← Chapters

ပင်လယ်ရေစီးကြောင်းတစ်ရာ

Vol. 7 Ch. 99

ပင်လယ်ရေစီးကြောင်းတစ်ရာ

Vol. 7 Ch. 99

"တကယ် အဲဒီကောင်ပဲ!"

"အဲဒီကောင်လေးက အသက်၁၇နှစ် အောက်ပဲရှိပုံရတယ်.... ဒါပေမယ့် သူက တတိယအဆင့် အဂ္ဂိရတ်ပညာကို တကယ် စမ်းသပ်မှာလား?"

"လုရွှမ်ဆိုတဲ့ နာမည်ကို ငါကြားဖူးတယ်...ကျန်းဝူအကယ်ဒမီရဲ့ အဂ္ဂိရတ် ပါရမီရှင်ဆိုလား ဒီနှစ်ဆို ၁၆နှစ်ခွဲလောက် ရှိပြီ..."

"ဒါက အကဲဖြတ်မှု တစ်ခုပဲ.... ကျော်ဖြတ်နိုင်မလား ဆိုတာ မသေချာဘူး..."

.....

ဆရာကြီးယွမ်ဟုန်၏ စကားကိုကြားတော့ ဤလူငယ်သည် တတိယအဆင့် အဂ္ဂိရတ်ဆရာ၏ စာမေးပွဲကို ဖြေဆိုမည့်သူ ဆိုတာ လူတိုင်း နားလည်သွားကြပြီး အားလုံးက လှည့်ကြည့်လာကြသည်။

အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် ကျောထောက်နောက်ခံ အဖြစ် စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာများ လိုအပ်သည်။ လုံလောက်သော စိတ်ဝိညာဉ်စွမ်းအား မရှိဘဲ အောင်မြင်ရန် မဖြစ်နိုင်ပါ။

သူတို့ရှေ့က ကောင်လေးက အသက်၁၆ သို့မဟုတ် ၁၇နှစ်ပဲ ရှိသေးတယ်။ အမိဝမ်းကနေစပြီး လေ့ကျင့်မယ် ဆိုရင်တောင် သူ့ရဲ့ ဝိညာဉ်စွမ်းအားကို ၀.၅ အထိ မြှင့်တင်ဖို့ မဖြစ်နိုင်ဘူးမလား?

တစ်ဖက်မှလူများ ထိတ်လန့် တုန်လှုပ်သွားစဥ် ဘေးရှိ လင်ရှောင်းရှောင်းသည် ချက်ချင်းပင် အသက်ရှု ကြပ်လာကာ သူမ၏ ရင်ဘတ်သည် လျင်မြန်စွာ မြင့်တက်လာပြီး မျက်နှာပေါ်တွင်လည်း ပူလောင်သော နာကျင်မှုကို ခံစားနေရသည်။

တစ်ဖက်လူက သူ့မှာ အချိန်မရှိဘူးလို့ ပြောနေတာ အံ့သြစရာ မရှိပါဘူး။ သူက တတိယအဆင့် အဂ္ဂိရတ် အကဲဖြတ်မှုအတွက် စာရင်းသွင်းခဲ့တာပဲကိုး။

သူက ယွမ်လိဆေးကို သန့်စင်ဖို့တောင် စိန်ခေါ်လိုက်သေးတယ်။ ဒါ ကိုယ့်ဘာသာ အရှက်ခွဲနေတာပဲ မဟုတ်ဘူးလား?

မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ!

လင်ရှောင်းရှောင်း ငိုတော့မည့် မျက်နှာဖြင့် ငြိမ်သက်နေ၏။

"စလို့ရပြီ!"

လူတိုင်းဘာတွေ တွေးနေမှန်းမသိဘဲ လုရွှမ်က ခေါင်းကိုမော့ပြီး တည်ငြိမ်တဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။

"မင်းဆေးမီးဖိုက ဘယ်မှာလဲ?"

