← Chapters

ရှောင်းရှောင်းရဲ့ စိန်ခေါ်မှု

Vol. 7 Ch. 97

ရှောင်းရှောင်းရဲ့ စိန်ခေါ်မှု

Vol. 7 Ch. 97

အဂ္ဂိရတ် အကဲဖြတ် အခန်း။

လှပသောရုပ်သွင်သည် တံခါးအပြင်ဘက်တွင် ရပ်နေ၏။

"ဟင်း.... အခု ငါက ဒုတိယအဆင့် အဂ္ဂိရတ်ဆေးကို ကျွမ်းကျင်အောင် လုပ်နိုင်စွမ်းရှိနေပြီ...အကဲဖြတ်မှုအောင်ရင် အဆင့်၂ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်ပြီ....နင် ငါ့ရှေ့မှာ ဘယ်လို မောက်မာနေဦးမလဲ ကြည့်ရသေးတာပေါ့ !"

ထိုအချိန်က ထိုကောင်လေး၏ ဘာမှမထူးခြားသော မျက်နှာကို တွေးမိရင်း လင်ရှောင်းရှောင်းသည် သူမ၏ နှလုံးသားထဲမှ ဒေါသများ ပေါက်ထွက်လာသည်။

သူမသည် ကြီးကျယ်ခမ်းနားသော ကျန်းဝူအကယ်ဒမီမှ အဂ္ဂိရတ်ပညာ၏ ပါရမီရှင် တစ်ဦးဖြစ်သည်။ သူမသည် ငယ်စဉ်ကလေး ဘဝကတည်းက သူမပါးစပ်တွင် ရွှေသော့တစ်ခု ရှိခဲ့သလို အခြားသူများထက် အမြဲသာလွန်နေခဲ့ရာ ဒီလိုအရှက်ကွဲမှုကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။

တစ်ဖက်လူက မလုပ်နိုင်ဘူးလို့ မပြောဘဲ မျက်နှာကို ဖြတ်ရိုက်သလိုမျိုး စိန်ခေါ်တာကို ဂရုမစိုက်ခဲ့ဘူး။

မုန်းစရာ ကောင်းလိုက်တာ!

နင်က ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်လား။

ကောင်းပြီ။ အဲဒါက အရမ်း အစွမ်းထက်တယ်ဆိုတာ ဝန်ခံပါတယ်။

ဒါပေမယ့် အရမ်း မာနကြီးမနေနဲ့။ ငါ လင်ရှောင်းရှောင်းက ကြိုးကြိုးစားစား လေ့ကျင့်ပြီးနောက်မှာ ဒုတိယအဆင့်ကို ရောက်ခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၄ အထိ ရောက်သွားပြီ။

အခုရက်ပိုင်း စွန့်လွှတ် အနစ်နာခံခဲ့မှုများကို တွေးတောရင်း လင်ရှောင်းရှောင်းသည် အနည်းငယ် ထုံကျင်သွားခဲ့သည်။

အကယ်၍ တစ်ဖက်လူပေးခဲ့တဲ့ အရှက်ရမှုကြောင့်သာ မဟုတ်ရင် သူသည် တောင့်ခံထားနိုင်မည် မဟုတ်သလို စိတ်စွမ်းအား အတိုင်းအတာလည်း ဤအဆင့်အထိ မြန်မြန်ဆန်ဆန် မြှင့်တင်ရန် မဖြစ်နိုင်သည်မှာ သေချာပါသည်။

"ရှောင်းရှောင်း... ဒီနေ့ ဒုတိယအဆင့် အဂ္ဂိရတ် အကဲဖြတ်မှုမှာ မင်းလာမယ်လို့ ငါ မမျှော်လင့်ထားဘူး!"

