← Chapters

၃၆ခုမြောက် အမှတ်

Vol. 7 Ch. 94

၃၆ခုမြောက် အမှတ်

Vol. 7 Ch. 94

"သာမန် ကျင့်ကြံသူတွေက အမှတ်၁၅ခုကို ဖွင့်နိုင်တယ်....အမှတ်၂၀ဆိုရင်တော့ ပါရမီရှင်ပဲ....အရင်ဘဝက ငါအမှတ်၃၀ပဲ ဖွင့်နိုင်ခဲ့တယ် ...မထင်ထားဘဲ ဒီဘဝမှာတော့ အမှတ်ပေါင်း ၃၆ခုကို ဖွင့်နိုင်သွားပြီ"

လုရွှမ်၏ မျက်လုံးများသည် ပျော်ရွှင်မှု အပြည့်ရှိနေသည်။

အမှတ်၃၆ခုစလုံးဟာ အရင်က ဒဏ္ဍာရီတွေသာ ဖြစ်ပြီး သူလုပ်နိုင်မယ်လို့ မထင်ခဲ့ပါဘူး။ ဒီနေ့တော့ နောက်ဆုံးအမှတ်ကို အောင်မြင်စွာ ဖွင့်လိုက်ပြီး နောက်မှပဲ သိလိုက်ရ၏။

အမှတ်ပေါင်း ၃၆ ခုစလုံးကို ပွင့်သွားပြီး သူ့တစ်ကိုယ်လုံးရဲ့ စစ်မှန်တဲ့ စွမ်းအင်တွေဟာ အတားအဆီးမရှိ ပျံ့လွင့်သွားသလို ခံစားရလေသည်။

"နတ်စွမ်းအင်အမှတ် နဲ့ ကျန်တဲ့ ကျင့်ကြံမှုအမှတ် လေးခုကလွဲရင် တခြားအမှတ်တွေက ခွန်အားကို တိုးမလာစေဘူး ဒါတောင် ငါ့ရဲ့ ခွန်အားက ကြောက်စရာကောင်းနေပြီ!"

လုရွှမ် မတ်တပ်ထရပ်ပြီး သူ့လက်ဖဝါးနဲ့ ပေါ့ပေါ့တန်တန် တွန်းလိုက်တဲ့အခါ စွမ်းအင်လှိုင်းသံများ လေထဲမှာ ထွက်ပေါ်လာ၏။

နောက်ဆုံးအမှတ် လေးခုကို ဖွင့်လိုက်သည်နှင့် ၎င်း၏ ခွန်အားကို နောက်ထပ် ခွန်အား၄၀ နှင့် ယခင် စွမ်းအား၂၁၀ နှင့် ခန္ဓာကိုယ်၏အား ၅၀၀တို့ကို တိုးမြှင့်လိုက်ရာ ယခုအခါတွင် သူ၏ တစ်ကိုယ်လုံး ကြံ့ခိုင်မှုအားက ၇၅၀သို့ ရောက်ရှိသွားပြီ။

ထုံးရွှမ်နယ်ပယ်ရှိ စွမ်းအားပေါင်း ၇၀၀ထက်ပင် အားကောင်းနေပြီ။

အရင်ဘဝက တိုက်ခိုက်ရေး အတွေ့အကြုံတွေနဲ့ နတ်မျက်စိအမှတ်နဲ့ ထိလွယ်ရှလွယ် အမှတ်တွေလိုမျိုး အမှတ်အသားတွေနဲ့ ပေါင်းစပ်လိုက်ရင် အဆင့်၇ ရွှီးယင့်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာ အားကောင်းတဲ့ သူတွေကို တိုက်ထုတ်နိုင်လိမ့်မည်။

အဆင့်၇ ရွှီးယင့်နယ်ပယ်ရှိ ပညာရှင်တစ်ဦးသည် လက်ဖဝါးပုံနှိပ်မှ တစ်ဆင့် စစ်မှန်သော ဝိညာဥ်ချီကို ခွဲထုတ်ထားနိုင်သည့် အဆင့်မြင့်မားသော သိုင်းစွမ်းရည်ရှိသူ ဖြစ်နေပြီဖြစ်သည်။

