← Chapters

လဲလှယ်ခြင်း

Vol. 7 Ch. 96

လဲလှယ်ခြင်း

Vol. 7 Ch. 96

"တတိယအဆင့်နဲ့ အထက် အဂ္ဂိရတ်ဆရာတွေအတွက် အထူးပြင်ဆင်ထားတဲ့ အရည်အသွေးမြင့် အခန်းတစ်ခန်း ရှိပါတယ်... ဒါပေမဲ့ ဆေးမီးဖိုနှစ်ခုပဲ ရှိတယ်... ပြီးတော့ အဲဒါကို အစောကတည်းက ဖန်းရှစ်သခင် ယွမ်ဟုန်က သိမ်းထားတာပါ..."

စားပွဲထိုးက သူ့ရှေ့မှာ မီးဖိုတွေ အများကြီးရှိတာတောင် မျက်စိထဲ မထည့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ချီတုံချတုံနဲ့ ပြောလိုက်၏။

"ငါ့ကိုကြည့်ဖို့ ခေါ်သွားပေး!"

လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဒါ…” စားပွဲထိုးသည် သူမမျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြသော အကြည့်ဖြင့် ပြန်ကြည့်နေသည်။

ဤနေရာတွင် အခြားမီးဖိုများ ရှိသော်လည်း ဖန်းရှစ်ပိုင်ရှင်က သီးသန့် သိမ်းထားထားပြီ ဖြစ်သောကြောင့် သူမက သွားကြည့်ဖို့ပင် ဆုံးဖြတ်ချက် ချနိုင်သည့် စားပွဲထိုးလေး မဟုတ်ပေ။

"ငါကြည့်ရုံပဲ ကြည့်မှာပါ.... အဆင်မပြေရင် ဆရာကြီးယွမ်ဟုန်နဲ့ စကားပြောမယ်... မင်းကို ငါ မခက်ခဲစေရပါဘူး!"

သူမ၏ စိုးရိမ်ပူပန်မှုကို သိလိုက်ရသဖြင့် လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါဆို ကောင်းပါပြီ"

သူမရှေ့ကလူက ဒုတိယတန်း အဂ္ဂိရတ်ဆရာမှန်းသိတော့ စားပွဲထိုးက သူ့ကို မစော်ကားဝံ့ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်က ထိုအခန်းမှထွက်၍ နောက်တစ်ခန်းသို့ ရောက်သော် သူမပြောသည့်အတိုင်း အမှန်တကယ်ပင် မီးဖိုနှစ်ခုသာ ရှိတော့သည်။

မီးဖိုရှေ့မှာရပ်ပြီး ကြည့်လိုက်ကာ လုရွှမ် ခေါင်းခါပြန်သည်။

ဒီနှစ်ခုက အရင်ကထက် အဆင့်တစ်ဆင့် မြင့်ပေမယ့် သူ့အတွက်က အရမ်းအားနည်း နေပါသေးသည်။

ဤဆေးမီးဖို အမျိုးအစားသည် အများဆုံး အဆင့်၅ ဆေးလုံးများကိုသာ သန့်စင်ပေးနိုင်ပြီး အဆင့်၇ ဆေးများကို အောင်မြင်စွာ သန့်စင်ရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။

"ငါကိုက နုံအလွန်းနေပုံရတယ်... ဒီကျန်းဝူအင်ပါယာမှာ အဆင့်အမြင့်ဆုံး အဂ္ဂိရတ်ပညာရှင် ယွမ်ဟုန်က စတုတ္ထအဆင့်ပဲ ရောက်သေးတယ်...အဆင့်၇ ဆေးမီးဖိုက ဘယ်လိုလုပ် ရှိနိုင်မှာလဲ!"

