အဂ္ဂိရတ်မီးဖို
Vol. 7 Ch. 104
လူငယ်လေးက သူမကို ချီးကျူးတာကို မြင်ရတော့ မင်းသမီးလော့ရုံသည် အကြောင်းပြချက် တစ်ခုခုမရှိဘဲ ဝမ်းသာသွားသည်။
တခြားတစ်ယောက်ယောက်က ဒီလိုပြောရင် ချော့မော့တာ ဒါမှမဟုတ် ရွံစရာကောင်းတာ တွေးမိလိမ့်မည်။ ဒါပေမယ့် သူ့ရှေ့က လူငယ်က အကြောင်းတစ်ခုခုကြောင့် သူ့ကို စက်ဆုပ်တယ်လို့ မခံစားရချေ။
"ဒီမှာ တိတ်ဆိတ်တဲ့ အခန်းရှိလား? ငါ ငှားချင်လို့...."
မင်းသမီးလော့ရုံနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောပြီးနောက် လုရွှမ်သည် ကောင်တာ စားပွဲဖက်ကို ကြည့်လိုက်သည်။
လက်မှုသန့်စင်ခြင်းသည် အဂ္ဂိရတ်ထိုးခြင်းထက် ပိုမိုရှုပ်ထွေးပြီး အရန်ပစ္စည်းများလည်း ပိုမိုလိုအပ်သည်။ အပြင်မှ လာငှားရမ်းသော အခန်းများရှိကာ အပိုပစ္စည်များလည်း ရှိသည်။
"တိတ်ဆိတ်တဲ့ အခန်း?? လက်နက်တွေ သန့်စင်မလို့လား?"
မင်းသမီးလော့ရုံသည် ထူးဆန်းသလို ပြန်ကြည့်နေ၏။
ယေဘူယျအားဖြင့် လက်နက် သန့်စင်သူများသည် ၎င်းတို့၏ လက်နက် သန့်စင်ခြင်း စွမ်းရည်ကို မြှင့်တင်ရန် တိတ်ဆိတ်သော အခန်းကို ငှားကြသည်။
သူသည် အဂ္ဂိရတ်ပညာရှင် မဟုတ်ပါလား?
"စိတ်ဝင်စားလို့....တစ်ခါလောက် စမ်းကြည့်ချင်လာလို့"
လုရွှမ် ရယ်ရင်း ပြောလိုက်သည်။
"စမ်းကြည့်ချင်တာ?" မင်းသမီးလော့ရုံ၏ လေသံမှာ သူ့အပေါ် အနည်းငယ် အံ့အားသင့်နေပုံပင်။
"လက်နက်ပစ္စည်း သန့်စင်တာက လွယ်တာမဟုတ်ဘူး.... အဆင့်၃ဆင့် လိုတယ်...ပထမအချက်က သန့်စင်ခြင်းနှင့် ပေါင်းစည်းခြင်း။ မှော်လက်နက် သန္ဓေသားလောင်း ဖြစ်လာဖို့ လက်နက်ပစ္စည်းတွေ တစ်ခုနဲတစ်ခု မတူလို့ ပေါင်းစပ်ဖို့ မလွယ်ဘူး.... ဒုတိယက ပုံသွင်းတာ... လက်နက်သန္ဓေသားလောင်းကို ပုံသွင်းနိုင်ဖို့ သန်မာတဲ့ ထိန်းချုပ်နိုင်စွမ်း ရှိမှရမှာ...တတိယက ပိုတောင်ခက်သေးတယ် လက်နက်ရဲ့ ပုံစံကို ပုံဖော်နိုင်ဖို့ အဆင့်မြင့်တဲ့ နည်းလမ်းတစ်ခု ရှိရမယ် ရှင်တစ်ခါမှ မလေ့လားဖူးသေးရင် ဆရာတစ်ယောက်ခေါ်ပြီး လေ့လာသင့်တယ်... မဟုတ်ရင် မအောင်မြင်တဲ့အပြင် ပစ္စည်းတွေကိုပါ ဖြုန်းတီးမိပြီး အလွယ်တကူ ကျရှုံးသွားမှာ"
"ငါ့မှာ ကိုယ်ပိုင် အတိုင်းအတာ ရှိပါတယ်!"