အလယ်မှ ကျိုးရန်က ရုတ်တရက် ပြောလိုက်သည်။

ဒါကိုကြားတော့ အားလုံးက တုံ့ပြန်လာပြီး တစ်ချိန်တည်းမှာ အံ့အားသင့်သွားကြ၏။

စင်မြင့်ထက်တွငိ အဂ္ဂိရတ်မီးဖို တချို့ရှိသော်လည်း ၎င်းတို့သည် ဒုတိယတန်း ဆေးလုံးများ၏ အစွမ်းထက်ဆုံးကိုသာ ခံနိုင်ရည်ရှိသည်။ တတိယတန်း ဆေးလုံးများကို သန့်စင်ပါက ကျိန်းသေပေါက် ပေါက်ကွဲမည် ဖြစ်သည်။

ထို့ကြောင့် တတိယအဆင့် အကဲဖြတ်သောအခါ အောင်မြင်မှုနှုန်းကို သေချာစေရန် သင့်ကိုယ်ပိုင် အဂ္ဂိရတ်မီးဖိုကို ယူဆောင်လာသင့်သည်။

"သင့်တော်တာ မရှိရင် ငါမင်းကို ကျစ်ယွမ်တင် ငှားပေးလို့ရတယ်!"

စင်မြင့်ပေါ်ရှိ ဖန်းရှစ်သခင် ယွမ်ဟုန်မှ ပြောလာသည်။

"မလိုဘူး... တတိယတန်း ဆေးလုံးတွေကို သန့်စင်ဖို့ ဆေးမီးဖို မလိုဘူး!"

လုရွှမ် ခေါင်းယမ်းလိုက်သည်။

၀.၈ ရှိသော ဝိညာဉ်စွမ်းအားနှင့် တိမ်ပင်လယ် နယ်မြေ၏ ထိပ်တွင်ရှိသော အဂ္ဂိရတ်နည်းပညာများဖြင့် သူသည် တတိယတန်း ဆေးလုံး သေးသေးလေးကို သန့်စင်ထားမည်ဆိုလျှင် အဂ္ဂိရတ်မီးဖိုတစ်ခု လိုဦးမယ်ဆိုရင်တော့ ရှက်စရာ ဖြစ်သွားလိမ့်မည်။

"ဆေးမီးဖို မလိုဘူး?"

လူတိုင်းက ရူးတော့မလို ဖြစ်သွားသည်။

ဆေးမီးဖိုမပါပဲ ဘယ်လို သန့်စင်မလို့လဲ?

လက်နဲ့လား?

ဒါပေမဲ့ အဲဒီလိုလုပ်ရတာက ဆေးမီးဖိုသုံးတာထက် ပိုခက်တယ် မဟုတ်လား?

နှစ်ခုလုံးက တူညီတဲ့ အဆင့်မှာ မရှိကြဘူး

ဆရာကြီးယွမ်ဟုန်ကို စံနမူနာ ယူကြည့်ပါ။ သူသည် ဆေးမီးဖိုဖြင့် စတုတ္ထအဆင့် ဆေးများကို သန့်စင်နိုင်သော်လည်း ဆေးမီးဖိုမရှိလျှင် တတိယအဆင့် ဆေးလုံးများကိုပင် သန့်စင်နိုင်မည် မဟုတ်ပေ။

"လူငယ်တွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာ ကောင်းပါတယ်.... ဒါပေမယ့် အကဲဖြတ်ဖို့ ဟန်ဆောင်တာတော့ မကောင်းဘူး!" ဟွမ်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

သူ့ရှေ့က လူငယ်သည် အဂ္ဂိရတ် မီးဖိုမသုံးဘဲ တတိယအဆင့် မှော်ဆေးလုံးကို သန့်စင်နိုင်မည်ဝည မယုံပေ။

"ဒါက တတိယအဆင့် [ချိုးဖျက်ခြင်းဆေးလုံး] အတွက် လိုအပ်တဲ့ ဆေးပင်တွေပဲ... အကဲဖြတ်ချိန်က တစ်နာရီပါ၊ စလိုက်ကြရအောင်"