လုရွှမ်ရယ်ရင်း ပြောလိုက်သည်။

ဘယ်လိုစွမ်းရည်မျိုး ဘယ်လို ပစ္စည်းမျိုးတွေကို သဘာဝအတိုင်း ရနိုင်မှာလဲ။ ကျန်းဝူအင်ပါယာမှာ အမြင့်ဆုံးအဆင့် အဂ္ဂိရတ် ပညာရှင်တွေကတောင် စတုတ္ထအဆင့်ပဲ ရှိကြတယ်။

အဆင့်၇ ဆေးလုံးတွေကို သန့်စင်ပေးနိုင်တဲ့ ဆေးမီးဖိုက ဘယ်လိုလုပ် ရှိနိုင်မှာလဲ?

"ဆေးမီးဖိုမရှိရင် ဆန်းကြယ်သွေးကြော ဆေးလုံးကို သန့်စင်ဖို့ မဖြစ်နိုင်ဘူး... ဆေးလုံးမရှိရင် ထုံးရွှမ်နယ်ပယ်ကို ထိုးဖောက်ဖို့က ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်သွားလိမ့်မယ်"

လုရွှမ် သူ့မျက်ခုံးအလယ်ကို ပွတ်သပ်လိုက်ပြီး

"နောက်ထပ် ဖြေရှင်းလို့မရတဲ့ ပြဿနာပါလား!"

စိတ်ဝိညာဉ် စွမ်းအားကို မြှင့်တင်ထားပြီး အချိန်တိုအတွင်း အဆင့်တက်ဖို့က သေချာပေါက် မဖြစ်နိုင်သေးပါ။

အဆင့်တက်နိုင်ဖို့ ဆန်းကြယ်သွေးကြော ဆေးလုံးကို သန့်စင်ဖို့ လိုအပ်သော်လည်း ကျန်းဝူအင်ပါယာတွင် ထိုဆေးလုံးအတွက် သင့်တော်သော အဂ္ဂိရတ်ဆေးဖို့ မရှိချေ။

တခြားနေရာမှာ သွားဝယ်ရမှာလား?

ဘယ်မှာရှိမှန်း မသိဘူးသလို သိနေရင်တောင် လအနည်းငယ်အတွင်း ခရီးထွက်ဖို့ မဖြစ်နိုင်ဘူး။ အချိန်ကုန်လည်း မခံနိုင်ဘူးလေ!

"ကြည့်ရတာ ကိုယ့်ဘာသာ အဂ္ဂိရတ်ဆေးမီးဖို လုပ်ရတော့မယ့်ပုံပဲ!"

စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာ၏။

ဆေးမီးဖိုတွေကို လူတွေ သန့်စင်ထားတာကြောင့် သူလည်း လုပ်နိုင်ပါသည်။

ယခင်ဘဝတုန်းက သူသည် အစွမ်းထက်တဲ့ အဂ္ဂိရတ် သူတော်စင်အဆင့် ဖြစ်ကြောင်း လူအတော်များများ သိခဲ့ကြသော်လည်း သူသည် လက်နက်သန့်စင်နိုင်သည့် ဆရာသခင်လည်း ဖြစ်ကြောင်းကိုတော လူအနည်းငယ်ကသာ သိကြသည်။

ဒီလိုမျိုး အရည်အချင်း မရှိရင် ပေါ့ပေါ့ပါးပါး ကျင့်ကြံသူအဆင့်မှ ပေါ်လွင်ပြီး ဧကရာဇ်ငါးပါးထဲက အရူးဧကရာဇ် နေရာကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ယခင်ဘဝက သူအသုံးပြုခဲ့သော လက်နက်အားလုံးနီးပါးကို သူကိုယ်တိုင် ဖန်တီးခဲ့တာချည်းပင်။

[အရူးဧကရာဇ်ဓား] သည် လောကတွင် ကျော်ကြားသော်လည်း ဓားကို သန့်စင်ရန် သူမည်မျှဒုက္ခခံရပြီး မည်မျှကြိုးစား အားထုတ်ခဲ့သည်ကို လူအတော်များများ မသိကြပါ။

ဤနေရာတွင် သင့်လျော်သော ဆေးမီးဖိုမရှိသောကြောင့် သူ့ဘာသာပဲ လုပ်ရတော့မည်။ အချိန်အများကြီးတော့ ယူစရာမလိုချေ။