ဝူအဆင့်၆ အရည်အသွေးကို ခုန်တက်သွားပြီ။ သူသည် အဆင့်တက်သွားသည်သာ ပျံ့နှံ့သွားပါက မည်သူမျှ ယုံမည်မဟုတ်ပေ။

လူတစ်ဦးသည် မည်မျှပင် အရည်အချင်းရှိပါစေ စိန်ခေါ်မှုများကို ခုန်ပျံကျော်လွှားရန် ကန့်သတ်ချက် ရှိသည်။ တိုက်ရိုက် အဆင့်တစ်ခုထက်ပို၍ ခုန်တက်သွားတာက အပြင်လူများ၏ အမြင်တွင် ဖြစ်နိုင်ချေရှိ၏။

"အခု ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ အရည်အချင်း တစ်ခုရှိနေပြီ ဒါပေမယ့်... ပိုသန်မာချင်ရင် ထုံးရွှမ်နယ်ပယ်ကို ဆက်ပြီး ထိုးဖောက်ရမယ်!

"ထုံးရွှမ်နယ်ပယ်က ဖိရွှယ်နယ်ပယ်နဲ့ မတူဘူး"

"ဖိရွှယ်နယ်ပယ်က အမှတ်များများ ဖွင့်လေ လေ့ကျင့်မှု အဆင့်တွေက မြင့်လေပဲ....ထုံးရွှမ်နယ်ပယ်က ဖွင့်ထားတဲ့ သွေးကြောတွေ နည်းလေ အားကောင်းလေပဲ!"

လုရွှမ် တွေးနေမိသည်။

ယခုသူသည် ဖိရွှယ်နယ်ပယ်၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထုံးရွှမ်နယ်ပယ်၏ မြင့်မားသော အဆင့်သို့ ရောက်ရှိရန် အချိန်တန်ပြီ ဖြစ်သည်။

ထုံးရွှမ်နယ်ပယ်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြော အမှတ်သစ်များကို ဖွင့်ပေးပြီး ယခင်ဖွင့်ထားသော အမှတ်များကို ချိတ်ဆက်ကာ စစ်မှန်သော စွမ်းအင်၏ အထူးပတ်လမ်းကြောင်းကို ဖန်တီးပေးသည်။

ဤနယ်ပယ်သည် အခြားနယ်ပယ်များနှင့် ကွဲပြားသည်။ ကျင့်ကြံနေစဥ် ခန္ဓာကိုယ်ထဲက စွမ်းအင်အသံ ကျယ်လေ စွမ်းရည်များ ကြီးမားလေလေ ခွန်အားကလည်း အားကောင်းလေလေဖြစ်သည်။ ဒါက တန်းလိနယ်ပယ်နဲ့ ဖိရွှယ်နယ်ပယ်တွက် ဖြစ်၏။

ထုံးရွှမ်နယ်ပယ်က မတူချေ။ အမှတ်များစွာကို ချိတ်ဆက်ရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများစွာကို ပွင့်စေရသည်။ သွေးကြောများ ပွင့်လေလေ ပိုမိုရှုပ်ထွေးလာလေ ဖြစ်သည်။

ကျင့်ကြံသည်ဖြစ်စေ တိုက်ခိုက်သည်ဖြစ်စေ ဒုက္ခများနိုင်သည်။ သွေးကြောပွင့်တာ နည်းလေ စစ်မှန်သော စွမ်းအင်များ စီးဝင်မှု ပိုမြန်လေဖြစ်ပြီး ခွန်အားလည်း တိုးလာမည် ဖြစ်၏။

အမှတ်များသည် ဦးတည်ရာများနှင့် တူပြီး သွေးကြောများသည် လမ်းကြောင်းများနှင့် တူသည်။ လမ်းကြောင်းများလေလေ ဒုက္ခပိုလေလေ။ သို့သော် တစ်လမ်းတည်းသာ ရှိသဖြင့် တိုက်ရိုက်ရောက်ရှိရန် ပိုမိုလွယ်ကူပါ၏။

တက်လမ်းက ရိုးရှင်းသည်။

ရိုးရှင်းပြီး သင့်တော်သော တက်လမ်းသည် စစ်မှန်သော စွမ်းအင်၏ အကွာအဝေးနှင့် အချိန်အများဆုံး ရွေ့လျားပြီး ပိုမိုအားကောင်းသော ခွန်အားကို အသုံးချရန် လွယ်ကူသည်ဟု ဆိုလိုသည်။

