ဆရာကိုက်ယွင် အံ့အားသင့်ခြင်း (ပထမပိုင်း)
Vol. 7 Ch. 105
"တတိယအဆင့် လက်မှုပညာရှင် ဖြစ်လာတဲ့အတွက် မင်းသမီးလော့ရုံကို ဂုဏ်ပြုပါတယ်"
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအခြေအနေကို ရောက်လာတာ အနာဂတ်မှာ အောင်မြင်မှုတွေက စိတ်ကူးယဉ်လို့တောင် မရတော့ဘူး!"
"မင်းသမီးမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတော့ အခု သူမကို ဆရာကြီးကိုက်ယွင်က တပည့်အဖြစ် လက်ခံလိုက်ပြီ။ တကယ်ကို နာမည်ကြီး ဆရာတစ်ယောက်ဟာ တပည့်ကောင်းကောင်းနဲ့ တွေ့တာပဲ!"
"ဆယ့်ကိုးနှစ်အရွယ်နဲ့ တတိယအဆင့် လက်မှုပညာရှင် ဖြစ်လာတာ.... ဆရာကြီးကိုက်ယွင်တောင် ဟိုတုန်းက မလုပ်နိုင်ခဲ့ဘူး!"
.......
လက်မှုပညာ အကဲဖြတ် စာမေးပွဲခန်းမတွင် ပါဝင်သူတိုင်းသည် မင်းသမီးလော့ရုံကို ပြုံးကာ ဂုဏ်ပြုစကားများ ဝိုင်းပြောနေကြသည်။
သူမအမူအရာက အနည်းငယ် နှေးကွေးပြီး တစ်ကိုယ်လုံး ချွေးများရွှဲနေသော်လည်း မင်းသမီးလော့ရုံ၏ နက်မှောင်သော မျက်လုံးများသည် သူမနှလုံးသားထဲက ရင်ခုန် စိတ်လှုပ်ရှားနေတာကို မဖုံးကွယ်နိုင်သေးပေ။
တတိယအဆင့် လက်မှုပညာရှင် သန့်စင်မှု အကဲဖြတ်ခြင်းကို အောင်မြင်ခဲ့ပြီ။
"ဟုတ်တယ် ဒီနေ့ရဲ့ စွမ်းဆောင်ရည်က ယေဘုယျအားဖြင့် ကောင်းပါတယ် ဒါပေမယ့် ချို့ယွင်းချက်တွေ ရှိနေတုန်းပဲ။ ဒါတွေကို ကျော်လွှားနိုင်ရင် အနာဂတ်မှာ တိုးတက်ဖို့ လမ်းကြောင်းတွေ အများကြီး ရှိလိမ့်မယ်"
အားလုံး ချီးကျုးပြီးတဲ့အခါ အဘိုးကြီးတစ်ယောက် ရောက်လာ၏။
သူလာတာကို မြင်တော့ တခြားသူတွေက မနာလိုစိတ်တွေ အပြည့်နဲ့ ဖြစ်သွားသည်။
ကျန်းဝူအင်ပါယာတွင် နံပါတ်တစ် လက်မှုကိရိယာ သန့်စင်သူ ဆရာကြီးကိုက်ယွင်ပဲ ဖြစ်လေသည်။
သူ၏ အကြံဉာဏ်ပေးခြင်းဖြင့် အရည်အချင်းရှိသူ တစ်ဦးသည် အဆင့်၄ လက်မှုပညာရှင် ဖြစ်လာရန်မှာ မခက်ခဲသော အရာတစ်ခုဖြစ်၏။
"ညွှန်ပြပေးဖို့ ဆရာကြီးကို တောင်းဆိုပါတယ်!"
