← Chapters

မင်းသမီးလော့ရုံနဲ့ထပ်တွေ့ခြင်း

Vol. 7 Ch. 103

မင်းသမီးလော့ရုံနဲ့ထပ်တွေ့ခြင်း

Vol. 7 Ch. 103

"မင်းကိုး?"

ပြုံးနေသော အဘိုးအိုကို မြင်တော့ လုရွှမ်သူ့ကို မှတ်မိသွားသည်။ သူသည် လင်ရှောင်းရှောင်း နှင့် အခြားသူများ၏ အကဲဖြတ်မှုကို တာဝန်ခံ စစ်ဆေးသူ ဖြစ်သည်။ တတိယအဆင့် အဂ္ဂိရတ်ပညာကို အကဲဖြတ်နေစဉ်ကလည်း ၎င်းကို မြင်ဖူးသည်။

"ကျုပ်နာမည်က ကောင်းရွှမ်းပါ... လူကြီးမင်းက လဲလှယ်ပွဲ အစည်းဝေးကို လာချင်ရင် ကျုပ်ကို တိုက်ရိုက်ပြောလိုက်ရင် ရတာကို ကျုပ်ကိုယ်တိုင် ထွက်လာမှာပေါ့....လူကြီးမင်း ဒီလိုတောင် နှောင့်နှေးနေစရာ မလိုဘူး"

ကောင်းရွှမ်းက သူ့မျက်နှာပေါ်မှာ လေးစားမှု အပြည့်ဖြင့် ကမန်းကတန်း ပြောလိုက်သည်။

မရိုမသေလုပ်လို့ မဖြစ်ဘူးလေ။

အကြီးအကဲ ဟွမ်ယဲ့ကတောင် ဆရာဖြစ်လိုသော တည်ရှိမှုဖြစ်သည်။ သူသည် တတိယတန်းစား အဂ္ဂိရတ် ပညာရှင်ငယ် ဖြစ်ပြီး သူ့ကိုယ်သူ လေပေါ်မတင်ဝံ့ပေ။

"အာ……"

အမြဲတစေ ခပ်ခွာခွာ နေတတ်သော အဂ္ဂိရတ်ပညာရှင် ကောင်းရွှမ်းသည် လူလိမ်တစ်ဦးဟု သူမထင်မြင်ခဲ့သည့် လူကို လေးလေးစားစား ဆက်ဆံနေသည်ကို မြင်လိုက်ရသောအခါ လှပသော စားပွဲထိုးသည် ထိတ်လန့်သွားပြီး သူမ၏နုနယ်သော ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင် ဖြစ်လာသည်။

ဒီအချိန်မှာ သူမဘယ်လောက် တုံးအနေပါစေ သူ့ရှေ့က လူပြောနေတာတွေက အမှန်ပဲဆိုတာ သူမသိလိုက်ပြီ။ သူဟာ တတိယတန်း အဂ္ဂိရတ်ဆရာ သာမက အလွန်အစွမ်းထက်တဲ့ သူလည်း ဖြစ်မှာကို ကြောက်မိလာသည်။

မဟုတ်ရင် ဆရာကြီး ကောင်းရွှမ်ရဲ့မျက်နှာက ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူးလေ။

"အားနာစရာ မလိုပါဘူး...ကျုပ်မှာ ရာထူးတံဆိပ် မရသေးဘူး... အခု လဲလှယ်အစည်းအဝေးမှာ ပါဝင်နိုင်ပါ့မလားလို့ မသိဘူး" လုရွှမ်က တချက်ကြည့်၍ မေး၏။

"သေချာပေါက် ရတာပေါ့!" ကောင်းရွှမ်း အထိတ်တလန့် ဖြစ်သွားသည်။

မနောက်ပါနဲ့။ မင်းမဝင်နိုင်ရင် ငါတို့က ပိုလို့တောင် အရည်အချင်း မရှိတော့ဘူးလေ

"ကျေးဇူးပြုပြီး ကြွပါ!"