သူမ စိတ်ထဲတွင် အရိုင်းဆန်စွာ တွေးတောနေစဉ်တွင် ပုံရိပ်တစ်ခု ရောက်ရှိလာပြီး သူမကို ထိန်းမနိုင်သိမ်းမရ သဘောကျစွာ ကြည့်နေလေ၏။

လင်ရှောင်းရှောင်း ရွံရှာမှုအပြည့်ဖြင့် ခေါင်းကို လှည့်လိုက်သည်။

ရှောင်ချန်သည် သူမနှင့်အတူ စစ်မှန်သော ကိုယ်ခံပညာနှင့် အဂ္ဂိရတ်ပညာတွင် ထူးချွန်သော ဂုဏ်ယူမှုအဖြစ် လူသိများသည်။

ဒီလူလုပ်ခဲ့တာကို သူမ သိတာကြောင့် အထင်မသေးဘဲ မနေနိုင်။

"ဒုတိယတန်း အဂ္ဂိရတ်ပညာကို အကဲဖြတ်ဖို့ ငါလည်း ဒီကို ရောက်နေတာ... ဒီလေ့ကျင့်ရေးကာလမှာ စိတ်စွမ်းအားရဲ့ အတိုင်းအတာက ၀.၄ အထိ ရောက်နေပြီ... အောင်မြင်လောက်တယ်!"

တစ်ဖက်လူက သူ့ကို လျစ်လျူရှုတာကို မြင်ပေမယ့် ရှောက်ချန်က လုံးဝ စိတ်ဓာတ်မကျဘဲ ဂုဏ်ယူစွာ ပြောလိုက်သည်။

ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်နှင့် ပထမတန်း အဂ္ဂိရတ် ပညာရှင်ကြား ကွာခြားချက်မှာ အဆင့်တစ်မျှသာ ရှိသော်လည်း သူ၏ ဝိသေသလက္ခဏာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ထိုနေ့က ထိုကောင်လေးသည် ဒုတိယအဆင့် တံဆိပ်ကို ထုတ်ယူသည်ကို မတွေ့ခဲ့ရပါက လှည့်၍ ထွက်သွားခဲ့မည် မဟုတ်ချေ။

"အင်း.... ငါဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်လာရင် အဲဒီကောင်လေးကို ငါသေချာပေါက် ဒုက္ခပြန်ပေးမယ်!"

အဲဒီနေ့က သူ့ကို အရှက်ရစေခဲ့တဲ့ ကောင်လေးကို တွေးရင်း ရှောက်ချန် စိတ်ထဲမှာ ဒေါသဖြစ်သွားသည်။

ငါ့အဆင့်က မင်းထက်နိမ့်နေတော့ မင်းကို ငါဘာမှ မလုပ်ရဲဘူး။ ဒါပေမယ့် အကဲဖြတ်ပြီးတာနဲ့ ငါက ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်လာရင်တော့ မင်းကို ဒုက္ခပေးနိုင်မှာ သေချာတယ်။

"ပါးစပ်ပိတ်ထား! နင်စကားပြောရင် ဘေးပတ်ဝန်းကျင်ကို ကြည့်ဦး!"

ဤလူ၏အဆုံးမဲ့ အတွေးများကို ကြားတော့ လင်ရှောင်းရှောင်း မျက်မှောင်ကြုတ်လိုက်သည်။

"အိုး...အင်း!"

သူ့ပါးစပ်ကို ပိတ်လိုက်သည်နှင့် ရုတ်တရက် ရင်းနှီးသော အသွင်သဏ္ဌာန်တစ်ခု ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

"ရှောင်းရှောင်း....ရှောင်းရှောင်း.."

အလျင်စလို အော်လိုက်သည်။

"ဘာလုပ်တာလဲ?"

လင်ရှောင်းရှောင်း ဒေါသတကြီးဖြင့် ဘေးကလူ အော်ငေါက်မည်အလုပ် သူမ မော့ကြည့်လိုက်တော့ ထိုရင်းနှီးသော ရုပ်သွင်ကို မြင်လိုက်ရသည်။

"မသွားနဲ့ !"

"မင်းကိုး?"