တစ်ဖက်မိန်းကလေး၏ သတိပေးချက်သည် သူ့အကျိုးအတွက် ဖြစ်ကြောင်း သိသောကြောင့် လုရွှမ်ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ရှင် စမ်းကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားပြီ ဆိုရင်တော့ တိတ်တိတ်ဆိတ်ဆိတ် အခန်းကို ငှားနေစရာ မလိုပါဘူး...ကျွန်မမှာ အထူးအခန်းတစ်ခု ရှိတယ်.... ပြီးတော့ တခြားတိတ်ဆိတ်တဲ့ အခန်းတွေနဲ့ ယှဉ်လို့ မရဘူ...ကျွန်မရှင့်ကို အရင်ငှားပေးလို့ ရတယ်!"
မင်းသမီးလော့ရုံက ပြော၏။
"ကျေးဇူးအများကြီးတင်ပါတယ်!"
သူ့အား ငှားလို့ရတဲ့ တိတ်ဆိတ်တဲ့ အခန်းရှိတယ်လို့ သူမပြောတာကို ကြားတော့ လုရွှမ် တုံ့ဆိုင်းမနေဘဲ အလျင်အမြန် ခေါင်းညိတ်လိုက်သည
သူ့ရှေ့က မင်းသမီးလေးဟာ လက်နက်တွေကို သန့်စင်နည်းကို သင်ယူလိုတဲ့အတွက် သူမအခန်းက တခြားအခန်းတွေထက် အများကြီး ပိုပြည့်စုံပြီး တိတ်ဆိတ်လိမ့်မည်။ သူမကိုယ်တိုင် ငှားချင်နေတာဆိုတော့ ကောင်းပါ၏။
ခဏကြာတော့ အခန်းတံခါးကို ရောက်လာခဲ့သည်။
"ဒါက ကျွန်မရဲ့ အထူးတိတ်ဆိတ်တဲ့ အခန်းပဲ... ရှင့်ကို ဘယ်သူမှ လာမနှောင့်ယှက်စေရဘူး... ရှင်ဒီမှာ အရင်စမ်းကြည့်လေ ကျွန်မ တတိယအဆင့် လက်မှုပညာ အကဲဖြတ်မှုကို သွားလိုက်ဦးမယ်...အောင်မြင်ရင် ပြန်လာခဲ့ပြီး အကြံဥာဏ်လေး ပေးမယ်လေ"
တတိယအဆင့် သန့်စင်မှုအတွက် သူမမှာ ယုံကြည်မှုများစွာ ရှိပါသည်။
"အင်း!" လုရွှမ် စကားများများ မပြောတော့ဘဲ အခန်းထဲ ဝင်သွားလိုက်သည်။
မင်းသမီး၏ အထူးတိတ်ဆိတ်သော အခန်းဖြစ်ရန် ထိုက်တန်ပါသည်။ အခန်းထဲတွင် အရာအားလုံးသည် အလွန်ပြည့်စုံ၏။
လုရွှမ်ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"စပြီး သန့်စင်ရအောင်!"
