သူ?
Vol. 7 Ch. 98
"စပြီလား?" လင်ရှောင်းရှောင်းက လုရွှမ်ရှေ့မှာ ပိတ်ဆို့ထားတဲ့ လက်ကို ချလိုက်ပြီး
"ငါဒီနေ့ ဒုတိယတန်း အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုမှာ ပါဝင်ပြီး ယွမ်လိဆေးလုံးကို သန့်စင်ဖို့ စီစဉ်ထားတယ် နင်ပြိုင်ရဲရင် အတူလာသန့်စင်လေ...မပြိုင်ရဲရင်တော့ တိုက်ရိုက် ထွက်သွားလိုက်တော့...ဒါပေမဲ့ နင်ထွက်သွားရင်တော့ နင်ရှုံးတယ်လို့ သတ်မှတ်လိုက်မှာနော်"
ပြောပြီးတာနဲ့ စကားရပ်ပြီး အခန်းထဲကို တိုက်ရိုက် လျှောက်သွားတော့သည်။
"ဟားဟား ငါလည်း ယွမ်လိဆေးလုံးကို သန့်စင်မှာ... မင်းမလုပ်နိုင်ရင် ချက်ချင်းထွက်သွားလိုက်တော့...တတ်နိုင်သမျှ ဝေးလေကောင်းလေပဲ... လင်ရှောင်းရှောင်းလို မိန်းကလေးက မင်းချဥ်းကပ်လို့ရတဲ့ အရာမဟုတ်ဘူး!"
ရှောက်ချန်သည် လုရွှမ်ကိုကြည့်ကာ ဂုဏ်ယူစွာဖြင့် ဝင်သွားခဲ့သည်။
သူတို့နှစ်ယောက်၏ ထူးဆန်းသော သဘောထားကို မြင်လိုက်ရတော့ လုရွှမ်သည် ခဏလောက် စကားမပြောနိုင် ဖြစ်သွားသည်။
တတိယအဆင့် အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုမှာ ပါဝင်ဖို့ သူ ဒီကိုလာခဲ့တာပါ။ သူတို့တွေကို သူမစော်ကားမိပါဘူး ဟုတ်တယ်မလား?
လုရွှမ်မေ့ပစ်လိုက်ပြီး ခေါင်းငုံ့ကာ အခန်းထဲသို့ အနီးကပ် လိုက်သွားသည်။
ယခင် အကဲဖြတ်မှု ကဲ့သို့ပင် ပင်မထိုင်ခုံပေါ်တွင် လူသုံးဦး ထိုင်နေကြပြီး အားလုံးမှာ မျက်လုံးများ တောက်ပြောင်လျက် ကြံ့ခိုင်သော ကျင့်ကြံထားမှုများ ရှိသည်။ ၎င်းတို့ အသီးသီးသည် ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် အဂ္ဂိရတ်အမှတ်အသား တံဆိပ်များ တပ်ဆင်ထားကြပြီး အဆင့်များမှာ တတိယတန်း အဂ္ဂိရတ်ဆရာများ ဖြစ်ကြသည်။
အကဲဖြတ်မှု တစ်ခုစီသည် တစ်ချိန်တည်းတွင် အဆင့်တစ်ဆင့်မြင့်သော အဂ္ဂိရတ်ပညာရှင် အနည်းဆုံး သုံးဦးရှိရန် လိုအပ်သည်။
ခန်းမကြီးထဲတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ယောက် မတ်တပ်ရပ်နေကြပြီး ၎င်းတို့အားလုံးသည် အကဲဖြတ်မှုကို ဖြေဆိုသူမည့်များ ဖြစ်ကြ၏။ အားလုံးသည် အသက်အရွယ်အမျိုးမျိုးရှိကြပြီး အသက်အကြီးဆုံး သူများသည် အသက်၆၀ သို့မဟုတ် ၇၀ ကျော်ရှိကြပြီး လင်ရှောင်းရှောင်း သည် တစ်ဦးတည်းအသက်အရွယ်အရ အငယ်ဆုံး ဖြစ်သည်။
ကျန်းဝူအင်ပါယာသည် သေးငယ်သည် မဟုတ်သော်လည်း လူဦးရေ များပြားသည်။ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင် များစွာ မရှိသော်လည်း ပထမအဆင့် နှင့် ဒုတိယအဆင့် များစွာရှိပါသေးသည်။
နှစ်စဉ် အကဲဖြတ်စစ်ဆေးမှုကို ပါဝင်ကြသူများ မနည်းသော်လည်း ၎င်းတို့ထဲမှ အနည်းငယ်သာ ကျော်သွားနိုင်သည်။
"အားလုံးက ဒုတိယတန်းစား အဂ္ဂိရတ်ပညာရှင်အဖြစ် စစ်ဆေး အကဲဖြတ်ခံဖို့ ဒီကိုလာကြတား..."