သာမာန် ကျင့်ကြံသူတို့ အမှတ်၁၅ ခုဖွင့်ပြီးတဲ့အခါ အမှတ်၃ခုသည် လမ်းကြောင်းတစ်ခုတည်းလို့ ဆိုလို့ရသည်။ တစ်ကိုယ်လုံးတွင် ရှုပ်ထွေးသော သွေးကြော၅ခု ရှိသည်။

ထိုသွေးကြောများကို အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွတ်အထိပ်နှင့် ပြီးပြည့်စုံခြင်းအဆင့် ဟူ၍ သက်မှတ်ထားသည်။

အမှတ်လမ်းကြောင်း ပေါင်းစပ်မှုများနှင့် ဦးစားပေး အဆင့်များ ရှိသောကြောင့် တူညီသောအဆင့်ရှိ လူများစွာသည် ခွန်အားတွင် ကြီးမားသော ကွာခြားချက်များ ရှိသည်။

ထို့အတူ ယေဘူယျ အင်အားသည် ၃၀၀၊ ၄၀၀၊ ၅၀၀၊ ၆၀၀နှင့် ၇၀၀ ကြားတွင်ရှိသည်။

"ငါအမှတ် ၃၆ခုကို ဖွင့်ပြီးပြီ....မူလအမှတ် ဒန်တီယန်တစ်ခုက အမှတ်၃ခုကို အခြေခံထားရင် ဒန်တီယန်စုစုပေါင်း ၁၂ခုလိုမယ် တကယ်လို့ သွေးကြောဖွင့်တာ များလွန်းရင် ငါ့ရဲ့ကျင့်ကြံမှုက လျော့ကျသွားနိုင်တယ်"

လုရွှမ်သည် မျက်ခုံးစပ်ကြားက နေရာကို ပွတ်သပ်လိုက်သည်။

ကျင့်ကြံသူ တစ်ယောက်အတွက် ကောင်းကင်နဲ့ ဆန့်ကျင်ပြီး ကျင့်ကြံရာတွင် အဆင့်တိုင်းက မလွယ်ကူချေ။ သူ့မှာ အရင်က လေ့ကျင့်မှုအတွေ့အကြုံ ရှိရင်တောင် နောက်ထပ် အဆင့်တက်ဖို့က သိပ်မလွယ်ပါ။

နောက်ထပ် အရန်အမှတ်များ ဖွင့်ခြင်းသည် လူတစ်ယောက်၏ ခွန်အားကို တိုးစေလိမ့်မည်။ သို့သော် ထုံးရွှမ်နယ်ပယ် ရောက်သည့်အခါ ၎င်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ခန္ဓာကိုယ်ထဲမှာ မူလအမှတ် ဒန်တီယန်ငါးခု ဖွင့်ထားရင် သာမန်ကျင့်ကြံမှုလို့ သတ်မှတ်ကြပေမယ့် ၁၂ခု ဖွင့်ရင်တော့ ပိုဆိုးမှာ မဟုတ်လား?

ထို့ကြောင့် ပိုသန်မာလိုပါက သွေးကြောဖွင့်မည့် အရေအတွက်ကို လျှော့ချရန် နည်းလမ်းကိုသာ ရှာဖွေရလိမ့်မည်။

သို့သော် သူသည် အမှတ်များစွာကို ဖွင့်ထားပြီးပြီ။ သွေးကြောဖွင့်ရမည့် အရေအတွက်ကို လျှော့ချရန်အတွက် အမှတ်များ ပိုမိုချိတ်ဆက်ရန် သင့်လျော်သော နည်းလမ်းများကို ရှာဖွေရမည် ဖြစ်သည်။

လက်ရှိမှာ လုရွှမ်သည် ဒီအခြေအနေအတွက် ခေါင်းကိုက်နေရ၏။

"အရင်ဆုံး မေ့ထားရအောင်... ဒုကျောင်းအုပ်ချန်က အရွက်တစ်ထောင်ပန်း နဲ့ ဒီဆေးပင်တွေ ယူလာသလား ကြည့်ရအောင်.... ထုံးရွှမ်နယ်ပယ်အထိ သွားချင်ရင်တောင် [ဆန်းကြယ်သွေးကြော ဆေးလုံး] ကို အရင်ဆုံး သန့်စင်ပေးရမှာ!"