မီးအစပျိုးပြီးနောက် လုရွှမ်သည် ကျောက်စိမ်းတွင်းမှ ပစ္စည်းမျိုးစုံကို ထုတ်ယူပြီး ၎င်းတို့ကို မီးထဲထည့်၍ စတင်သန့်စင်သည်။
မင်းသမီးလော့ရုံ ပြောသည့်အတိုင်း သန့်စင်ခြင်းကိရိယာကို အဆင့်သုံးဆင့် ခွဲထားသည်။
သန့်စင်ခြင်းနှင့် အရည်ပျော်ခြင်း၏ ပထမအဆင့်သည် အဂ္ဂိရတ်ဆေးကို သန့်စင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ၎င်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အလွန်ရှုပ်ထွေးသည်။
ပစ္စည်းအမျိုးမျိုး၏ အရည်ပျော်မှတ်ကို ရှင်းရှင်းလင်းလင်း သိရန်နှင့် မည်သည့်အချိန်၌ ပေါင်းစပ်ရန် စသည်တို့ကို အလွန်တိကျစွာ ထိန်းချုပ်နိုင်ဖို့လိုသည်။
မီးတောက်များ တက်လာသည်ကိုမြင်လျှင် လုရွှမ်သည် ဟွမ်လင် သတ္တရိုင်း၊ သစ်သားနက်သံ၊ ရေအေးသံနှင့် သံတုံးတို့ကို မတုံ့ဆိုင်းဘဲ ဖိုထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။
ဒီမြင်ကွင်းကို တစ်ယောက်ယောက်မြင်ရင် ခေါင်းခါပြီး ကျိန်ဆဲမိမှာ သေချာပါ၏။
လက်နက်ကိရိယာ၏ သန့်စင်မှုကို ဖြည်းဖြည်းချင်း လုပ်ဆောင်ပြီး ပစ္စည်းအားလုံးကို တစ်ပြိုင်နက် ပစ်ချလိုက်တာက ပစ္စည်းများကို ဖြုန်းတီးခြင်းပင် မဟုတ်လော။
ဒီလိုလုပ်မျိုးကို ကျန်းဝူအင်ပါယာမှာ အစွမ်းထက်ဆုံး လက်မှု ပညာရှင်တောင်မှ မဝံ့ရဲဘူး။
မီးက တဟုန်းဟုန်း တောက်နေပြီး လက်ဖက်ရည်တစ်ခွက် သောက်ပြီးသည့် အချိန်နောက်တွင် ပစ္စည်းအများအပြား အနီရောင်ပြောင်းသွားကာ လုရွှမ် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို လှုပ်ရှားလိုက်လေသည်။
ဝုန်း....
ပထမသွန်းသော သံပြားသည် ပြင်းထန်စွာဖြင့် ၎င်း၏ရှေ့ရှိ သံတုံးပေါ်သို့ ကျသွားသည်။
ဟူဟူဟူဟူ.....
သူ့လက်ထဲက တူသည် လျင်မြန်စွာ လှုပ်ရှားလျက်ရှိပြီး ဖြစ်စဉ်တစ်ခုလုံးသည် ချည်နှောင် တားဆီးထားခြင်း မရှိဘဲ စီးဆင်းနေသော ရေနှင့်တူသည်။ တစ်မိနစ်အတွင်းမှာပင် တူသည် အကြိမ်တစ်ထောင်ထက် မနည်း ရိုက်ခတ်သွားခဲ့သည်။
သူ၏ယခင်ဘဝတွင် သူသည် လျှို့ဝှက်လက်နက်သန့်စင်ရေး နည်းလမ်း [တိမ်တိုက်ရေ ပုံသွင်းနည်း] ကို ဖန်တီးခဲ့သည်။
ဒီမြင်ကွင်းကို လူတွေမြင်တော့ ခေါင်းခါရင်း သေတဲ့အထိ ကြောက်လန့်သွားကြလိမ့်မည်။ တစ်မိနစ်ကို အကြိမ်တစ်ထောင်ကျော် သံတူရွင်းတစ်ခုစီနဲ့ ထုသည်။
ဤစွမ်းရည်မျိုးသည် အလွန်ပြင်းထန်သော ခန္ဓာကိုယ်နှင့် တုံ့ပြန်မှု အလျင်အမြန် လိုအပ်သည်။ ကျန်းဝူအင်ပါယာ၏ နံပါတ်တစ် လက်မှုပညာရှင် ကိုက်ယွင်သည်ပင် မပြုလုပ်နိုင်ပါ။
ဟူ.....
