← Chapters

ဂုဏ်ယူပါတယ်ကျီးမည်း

Vol. 7 Ch. 102

ဂုဏ်ယူပါတယ်ကျီးမည်း

Vol. 7 Ch. 102

လက်ချောင်းများဖြင့် အဆက်မပြတ် လှုပ်ရှားရင်း မြေပြင်ပေါ်တွင် အမှတ် ၃၆ ခု၏ တည်ရှိရာမြေပုံကို အမြန်ဆွဲကာ လူ့ခန္ဓာကိုယ်၏ ပုံစံအရ ၎င်းတို့ကို တစ်ခုပြီးတစ်ခု ချိတ်ဆက်ကြည့်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် လုရွှမ်သည် မျက်ခုံးမွှေးများကို ပွတ်သပ်ရင်း ရပ်တန့်လိုက်သည်။

"အလုပ်မဖြစ်သေးဘူး! ငါ့အတွေ့အကြုံနဲ့ အသိပညာအရ... အမှတ် ၃၆ခုကို ဝိညာဥ်သွေးကြော လေးခုအထိ လျှော့ချနိုင်တယ်... နောက်ထပ် မလုပ်နိုင်တော့ဘူး..."

သွေးကြောလေးခုသည် အမှတ်၃၆ခုကို ဖုံးအုပ်ထားကာ ဖြန့်ထုတ်လိုက်ခြင်းက ကောင်းကင်ကို တုန်လှုပ်စေမည်မှာ သေချာသော်လည်း ကမ္ဘာပေါ်တွင် လက်ရှိ နံပါတ်တစ်လူဖြစ်သော ဧကရာဇ်ကျိုးရန်ကို အနိုင်ယူလိုပါက သူ မလုပ်နိုင်သေးကြောင်း သိသည်။

"ထားလိုက်တော့.... ဆန်းကြယ်သွေးကြော ဆေးလုံးကို မသန့်စင်ရသေးဘူး အချိန်ရှိသေးတယ်...."

အချိန်အတော်ကြာ စဉ်းစားသော်လည်း ပိုမိုရိုးရှင်းသော နည်းလမ်းကို မစဉ်းစားနိုင်တော့ဘဲ လုရွှမ် ရပ်တန့်သွားသည်။

ဆန်းကြယ် သွေးကြောဆေးလုံးကို အောင်မြင်စွာ သန့်စင်ခြင်းဖြင့်သာ ဆေးစွမ်းအား၏ အကူအညီဖြင့် ထုံးရွှမ်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်သည်။ ယခုအခါ မီးဖိုကို မသန့်စင်ရသေးသောကြောင့် အလျင်စလို လုပ်လို့မဖြစ်သေး။

"ထုံးရွှမ်နယ်ပယ်ရဲ့ သွေးကြောလမ်းကြောင်းကို ဆွဲနေတာလား? ဟားဟား ငါ့ကိုမေးလို့ရတယ်နော်??"

ကျောက်ပြားပေါ်တင် ရပ်နေသော ကျီးကန်းသည် သူ၏ စိတ်ရှုပ်ထွေးမှုကို မြင်ရတော့ ကျေနပ်စွာ ပြောလိုက်သည်။

"မင်းကိုမေးရမယ်...စားဖို့ပဲသိတာ မဟုတ်ဘူးလား?" လုရွှမ်က ထူးဆန်းစွာ ကြည့်လိုက်သည်။

"မင်းကသာ စားဖို့ပဲသိတာ!"

ဒီစကားကို ကြားတော့ ကျီးကန်းဟာ အသက်ရှုကြပ်လုနီးပါး။

"ကျီးကန်းဒီအဖိုးက ကမ္ဘာတစ်ဝှမ်းမှာ အဲဒီတုန်းက နာမည်ကြီးခဲ့ပြီး လူတိုင်းက ကြောက်နေကြရတာ...ဘယ်လိုလုပ် စားရမယ်ဆိုတာပဲ သိမှာလဲ... မင်းသာစားနိုင်သူပဲ...မင်းတို့ တစ်မိသားစုလုံးပဲ စားနိုင်တယ်!"