ယွမ်ဟုန်သည် သူ့ရှေ့ရှိလူက ဆရာသခင်၏ တပည့်ဖြစ်သည်ကို သိပြီး သူမသေချာသော အရာတစ်ခုကို လုပ်နိုင်မည် မဟုတ်ကြောင်း သိသောကြောင့် စကားများများ မပြောဘဲ တိုက်ရိုက်ပဲ စတင်ခိုင်းလိုက်သည်။

စကားအဆုံးတွင် လူတစ်ယောက်သည် ဆေးပင်များကို ပေးပို့လာသည်။

လုရွှမ်သည် ဆေးပင်တွေမှာ ဘာအမှားအယွင်းမှ မရှိဘူးဆိုတာ သေချာစစ်ဆေးပြီးမှ လက်ဖဝါးကို မြှောက်ပြီး သုံးစုံထဲက တစ်စုံကို ထုတ်ယူပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"တစ်စုံဆို လုံလောက်ပြီ!"

"တစ်စုံဆို လုံလောက်ပြီ?"

"မောက်မာနေလိုက်တာ!"

"အဂ္ဂိရတ်မီးဖိုကို မသုံးဘူး... ဆေးပင်ကိုလည်း တစ်စုံပဲသုံးမယ်? တကယ်ရော ဟုတ်ရဲ့လား??"

.......

ဆေးပင်တစ်စုံသာ ယူလိုက်သည်ကို မြင်လိုက်တိုင်း လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အဂ္ဂိရတ်ပညာရှင် အဆင့်ကို အကဲဖြတ်သောအခါ ဆေးပင်များကို အများအားဖြင့် သုံးစုံ ပေးသည်။ အခွင့်အရေး သုံးကြိမ်ရှိသည်ဟု ဆိုလို၏။

မျက်လုံးရှေ့က ကောင်လေးဟာ အဂ္ဂိရတ်မီးဖိုကို မသုံးတာနဲ့တင် အံ့သြစရာ ကောင်းနေတာကို သူက တစ်စုံပဲယူခဲ့ပြန်သည်။ သူတစ်စုံတည်းနဲ့ အောင်မြင်နိုင်တယ် ဆိုတာ အာမခံနိုင်ပါ့မလား?

စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင်သည်ပင် တတိယအဆင့် ဆေးလုံးတိုင်းကို အောင်မြင်အောင် သန့်စင်နိုင်မယ်လို့ အာမမခံနိုင်ပါ။

အဓိကဖြစ်တဲ့ အဂ္ဂိရတ်မီးဖိုကို မသုံးဘဲနဲ့လေ

ကောင်လေး မင်း ကောင်းကင်ကို ဆန့်ကျင်နေတာလား??

ဤမြင်ကွင်းသည် လင်ရှောင်းရှောင်း၏ လက်သီးဆုပ်သံများ ထွက်ပေါ်လာသည်။

နောက်ဆုံးတော့ သူ့ကို စိန်ခေါ်နိုင်မယ်လို့ တွေးပြီး နှလုံးသားထဲက အမုန်းတရားတွေကို ပြေလျော့စေဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။ သို့သော်လည်း မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ ပိုတောင် ပြင်းထန်လာပြီး ပြိုင်ဘက်က ပိုအားထက်သန်တဲ့ ကိုယ်ဟန်အနေအထားနဲ့ ပေါ်လာတာကို တွေ့လိုက်ရ၏။

သူမ မော့ကြည့်လိုက်သည်။

ဒီကောင်လေး... သူဘယ်လိုများ ကျင့်ကြံခဲ့တာလဲ?

လူရော ဟုတ်ရဲ့လား?

.......

လုရွှမ်၏ အမူအရာမှာ ဘာမှမထူးခြားဘဲ လက်ဖဝါးကို မြှောက်လိုက်သောအခါတွင် ဆေးအပင်များစွာသည် သူ၏လက်ချောင်းများထဲ အထပ်ထပ် ကျဆင်းလာသည်။

ဟုန်းဟုန်း

ယွမ်ယန်၏ ဝိညာဥ်ချီသည် လက်ချောင်းထိပ်များမှ တစ်ဆင့် မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားပြီး ဆေးပင်များနှင့် ထိတွေ့လိုက်သောအခါတွင် ၎င်းသည် ဆေးအရည်စစ်စစ် အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

"ဒါ……"

"ဒီမီးတောက်လား?"

