အရွက်တစ်ထောင်ပန်း
Vol. 7 Ch. 92
"အာ?"
လူတိုင်း ငတုံးတွေလို ဖြစ်သွားကြသည်။
ဒါက မာနကြီးလွန်းပြီး ဘုရင်မင်းမြတ်ကိုတောင် မျက်နှာသာ မပေးတတ်တဲ့ ကျောင်းအုပ်ကြီး ဟုတ်ပါတယ်နော်?
ဤသည်မှာ စည်းကမ်းနှင့် အဆင့်အတန်းကို အာရုံစိုက်ပြီး အခွင့်ထူးများကို ထုတ်ပယ်တတ်သည့် ကျောင်းအုပ်ကြီးရော ဟုတ်ပါရဲ့လား?
အထူးသဖြင့် ဒုကျောင်းအုပ်ချန်ပင်။ သူ့ခမျာ သူ့လျှာကို ကိုက်မိပြီး သေလုနီးပါး ဖြစ်သွားခဲ့သည်။
ဇာတ်လမ်းက ဒီလို မဖြစ်သင့်ဘူးလေ။ ပေါ်လာပြီး ဒီကောင်လေးကို အပိုင်းပိုင်းဖြစ်အောင် ရိုက်ပေးတဲ့ ကျောင်းအုပ်ကြီးပဲ ဖြစ်သင့်တာ။ ဒီလို သဘောထားမျိုးက ကျောင်းအုပ်ကြီးမှာ ရှိနေသင့်တာ မဟုတ်ဘူးလေ။
ဒါအပြင် ဒဏ်ရာတစ်ခုခု ရသွားသေးလားတဲ့။ ခြေလက်တွေနဲ့ လက်ရှိ အခြေအနေကို မြင်နေရတယ်လေ မြေပြင်ပေါ်မှာ လဲလျောင်းနေတာက ဒုကျောင်းအုပ်ချန်ဖြစ်ပြီး သူက နဂိုအတိုင်းပဲ။
ဒုကျောင်းအုပ်ချန် ဘယ်လိုနေလဲလို့ ဘာလို့မမေးဘဲ လုရွှမ်ကို မေးနေရတာလဲ?
တစ်ခုခုများ မှားနေလား?
လူတိုင်းသည် ထိတ်လန့် တုန်လှုပ်သွားပြီး ကျောင်းအုပ်ကြီး လော်ယန်ချင်းမှ လုရွှမ်သတင်းကို ပထမဆုံး ကြားရသောအခါ မူးလဲလုနီးပါး ဖြစ်ခဲ့သလိုပင် ဖြစ်သွားခဲ့သည်။
ကြောက်စရာ ကောင်းလိုက်တာ
သူ့ရှေ့က လူငယ်က ဆရာသခင်ရဲ့ တပည့်ဖြစ်ပြီး ဥပဒေအဖွဲ့က သူ့ကို သတ်ချင်ရုံသာမက နောက်ဆုံးသော ရွှေအမိန့်ကိုလည်း ထုတ်ခဲ့သေးသည်။
ဒါက လူကို သေအောင် စော်ကားတာနဲ့ မတူသွားဘူးလား?
ဆရာသခင်က သူ့အား ခွန်အားတိုးအောင် ကူညီပေးဖို့ အဆင့်၅ ဆေးလုံးကို ပေးခဲ့ခြင်းကြောင့် ဆရာသခင်သည် လုရွှမ်အပေါ် အလွန်အလေးပေးကြောင်း သိမြင်နိုင်သည်။ အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက ဆရာသခင် လက်တစ်ချောင်း လှုပ်လိုက်တာနဲ့ ကျန်းဝူအကယ်ဒမီ တည်ရှိနေရန် မလိုအပ်တော့ပေ။
"ခင်ဗျားလည်း ကျုပ်ကိုတားချင်လို့လား?"