"အဖိုးကျီးကန်းလား? မင်းက ကျီးမည်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီပေါ့?"

သူ့ကိုယ်သူ ကြွေးကြော်နေသော နာမည်ကိုကြားတော့ လုရွှမ်သည် စကားပြန်မပြောဘဲ မနေနိုင်တော့။

ဒီကောင်က ကျီးကန်းတစ်ကောင်လို့ တစ်ခါမှ ဝန်မခံဖူးဘူး။ အခု သူဘာပြောနေတာလဲ?

"ငါက ရွှေကျီးကန်း.... မင်းက ကျီးမည်း မင်းမိသားစု တစ်ခုလုံးက ကျီးမည်းတွေပဲ..." ကျီးမည်းသည် အလွန်ဒေါသထွက်ကာ အနက်ရောင် အမွေးတွေ ကျွတ်ထွက်လုနီးနီးပင်။

"ကောင်းပြီ ကောင်းပြီ ရွှေကျီးကန်း.."

တစ်ဖက်လူက အရမ်းပုံမှန် မဟုတ်တော့တာကို မြင်တော့ လုရွှမ်က သူ့ခေါင်းကို ခါပြီး စကားပြင်ပြောလိုက်သည်။

"သိရင်ပြီးတာပဲ..."

အချိန်အတော်ကြာ လေဝင်လေထွက် ကောင်းလာပြီးနောက် ကျီးကန်းက ရှင်းပြလာ၏။

"သေးငယ်တဲ့ ထုံးရွှမ်နယ်ပယ်လေးကိုများ... အမှတ်၃၆ခုက ကောင်းကင်သုံး၃၆လွှာကို ကိုယ်စားပြုတယ်.... အဲဒါတွေကို သွေးကြောတစ်ခုတည်းနဲ့ ချိတ်ဆက်ထားနိုင်တယ်... အဲဒါကို စဉ်းစားဖို့ ဒီလောက်တောင် ကြာရလား?"

"၃၆မှတ်ကို ဝိညာဥ်သွေးကြော တစ်ခုတည်းနဲ့ ချိတ်ဆက်လို့ ရတယ်?....တကယ်လား?"

လုရွှမ်မျက်လုံးများ တောက်ပလာသည်။

အချိန်အတော်ကြာအောင် တွေးတောပြီးရင် တွေးတောမိသော်လည်း သွေးကြော လေးခုကိုသာ ရိုးရိုးရှင်းရှင်း ရေးပြနိုင်ခဲ့သည်။ တစ်ခုတည်းနဲ့ အမှတ်အားလုံးကို ချိတ်ဆက်နိုင်လျှင် သန့်စင်ခြင်း ဖြစ်စေ တိုက်ပွဲဖြစ်စေ အဆပေါင်းများစွာ အားကောင်းစေမည် ဖြစ်သည်။

"ဒါပေါ့....ဒီဖိုးဖိုးရွှေကျီးကန်းက မင်းကို လိမ်စရာလား?" ကျီးမည်းက သူ့မျက်နှာမှာ မာနနှင့် ကျေနပ်မှုအပြည့်ဖြင့်။

"ကျေးဇူးပြုပြီး သင်ပေးပါလား!"

လုရွှမ်က ကမန်းကတန်း ပြောလိုက်သည်။

ဒီကျီးကန်းဟာ ယွမ်ယန်ကျင့်စဥ်ကို ဖန်တီးထားတဲ့ အလွန်အားကောင်းတဲ့ လူနဲ့ မိတ်ဆွေဖြစ်နေနိုင်ပြီး သူ့ရဲ့ အသိပညာဟာ အလွန်အစွမ်းထက်သည်။

သူပြောခဲ့တဲ့စကားက ကောင်းကင်ကို ထိတ်လန့် တုန်လှုပ်သွားစေပြီး သူ့ကိုယ်ပိုင် စကားတစ်ခွန်းလောက် ယုံချင်စရာ မကောင်းပေမယ့် အမှတ်၃၆ခုကို သွေးကြော တစ်ခါတည်းနဲ့ ဆက်သွယ်နိုင်တယ် ဆိုတာကတော့ ဖြစ်နိုင်ချေရှိသည်။

"မင်းကိုသင်ပေးရမယ်? ကောင်းလိုက်တာ... ငါ့အတွက် သေရည် ကောင်းကောင်းလေး ဘယ်မှာလဲ? ငါ့ရဲ့အရသာရှိတဲ့ အစားအစာက ဘယ်မှာလဲ? ဘာမှမရှိဘူး!! ငါ့ကို သင်ပေးစေချင်တယ်ပေါ့ လုံးဝ မရဘူး!!"