ချို့ယွင်းချက်များ ရှိနေသေးကြောင်း ကြားသိရသဖြင့် မင်းသမီးလော့ရုံသည် ချက်ချင်းပင် သူမ၏ ပွင့်လင်းမြင်သာသော သဘောထားကို ပြသခဲ့သည်။
ဒီလို စိတ်ထားကြောင့်လည်း ဒီလိုမျိုး အောင်မြင်မှုမျိုးကို သူမ အသက်အရွယ်မှာ ရနိုင်တာ ဖြစ်၏။
"ဒီကိစ္စကို ပြောဖို့ခက်တယ်... ဒီလိုဆိုရင်ရော ဘယ်လိုလဲ? မင်း အခုလေးတင်ထားတဲ့ [မိခင်ကလေးဓား]ကို သန့်စင်နည်း လုပ်ပြမယ်....မင်းဘာတွေ သင်ယူနိုင်လဲ သေချာကြည့်ထားပေါ့"
ဆရာကြီးကိုက်ယွင်က ပြောသည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး!"
မင်းသမီးလော့ရုံသည် ဆရာကိုယ်တိုင် ပြုလုပ်တော့မည်ဟု ကြားသောအခါ မျက်နှာ နီရဲသွားသည်။
သာမာန် လက်မှုပညာရှင်များသည် ပေါ့ပေါ့တန်တန် သဘောမထားရဲတဲ့ နိုင်ငံတော်၏ နံပါတ်တစ် လက်မှုပညာရှင်ကို အနီးကပ် ကြည့်ရှုနိုင်ခြင်းသည် သူမ၏ တိုးတက်မှုအတွက် အထောက်အကူ ဖြစ်မည်မှာ သေချာပါသည်။
"ဆရာ... ဘာလို့ ဆိတ်ငြိမ်တဲ့ အခန်းထဲကို မသွားတာလဲ? ဒီပုံစံအတိုင်း သန့်စင်ပြီးရင် တပည့် အချိန်ပိုကြာအောင် လေ့လာနိုင်မှာပါ!"
မင်းသမီးလော့ရုံက ဆက်ပြောသည်။
"အင်း!"
ဆရာကြီးကိုက်ယွင်သည် သူမ၏ တိတ်ဆိတ်သော အခန်းဖွဲ့စည်းပုံသည် သူ့ကိုယ်ပိုင် အခန်းထက် ပိုဆိုးမည် မဟုတ်ကြောင်း သိထားသောကြောင့် သူချက်ချင်း ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သား လမ်းလျှောက်လာရင်း မကြာမီ တိတ်ဆိတ်ငြိမ်သက်နေသော မင်းသမီး၏ အခန်းဆီသို့ ရောက်လာသည်။
"ဟုတ်သားပဲ လုရွှမ်.... ဒီမှာရှိသေးလား မသိဘူး"
တံခါးဝသို့ ရောက်သောအခါ မင်းသမီးလော့ရုံသည် သူမ၏နဖူးကို လက်ဖြင့်ပုတ်ပြီးနောက် သူမ၏ တိတ်ဆိတ်သော အခန်းကို အခြားသူက အသုံးပြုနေနိုင်ဆဲ ဖြစ်ကြောင်း သတိရရယ မလှမ်းမကမ်းရှိ စားပွဲထိုးကို မေးလိုက်သည်။
"မင်းသမီးကို ဖြေကြားပါတယ်....လူကြီးမင်းလုရွှမ် တစ်နာရီ အလွန်လောက်က ထွက်သွားပါပြီ"
စားပွဲထိုးက ပြန်ဖြေ၏။
"တစ်နာရီလောက်ကတည်းက ထွက်သွားတာလား? ကြည့်ရတာ သူ့မှာ အရည်အချင်း မရှိဘူးဆိုတာ သိသွားပုံပဲ..." မင်းသမီးလော့ရုံက ကြောင်အစွာနဲ့ ပြောလိုက်သည်။
သူမအကဲဖြတ်ရန် နာရီဝက်သာကြာပြီး တစ်နာရီကြာ လမ်းလျှောက်လာရသည့် အဓိပ္ပာယ်မှာ ဤလူသည် အခန်းထဲတွင် နာရီဝက်လောက်သာ နေခဲ့သည့် သဘောပင်။
ထိုအချိန်က ပထမတန်း မှော်လက်နက်ကို သန့်စင်ရန်ပင် အချိန်မလောက်ချေ။
သူ့တွင် လက်နက် သန့်စင်ရန် အရည်အချင်း မရှိကြောင်း သူ သဘောပေါက်ကာ ခဏလောက် နေခဲ့ပြီး ထွက်သွားတာ ဖြစ်လိမ့်မည်။
"ဘာကိစ္စရှိလို့လဲ? မင်းရဲ့တိတ်ဆိတ်တဲ့ အခန်းကို တခြားတစ်ယောက်ယောက်ကို ငှားခဲ့တာလား?"