လုရွှမ်သည် လော်ယန်ချင်း၏ မေးခွန်းကို မဖြေဘဲ မျက်မှောင်ကြုတ်လိုက်သည်။
"မဟုတ်ဘူး...မဟုတ်ပါဘူး!" လော်ယန်ချင်းက သူ့မျက်နှာ တစ်ပြင်လုံးကို ပြုံးလိုက်ပြီး
"ချန်ထောင်းက ဥပဒေမဲ့တဲ့အတွက် ကျုပ်သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါ့မယ် ကျေးဇူးပြုပြီး သူ့အသက်ကို ချမ်းသာပေးလိုက်ပါ.... မင်းသူ့ကို တကယ်သတ်လိုက်ရင် ကျောင်းသားက ဆရာ့ကို သတ်လိုက်တယ်ဆိုပြီး နာမည်ဆိုး ထွက်လာနိုင်ပါတယ်"
"ဂုဏ်သတင်းက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ငါနဲ့မဆိုင်ဘူး!"
လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အရင်ဘဝတုန်းက သူ့ကို အရူးတစ်ယောက်လို့ သိကြပြီး သူ့နောက်ကွယ်မှာ ဆူပူကြိမ်းမောင်းတဲ့သူတွေ အများကြီးရှိပေမယ့် ဘာအရေးလဲ။ ဒီလူတွေက နောက်ကွယ်မှာသာ ကျိန်စာတိုက်ဝံ့ကြပြီး သူရှေ့မှာ တကယ်ပြောရဲသလို ပါးစပ် မဖြဲနိုင်ကြပါဘူး။
"ဟင်……"
သူ့ရှေ့က လူငယ်လေးဟာ ဒုကျောင်းအုပ်ချန်ကို သတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတာကို မြင်တော့ လော်ယန်ချင်း အခက်တွေ့ကာ မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးတွေ တောက်ပလာပြီး
"ချန်ထောင်းက အစောပိုင်းနှစ်တွေတုန်းက အဆင့်၇ ဆေးပင်ဖြစ်တဲ့ အရွက်တစ်ထောင်ပန်းကို ရခဲ့တယ်...အပြစ်ပေးတဲ့ အနေနဲ့ သူ့ကိုအဲဒါ ထုတ်ယူလာခိုင်းလိုက်မယ်... နောက်ပိုင်း သူလုံးဝ မင်းကိုပြဿနာ လာမရှာစေရပါဘူး...."
"အရွက်တစ်ထောင်ပန်း?" လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
အရွက်တစ်ထောင်ပန်းသည် အရွက်ထောင်ပေါင်းများစွာ ရှိသည့် စပျစ်နွယ်ကဲ့သို့ အပင်တစ်မျိုး ဖြစ်သည်။ ဆန်းကြယ်သွေးကြောဆေးလုံး သန့်စင်ရန်အတွက် အဓိက ပစ္စည်းဖြစ်သည်။
၎င်းက ထုံးရွှမ်နယ်ပယ် အတွက် အထောက်ကူဆုံးသော အဂ္ဂိရတ်ဆေး တစ်မျိုးဖြစ်၏။
သူသည် ဝူအဆင့်၆ ထုံးရွှမ်နယ်ပယ် အဆင့်သို့ မရောက်ရှိသေးသော်လည်း သူ၏ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၈ သို့ ရောက်ရှိသွားကာ နဂါးဆင် ရွှေလက်ဝါးရဲ့ ဒုတိယအဆင့်အထိ လေ့ကျင့်ခဲ့ပြီးပြီ။
သူသည် အမှတ်များကို ပိုမိုဖွင့်နိုင်နေပြီဖြစ်သည်။ ပြီးတော့ သူက ထုံးရွှမ်နယ်ပယ် တစ်ဝိုက်ကို ဝင်ရောက်နေနိုင်ပြီ။
အကယ်၍ ထုံးရွှမ်နယ်ပယ်ကို မထိုးဖောက်ခင် ဆန်းကြယ်သွေးကြောဆေးလုံးကို သန့်စင်ထားပါက ၎င်းသည် သူ၏ အစွမ်းထက် နှစ်ဆ ပိုများမည်မှာ သေချာသည်။
"အရွက်တစ်ထောင်ပန်း၊ ကျစ်ရှောင်းမြက်နဲ့ ခရမ်းရောင်ကောင်းကင် အစေ့ကို သုံးရက်အတွင်း ရှာပြီး သူ့အသက်ကို ကယ်တင်နိုင်ဖို့ ဒီကို ပို့ပေးရမယ်!" လုရွှမ်က ပေါ့ပေါ့ပါးပါး ပြော၏။
သူသည် ဆန်းကြယ်သွေးကြော ဆေးလုံးကို သန့်စင်ရန်အတွက် အရန်ပစ္စည်းများ ဖြစ်သည့် ဆေးဖက်ဝင်ပစ္စည်း အမျိုးပေါင်း နှစ်ဆယ်ကျော်ကိုလည်း ပြောပြခဲ့သည်။
"ဒါကလွယ်ပါတယ်!"