"ကောင်းပြီ သေရည် ကောင်းကောင်း ဝယ်လာပေးမယ်..."

လုရွှမ် ခေါင်းညိတ်လိုက်သည်။

ကျီးကန်း (တံစက်မြိတ်) အောက်မှာ လူတွေ ခေါင်းငုံ့ထားရမယ်!

"ငါသေရည်ကောင်း ဝယ်လာပြီးလို့ အမှတ်၃၆ခုကို ဆက်သွယ်ပေးနိုင်တဲ့ သွေးကြောအကြောင်း မပြောပြရင် ငါသေချာပေါက် မင်းအမွေးတွေကို ဆွဲနုတ်ပစ်မယ်!"

စကားတစ်ခွန်း ပြောပြီးနောက် လုရွှမ်သည် ကျောက်စိမ်းတုံးထဲတွင် နေရာလွတ်ကိုသာ ချန်ထားခဲ့သည်။

"ကောင်လေး....မင်းငါ့ကို ဒီလိုပြောရဲတယ်?? ဒီအဖိုး ကမ္ဘာအနှံ့ ပြေးလွှားနေချိန် မင်းမမွေးသေးဘူး သိရဲ့လား...."

သူထွက်သွားသည်နှင့် တပြိုင်နက် ကျီးကန်း၏ အသံကို ကြားလိုက်ရသည်။

"အင်း.... မှောင်နေပြီပဲ လဲလှယ်ပွဲတောင် စတော့မယ်... လဲလှယ် အစည်းအဝေးကို အရင်သွားရအောင်!"

လုရွှမ် ကျောက်စိမ်းပြားထဲမှ ထွက်လာသော် အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး လဲလှယ်အစည်းအဝေးကို တက်ရောက်ရန် အချိန်တန်ပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

မဟုတ်ဘဲ ၎င်းကိုလွတ်သွားပါက နောက်ထပ်တစ်လ စောင့်ရဦးမည် ဖြစ်သည်။

သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးသောအခါ သူသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းထံသို့ လျင်မြန်စွာ လျှောက်လှမ်းခဲ့သည်။

အရင်က လဲလှယ်ပွဲရဲ့ တည်နေရာကို သူသိထားပြီးသား ဖြစ်သည်။ အဲဒီကိုထပ်ရောက်ဖို့ အချိန်သိပ်မကြာတော့ဘဲ ခဏအတွင်းမှာပဲ ခန်းမတစ်ခုဆီကို ရောက်သွားခဲ့သည်။

"ဒါဟာ တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖလှယ်တဲ့ အစည်းအဝေးပါ.... ကျေးဇူးပြုပြီး ခဏရပ်ပါ"

တံခါးဝကိုရောက်တာနဲ့ မီးဖိုရောင်းတုန်းက သူတွေ့ဖူးတဲ့ လှပတဲ့အမျိုးသမီးက ဧည့်ကြိုတစ်ယောက် အဖြစ် သူ့ကိုတားလာ၏။

ထိုအခိုက်အတန့် မိန်းမလှလေးသည် လုရွှမ်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

ဒီလူက သူမကို ရည်ရွယ်ချက်ရှိရှိနဲ့ လှောင်ပြောင်ဖို့ မီးဖိုရောင်းတဲ့ အခန်းထဲ ပြေးသွားတယ်လို့ ထင်ခဲ့ပေမဲ့ ဒီကိုပါရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။