စကားပြောပြီးနောက် ဦးစွာ လမ်းပြလိုက်သည်။

လုရွှမ် ခေါင်းညိတ်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။

"ဒီနေ့ကစပြီး...လဲလှယ်ပွဲ အစည်းအဝေးကို မင်း စောင့်စရာ မလိုတော့ဘူး!! ထွက်သွား!"

လုရွှမ် တံခါးထဲ ဝင်သွားသောအခါ ကောင်းရွှမ်သည် လှပသော စားပွဲထိုးကိုကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

"ဟုတ်……"

လှပသော စားပွဲထိုးမလေးသည် တုန်လှုပ်သွားပြီး မျက်လုံးများ နီရဲလာကာ နောင်တများ ပြည့်နှက်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။

တစ်ဖက်လူ၏ ဝိသေသ လက္ခဏာကို မသိသောအခါ သူတို့နှင့် မိတ်ဖွဲ့ကောင်းပါက သင်သည် အခွင့်အာဏာ ပိုမိုရရှိပြီး ပိုမိုကောင်းမွန်သော ရာထူးတစ်ခုသို့ ကျိန်းသေပေါက် ရောက်လိမ့်မည်။

သို့သော် ဤအခြေအနေတွင် အဂ္ဂိရတ်ပညာရှင် တွေ့ဆုံပွဲမှာတော့ ကျိန်းသေ မဖြစ်နိုင်တော့ပါ။

ဘယ်လိုများ ဒီလောက် မိုက်မဲ ရတာလဲ? ဒီလို အခွင့်ကောင်းက ရုတ်တရက် ကံဆိုးမှုအဖြစ် ပြောင်းသွားပြီ။

.......

နှီးနှောဖလှယ်ပွဲက ကြီးကြီးမားမားတော့ မဟုတ်ဘူး။ လူတစ်ဒါဇင်လောက်သာ ထိုင်နေကြတာ တွေ့ရ၏။

မူလက လူတိုင်းက အကြောင်းတစ်ခုခုကို ပြောနေကြသော်လည်း လုရွှမ် ဝင်လာသည်ကို မြင်လိုက်သောအခါတွင် ခေတ္တမျှ ထိတ်လန့်သွားပြီး အားလုံးက စိတ်အားထက်သန်လာကြသည်။

ထိုလူများသည် နေ့ခင်းပိုင်းတွင် တတိယအဆင့် အဂ္ဂိရတ်ပညာအား အကဲဖြတ်သည့် စာမေးပွဲ၌ ဖြစ်ပျက်ခဲ့သည်ကို အခြေခံအားဖြင့် သိထားကြပြီမှာ ထင်ရှားပါသည်။

"ဆရာလုရွှမ်... ကျေးဇူးပြုပြီး ထိုင်ပါ..."

"ကျွန်တော်တို့ရဲ့ နှီးနှောဖလှယ်ပွဲကို လာတဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်..."

လူတိုင်းလေးစားသော တတိယတန်းစား အဂ္ဂိရတ်ပညာရှင် အုပ်စုတစ်စုသည် ယခုအချိန်တွင် နူးညံ့သော ကျောင်းသားများကဲ့သို့ လုရွှမ်အား လေးလေးစားစား ကြည့်နေကြသည်။

"အမ်....အားလုံး အားနာနေပါပြီ ကျုပ်ဒီမှာ ဟွမ်လင်သတ္တုရိုင်းနဲ့ သစ်သားနက်သံကို ဝယ်ဖို့ ရောက်နေတာပါ.... ဒီပစ္စည်း နှစ်မျိုး ဘယ်သူဆီမှာ ရှိမလဲ မသိဘူး... တူညီတဲ့ ဈေးနှုန်းနဲ့ လဲလှယ်လို့ ရပါတယ်"

လူအုပ်၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသော လုရွှမ်သည် ၎င်းကို သိပ်အသုံးမဝင်သော စကားတို့ကို မပြောတော့ဘဲ လှည့်ကြည့်ကာ လိုရင်းကိုပဲ ပြောလိုက်သည်။

"ဟွမ်လင်သတ္တုရိုင်း...ကျုပ်မှာ နည်းနည်း ရှိတယ်"

"ကျုပ်မှာလည်း သစ်သားနက်သံ နည်းနည်း ရှိတယ်!"