စင်မြင့်အလယ်ရှိ အဂ္ဂိရတ်ဆရာ တစ်ယောက်သည် အဂ္ဂိရတ်အဖွဲ့၏ စည်းစိမ်ချမ်းသာကို ချီးမွမ်းကာ ဟောပြောခါနီးတွင် အဖိုးအိုတစ်ဦး တံခါးအပြင်ဘက်မှ လှမ်းဝင်လာသည်ကို မြင်လိုက်ရသည်။
ဤအဘိုးအိုကိုမြင်လျှင် အဂ္ဂိရတ်ဆရာသည် ရုတ်တရတ်ထရပ်ကာ သူ့အမူအရာလည်း ပြောင်းလဲသွား၏။ ပင်မထိုင်ခုံမှ အမြန်ဆင်းကာ ရိုသေလေးစားသော အမူအရာဖြင့် ဆီးကြိုရန် ဆင်းသွားသည်။
"အကြီးအကဲကျိုးရှန်....အကြီးအကဲ အိမ်မှာ အနားယူနေတာ မဟုတ်လား? ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?"
ဤအဂ္ဂိရတ်ပညာရှင်၏ စကားကို ကြားတော့ လူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး အသက်ကြီးသော အဂ္ဂိရတ်ပညာရှင် အနည်းငယ်ကသာ ၎င်းတို့၏ မျက်နှာထားများကို ပြောင်းလဲခဲ့ကြသည်။
"ဒီအကြီးအကဲ ကျိုးရှန်က ဘယ်သူလဲ?"
လူတိုင်းရဲ့ အမူအရာတွေကို မြင်တော့ ရှောက်ချန် ဘယ်လိုမှမနေနိုင်ဘဲ ထုတ်မေးလိုက်၏။
"သူက လွန်ခဲ့တဲ့ နှစ်၅၀လောက်က ကျော်ကြားခဲ့တဲ့ ကျန်းဝူအင်ပါယာရဲ့ အဆင့်၄ အဂ္ဂိရတ်ပညာရှင်ပဲ....သူက အသက်ကြီးပေမယ့် အဂ္ဂိရတ်ပညာကို မရပ်တန့်ချင်ခဲ့ဘူး... ဆရာယွမ်ဟုန်က သူ့တပည့်လို့ပြောတယ်"
"ဆရာယွမ်ဟုန်က သူ့တပည့်လား?"
ရှောက်ချန် အံ့အားသင့်သွားသည်။
အင်ပါယာရှိ ပထမနေရာ အဂ္ဂိရတ်ပညာရှင် ဖန်းရှစ်သခင် ဟွမ်ဟုန်ရဲ့ဆရာ ဆိုတာနဲ့တင် လူများကို လန့်ပြီး သေစေနိုင်လောက်လေသည်။
"ငါမှတ်မိပြီ ငါ့အဖေငါ့ကို ပြောပြဖူးတယ်.... အကြီးအကဲကျိုးရှန်က အဲဒီတုန်းက ကျန်းဝူအင်ပါယာမှာ နံပါတ်တစ်လူလို့ ပြောခဲ့ကြတယ်တဲ့... နောက်ပိုင်းမှာ ဒဏ်ရာကြောင့် ဆေးလုံးသန့်စင်တာကို မလေ့ကျင့်နိုင်တာ နှစ်အတော်ကြာပြီဆိုတော့ လူတော်တော်များများက သူ့ကို မေ့သွားကြတယ်.... ဒါပေမဲ့... သူဒီနေ့ ဘာလို့ရောက်လာတာလဲ?"
