန်အားသည် အဆများစွာ တိုးလာကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားအရှိန် ၅၀အထိ ရောက်ရှိသွားသည်။
နန်းတော်ပင်လယ် ပြီးပြည့်စုံသော အဆင့်ဖြစ်သည့် မင်းသမီးလော့ရုံသည် စွမ်းအားအရှိန် ၈သို့မဟုတ် ၉သာ ရှိသည်။ ယခုအချိန်တွင် လုရွှမ်သည် နတ်စွမ်းအင် အမှတ်ကို မဖွင့်မီ ကြီးမားသော ခွန်အား ငါးဆယ်ရှိ၏။
ထို့အပြင် လုရွှမ်သည် လက်ရှိ အခိုက်အတန့်တွင် မတ်တပ်ထရပ်ပြီး ဒုကျောင်းအုပ်ချန်ကို ဆက်လက် တိုက်ခိုက်နေပါက ခုခံအားကို ခိုင်ခံ့စေမည်။
တစ်နည်းဆိုရသော် ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုနှင့် ခံနိုင်ရည်ရှိမှု တစ်ခုတည်းတွင် သူသည် သာမန်အဆင့် ထိပ်တန်း မှော်လက်နက်တစ်ခုနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
ဤအဆင့်မှသာလျှင် ထုံးရွှမ်နယ်ပယ်တွင် ပြင်းထန်သော တိုက်ခိုက်ခြင်းကို မပျက်စီးစေဘဲ ခံနိုင်ရည်ရှိသည်။
ဆင်သံချပ် ရွှေကိုယ်ထည် အဆင့်တက်သွားပြီး လုရွှမ်သည် လေ့ကျင့်ရန်အတွက် အာရုံထွေပြားနေရန် မလိုအပ်ဘဲ နဂါးဆင် ရွှေလက်ဝါး၏ ဒုတိယအဆင့်ကို ဆက်လတ်အာရုံစိုက် လေ့ကျင့်သည်။
အသက်ရှူချိန် ဆယ်ကြိမ်ကျော်ပြီးနောက် ခန္ဓာကိုယ်သည် တဖန်ဟိန်းဟောက်ကာ နဂါးဆင် ရွှေလက်ဝါး၏ ဒုတိယအဆင့်က ထိုးဖောက်သွားပြန်၏။
"အောင်မြင်ပြီ!"
လုရွှမ် ဝမ်းသာသွားသည်။
အရင်ဘဝက နဂါးဆင် ရွှေလက်ဝါးကို ပထမအဆင့်ကနေ ဒုတိယအဆင့်အထိ လေ့ကျင့်ဖို့ သုံးနှစ်လောက် အချိန်ယူခဲ့ရသည်။ ဒီဘဝမှာတော့ လေ့ကျင့်မှု အတွေ့အကြုံ ရှိသလို တစ်လထက်မနည်း အချိန်ယူခဲ့ရတာက အရမ်းမြန်တယ်လို့ ဆိုလို့ရသည်။
"ကောင်စုတ်လေး ငါမင်းကို သတ်မယ်!"
လုရွှမ်သည် ဒုကျောင်းအုပ်ချန်နှင့် လေ့ကျင့်နေသည်ကို လျောက်ချင်းမှ မြင်နိုင်သော်လည်း ဒုကျောင်းအုပ်ချန်ကတော့ မသိလိုက်ဘဲ မျက်နှာနီရဲလာပြီး ဒေါသတကြီး ထအော်လိုက်သည်။
အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက်တွင် သူသည် အနည်းငယ် စိတ်တိုလာသည်။ တစ်ဖက်လူက မည်သို့သော တားမြစ်နည်းကို အသုံးပြုခဲ့သည်ကို မသိခဲ့ပါ။ သူ့တစ်ကိုယ်လုံးသည် ဝမ်းလျားနေသော ဖားတစ်ကောင်လို ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှ အသက်ရှုသံများ လျင်မြန်စွာ တိုးလာသည်။
"ပြင်းထန်စွမ်းအင် ကျင့်စဥ်? အတန်းနိမ့်် ကျောင်းသားတစ်ယောက်က ဒုကျောင်းအုပ်နဲ့ တိုက်ခိုက်နေတာတောင် ဒီတားမြစ်ထားတဲ့ နည်းလမ်းကို သုံးရဲတယ်??"
ဒုကျောင်းအုပ်ချန်၏ ခန္ဓာကိုယ် အသက်ရှူလမ်းကြောင်း အပြောင်းအလဲများကို မြင်လိုက်ရသောအခါ လျောက်ချင်းသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ့မျက်နှာသည် ရုတ်တရက် အလွန်ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။