ဒါက ပြဿနာကြီး တစ်ခုဖြစ်ပြီး သူ နည်းလမ်းရှာရမယ် ဆိုတာ သိလိုက်ရတော့ လုရွှမ်က သူ့မျက်ခုံးတွေကို ပွတ်ပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။

"ဒီတစ်ခါ အပြင်ထွက်တဲ့အခါ သေရည့်ကောင်းကောင်းကို ယူလာဖို့ မမေ့နဲ့! နောက်တစ်ခါ မေ့သွားရင် ငါ မင်းနဲ့ မပြီးတော့ဘူး..."

သူထွက်သွားတာကို မြင်တော့ ကျီးကန်းက အတောင်ခတ်ပြီး ဟိန်းဟောက်၏

"ဒီတစ်ခါတော့ မမေ့ဘူး!"

လုရွှမ်သည် အနည်းငယ် စကားမပြောနိုင်။

ရိုးရိုးသားသား ပြောရရင် ဒီကောင်က အရက်မူးသလိုမျိုး သူ့ကို နေ့တိုင်း မြန်မြန်လုပ်ဖို့ တိုက်တွန်းနေတာ။ ငှက်တစ်ကောင်က ကောင်းကောင်းမပျံသန်းပဲ နေ့တိုင်း သောက်မယ်စားမယ် စကားတွေပဲ ပြောနေတာ ဟုတ်ရော ဟုတ်သေးရဲ့လား?

ကျောက်စိမ်းပြားထဲမှ ထွက်သွားပြီးနောက် လုရွှမ် အိပ်ဆောင်သို့ ပြန်သွားကာ ဒုကျောင်းအုပ်ချန်သည် အရွက်တစ်ထောင်ပန်းနှင့် အခြားဆေးပင်များကို လွှဲပေးလိုက်ပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

ဤဆေးပင်များ၏ အရည်အသွေးကို မြင်လျှင် လုရွှမ် ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။

တစ်ဖက်လူက မလိမ်ဘူးပဲ။ ဒီဆေးတွေက အဆင့်နိမ့် မဟုတ်သလို သူတို့ရဲ့ ဆေးပင်ဆိုင်ရာ ဂုဏ်သတ္တိတွေကလည်း အရမ်းကောင်းတယ်။

"ငါအရင်က ပြောခဲ့ပါတယ်... မင်းတို့ရဲ့ ဆုံးဖြတ်ချက်အတွက် ကျေးဇူးဆပ်ပါ့မယ်လို့ မင်းတို့က မူလနယ်ပယ်ကို ပေါင်းစည်းလုနီးပါး ဖြစ်နေပြီ...ဒါက ကျင့်ကြံရေးနည်းလမ်း ၂စုံပဲ... ယူသွား ...ပြီးတော့ ဒီကျောက်စိမ်းပုလင်းထဲက ဝိညာဥ်အရည်ပဲ မင်းတို့ရဲ့ကျင့်ကြံမှုကို ဖိရွှယ်နယ်ပယ်အထိ မြှင့်တင်ပေးနိုင်တယ်"

အခန်းဖော်နှစ်ယောက် အခန်းထဲမှာ ရှိနေတာကို မြင်တော့ လုရွှမ်က သူ့ရင်ဘတ်ထဲက ပစ္စည်းတချို့ကို ထုတ်ပေးလိုက်သည်။

စာအုပ်နှစ်အုပ်နှင့် ကျောက်စိမ်းပုလင်း နှစ်ပုလင်း။

တစ်ချိန်က ရွှမ်ချင်းဂိုဏ်းတွင် သူရခဲ့သော လေ့ကျင့်ရေး နည်းလမ်းစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် လေ့ကျင့်ရေး နည်းလမ်း နှစ်စုံဖြစ်သည်။

ထိုအရာက ယွမ်ယန်ကျင့်စဥ်နဲ့ နှိုင်းယှဥ်လို့ မရသလို ကောင်းကင်ကိုးလွှာ ကန့်သတ်မဲ့ကျင့်စဥ်ထက်ပင် နိမ့်ကျသော်လည်း ယွမ်ချောင်နှင့် ရန်းလင်တို့ ယခင်က လေ့ကျင့်ခဲ့သည့် အမှိုက်ကျင့်ကြံရေး နည်းလမ်းထက်တော့ အဆများစွာ သာလေသည်။