သူ့ကို တားဖို့ အမျိုးသမီးတစ်ယောက် ရုတ်တရက် ပေါ်လာတာကို မြင်တော့ လုရွှမ် ခဏလောက် မင်သက်သွားပြီးမှ မှတ်မိသွားသည်။

လင်ရှောင်းရှောင်းလို့ အမည်ရတဲ့ ထိုမိန်းကလေးပင်။ ဘာကြောင့် သူ့အဖေကို သတ်လိုက်တဲ့ ရန်သူလိုမျိုး ကြည့်နေတာလဲ? သူမကိုလည်း မထိပါးမိဘူးလားလို့။

"ဘာဖြစ်လို့လဲ?"

လုရွှမ်က သံသယနဲ့ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ……"

သူမရှေ့က လူငယ်သည် အကြောင်းပြချက်ကို သိပါရဲ့နဲ့ သူ ဘာမှမသိသလို ပြုမူကာ လင်ရှောင်းရှောင်းကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။

သူမက ချောမောလှပတဲ့ မိန်းမတစ်ယောက်ပင်။ သူမသွားလေရာ နေရာတိုင်းက တခြားသူတွေရဲ့ စိုက်ကြည့်ခြင်းကို ခံရပြီး သူ့ရှေ့က ဒီကောင်လေးက သူမကို မျက်စိထဲ မထည့်သလိုနဲ့ သူ့ကို စိန်ခေါ်ဖို့ လာတာတောင် ဒီကောင်လေးက ဘာဖြစ်လို့လဲလို့ မေးနေသေးတယ်??

ခေါင်း မကောင်းတော့ဘူးလား!

ဒေါသထွက်နေတဲ့ လှပသော မျက်နှာဖြင့် လင်ရှောင်းရှောင်းက သူမ၏ သွားများကို အံကြိတ်ကာ

"ငါနင်ကို စိန်ခေါ်ချင်လို့!"

"စိန်ခေါ်မယ်?"

"ဟုတ်တယ်..နင်က ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်နေပြီဆိုတာ ငါသိပါတယ်...အဲဒီတုန်းက အကဲဖြတ်တဲ့ အတောအတွင်း ချင်းချိ ဆေးလုံးကို သန့်စင်ခဲ့တာ...ဒီနေ့ ယွမ်လိဆေးကို သန့်စင်ဖို့ စိန်ခေါ်တယ်.. နင်ငါနဲ့ ပြိုင်ရဲ့လား? !"

လင်ရှောင်းရှောင်းသည် သူမ၏ နှင်းဖြူရောင် လည်ပင်းကို ပင့်မြှောက်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

လုရွှမ်၏ အကဲဖြတ်ချက်ကို ပေးခဲ့သောသူမှာ သူမ၏ဆရာ ချိုးကျာမင်ဖြစ်ပြီး အကဲဖြတ်သည့် အကြောင်းအရာကို သူမအား အသေးစိတ် ရှင်းပြထားသောကြောင့် ၎င်းနှင့်ပတ်သက်သည့် အရာအားလုံးကို သိရှိခဲ့သည်။

သူမသည် အရပ်ရှည်ရှည် သွယ်လျပြီး သူမ၏ လှပသော ခန္ဓာကိုယ်ကို အပြာနုရောင် ၀တ်ရုံအောက်တွင် ဝှက်ထားကာ လူများကို ထူးဆန်းသော ဆွဲဆောင်မှု ဖြစ်စေသည်။

ယခုအချိန်တွင် သူမ၏ ချောမောလှပသော မျက်နှာသည် နီမြန်းနေပြီး အသားအရည် ဖြူဝင်းနေလို့ ပို၍ ချစ်စရာကောင်းနေသည်။ ရုပ်ရည်၊ မျက်လုံး၊ ထက်မြက်မှုတွေ အပြည့်ရှိ၏။