ထိုစကားကို နားထောင်ပြီးနောက် လော်ယန်ချင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုဆေးပင်များသည် အဖိုးတန်သော်လည်း ငွေနှင့်ဝယ်နိုင်သည်။ အသက်နှင့် နှိုင်းယှဥ်ပါက ကုန်ကျစရိတ် ကြီးသော်လည်း အဖိုးမတန်တော့ချေ။
"ဆေးပင်တွေ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုရင် ကျုပ်အိပ်ဆောင်ကို လာပို့ပေးပါ!"
လော်ယန်ချင်းသည် ရှေ့သို့ရောက်လာပြီး ဒုကျောင်းအုပ်ချန်၏ အသက်ကို ကယ်တင်ရန်အတွက် ဆေးပင်များများစွာကို အသုံးပြုထားသောကြောင့် လုရွှမ်သည် ရပ်တန့်ထားလိုက်သည်။
ထပ်ပြောရလျှင် ဒုကျောင်းအုပ်ချန်သည် ယခုအချိန်တွင် ရှုံးနိမ့်သွားပြီဖြစ်ပြီး သူ့ရဲ့ကျင့်ကြံမှုများ ထပ်မံ တိုးလာသောအခါတွင် ၎င်းအားသတ်ပစ်ရန်မှာ ပြဿနာမဟုတ်ပေ။
သူ၏သေဆုံးခြင်းကို များစွာသော အရာများအတွက် လဲလှယ်နိုင်ခြင်းသည် အမြတ်အစွန်းဖြစ်သည်ဟု ယူဆလို့ရ၏။
စကားဆုံးတော့ လုရွှမ် လှည့်ထွက်သွားသည်။
လော်ယန်ချင်း ပေါ်လာသောအခါတွင် သူသည် ကျန်ကိစ္စရပ်များကို သဘာဝအတိုင်း ဂရုစိုက်စရာ မလိုသလို ဤနေရာတွင် ရပ်နေရန်လည်း မလိုအပ်တော့ချေ။
အချိန်ဖြုန်းမည့်အစား မြှင့်တင်ပြီးသော လေ့ကျင့်မှုများကို စုစည်းရန် အချိန်ကို အသုံးပြုခြင်းသည် ပိုကောင်းပါ၏။
ဟူ....
ဒီကိစ္စကို လုရွှမ်ဆက်မလုပ်တော့ဘဲ ထွက်သွားတာကို မြင်လိုက်ရတော့ လော်ယန်ချင်း သက်ပြင်းချကာ ဒုကျောင်းအုပ်ချန်ကို ဒေါသ အမူအရာနဲ့ လှည့်ကြည့်လိုက်သည်။
"ခုနက ငါပြောတာကို မင်းကြားလား? အဲဒီဆေးပင်တွေကို ချက်ချင်းပြင်လိုက်! မဟုတ်ရင် မင်းရဲ့ဒုကျောင်းအုပ် နေရာကို လုပ်စရာ မလိုတော့ဘူး!"
"ဟုတ်……"
ဒုကျောင်းအုပ်ချန်သည် ဘယ်လောက်ပဲ တုံးအနေပါစေ သူ့မျက်လုံးထဲမှာ ထိတ်လန့်နေတဲ့ အကြည့်နဲ့ လော်ယန်ချင်းရဲ့ ဒေါသကို နည်းနည်းတော့ သိနေသေးသည်။ သူက တုန်တုန်ယင်ယင်နဲ့
“သူ…”
"သူ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမမေးနဲ့! မဟုတ်ရင် မင်းကို တစ်ယောက်ယောက် လာသတ်သွားရင် ငါဒီနေ့လို ကာကွယ်ပေးမှာ မဟုတ်တော့ဘူး!"