နှစ်ယောက်ကြား စကားပြောသံကို ကြားတော့ ဆရာကြီးကိုက်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။
"တိတ်ဆိတ်တဲ့ အခန်းငှားချင်နေတဲ့ သူငယ်ချင်း တစ်ယောက်ပါ....တပည့်အစောက မလိုအပ်သေးလို့ ငှားလိုက်တာ"
မင်းသမီးလော့ရုံသည် သူမဆရာက ဒီလိုအသေးအဖွဲ့ ကိစ္စလေးကို မေးလာမယ်လို့ မမျှော်လင့်ထားတာကြောင့် သူမ အလျင်စလို ပြောလိုက်သည်။
"သူက လက်မှုပညာရှင်လား?"
ဆရာကြီးကိုက်ယွင်က တစ်ချက် ကြည့်လိုက်သည်။
"အိုး... တပည့်မသိဘူး.... သူက တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ နာရီဝက်လောက်ပဲ နေခဲ့တယ်ဆိုတော့....မဟုတ်လောက်ဘူး" မင်းသမီးလော့ရုံ ခေါင်းကုတ်လိုက်သည်။
"လက်မှုပညာရှင် မဟုတ်ဘဲ မင်းရဲ့အခန်းကို ငှားစရာလား!"
ဆရာကြီးကိုက်ယွင်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး။
"အဓိပ္ပာယ်မရှိဘူး!"
"တိတ်ဆိတ်တဲ့ အခန်းက လက်မှုပညာရှင်တိုင်းရဲ့ အာရုံစူးစိုက်မှု အရှိဆုံးနေရာပဲ... ကိုယ်ရေးကိုယ်တာ အကြောင်း မပြောနဲ့.... မင်းသန့်စင်ဖို့ သုံးမယ့် ပစ္စည်းတွေ အများကြီးကိုရော ဒီအတိုင်း နားလည်မှုနဲ့ ပေးလိုက်တာလား? မင်းအဝတ်ကို တခြားသူဝတ်ဖို့ တိတ်တဆိတ် ငှားပေးလိုက်တာနဲ့ မတူဘူးလား?!!"
ဆရာကြီးကိုက်ယွင်သည် သံကို သံမဏိအဖြစ် ပြုလုပ်၍ မရနိုင်သည်ကို အတန်ငယ် မုန်းတီး၏။
"ပြီးတော့ တစ်ဖက်လူက လက်မှုပညာရှင် မဟုတ်တဲ့အတွက် ပစ္စည်းတွေရဲ့ ပြင်းထန်မှုကို မသိဘူး....အဲ့တော့ မင်းရဲ့ပစ္စည်းတွေကို အလွယ်တကူ ဖျက်ဆီးပစ်ပြီး ပြင်လို့မရနိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာစေနိုင်တယ်!"
"တပည့် နောက်တစ်ခါ သတိထားပါ့မယ်..."