လင်ရှောင်းရှောင်းလည်း ထိတ်လန့်သွားသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များက ကျော်ကြားလာခဲ့သည့် ဤအကြီးအကဲမျိုးသည် အိမ်တွင် ယုတ္တိရှိရှိ တရားထိုင်သင့်သည်လေ။ ဤအချိန်၌ အဘယ်ကြောင့် ဤနေရာကို ရောက်လာရသနည်း။
"ငါသိပြီ... ငါတို့ကြားမှာ အဂ္ဂိရတ်ပညာ ပါရမီရှင် ရှိမလားဆိုတာ သူကိုယ်တိုင် လာကြည့်ချင်တာဖြစ်မယ်... အဲဒီလူကို တပည့်အဖြစ် လက်ခံဖို့ စီစဉ်နေတာဖြစ်နိုင်တယ်!"
ရှောက်ချန်၏ မျက်လုံးများသည် ရုတ်တရက် နီရဲလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"တပည့် လက်ခံဖို့လား?"
လင်ရှောင်းရှောင်းက ခဏလောက် အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။
ဖြစ်နိုင်တယ်!
မဟုတ်ရင် ဒီအဘိုးကြီးက ဒီမှာ ဘာလုပ်နေမှန်းတောင် မပြောနိုင်ဘူးလေ
"ကြည့်ရတာ ငါကောင်းကောင်း လုပ်ဆောင်နိုင်ရမယ့်ပုံပဲ... သူ့ကို ဆရာအဖြစ် ကိုးကွယ်နိုင်ရင် ဆရာကြီးယွမ်ဟုန်နဲ့ ငါက ဆရာတူညီအကိုတွေ ဖြစ်လာမှာ... ငါတို့ရဲ့ အဆင့်အတန်းဖြစ်ဖြစ် နေရာဖြစ်ဖြစ်....ငါ အများကြီး တိုးလာနိုင်တယ်..."
ရှောက်ချန်၏ တစ်ကိုယ်လုံးသည် စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွားပြီး လူတိုင်းကို အံ့သြစရာပေးဖို့ တိတ်တဆိတ် ပြင်ဆင်နေသည်။
သူခန့်မှန်းတာသာ မှန်ရင် ဒီလူကြီးရဲ့ မျက်နှာသာ ပေးမှုကိုရသွားလို့ကတော့ ခြေတစ်လှမ်းချင်းမှာ သေချာပေါက် ကောင်းကင်ကို ရောက်သွားသလို ဖြစ်လိမ့်မည်။ အဂ္ဂိရတ်ပဲဖြစ်ဖြစ် အဆင့်အတန်းပဲ ဖြစ်ဖြစ် နှစ်မျိုးလုံးသည် မြေကြီးတုန်ခါမှု အပြောင်းအလဲများကိုပင် ကြုံတွေ့လာရနိုင်သည်။
ဝုန်း
သူစိတ်လှုပ်ရှားနေတုန်းမှာပဲ တံခါးက တစ်ဖန်ပြန်ပွင့်လာပြီး လူအရိပ်တစ်ရိပ်က အခန်းထဲ ဝင်လာသည်။
"အကြီးအကဲဟွမ်ယဲ့ ခင်ဗျားလည်း လာမယ်လို့ မမျှော်လင့်ထားဘူး..."
ထိုလူကိုတွေ့တော့ အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်၏။ အကြီးအကဲကျိုးရှန်ကို လူတော်တော်များများက မသိကြသော်လည်း အကြီးအကဲဟွမ်ယဲ့ကိုတော့ သိသူများသည်။
ကျန်းဝူအင်ပါယာ၌ လွန်ခဲ့သော အနှစ်၂၀က အဆင့်၄ အဂ္ဂိရတ်ပညာရှင်အဖြစ် ကျော်ကြားလာခဲ့သူ ဖြစ်သည်။
ဒီလူက အဂ္ဂိရတ်ပညာကို အနားယူခဲ့တာ ကြာပြီ မဟုတ်လား။ ဘာလို့ ဒီကို ရောက်လာတာလဲ?