"ဒါပေမဲ့ အဆင့်၇ဆေးကို သန့်စင်နိုင်တဲ့ ဆေးမီးဖိုကို သန့်စင်ဖို့က မလွယ်ဘူး... ပစ္စည်းတွေ အများကြီး လိုအပ်တယ် ပြီးတော့ သာမန်သံနဲ့လည်း အလုပ်မဖြစ်ဘူး"

အဆင့်မြင့် မီးဖိုများကို သန့်စင်ရာတွင်လည်း ပစ္စည်းများစွာ လိုအပ်ပြီး စျေးကွက်တွင် ရှာတွေ့နိုင်သော သာမန်သံသည် ကျိန်းသေပေါက် အလုပ်မဖြစ်ပါ။

"မင်းတို့... ဒီမှာ ဟွမ်လင်သတ္တုရိုင်းနဲ့ သစ်သားနက်သံ ရှိလား?"

တွေးကြည့်ပြီးတဲ့အခါ လုရွှမ် ခေါင်းမော့ပြီး သူ့ရှေ့က လှပတဲ့ စားပွဲထိုးကို ကြည့်လိုက်သည်။

ဟွမ်လင်သတ္တုရိုင်းသည် မြေအောက်နက်နက်မှ တူးဖော်ရရှိသော အထူးကျောက်တစ်မျိုးဖြစ်သည်။ ၎င်းသည် သာမန် သံမဏိများထက် ပိုမိုမာကျောပြီး ပြင်းထန်သော တောင့်တင်းမှုရှိကာ ကွဲအက်ခြင်းမရှိဘဲ အပူချိန် မြင့်မားသော လောင်ကျွမ်းမှုကိုပင် ခံနိုင်ရည်ရှိသည်။

သစ်သားနက်သံသည် အနက်ရောင်သံသာ ဖြစ်ပြီး အထူးဒြပ်စင်များ အများအပြား ပါဝင်တာကြောင့် မာကျောမှု အပြည့်ရှိသည်။

ဤအရာနှစ်ခုသည် အဆင့်မြင့် မီးဖိုများကို သန့်စင်ရန်အတွက် အရေးကြီးဆုံး အရာများဖြစ်သည်။ ဤအရာများမရှိလျှင် ဆေးမီးဖို သန့်စင်ခြင်းဟု ခေါ်သော အရာများသည် အသုံးမဝင်ပေ။

"ဟွမ်လင်သတ္တုရိုင်းနဲ့ သစ်သားနက်သံ?

စားပွဲထိုးက ခေါင်းခါပြ၏။

"ဒီမှာ မရှိပါဘူး... ဒါပေမယ့် တချို့ အဂ္ဂိရတ်ဆရာတွေ လက်ထဲမှာ ရှိသလိုပဲ.... လူကြီးမင်း လိုအပ်ရင် သူတို့ရဲ့ နှီးနှောဖလှယ်ပွဲကို တက်လို့ရတယ်"

"နှီးနှောဖလှယ်ပွဲ?"

"ဟုတ်တယ်... အဲဒါက အဂ္ဂိရတ် ပညာရှင်တွေအတွက် ထူးခြားတဲ့ ဖလှယ်မှုတစ်ခုပဲ.... အဆင့်အလိုက် ပိုင်းခြားထားပါတယ် များသောအားဖြင့်တော့ အတွေ့အကြုံတွေ ဖလှယ်ကြသလို ပစ္စည်းတွေတောင် ဖလှယ်ကြတယ်.... ကျွန်မသိသလောက်တော့ တတိယတန်းစား အဂ္ဂိရတ်ဆရာတွေပဲ လဲလှယ်လို့ ရကြတယ်....လူကြီးမင်း ပါဝင်ချင်ရင် တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်လာဖို့ အရင်လုပ်ရမယ်ထင်တယ်....ဒါမှ သူတို့နဲ့ ပူးပေါင်း လဲလှယ်ဖို့ အရည်အချင်း ပြည့်မီမှာ"

စားပွဲထိုးက ခဏစဉ်းစားပြီးမှ ရှင်းပြလာသည်။

"တတိယတန်းစား အဂ္ဂိရတ်ပညာရှင်လား?"