မင်းသမီးလော့ရုံ ခဏလောက် အေးခဲသွားပြီး ခေါင်းညိတ်လိုက်သည်။
သူပြောတာမှန်တယ်။ အခန်းထဲမှာ သန့်စင်ထားတဲ့ ပစ္စည်းတွေက သူမနဲ့ အချိန်အတော်ကြာအောင် တိတ်တိတ်ဆိတ်ဆိတ် သန့်စင်ထားခဲတာ။ အဲဒါကို တခြားသူတွေကို ချေးငှားတယ်ဆိုတော့ တခြားသူတွေကို ဝတ်ဖို့ အဝတ်တွေကို ချေးလိုက်သလိုမျိုး ခံစားရတယ်။
ထို့အပြင် အသုံးအဆောင်များကို သဘာဝအတိုင်း သန့်စင်နည်း မသိသူများသည် အသုံးအဆောင်များကို ထိန်းသိမ်းနည်းကို မသိကြသည့်အပြင် ပျက်စီးလွယ်၏။
သူမသည် တိတ်ဆိတ်သော အခန်းကို အခြားသူများအား ငှားပေးသည့် ပထမဆုံး အကြိမ်ဖြစ်ပြီး နောင်တွင်လည်း ၎င်းကို သေချာပေါက် မလုပ်တော့ပါ။
"ကောင်းပြီ... တိတ်ဆိတ်တဲ့ အခန်းက မင်းရဲ့အခန်းလို့ သတိရပါ... အကြီးအကဲတွေနဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းတွေကလွဲရင် ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုတာ အကောင်းဆုံးပဲ"
သူ့တပည့်က နားလည်တာကို မြင်တော့ ဆရာကြီးကိုက်ယွင် ခေါင်းညိတ်၍ ဆုံးမလိုက်သည်။
စကားပြောနေရင်း နှစ်ယောက်သား အခန်းထဲသို့ လျှောက်သွားကြသည်။
"ကံကောင်းတာက အဲဒီလူက အကြာကြီး မနေဘဲ မင်းအတွက် စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ဘူး..."
အခန်းထဲဝင်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဆရာကြီးကိုက်ယွင်သည် တစ်ခုခု ပြောတော့မည့်အခိုက် ရုတ်တရက် အေးခဲသွား၏။
မီးငြိမ်းနေသော မီးဖိုဆီသို့ ခြေလှမ်းနှစ်လှမ်းဖြင့်လှမ်းကာ ခိုင်မာလှသော သံတုံးတစ်ခုကို ကောက်ယူလိုက်သည်။
"ဒါ... ဒါ...မဖြစ်နိုင်ဘူး!"
အချိန်အတော်ကြာ ဂရုတစိုက်ကြည့်ပြီးနောက် ဆရာကိုက်ယွင်၏ မျက်ခုံးများသည် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် လှုပ်ရမ်းသွားခဲ့သည်။
"ဆရာ....ဘာကိစ္စရှိလို့လဲ?"
မင်းသမီးလော့ရုံသည် ဆရာဖြစ်သူ၏ အသွင်အပြင်ကို ကြည့်ပြီး သံသယများ ပြည့်နှက်လာသည်။
သူ့မေးခွန်းကို လျစ်လျူရှုရင်း ဆရာကြီးကိုက်ယွင်သည် အဆင့်နှစ်ဆင့်ဖြင့် ဆောက်ထားသော စင်တစ်ခုသို့ ရောက်ရှိလာပြီး ၎င်းပေါ်ရှိ ပုံစံဖော် စုတ်တံ ကောက်ယူကာ ရုတ်တရက် အသက်ရှူဖို့ မေ့သွားတော့သည်။
သူ့တစ်ကိုယ်လုံး တုန်နေသည်။
"အဲဒီလို ပစ္စည်းနဲ့လုပ်ထားတဲ့ စုတ်တံတစ်ချောင်းကို သုံးမီလီမီတာ အပြည့်နဲ့ ရေးမှတ်ထားပြီး တစ်နာရီကြာအောင် ဆွဲတယ်... ဝိညာဉ်စွမ်းအား အတက်အကျမရှိဘဲ ထိန်းချုပ်နိုင်တဲ့အပြင် အပူချိန်ပါ ရှိနေသေးတယ်... ဖြစ်နိုင်ပါ့မလား ဖြစ်နိုင်ပါ့မလား.... "
ဆရာကြီးကိုက်ယွင်မှာ နောက်တစ်ကြိမ် တုန်လှုပ်သွားပြီး "ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
စကားပြောပြီးနောက် သူသည် အရူးတစ်ယောက်လို အခန်းထဲ လှည့်ပတ်သွားကာ
"ဆရာသခင်....ဒါ တကယ့်ကို ဆရာသခင်ပဲ..."