လော်ယန်ချင်းသည် သူ့လက်များကို ဝှေ့ယမ်းကာ ထွက်ခွာသွားခဲ့သည်။
အောင်မြင်သည် သာမက အောင်မြင်သည်ထက် ပိုလုပ်ခဲ့သော ထိုလူငယ်လေးကြောင့် ကျောင်းဝင်းနှင့် ဥပဒေအဖွဲ့ကို ပြုပြင်ရန် အချိန်တန်ပြီဟု ထင်ရသည်။
ဒီလိုမှမဟုတ်ဘဲ ဒါကို ဆက်လုပ်နေရင် မစော်ကားသင့်တဲ့ သူကို စော်ကားမိပြီး အကယ်ဒမီတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့!"
ဒုကျောင်းအုပ်ချန်သည် သူချစ်သော ဆေးပင်များကို လှူဒါန်းရတော့မည်ကို သတိရကာ တခဏတာ တုန်လှုပ်သွားပြီး သူ့မျက်လုံးထဲတွင် ပြင်းပြသော ဆန္ဒနှင့် မုန်းတီးမှုများ ပေါ်လာသည်။
ဒါပေမယ့် မပေးလို့ကလည်း မဖြစ်နိုင်ဘူး ဆိုတာကိုလည်း သူသိ၏။ ကျောင်းအုပ်ကြီးကိုယ်တိုင်က ပြောပြီး လစာမပေးရင် ဒုကျောင်းအုပ် ရာထူးက အာမမခံနိုင်သလို ကံမကောင်းရင် ခေါင်းပါ အဖြတ်ခံရနိုင်သည်။
"လုရွှမ်.... ငါ့ကို စောင့်နေ....အနှေးနဲ့အမြန် တစ်နေ့နေ့မှာ ငါမင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်!"
သူ့စိတ်ထဲတွင် အေးစက်စွာ ဟစ်အော်ရင်း ဒုကျောင်းအုပ်ချန်သည် မတ်တပ်ရပ်ရန် ရုန်းကန်ခဲ့ရသည်။ ထိုကဲ့သို့သော လူငယ်တစ်ဦးကို ရှုံးလိုက်ရကာ သူ ဤနေရာတွင် အဘယ်မျက်နှာနှင့် ရပ်နေရတော့မည်နည်း။
…………………………
ဒုကျောင်းအုပ်ချန် ဒေါသထွက်နေမှန်း သိပေမယ့် လုရွှမ်ကတော့ ဂရုမစိုက်ချေ။
အဲဒီကောင်က နောက်ဆုတ်ထားရင် ကောင်းပေသည်။ သူ့ကို ပြဿနာလာရှာဖို့ သတ္တိရှိရင် နောက်တခေါက် သတ်ဖို့ ဝန်လေးနေမှာ မဟုတ်ပါ။
တစ်လမ်းလုံး လျှောက်သွားရင်း ဥပဒေအဖွဲ့ဌာနချုပ်မှ ထွက်ခွာသွားတော့ လုရွှအ်သည် အိပ်ဆောင်သို့ မပြန်ဘဲ အိပ်ဆောင်နောက်ဘက်ောအုပ်ဆီသို့ တည့်တည့် လျှောက်သွားခဲ့သည်။
မတိုင်ခင်က အခြေအနေ နှစ်ခုနှင့် စပ်လျင်းပြီး ကျန်ရှိသော အမှတ်များကို ယခုမှစ၍ ဖွင့်ထုတ်ရန် စီစဉ်နေသည်။
လေ့ကျင့်ရန် နေရာရှာ၍ မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စိတ်လှုပ်ရှားမှုဖြင့် ကျောက်စိမ်းပြားထဲသို့ ဝင်သွားလိုက်သည်။
"ကောင်လေး မင်းပြန်လာပြီလား....ငါ့ရဲ့ သေရည်ကောင်းလေး ဘယ်မှာလဲ?"