"ကျုပ်မှာလည်း ရှိတယ်.... ဆရာလုရွှမ် လိုချင်ရင် ယူသွားပါ...ပိုက်ဆံအကြောင်း ပြောစရာမလိုပါဘူး"

"ဟုတ်တယ် ဒီအရာတွေက အဖိုးတန်ပေမယ့် ကျုပ်တို့က လက်မှုပညာရှင်တွေ မဟုတ်ဘူး...ကျုပ်တို့အတွက် အဂ္ဂိရတ်မီးဖိုကို သန့်စင်ပေးမယ့် လူကို ရှာဖို့ စုဆောင်းထားရုံပဲ....ဆရာလုရွှမ်က လိုချင်တယ်ဆိုတော့ ပေးလို့ရပါတယ်"

.......

ဒီအရာတွေကို သူလိုချင်တာကြားတော့ အားလုံးက တညီတညွတ်တည်း ပြောနေကြ၏။

ဟွမ်လင်သတ္တုရိုင်းနှင့် သစ်သားနက်သံတို့ကို အဂ္ဂိရတ် မီးဖိုများ သန့်စင်ရာတွင် အသုံးပြုနိုင်သည်။ အဂ္ဂိရတ်သမားများ အနေဖြင့် အခြေခံအားဖြင့် အချို့ကို စုဆောင်းထားသော်လည်း နည်းတယ် မဟုတ်သလို များတယ်လည့း မဟုတ်ပေ။

ဘယ်လောက်ပဲ ပေးရပါစေ ဆရာလုရွှမ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက်ကတော့ အဲဒါက ထိုက်တန်ပါတယ်။

နောက်ဆုံးမှာ ထိုလူသည် အကြီးအကဲ ဟွမ်ယဲ့ပင် ဆရာတင်ချင်ခဲ့သော တည်ရှိမှုတစ်ခုလေ။

"ဒါက.....ကျုပ် ခင်ဗျားတို့ ပစ္စည်းတွေကို ဒီအတိုင်း မယူပစ်နိုင်ပါဘူး....ဒီလိုလုပ်ပါလား ဘယ်လောက်ကျသင့်လဲ ဈေးနှုန်းတွက်ချက်ပေးလေ"

သူတို့အားလုံးနီးပါးမှာ တချို့တချို့စီ ရှိနေတာကို တွေ့တော့ လုရွှမ် သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။

တခြားသူတွေရဲ့ ဥစ္စာကို ဘာအဖိုးအခမှ မပါဘဲ ယူဖို့ဆိုတာ သဘာဝကျကျ မဖြစ်နိုင်ပါဘူး။ တကယ်လို့ သူတို့ဘာမှ မယူရင် သူဝယ်တာထက် ပိုတန်ဖိုးရှိတဲ့ အရာနဲ့ အနာဂတ်မှာ ကျေးဇူးပြန်ဆပ်ရလိမ့်မယ်။

တစ်ခါတရံ နှီးနှောဖလှယ်ပွဲသည် ပစ္စည်းများရောင်းရသောကြောင့် မှော်ဆေးဆရာ အများစုသည် ထိုပစ္စည်းများကို ယူလာတတ်ကြသည်။ ခဏအကြာတွင် သူ့လက်ထဲတွင် ဒါဇင်ပေါင်းများစွာသော ဟွမ်လင်သတ္တုရိုင်း နှင့် သစ်သားနက်သံများ ပါလာသည်။

အဆင့်မြင့်မီးဖိုကို သန့်စင်ရန် လုံလောက်ပါသည်။

ပြီးတော့ ရွှေစနှစ်သန်းကိုလည်း အပြည့်သုံးခဲ့ရတယ်လေ။

ရှင့်မင်၊ ဆရာကြီးဝေ့ချွမ်၊ သံလက်နတ်ဆိုးနဲ့ တခြားလူတွေကို ခေါင်းဖြတ်သတ်ပြီးနောက်တွင် သူ၏ ချမ်းသာမှုသည် ဆယ်သန်းနီးပါးအထိ တိုးလာပြီး သုံးလိုက်တာက နှစ်သန်းမျှသာ ရှိသေး၏။