"မဟုတ်ဘူး... ယန်စွမ်းအင်ရဲ့ ဝိညာဥ်ချီပဲ.. ဒီလူငယ်လေးက ယန်စွမ်းရည် အစစ်အမှန်ကို လေ့ကျင့်ထားမယ်လို့ မမျှော်လင့်ထားဘူး"

"ယန်စွမ်းအင်ရဲ့ ဝိညာဥ်ချီက အရမ်းအစွမ်းထက်တယ်... ဒါကြောင့် ဒီဆေးပင်တွေကို ဒီအတိုင်း မီးရှို့ပစ်တာ တကယ် အဆင်ပြေရဲ့လား?"

.......

ဒီမြင်ကွင်းကို မြင်တော့ အားလုံး အံသြသွားမိပြန်သည်။

ယန်ချီစစ်စစ်သည် အလွန်မာကျော ခိုင်ခံ့သည်။ မှတ်တမ်းများအရ ယန်မီးတောက်နှင့် ထိတွေ့မိသော မည်သည့်ဆေးဖက်ဝင် ပစ္စည်းမဆို ပြာမှုန်အဖြစ် ချက်ချင်း ပြောင်းလဲသွားကာ သန့်စင်ရန်မဖြစ်နိုင်ပေ။

သို့သော် ဤမဖြစ်နိုင်မှုသည် လူငယ်၏ လက်ထဲသို့ ကျရောက်သွားသည့် အခါမှာ သူတို့ စိုးရိမ်နေသလိုမျိုး လုံးဝ ပြဿနာမရှိသည့်နှယ်။

ဗုန်း!

ငါးမိနစ်အတွင်း ဆေးပင်ပစ္စည်းများ အားလုံးကို သန့်စင်လို့ ပြီးသွားခဲ့သည်။ သန့်စင်သော ယန်စွမ်းအင်အောက်တွင် ဆေးပင်ပစ္စည်းများ၏ အရည်အစက်များသည် သလင်းကျောက်ကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပနေပြီး နေရောင်ခြည်ကိုပင် ထင်ဟပ်စေသည်။

ဟူ!

ဆေးအရည်များစွာကို မြင်လိုက်ရတော့ လုရွှမ်မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူ့လက်ထဲက စွမ်းအင်လှိုင်းလုံးကြီးဖြင့် ဆေးရည်များ အားလုံးကို တစ်ချိန်တည်းတွင် ထိတွေ့ပေါင်းစပ်စေကာ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။

"ဘာ? ဒါက..."

လုရွှမ်က မောက်မာသည်ဟု ထင်မြင်ခဲ့သော အဂ္ဂိရတ်ပညာရှင် ဟွမ်ယဲ့သည် ရုတ်တရတ် ထရပ်ကာ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ?" ဖန်းရှစ်သခင် ဆရာကြီးယွမ်ဟုန်က တစ်ချက်ကြည့်လိုက်သည်။

"ဒါက... [ပင်လယ်ရေစီးကြောင်းတစ်ရာ] လက်စည်းတံဆိပ်မလား? ကျန်းဝူအင်ပါယာထဲမှာ တစ်ယောက်ယောက်က ဒီနည်းလမ်းကို သိတယ်?? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

အဂ္ဂိရတ်ပညာရှင် ဟွမ်ယဲ့သည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့်။

"ပင်လယ်ရေစီကြောင်းတစ်ရာ??"

ဆရာကြီးယွမ်ဟုန်နှင့် အဂ္ဂိရတ်ပညာရှင် ကျိုးရှန်တို့သည် ဤအမည်ကို တစ်ခါမျှ မကြားဖူးသည်မှာ ထင်ရှားသည်။

"ငယ်ငယ်တုန်းကတော့ အပြင်မှာ လေ့ကျင့်နေရင်း အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်နဲ့ တွေ့ခဲ့ဖူးတယ်... သူက ကမ္ဘာပေါ်က အဂ္ဂိရတ်နည်းပညာတွေ အကြောင်း ပြောပြတယ်...ငါ အလေးစားဆုံးကတော့ ဒီပင်လယ်ရေစီးကြောင်းတစ်ရာ လက်စည်းတံဆိပ်ပဲ....လွန်ခဲ့တဲ့ နှစ်၃၀၀အလွန်က ပညာရှင်တစ်ယောက် ဖန်တီးခဲ့တာလို့ ပြောတယ်...."