သူဝင်လာတာကို မြင်တော့ ကျီးကန်းကြီးက စိတ်လှုပ်ရှားစွာ ကြည့်နေ၏။
"သေရည်ကောင်း...." လုရွှမ် ခဏအကြာမှာ ရှက်သွားသည်။
ကျီးကန်းက သူ့ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် တောင်းခဲ့ပေမယ့် တကယ်တမ်းတော့ သူထပ် မေ့သွားပြန်ပြီ။
"မင်းထပ်မေ့ပြန်ပြီလား!"
သူ့အမူအရာကို မြင်တော့ ကျီးကန်းမှာ ရူးလုမတတ်။
"ကျင့်ကြံရေး နည်းလမ်းတွေ မသင်ချင်ဘူးလား? နန်းတော်ပင်လယ်ကို မဖွင့်ချင်ဘူးလား? ! မင်းမှာအကြီးတွေအပေါ် လေးစားမှုရော ရှိရဲ့လား!! ငါဆိုတဲ့ ရွှေကျီးကန်းက လိုချင်တာရှိတာနဲ့ မရေမတွက်နိုင်တဲ့ လူတွေ တန်းစီးနေတာ... မင်းပဲ!! မင်းပဲ ငါ့စကားကို နားမထောင်တာကွ!!"
"အဟမ်း အဟမ်း... နောက်တစ်ခါ နောက်တစ်ခါ သေချာပေါက် သတိရမယ်!"
လုရွှမ်သည် ရှက်ရွံ့စွာ ပြုံးကာ သူ့ခန္ဓာကိုယ်ကို လှုပ်ခါကာ တစ်ဖက်သို့လှည့်၍ ပုန်းနေလိုက်သည်။
ဤကျီးကန်းသည် စကားပြောပုံး တစ်ခုမျှသာဖြစ်သည်။ ၎င်းနှင့် အမှန်တကယ် စကားပြောလိုပါက လေ့ကျင့်ရန်မလိုဘဲ ၃ရက်၃ညလောက် ပြောနိုင်သည်။
သူ့နားရွက်ကိုဆွဲကာ ကျီးကန်းအော်သံနှင့် မကျေနပ်မှုများကို လျစ်လျူရှုပြီး လုရွှမ်သည် တင်ပျဉ်ခွေထိုင်ကာ သူ့စိတ်ထဲတွင် ကျင့်ကြံမှု၏ နောက်ထပ်လမ်းကြောင်းကို တွေးကြည့်နေသည်။
"ကျန်တဲ့ အမှတ်တွေထဲမှာ နတ်စွမ်းအင်အမှတ်က အခက်ခဲဆုံးနဲ့ နတ်မျက်စိစွမ်းအင် အမှတ်က အန္တရာယ် အရှိဆုံးပဲ...အဲဒီအမှတ်နှစ်ခုကို အောင်မြင်အောင် ဖွင့်နိုင်ရင် ကျန်တာတွေက လွယ်သွားပြီ"
နတ်စွမ်းအင် အမှတ်ကို ဖွင့်ပြီးနောက် နတ်စွမ်းအင် အမှတ်သည် လူတို့အား မြင့်မြတ်သော စွမ်းအင်ကို ပိုင်ဆိုင်နိုင်စေပြီး ၎င်းတို့၏ ကာယခွန်အားကို အလွန်တိုးစေနိုင်သည်။
နတ်မျက်စိစွမ်းအင် အမှတ်သည် လူတို့၏ မျက်လုံးများကို ပိုမိုပြတ်သားစေပြီး သာမန်လူများ မမြင်နိုင်သော အရာများကိုပင် မြင်နိုင်သည်။
ဤအမှတ် နှစ်ခုသည် ဝိညာဥ်စွမ်းအင် အမှတ်မှလွဲ၍ အရန်အမှတ်များကြားတွင် ဖွင့်ရန် အခက်ခဲဆုံးဖြစ်သည်။ အောင်မြင်ပြီးလျှင်တော့ ကျန်အရာများသည် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။