လူအုပ်ကြီး၏ အာမေဋိတ် အတွေးများ မဆုံးမီတွင် နောက်ထပ် လူတစ်ယောက် ထပ်ဝင်လာသည်။ ဤလူကို မြင်လိုက်တဲ့အခိုက် လူတိုင်းနီးပါး သိကြသည်။
ကျန်းဝူအင်ပါယာတွင် နံပါတ်တစ် အဂ္ဂိရတ်ပညာရှင်လည်းဖြစ် ဖန်းရှစ်ပိုင်ရှင်လည်း ဖြစ်တဲ့ ယွမ်ဟုန်ပင်။
ဆရာကြီးယွမ်ဟုန်လည်း ဒီကိုလာတယ်?.
ဒီနေ့ ဘာတွေဖြစ်ကုန်တာလဲ? ကျန်းဝူအင်ပါယာရဲ့ နံပါတ်၁ အဂ္ဂိရတ်ပညာရှင်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျော်ကြားခဲ့တဲ့ အကြီးအကဲတွေလည်း ရောက်ချလာကြတယ်လေ
ဤသုံးယောက် ရောက်လာသောအခါ ပင်မထိုင်ခုံတွင် ထိုင်နေကြသော တတိယတန်းစား အဂ္ဂိရတ် ပညာရှင်များသည် ကြာကြာမနေရဲတော့ဘဲ သဘာဝကျကျ သူတို့ထိုင်ခုံများမှ အမြန် ဖယ်ခွာသွားခဲ့သည်။
မကြာခင်မှာ သုံးယောက်သား ထိုင်ကြသည်။
အကြီးအကဲ ကျိုးရှန်က အလယ်မှာထိုင်ပြီး ယွမ်ဟုန်က ဘေးမှာထိုင်၏။
သူသည် ကျန်းဝူအင်ပါယာတွင် နံပါတ်တစ် အဂ္ဂိရတ်ပညာရှင် ဖြစ်သော်ငြားလည်း ၎င်းတို့နှစ်ဦးသည် အကြီးအကဲများ ဖြစ်သည်။
"အားလုံး စိတ်မပူပါနဲ့.... ဒီနေ့တော့ အကြီးအကဲကျိုးရှန်နဲ့ ဟွမ်ယဲ့တို့ နှစ်ယောက်ကို ဖိတ်ခေါ်လိုက်ပါတယ်.... တတိယတန်း အဂ္ဂိရတ်ပညာကို အကဲဖြတ်လိုသူတွေ ရှိလို့လေ အကဲဖြတ်မှုမှာ မပါဝင်ချင်ရင် ဘေးထွက်ပြီး စောင့်ကြည့်ကြ.... မင်းအတွက်တော့ ဒါက သင်ယူမှု အခွင့်အရေးတစ်ခုပါပဲ လုံးဝ လက်လွတ်မခံပါနဲ့!"
ယွမ်ဟုန်က ဘေးကိုကြည့်ကာ ဖြည်းညှင်းစွာပြော၏။
တတိယအဆင့် အဂ္ဂိရတ်ပညာကို အကဲဖြတ်မယ်?"
"တစ်စုံတစ်ယောက်က တတိယအဆင့်ကို အကဲဖြတ် အစစ်ဆေးခံမလို့လား?"
"ဒါဆို သူတို့ ဒီကိုရောက်လာကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး!"
"စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် သုံးဦးကသာ တတိယအဆင့် အဂ္ဂိရတ်ဆေး ပညာကို စစ်ဆေးဖို့ အရည်အချင်း ပြည့်မီတာလေ...အဲဒါကြောင့်ကိုး...."