နှစ်ခုလုံးက ယှဉ်လို့မရတဲ့ အရာတွေပါ။

သူတို့နှစ်ယောက်ဟာ အရေးကြီးတဲ့အခိုက်အတန့်တွေမှာ သူငယ်ချင်းကို ဘယ်တော့မှ လက်မလွှတ်ခဲ့ပေ။ လုရွှမ်ဆီက သဘောထား တစ်ချက်ကို ရရှိခဲ့တာကြောင့် လုရွှမ် သူတို့ကို ကူညီဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေါ့ အနာဂတ်မှာ သူတို့ဘယ်ကို သွားလို့ရမလဲဆိုတာ သူတို့အပေါ်မှာပဲ မူတည်တော့သည်။

ကျောက်စိမ်းပုလင်းထဲက အရာတွေကတော့ ဝမ့်ဖုန်းချိုင့်ဝှမ်းမှာ ရရှိတဲ့ ဝိညာဉ်အရည်တွေပဲ ဖြစ်ပါ၏။

သူ့မှာ ဒီအရည်တွေ အများကြီး ကျန်နေပါသေးတယ်။ တခြားသူတွေက သူ့လို စုဆောင်းမှုမျိုး မရှိလို့ ပုလင်းသေးသေးလေးထဲက အရည်နဲ့ ဖိရွှယ်နယ်ပယ် ဝင်ခွင့်အဆင့်ထိ ကျင့်ကြံနိုင်ဖို့တော့ လုံလောက်ပါသည်။

"ဒီလေ့ကျင့်ရေး နည်းလမ်းက အံ့ဩစရာ ကောင်းလိုက်တာ.... ဒါတစ္ဆေအဆင့် လေ့ကျင့်ရေး နည်းလမ်းမလား?"

"တစ္ဆေအဆင့် နည်းလမ်း? ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."

ညီအစ်ကိုကောင်း၏ ရည်ရွယ်ချက်ကို သိသဖြင့် နှစ်ယောက်သား မငြင်းဆန်နိုင်ဘဲ လေ့ကျင့်ရေး နည်းလမ်း စာအုပ်များကို ဖွင့်ကာ ခဏတာ ကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်ခြောက်ခြားသော အမူအရာများဖြင့် ပြန်ကြည့်နေကြသည်။

အဆင့်မြင့် လေ့ကျင့်ရေး နည်းလမ်းတွေကို မမြင်ဖူးပေမယ့် အကယ်ဒမီရဲ့ အဆင့်မြင့်ဆုံး လေ့ကျင့်ရေး နည်းလမ်းတွေထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ် ဆိုတာ ထက်မြက်တဲ့ မျက်လုံးတွေ ရှိရင် မြင်နိုင်သည်။

လေ့ကျင့်ရေး နည်းလမ်းများကို နတ်ဘုရား၊ သူတော်စင်၊ ဝိညာဥ်၊ တစ္ဆေ၊ သာမန်နှင့် ကျောင်းသားများအကြား အတောက်ပဆုံး သာမန်ထိပ်တန်း အဆင့်ဖြစ်သည်။

ကျန်းဝူအကယ်ဒမီတွင် တစ္ဆေအဆင့် လေ့ကျင့်ရေး နည်းလမ်းများကို ရှာတွေ့ရန် မလွယ်ချေ။

ဒါကအမှန်သာ ဆိုရင် သူတို့ရှေ့က အတူတူ အိပ်ဖော် ဒီသူငယ်ချင်းက ဒီလောက် အစွမ်းထက်တဲ့ စာအုပ်မျိုး ဘယ်လိုလုပ် လက်ဝယ်ရှိနေတာလဲ?

ဘာသာပြန်သူ - ဒီအပိုင်းရဲ့ တရုတ်စာတွေက တော်တော်လေး ရုပ်ပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ဘာသာပြန်ထားပါတယ် အမှားပါသွားရင် သည်းခံပေးပါနော် ကြိုးစားနေပါတယ်

All Chapters