လဲလှယ်ပြီးနောက် လူတိုင်း၏ လက်ထဲတွင်ရှိသော အရာများကို ကြည့်လိုက်ရာ သူလိုချင်သည့်အရာ မရှိသည်ကို တွေ့သဖြင့် နှုတ်ဆက်ရန် ထကာ လဲလှယ်အစည်းအဝေးမှ ထွက်ခွာသွားသည်။

"ဟွမ်လင်သတ္တုရိုင်းနဲ့ သစ်သားနက် သံကိုရပြီဆိုတော့ ပစ္စည်းတချို့ ဝယ်ပြီးတာနဲ့ သန့်စင်မှုကို စတင်နိုင်ပြီ!"

ဖန်းရှစ်မှ ထွက်လာသော် သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ကျောက်စိမ်းပြားထဲက နေရာတစ်ခုထဲကို ထည့်ထားလိုက်သည်။

"သန့်စင်ဖို့အတွက် အခြေခံပစ္စည်းတွေကို လက်မှုပညာရှင် အဖွဲ့အစည်းမှာပဲ ရနိုင်မယ်....ပစ္စည်း သန့်စင်ချင်တယ် ဆိုရင်တော့ သူတို့ရဲ့ အခန်းကိုပဲ ငှားရမယ် ထင်တယ်!"

ဒါကိုစဉ်းစားရင်း လုရွှမ်သည် လက်မှုပညာရှင် အဖွဲ့အစည်းသို့ တိုက်ရိုက် ထွက်လာခဲ့သည်။

လက်မှုပညာရှင် အဖွဲ့အစည်း နေရာကို တစ်ကြိမ်ရောက်ဖူးပြီးပြီ ဖြစ်ပြီး ၎င်းသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းနှင့် မဝေးသောကြောင့် ခဏအကြာတွင် ရောက်သွား၏။

ဝိညာဥ်ခုနှစ်မျိုးမှိုရဲ့ သတင်းအစအန ပျောက်ကွယ်သွားလို့လား ဒါမှမဟုတ် အမှောင်ကြောင့်လား မသိ နည်းနည်းတော့ လူသူကင်းမဲ့နေသည်။ အရင်တစ်ခါ ရောက်ခဲ့တဲ့ အချိန်နဲ့မတူဘဲ ဒီမှာ လူသိပ်မရှိပေ။

ဒါလည်း ကောင်းတာပဲ။ ပြဿနာတွေ မများတော့ဘူးပေါ့။ လုရွှမ် ကောင်တာဆီကို ခပ်မြန်မြန်ပဲ လျှောက်သွားသည်။

"ရေအေး သံတုံးသုံးဆယ်နဲ့ သံချောင်းငါးဆယ် လိုချင်တယ်"

လုရွှမ်က ဝယ်ယူမည့် ပစ္စည်းများကို ရှင်းပြလိုက်သည်။

"ကောင်းပါပြီ စုစုပေါင်း ရွှေစ ၂၇၀,၀၀၀"

ဝန်ထမ်းက တွက်ချက်ပြီး စာရင်းထုတ်ပေး၏။

"ဒီမှာ!"

လုရွှမ်က သူ့ရဲ့အမြင့်ဆုံးရွှေကတ်ကို လွှဲပေးလိုက်ပြီး ရွှေစတွေကို ပွတ်ဆွဲပြီးတာနဲ့ သူ့နောက်ကနေ မွှေးပျံ့တဲ့လေနဲ့အတူ အံ့သြစရာနေတဲ့ အသံတစ်သံ ထွက်ပေါ်လာပါ၏။

"လုရွှမ် ရှင်ကိုး? ဒီမှာ ဘာလုပ်နေတာလဲ?"

သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လင်ရှောင်းရှောင်းရဲ့ အချစ်ဆုံးသူငယ်ချင်း ကျန်းဝူအကယ်ဒမီရဲ့ နံပါတ်တစ် အလှလေးလို့ လူသိများတဲ့ မင်းသမီးလော့ရုံဆိုတာ မှတ်မိလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင် သူသည် မင်းသမီးလော့ရုံနဲ့ သိရုံမျှသာဖြစ်ပြီး မရင်းနှီးပေ။ချက်ချင်း ခေါင်းညိတ်လိုက်ပြီး

"တစ်ခုခုလာဝယ်တာ!"

"ပစ္စည်း လာဝယ်တာ? ကျွန်မက ရှင်ကလက်မှုပညာရှင်မလို့ လက်မှုပညာရှင် အကဲဖြတ်မှုမှာ လာပါဝင်တယ်လို့ ထင်နေတာ"

မင်းသမီးလော့ရုံသည် သူမ၏နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။

"လက်မှုပညာ အကဲဖြတ်မှု? မင်းက လက်မှုပညာရှင်လား?"

လုရွှမ် အနည်းငယ် အံ့သြသွားသည်။

လက်မှုပညာရှင်များသည် သံမဏိနှင့် မီးတို့ဖြင့်သာ တစ်နေ့တာလုံး နေရသည်။ မိန်းကလေး အနည်းငယ်ကသာ ၎င်းကို သင်ယူလိုစိတ် ရှိကြသည်။ မမျှော်လင့်ဘဲ ဤလှပသော မင်းသမီးလော့ရုံသည် ၎င်းကို အမှန်တကယ် နှစ်သက်နေ၏။

"ဒါပေါ့....ကျွန်မက လက်မှုပညာရှင် ဖြစ်ရုံတင်မကဘူး အဆင့်၂ကိုတောင် ရောက်နေပြီ... အခု တတိယအဆင့်ကို အကဲဖြတ်ဖို့ ဒီကို လာခဲ့တာ"

မင်းသမီးလော့ရုံက ဂုဏ်ယူစွာ ကြည့်လာသည်။

လင်ရှောင်းရှောင်းသည် ဥပဒေအဖွဲ့၏ ရုန်းရင်းဆန်ခတ် အမှုအကြောင်းကို မသိသော်လည်း ဘုရင်မင်းမြတ်၏ သမီးတော်ဖြစ်သည့် မင်းသမီးလော့ရုံကတော့ အချို့သောလမ်းကြောင်းများမှတစ်ဆင့် ထိုအကြောင်းကို သိရှိခဲ့သည်။

ဒီသတင်းကို သူမသိထားတာကြောင့် သူ့ရှေ့က ကောင်လေးအကြောင်းကို သိချင်စိတ်တွေ အပြည့်နဲ့ ဖြစ်နေ၏။

အရင်က မုရှန့်အစီအရင် အခန်းတွေရှေ့မှာ အချိန်တိုင်း သူ့ကိုမြင်တွေ့နေရတယ်။ အဲဒီတုန်းက အခန်း၁၀ကို ဖြတ်ကျော်လာတဲ့ လျှို့ဝှက်ဆန်းကြယ်သူဟာ သူ့ရှေ့က ကောင်လေးပဲလို့ ပိုပိုပြီး ခံစားလာရတယ်။

ဒါကိုတွေးပြီး သူ့ကိုဒီမှာတွေ့တာနဲ့ စကားစမြည် ပြောခြင်းအားဖြင့် သူ့အကြောင်း ပိုသိလာမယ်လို့ မျှော်လင့်ရင်း တမင်တကာ လမ်းလျှောက်လာခဲ့ခြင်းပင်။

"ဂုဏ်ပြုပါတယ်!" လုရွှမ် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အဆင့်၂ အဂ္ဂိရတ်ပညာနှင့် အဆင့်၂ လက်မှုပညာသည် အတူတူပင် ခက်ခဲကြသည်။ ဤအဆင့်ကို ရောက်နေခြင်းသည် သူမမှာ အရည်အချင်း ရှိသည်ဟု ပြသရန် လုံလောက်ပါ၏။

All Chapters