သူမရှေ့မှာ လုရွှမ်ကတော့ မမြင်လိုက်ရသလို ခေါင်းခါပြနေတာ သနားစရာပဲ။

ချင်းချိဆေးလုံးနှင့် ယွမ်လိဆေးလုံး နှစ်မျိုးလုံးသည် ဒုတိယတန်းဆေးများ ဖြစ်သော်လည်း အခက်အခဲ ကွဲပြားမှု ရှိသည်။ သန့်စင်သူသည် အဆင့်၂ အဂ္ဂိရတ်ပညာ၏ ဝင်ခွင့်အဆင့်ကို ရောက်ရှိနေရမှာ ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက ၀.၄သို့ ရောက်ရှိနေသမျှ ကာလပတ်လုံးတွင် အောင်မြင်ရန် အခွင့်အလမ်း မြင့်မားသည်။

ယွမ်လိဆေးလုံးသည် သာမာန် တတိယအဆင့် အဂ္ဂိရတ် ပညာရှင်များ အတွက်ပင်လျှင် ဒုတိယအဆင့်၏ အထွတ်အထိပ် ဆေးလုံးဖြစ်ပြီး 100% အောင်မြင်ရန် အလွန်ခက်ခဲပါသည်။

အဆင့် တိုးထားသော ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဆိုလျှင် အောင်မြင်ရန် ပို၍ပင် ခက်ခဲ၏။

"ငါ ယွမ်လိဆေးလုံးကို မသန့်စင်ဘူး!"

သူမာနကြီးနေတာ မဟုတ်ပေ။ သူဟာ တတိယအဆင့် အဂ္ဂိရတ်ပညာရှင်နှင့် အဆင့်မြင့် ဆေးတွေကို ဆန်းစစ်ဖို့ ဒီနေရာကို ရောက်ရှိနေပြီး ဒုတိယတန်းစား ဆေးကို သန့်စင်ဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ပါဘူး။

မဟုတ်ရင်တော့ တတိယအဆင့် လဲလှယ်ရေး အစည်းအဝေးတွင် သူ ပါဝင်နိုင်မည် မဟုတ်ပါ။

"ဘာလို့ မသန့်စင်တာလဲ?"

လင်ရှောင်းရှောင်းသည် သူမရှေ့မှ လူငယ်ဟာ တွေးတောမနေဘဲ တိုက်ရိုက် ငြင်းဆန်ပစ်မယ်လို့ မမျှော်လင့်ထားရာ မျက်မှောင်ကြုတ်လိုက်သည်။

သူမရဲ့အမြင်အရတော့ ဒီကောင်လေးဟာ အလွန်မာနကြီးပြီး ဒီလိုစိန်ခေါ်မှုမျိုးကို သူမငြင်းသင့်ပါဘူး။ ဒါပေမဲ့ ဘာလို့ မသန့်စင်ဘူးလို့ပဲ ပြောနေရတာလဲ?

"ဟားဟား ရှောင်းရှောင်း... မင်း မမြင်ဘူးလား? သူက မင်းနဲ့ မပြိုင်ရဲဘူး!"

ရှောက်ချန်သည် ရှေ့သို့တိုးကာ ရှုတ်ချသောမျက်နှာဖြင့်

"ယွမ်လိဆေးက သန့်စင်ဖို့ အရမ်း ရှုပ်ထွေးတယ်.... အောင်မြင်အောင် သန့်စင်နိုင်ဖို့ ဝိညာဉ်စွမ်းအား အတိုင်းအတာက သန်မာနေရမယ် ဒါ့အပြင် ဆေးပင်တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ဆုပ်ကိုင်ပြီး မီးပူနဲ့ အရှိန်ကိုလည်း ထိန်းချုပ်နိုင်ရမယ်...သူက အဆင့်၂ အဂ္ဂိရတ်ပညာရှင် ဖြစ်ဖို့ ချင်းချိဆေးကို အားကိုးနေခဲ့တာလေ ယွမ်လိဆေးကို သန့်စင်ဖို့ ဘယ်လိုလုပ် ယုံကြည်မှုရှိမှာလဲ? မင်းရှေ့မှာ မရှုံးချင်လို့ မင်းနဲ့မပြိုင်ရဲတာပေါ့...."