……
ဖန်းရှစ်သခင် ဟွမ်ဟုန်၏ စကားကိုကြားတော့ လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။
"ဟင်……"
ရှောက်ချန်၏ မျက်နှာတစ်ဖက်ကတော့ ပူလောင် နာကျင်နေပါသည်။
သူက တစ်ဖက်လူက တပည့်လက်ခံဖို့ ပါရမီရှင်ကို လာရှာတာပဲလို့ ပြောခဲ့ပေမယ့် ဒီလိုဖြစ်သွားမယ်လို့တော့ မမျှော်လင့်ထားချေ။
ရှပ်.....ရှပ်....
မျက်နှာများ နီမြန်းလာရင်း ရှောက်ချန်နှင့် အခြားသူများသည် တစ်ဖက်သို့ အလျင်အမြန် နောက်ဆုတ်သွားကြသည်။
တတိယအဆင့် အဂ္ဂိရတ်ပညာကို စမ်းသပ်ချင်သူတွေ ရှိတာကြောင့် ဒုတိယအဆင့်ကို စမ်းသပ်ချင်သူတွေ အတွက်တော့ ရှောင်ထွက်ရမှာပဲ ဖြစ်သည်။
သူ့ဘေးနားက လင်ရှောင်းရှောင်းနဲ့ စကားပြောဖို့ ဘေးနားကို လျှောက်သွားရင်း တစ်စုံတစ်ယောက်က မသွားသေးဘဲ အလယ်မှာ ရပ်နေတာကို မြင်တော့ သူ့ရဲ့ အမူအရာက မည်းမှောင်သွားသည်။
"ကောင်လေး ဒီကို မြန်မြန်လာ...တစ်စုံတစ်ယောက်က တတိယတန်း အဂ္ဂိရတ်ပညာကို စမ်းချင်နေတာ.... မင်းက အလယ်မှာ ဘာရပ်လုပ်နေတာလဲ?"
အလယ်မှာ ရပ်နေတဲ့ သူကတော့ လုရွှမ်ပင်။
ဒီကောင်က ယွမ်လိဆေးကို သန့်စင်ဖို့တောင် မဝံ့ရဲတာကို အလယ်မှာ ရပ်နေပြီး အပြင်ကို ထွက်မလာဘူး။ စိတ်လှုပ်ရှားတာ မပြီးသေးဘူးလား??
လူတွေ အာရုံစိုက်တာ ခံချင်နေတာလား?
အဲဒီလို အတွေးမျိုး သူ့စိတ်ထဲမှာ ပေါ်လာ၏။
သို့သော် သူအော်သံပြီးပေမယ့် တစ်ဖက်လူက သူ့ကို လျစ်လျူရှုကာ လှုပ်တောင်မလှုပ်။ ထိုအစား ဆရာကြီးယွမ်ဟုန် နှင့် အကြီးအကဲကျိုးရှန်ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
သူတို့သုံးယောက်၏ အမူအရာများကို မြင်တော့ ရှောက်ချန်သည်လည်း ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူ့မျက်နှာမှာ ချက်ချင်း ဖျော့တော့သွားပြီး သူ့တစ်ကိုယ်လုံးက အလိုက်တသိပင် တုန်လှုပ်သွားသည်။
"တတိယတန်းစား အဂ္ဂိရတ်ပညာကို အကဲဖြတ်မယ့်လူက...သူ မဖြစ်နိုင်ဘူးမလား!"
တကယ်ကြီးလားဟ??
ဤလူသည် တတိယအဆင့် အဂ္ဂိရတ်ပညာကို စမ်းသပ်ရန်အတွက် ဤနေရာတွင် ရှိနေတာပါလား?
သူ့အတွေးကို အတည်ပြုဖို့ အချိန် သိပ်မကြာလိုက်ပါဘူး။
စင်ပေါ်ရှိ ဖန်းရှစ်သခင် ယွမ်ဟုန်သည် ပတ်ဝန်းကျင်က စကားမပြောသည်ကို မြင်လိုက်ရပြီး ကြင်နာမှု အပြည့်ပါသည့် အပြုံးဖြင့် ကြည့်နေလေသည်။
"ကောင်းပြီ လုရွှမ်... မင်းအဆင်သင့် ဖြစ်ပြီလား? ငါတို့ ဘယ်တော့စလို့ရမလဲ?"