"ဟုတ်ပါတယ်! ဒီလို ဖလှယ်မှုမျိုးက အထက်တန်း အဆင့်ပဲ။ ပထမအဆင့်က ပထမအဆင့်နဲ့ ဆက်သွယ်ပြီး ဒုတိယအဆင့်က ဒုတိယအဆင့်နဲ့ ဆက်သွယ်ပါတယ်။ တတိယအဆင့်ကို ရောက်မှသာလျှင် တတိယအဆင့်နဲ့ ဆက်သွယ်နိုင်မှာ....မဟုတ်ရင် တံခါးဝတောင် မဝင်ရပါဘူး!"

စားပွဲထိုးသည် ထူးဆန်းသော မျက်နှာဖြင့် တစ်ချက်ကြည့်လာသည်။

ဒီလို အဂ္ဂိရတ် ပညာရှင် ဖလှယ်တဲ့ တွေ့ဆုံမှုမျိုးက လျှို့ဝှက်ထားတာမျိုး မဟုတ်ပါဘူး။ သူသိတာတောင်မှ သူ့ရှေ့မှာ ဒီလူက ဘာကြောင့် လုံးဝ မသိဘူးလို့ ထင်ရတာလဲ?

သူကိုယ်တိုင် တစ်ခါမှ မပါဝင်ဖူးလို့လား? ဒါမှမဟုတ် သူ့ဆရာက အဲဒါကို မပြောခဲ့လို့လား?

"ဪ... ဒီလိုမျိုး နှီးနှောဖလှယ်ပွဲက ဘယ်လောက်ကြာမှ တစ်ကြိမ် ပြုလုပ်တာလဲ?"

လုရွှမ် ပြန်မေးလိုက်သည်။

"တစ်လ တစ်ကြိမ်လောက် ကျင်းပပါတယ်... ဒီညတော့ တစ်ကြိမ်ရှိမယ်... ကျင်းပတဲ့နေရာက သိပ်မဝေးပါဘူး!"

စားပွဲထိုး မိန်းကလေးက ပိုထူးဆန်းလာ၏။

သူ့မျက်လုံးထဲမှာ ရှုပ်ထွေးမှုတွေကြောင့်သာ မဟုတ်ရင် ဒီမေးခွန်းက သူမကို အလုပ်ရှုပ်အောင် တမင်တကာ မေးနေတာလားလို့ပင် ထင်မိနိုင်သည်။

"ဒီညလား ကောင်းလိုက်တာ!"

လုရွှမ်က သူမဘာတွေ တွေးနေမှန်း မသိဘဲ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ဒီလိုတိုက်ဆိုင်မှုမျိုးက တကယ်ကောင်းတာပဲ။ ဒီညမှာ တစ်လတစ်ကြိမ် ကျင်းပတဲ့ပွဲ ရှိမယ်လို့ မမျှော်လင့်ထားဘူး။

"ဒါပေမဲ့ ဟွမ်လင်သတ္တုရိုင်းနှင့် သစ်သားနက်သံတို့က တတိယအဆင့် အဂ္ဂိရတ်ပညာရှင်တွေ ဆီမှာပဲ ရှိနိုင်တာဆိုတော့ ငါအရင်ဆုံး အဆင့်၃ အဂ္ဂိရတ်ပညာရှင် အကဲဖြတ် စမ်းသပ်မှုကို လုပ်ရမယ်"

ဤအရာနှစ်ခုကို လိုချင်ပါက တတိယအဆင့် အဂ္ဂိရတ်ပညာရှင် လဲလှယ်ရေး အစည်းအဝေးတွင် ပါဝင်ရန် လိုအပ်သလို ဝင်ရောက်လိုပါက တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်နေဖို့ စမ်းသပ်ရမည်။

ဘာပဲဖြစ်ဖြစ် မမှောင်သေးတာမို့ စမ်းသပ်မှု တစ်ခုလုပ်ပြီး အထောက်အထား တစ်ခု ယူလိုက်တာ ပိုကောင်းပါ၏။

ဒါကိုစဉ်းစားပြီးတော့ လုရွှမ် စားပွဲထိုးကို ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ငါ တခြားနေရာကို သွားကြည့်လိုက်ဦးမယ်!"