စကားပြောပြီးနောက် သူ့မျက်လုံးများသည် ရှုံ့ချမှုများ ပြည့်နှက်နေသည်။

ချင်းချိဆေးလုံးကို ဒုတိယအဆင့်သို့ တက်လှမ်းရန် သန့်စင်ခြင်းဖြစ်ကာ အနိမ့်ဆုံး ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဟုသာ ပြောနိုင်ပါသည်။

ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် နောက်တစ်ဆင့်တက်ဖို့ အစွမ်းထက်တဲ့ ယွမ်လိဆေးကို သန့်စင်နိုင်ရမယ်။ အောင်မြင်ပြီဆိုရင် လင်ရှောင်းရှောင်းက သူ့ကို လေးစားမှုအပြည့်နဲ့ ကြည့်နေမှာဖြစ်ပြီး ကံကောင်းရင် သူမဖက်က တိတ်တဆိတ် သဘောကျလာမှာပဲ။

ဒါကိုတွေးရင်း ရှောက်ချန်ဟာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ်ကို မတ်မတ်ရပ်လို့ ပိုလို့တောင် ဂုဏ်ယူလာခဲ့သည်။

"နင်ငါနဲ့ မပြိုင်ရဲဘူးလား? မပြိုင်ရဲရင် ရှုံးတယ်လို့ ဝန်ခံလိုက်တာပဲ!"

ရှောက်ချန်ရဲ့ မာနနဲ့ပတ်သက်ပြီး လင်ရှောင်းရှောင်း မျက်မှောင်ကြုတ်ထားသော်လည်း လုရွှမ်ကိုတော့ တစ်ချက် ပြန်ကြည့်လိုက်သည်။

ထိုနှစ်ယောက်၏ သီချင်းဆိုနေသလို ပျင်းစရာကောင်းတဲ့ ပုံကိုမြင်တော့ လုရွှမ် ခေါင်းအသာခါ၍ ရှေ့ကိုဆက်သွားလိုက်သည်။

"နင်... ငါပြောတာကို မကြားဘူးလား?"

မထင်မှတ်ပဲ သူလှည့်ပြီးထွက်သွားကာ သူမ၏မေးခွန်းကို လျစ်လျူရှုပြန်လေ၏။ လင်ရှောင်းရှောင်း ဒေါသကြောင့် သွေးအန်လုနီးပါး ဖြစ်ကာ သူ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ငါကြားတယ်!" လုရွှမ်က မျက်မှောင်ကြုတ်ကာ ဆက်ပြော၏။

"ပြိုင်ဖို့မလား? အချိန်မရှိဘူး!"

"အချိန်မရှိဘူး? ဟားဟား သတ္တိမရှိဘူးဆို မရှိဘူးပေါ့....အချိန်မရှိဘူး? နားထောင်လို့တော့ ကောင်းသားပဲ ယွမ်လိဆေး သန့်စင်တာက အချိန်ဘယ်လောက်မှ မကုန်ပါဘူး မင်းကဘာတွေများ အလုပ်ရှုပ်နေတာလဲ?"

လင်ရှောင်းရှောင်းသည် သူ့ကို မကြည့်ဘဲ လုရွှမ်နောက်သာ လိုက်နေသည်ကို မြင်လိုက်ရသဖြင့် ရှောက်ချန်သည် ပို၍ ဒေါသထွက်ကာ တိုးတိုးလေး အော်ဟစ်လိုက်သည်။

"ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုမှာ ပါဝင်သူများ.... မြန်မြန်ဝင်လာခဲ့ပါ အကဲဖြတ်မှု စတင်ပါတော့မယ်"

လုရွှမ် စကားမပြောမီ အရှေ့တံခါးက ပွင့်လာပြီး အဂ္ဂိရတ်ပညာရှင် တစ်ယောက်က အော်ပြောလာတော့သည်။

All Chapters