တူဖြင့် သံတုံး ထပ်မံ ထုဖမ်းလိုက်ရာ ဟွမ်လင် သတ္တရိုင်းသည် ပျံတက်သွားပြီး သံတူဖြင့် လှုပ်လိုက်ရာ ပစ္စည်းနှစ်ခုသည် ပုံသဏ္ဍာန်ပြောင်းလဲပြီး လျင်မြန်စွာ ပေါင်းစပ်သွားလေသည်။
တစ်နာရီကြာပြီးနောက် အခြေခံပစ္စည်းများ လေးပုံတစ်ပုံအား အပြစ်အနာအဆာ မရှိသော တိမ်တိုက်ရေ ပုံသွင်းနည်းဖြင့် စုံလင်စွာ ရောစပ်ထားသည်။
ဆင်သံချပ်ဝတ် ရွှေကိုယ်ထည်ကို ဒုတိယအဆင့်အထိ လေ့ကျင့်ခဲ့ပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း တိုးမြင့်လာရယ အခြားမည်သူမျှ အားမထုတ်နိုင်လောက်အောင် ခွန်အားကို အပြည့်အဝ စွမ်းဆောင်နိုင်သည်။
လုရွှမ်သည် ပစ္စည်းအမျိုးမျိုးကို ပေါင်းစပ်ရန် ပိုမိုလွယ်ကူသည်။ သူ၏ယခင်က လက်မှုပညာရှငိ တစ်ဦးအနေဖြင့် အဂ္ဂိရတ်မီးဖို မည်မျှ သန့်စင်ခဲ့သည်ကို မမှတ်မိတော့ပေ။
ခဏအကြာတွင် လူတစ်ဦးထက် မြင့်သော ဆေးမီးဖိုတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
"ပုံစံဖော်ရမယ်!"
တတိယအဆင့်သည် မင်းသမီးလော့ရုံ ပြောတာ မှန်ပါ၏။ ဒါက တကယ်ကို အခက်ခဲဆုံးပင်။
ဖွဲ့စည်းမှုပုံစံ၏ ရှုပ်ထွေးမှုအဆင့်သည် သန့်စင်ပြီးသည့်အရာ၏ အဆင့်ကို တိုက်ရိုက် ဆုံးဖြတ်နိုင်သည်။
"ဟွမ်လင် သတ္တုရိုင်းနဲ့ သစ်သားနက်သံက ကျန်းဝူအင်ပါယာမှာ အဖိုးတန်တယ်လို့ ယူဆလို့ရပေမယ့် တိမ်ပင်လယ် နယ်မြေတစ်ခုလုံးမှာတော့ အရမ်း ညံ့လွန်းတယ်....ပေါင်းစပ်ပစ္စည်းက ခိုင်ခံ့မှု အကန့်အသက်ရှိပြီး ရှုပ်ထွေးလွန်းတဲ့ ပုံစံနဲ့ ဖော်လိုက်ရင် ပေါက်ကွဲလွယ်တယ်...သာမန် အဆင့်၇ ပုံစံပဲ လုပ်လိုက်ရအောင်!"