သူတကယ် တတိယတန်း အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်နိုင်ပါ့မလား ဒါမှမဟုတ် တတိယတန်း အဂ္ဂိရတ်ပညာ စာမေးပွဲကို အောင်မြင်ခဲ့တာလား။

"ငါ အကဲဖြတ်တာ အောင်မြင်သွားပြီ.... အခု တတိယအဆင့် အဂ္ဂိရတ်ဆရာ ဖြစ်နေပြီဆိုတော့ ဝင်လို့ရပြီမလား!" လုရွှမ်ကလည်း တစ်ဖက်လူ အသိအမှတ် မပြုပေမယ့် သူ ဂရုမစိုက်ဘဲ ပြောလိုက်သည်။

"အကဲဖြတ် ပြီးပြီလား? ရာထူးတံဆိပ်ရော?"

မိန်းမလှလေးက ပြန်ကြည့်လာသည်။

"အဆင့်တံဆိပ်တွေ... မရသေးဘူး... အဲဒါတွေကို ပြုပြင်ဖို့ ဌာနခွဲကို ပို့ရမယ်တဲ့!" လုရွှမ်က ပြောလိုက်သည်။

"အဲဒါ မရှိရင် အလုပ်မဖြစ်ဘူး!"

အလှလေး၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

အရင်ကတော့ ဒီကောင်လေးက တကယ်ပဲ တတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်လို့ သူမထင်ခဲ့ပေမယ့် အခုတော့ သူမအပေါ် လှည့်ကွက်တွေ ကစားခဲ့တာပဲဖြစ်မယ်။

မဟုတ်ရင် ဂုဏ်သိက္ခာရှိတဲ့ တတိယအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်မှာ ရာထူးတံဆိပ် ဘယ်လိုလုပ် မရှိဘဲနေမှာလဲ?

အလှလေးတစ်ယောက် အနေနဲ့ သူမကို ပုံစံအမျိုးမျိုးနဲ့ စကားစမြည် လာပြောတဲ့ ယောက်ျားတွေ အများကြီး ရှိပါတယ်။

ဒါ့အပြင် ၁၆နှစ် ၁၇နှစ်ပဲ ရှိသေးတာကို ဘယ်လိုလုပ် အဆင့်၃ အဂ္ဂိရတ်ပညာရှင် ဖြစ်နိုင်မှာလဲ? ဟန်ဆောင်မယ်ဆိုလည်း ယုတ္တိရှိအောင် ဟန်ဆောင်စမ်းပါ။

သူမသည် ဧည့်ကြိုလေး တစ်ဦးသားဖြစ်ပြီး လုရွှမ်က အဆင့်၃ အဂ္ဂိရတ်ပညာကို အောင်မြင်သွားတယ်ဆိုတဲ့ ကိစ္စကို သိဖို့အထိ အရည်အချင်း မပြည့်မီပေ။

သူမ မသိသောကြောင့် လုရွှမ်သည် အခြားတပည့်များ နည်းတူ သူမအာရုံ စူးစိုက်မှုကို ဆွဲဆောင်ရန် ရည်ရွယ်ချက် ကြီးကြီးမားမားဖြင့် လာသည်ဟုထင်၏။ တကယ်တမ်းတွင် သူသည် သူမအမြင်၌ မိန်းကလေးများကို ခေါ်ယူလိုသော အရူးတစ်ယောက်သာ ဖြစ်သည်။

"ဘယ်သူမဆို စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် အကဲဖြတ်ချက် အောင်မြင်တယ်လို့တောင် ပြောလို့ ရပါတယ်... စိတ်မကောင်းပါဘူး တံဆိပ်မပါရင် ဝင်လို့မရဘူး!"

အလှလေးသည် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

"အမ်?" လုရွှမ်မျက်မှောင်ကြုတ်ကာ

"မင်း မလုပ်နိုင်ရင် အထဲက လူတွေကို မေးလို့ရတယ် ငါ စာမေးပွဲ အောင်လားမအောင်လား!"