လှည့်ပြီးပြောပြီး ချက်ချင်း ထွက်သွားသည်။

"တတိယတန်း အဂ္ဂိရတ်ဆရာအဖြစ် အစစ်ဆေးခံမယ်လား?"

လုရွှမ် သူ့ကိုယ်သူ ပြောနေတာကို နားထောင်ရင်း စားပွဲထိုးမလေးရဲ့ ပါးစပ်က ကြက်ဥတစ်လုံးကို တိုက်ရိုက် ပစ်ထည့်ခံလိုက်ရသလို လုံးဝန်းသွားသည်။

"ဒါက...ကြွားတာလား"

ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုတိယတန်း အဂ္ဂိရတ်ဆရာ ဖြစ်လာတာကို မထင်မှတ်ထားပေမယ့် အခုတတိယတန်း အဂ္ဂိရတ်နေရာကို စမ်းကြည့်ချင်တယ်လို့ ပြောလာ၏။

စမ်းချင်တော့လည်း စမ်းပေါ့! ပုံစံကိုကြည့်ရတာ ဘာမှအားစိုက်ထုတ်မှု မရှိသလိုပဲ။

မကြွားရရင် သေမှာမလို့လား?

"သူက ပါရမီရှင် တစ်ယောက်လို့ ငါကထင်ခဲ့တာ... ဒါပေမယ့် သူက ကြွားဝါတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး"

သူမက နှုတ်ခမ်းကို ကော့ထားရင်း ခေါင်းခါလိုက်သည်။

ကျင့်ကြံသည်ဖြစ်စေ အဂ္ဂိရတ်သန့်စင်သည် ဖြစ်စေ အောက်ခြေမှနေ၍ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက် လျှောက်လှမ်းရန် လိုအပ်သည်။ သူမရှေ့က လူငယ်လေးကတော့ အပြောကြီးသူ တစ်ယောက်ပင်။

ပိုမြင့်တဲ့အဆင့်ကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် တက်သွားနိုင်မှာလဲ?

"သူ့ဘာသာ ကြွားတာပဲဖြစ်ဖြစ် ဒီည ဖလှယ်ပွဲမှာ သူအပြောကြွယ်တာလား ဘာဘား ငါကြည့်လို့ရတာပဲ...အဆင့်၃ အဂ္ဂိရတ်ပညာရှင် ရှေ့မှာ မုသားမပြောနိုင်ပါဘူး ပြောခဲ့ရင်တော့ သူက တကယ်ကို ငတုံးငမိုက်တစ်ယောက်ပဲ..."

သူမစိတ်ထဲ နစ်မွန်းသွားသည်။

အဂ္ဂိရတ်ပညာရှင် လဲလှယ်ရေး အစည်းအဝေး တွင် အဂ္ဂိရတ်ပညာရှင်များ သာမက လက်ဖက်ရည် နှင့် သရေစာ အမျိုးမျိုးတို့ကို ကျွေးမွေးကြသည့် အစေခံအချို့လည်း ရှိသည်။

ထို့ကြောင့် သူမသည်လည်း ထိုတွေ့ဆုံမှုလို့ ခေါ်တဲ့ နှီးနှောဖလှယ်ပွဲ အကြောင်းကို ရှင်းရှင်းလင်းလင်း သိခဲ့ခြင်း ဖြစ်သည်။

ထိုကောင်လေး ကြွားတာပဲဖြစ်ဖြစ် မကြွားတာပဲဖြစ်ဖြစ် ဒီည မြင်တဲ့အခါ သိရပါလိမ့်မည်။

All Chapters