မကြာခင်မှာပဲ လုရွှမ် သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။
သာမန် ဖွဲ့စည်းမှုပုံစံကို အဆင့်၇ လက်မှုပညာရှင် တစ်ဦးပင် ပေါ့ပေါ့ပါးပါး မရေးဆွဲနိုင်ပါ။
သို့သော် ဝိညာဉ်စွမ်းအား ၀.၇ သို့ရောက်ရှိပြီး ခွန်အားသည် အရှိန်၃၀ ခန့် ရောက်ရှိနေသမျှကာလပတ်လုံး လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။ အဆိုပါ အချက်နှစ်ချက်သည် သူ့အတွက်တော့ မခက်ခဲချေ။
အခန်းတွင်းရှိ ပုံစံရေးဆွဲသည့် စုတ်တံကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ကာ မျက်လုံးများ ကျဉ်းမြောင်း၍ သူ့လက်မောင်းတစ်လျှောက် ဝိညာဉ်စွမ်းအားများ လျှံထွက်သွားစေပြီး အလင်းရောင်ဖျော့ဖျော့ တောက်ပလာသည်။
အခင်းအကျင်း ပုံစံများသည် လှပသောပုံစံကဲ့သို့ သူ၏စုတ်တံသွားရာ လမ်းကြောင်းတစ်လျှောက် ပေါ်လာသည်။
ဗုန်း!
နောက်ဆုံးတွင် ပုံစံကို နောက်ဆုံးအဆင့်ကို ရေးဆွဲလို့ ပြီးသောအခါ အဂ္ဂိရတ်မီးဖို၏ အရှိန်အဝါ အခန်းတစ်ခုလုံးကို ရုတ်တရက် ထင်ဟပ်သွားစေသည်။
စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး အခန်းထဲမှ ပြင်းပြင်းထန်ထန် ရောင်ပြန်ဟပ်လာသည်။
"အောင်မြင်ပြီ!"
ဤအရှိန်အဝါကို ခံစားလိုက်ရသဖြင့် လုရွှမ်သည် သန့်စင်ခြင်း အောင်မြင်ကြောင်း သိလိုက်သည်။
"ဒါက အဆင့်၇ သာမန်ပုံစံတစ်ခု ဆိုပေမယ့် ငါ့ရဲ့တိမ်တိုက်ရေ ပုံသွင်းခြင်း နည်းလမ်းနဲ့ ပုံစံဖော်မှုကို ပေါင်းစပ်ထားတော့ အဆင့်၉ အဂ္ဂိရတ်မီးဖိုတစ်လုံး ဖြစ်သွားပြီ"
သူ့ရှေ့က အဂ္ဂိရတ်မီးဖိုကို ကြည့်လိုက်ပြီး လုရွှမ် ကျေနပ်စွာ ခေါင်းညိတ်နေ၏။
သာမန်အဆင့်၇ ရေးဆွဲနည်းများသည် အဆင့်၇ မှော်လက်နက်များကိုသာ သန့်စင်နိုင်သည်။
သို့သော် သူ၏ သန့်စင်ရေးနည်းသည် အလွန်ကောင်းမွန်ပြီး ပေါင်းစပ်ညှိနှိုင်းမှု အမျိုးမျိုးသည် ပြီးပြည့်စုံတာကြောင့် အဆင့်၉ အဂ္ဂိရတ်မီးဖိုကို သန့်စင်ရန်အတွက် အဆင့်၇ ပုံစံကို အမှန်တကယ် အသုံးပြုခဲ့သည်။
ဒီအတွက် သူသည် အလွန်ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။
အဂ္ဂိရတ်မီးဖိုကို ကျောက်စိမ်းပြားထဲက နေရာထဲသို့ ချပြီး လုရွှမ် တံခါးကိုတွန်းဖွင့်ကာ ထွက်လာခဲ့သည်။
မင်းသမီးလော့ရုံ အကဲဖြတ်ခြင်း မပြီးသေးပုံရတာကြောင့် အပြင်မှ စားပွဲထိုးကို ပြောပြီး လှည့်ထွက်လာခဲ့သည်။
အဂ္ဂိရတ်မီးဖိုကို အောင်မြင်စွာ သန့်စင်ပြီးပြီ။ ထို့ကြောင့် ဆန်းကြယ် သွေးကြောဆေးကို သန့်စင်ရန် အချိန်တန်ပြီလေ။ ထုံးရွှမ်နယ်ပယ်ကို ထိုးဖောက်ဖို့ နည်းလမ်းရှာရတော့မည်။