ဟွမ်ယဲ့၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေပြီး သူ့ခန္ဓာကိုယ်သည် တုန်လှုပ်နေသည်မှာ သူ့အသက်အရွယ်နှင့် မလိုက်ဖက်ပေ။

"အဲဒီ လက်စည်းတံဆိပ်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ရှိလို့လား?"

ဖန်းရှစ်သခင် ယွမ်ဟုန်မှာ နားမလည်သေးပါ။ သူ၏အမြင်အာရုံကို ကန့်သတ်ထားသဖြင့် ထူးဆန်းသော အရာကို ရှာမတွေ့ခဲ့။

"သေချာပေါက် ထူးခြားတာပေါ့! ဒီလက်စည်းတံဆိပ်ကို လေ့ကျင်ဖို့ အဂ္ဂိရတ်ပညာနဲ့ ကိုယ်ခံပညာ နှစ်ခုစလုံး လိုအပ်တယ်...မင်းကြည့်လိုက် ဆေးရည်တွေ ဒီလောက်အများကြီး စုပြုံနေတာ ပေါင်းစည်းသွားဖို့ မဖြစ်နိုင်ဘူး... အခန်းထဲမှာ စစ်မှန်တဲ့ ဝိညာဥ်ချီရှိတယ်လို့ ဘယ်နားက ခံစားရလို့လဲ ဒီအတိုင်း ပေါင်းစည်းပစ်ဖို့ မလွယ်ဘူး... အထူးသဖြင့် စစ်မှန်တဲ့ ဝိညာဥ်ချီကို ထိန်းချုပ်နိုင်ဖို့ လိုတယ်"

ဟွမ်ယဲက ပိုမြန်ပြီး စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။

"ဒီလက်စည်းတံဆိပ်ရဲ့ အကျိုးကျေးဇူးတွေက ပထမ....ဆေးရဲ့ဂုဏ်သတ္တိနဲ့ အပူချိန်ကို ထိန်းသိမ်းပေးနိုင်အောင် စစ်မှန်တဲ့ စွမ်းအင်နဲ့ ကာကွယ်ထားရတယ်.... ဒုတိယအနေနဲ့ အလျင်အမြန် ပေါင်းစည်းနိုင်အောင် ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုကို လျှော့ချထားရမယ်....ဒါမှ ဆေးလုံးသန့်စင်မှုက အောင်မြင်နိုင်မှာ... အရေးကြီးဆုံး အချက်က စစ်မှန်တဲ့စွမ်းအင်က ဆေးစွမ်းအင်ကို လှုံ့ဆော်ပေးနိုင်ပြီး အရည်အသွေး မြင့်စေတယ်....အဆင့်မြင့်တဲ့ ဆရာကြီး ငါ့ကိုပြောတုန်းက အဲဒီလက်စည်းတံဆိပ်က လောကမှာ အထွတ်အထိပ်ဆုံး အဂ္ဂိရတ်ပညာရပ်ပဲတဲ့.... သူကိုယ်တိုင် မြင်တွေ့ခွင့် မကြုံဖူးတာတောင်မှ.... မထင်ထားဘူး... ဒီလိုသေးငယ်တဲ့ ကျန်းဝူအင်ပါယာမှာ သိတဲ့သူ ရှိနေသလို...အရမ်းလည်း ကျွမ်းကျင်တာပဲ!"

"ယွမ်ဟုန်....အဲဒီလုရွှမ် ဘယ်သူလဲ...?"

စကားပြီးသောအခါ ဟွမ်ယဲ့သည် စူးစူးရဲရဲ မျက်လုံးများဖြင့် ရုတ်တရက် စိုက်ကြည့်လိုက်သည်။

"ဧကန္တ......."

All Chapters