"တောင်းပန်ပါတယ်.... အတွင်းထဲက လူတွေ အားလုံးက တတိယအဆင့် အဂ္ဂိရတ်ဆရာတွေ.... အားလုံးက အဆင့်အတန်း မြင့်တယ် လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံနေကြတာ လိုချင်တာရှိတိုင်း မေးလို့ ရတာမဟုတ်ဘူး။"

အလှလေး၏ မျက်လုံးများက ပို၍ မထီမဲ့မြင် ဖြစ်လာသည်။ မဟုတ်ဘူးဆို မဟုတ်ဘူးပေါ့ ဘာကို ဟန်ဆောင်နေသေးတာလဲ?

"ငါမဝင်ရဘူး?... ဒီနေ့ လဲလှယ် အစည်းအဝေးမှာ မပါဝင်နိုင်ရင် ဟွမ်လင်သတ္တုရိုင်းနဲ့ သစ်သားနက်သံကို မဝယ်နိုင်ပါဘူး.....တံဆိပ်ကို နောက်မှ ရအောင်ယူမယ်...ဒီနေ့ လဲလှယ် အစည်းအဝေးကိုတော့ ငါဝင်ကိုဝင်ရမယ်!"

သူမ သဘောမတူတာကို မြင်တော့ လုရွှမ်ပြောလိုက်သည်။

"ရှင်ဘာလို့ အတင်းဝင်လာ ချင်သေးတာလဲ? ဒါက အဂ္ဂိရတ်ဆရာ အစည်းအဝေးပဲ...ရှင်အတင်း ဝင်မယ်ဆိုရင် ကျွန်မရှင့်ကိုဖမ်းဖို့ လူလွှတ်လိုက်တော့မယ်!!"

အလှလေးက မျက်မှောင်ကြုတ် သွားသည်။

"ဘာတွေဖြစ်နေတာလဲ? ဆူညံနေတာပဲ!"

သူမ စကားမဆုံးခင် အခန်းထဲမှာ စိတ်မရှည်တဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး တံခါးပွင့်လာသည်။ အဘိုးအို တစ်ယောက်ရဲ့ မျက်နှာကို ထွက်ပေါ်လာ၏။

"ဆရာကြီးကောင်းရွှမ်း ဘာလို့ လူကိုယ်တိုင်ထွက်လာရတာလဲ..."

အဘိုးအို ထွက်လာတာကို မြင်တော့ အလှလေးက ထိတ်လန့်သွားပြီး သူမရဲ့ အမူအရာကလည်း ချက်ချင်း ပြောင်းလဲသွားသည်။

တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ကောင်းရွှမ်းပင်။

သူ့မှာ ဒေါသကြီးပြီး ဆူညံတာကို မုန်းတီးတယ်လို့ ကြားဖူး၏။ သူမနဲ့ ထိုကောင်လေး စကားပြောတဲ့အခါ အသံက နည်းနည်းပိုကျယ်သွားသည်။ စည်းကမ်းမရှိဘူးလို့ ထင်ပြီး ထုတ်ပယ်ခံရမှာပင် ကြောက်လာသည်။

"ဘာဖြစ်တာလဲ?"

ကောင်းရွှမ်းက ကြိမ်းမောင်းလေ၏။

"ဟုတ်ကဲ့...ကောင်းကင်က ဘယ်လောက်မြင့်လဲ မသိနားမလည်တဲ့ ကောင်လေး တစ်ယောက်က နှီးနှောဖလှယ်ပွဲထဲကို ဝင်ဖို့ အတင်းအကြပ် ပြောနေတာပါ.... သူ့ကို တားလိုက်တာ အသံကျယ်သွားခဲ့တယ်....အကြီးအကဲကို နှောင့်ယှက်မိပါပြီ... "

မိန်းမလှလေးရ ကမန်းကတန်းပြောသည် ။

"မသိနားမလည်တဲ့ ကောင်လေး?"

ကောင်းရွှမ်း ခေတ္တမျှ အံ့အားသင့်သွားပြီး ရှေ့ကိုမျှော်ကြည့်လိုက်သည်။ လုရွှမ်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာ၏။

"လတ်စသတ်တော့ ဆရာလုရွှမ်ကိုး...."

All Chapters