"ဆရာကြီး ဘာတွေဖြစ်နေတာလဲ?"
အမြဲတည်တည်ငြိမ်ငြိမ် ရှိတတ်သော ဆရာသည် ရူးသွပ်သွားပုံ ပေါက်သွားသည်ကိုမြင်လျှင် မင်းသမီးလော့ရုံ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ တိုးသွားခဲ့သည်။
"အာ......"
ဆရာကြီးကိုက်ယွင်သည် သူ့ရဲ့လက်ရှိ အခြေအနေကို သတိရသွားပြီး မျက်လုံးများက အလင်းရောင်များ ပြည့်နှက်နေကာ
"မင်းရဲ့ သူငယ်ချင်းကလွဲရင် ဒီမှာ လက်နက်တွေကို ဘယ်သူ သန့်စင်ထားသေးလဲ?"
"မရှိပါဘူး... တပည့်ရဲ့အခန်းကို တပည့်တစ်ယောက်ပဲ သုံးတာ......!"
"မဟုတ်ဘူး!"
မင်းသမီးလော့ရုံ စကား မဆုံးသေးပေမယ့် ဆရာကိုက်ယွင်က
"မင်းရဲ့လက်နက်တွေနဲ့ သန့်စင်ထားတဲ့ အဆင့်ခြောက်ကို ကျော်သွားတဲ့ ဆရာသခင်တစ်ယောက် သေချာပေါက်ရှိတယ်!"
"ဘာ" မင်းသမီးလော့ရုံ လန့်သွားပြီး မူးလဲလုနီးပါး ဖြစ်သွား၏။
အဆင့်၆ထက်ပိုတဲ့ မှော်ကိရိယာ သန့်စင်သူလား?
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ကျန်းဝူအင်ပါယာတွင် နံပါတ်တစ် မှော်လက်နက် သန့်စင်သူအဖြစ် သူမဆရာသည် အဆင့်၅တွင်သာ ရှိသည်မဟုတ်လော။ အဆင့်၆နဲ့အထက် တစ်စုံတစ်ယောက်သည် မည်သည့်နေရာမှ ပေါ်လာသနည်း။
ပြီးတော့...သူမရဲ့နေရာ လက်နက်ကို သန့်စင်ဖူးတယ်လား?
"လုံးဝ မမှားဘူး! ကြည့်လိုက်!"
စိတ်လှုပ်ရှားနေသော ရူးကြောင်ကြောင် ဆရာကြီးကိုက်ယွင်သည် ယခုလေးတင် ကောက်ကိုင်လိုက်သော သံအပိုင်းအစကို ထုတ်ယူလိုက်ပြီး
"ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဒါက သစ်သားနက်သံ၊ ဟွမ်လင်သတ္တုရိုင်းနဲ့ ရေအေးသံကို ပေါင်းစပ်သန့်စင်ထားတဲ့ သံတုံးပဲ!"
"သစ်သားနက်သံ? ဟွမ်လင်သတ္တုရိုင်း? ရေအေးသံ? ဒီအမျိုးအစားတွေက အရည်ပျော်ချိန် မတူကြဘူး အဲဒါကြောင့် သန့်စင်တဲ့နေရာမှာ ပေါင်းစပ်ဖို့ ခက်တယ်"
မင်းသမီးလော့ရုံသည် တတိယအဆင့် လက်မှုပညာရှင် တစ်ဦး ဖြစ်ထိုက်ပါသည်။ ဤအရာများကို ကြားလိုက်ရသည်နှင့် သူမသည် အရည်ပျော်မှတ်ကို ချက်ချင်း သတိရပြီး သံသယများကို ထုတ်ဖော်ခဲ့သည်။
သန့်စင်သည့် ကိရိယာအတွက် အမျိုးမျိုးသော ပစ္စည်းများ၏ အရည်ပျော်မှတ်များသည် တစ်ခုနှင့်တစ်ခု နီးကပ်နေသင့်သည်။ သို့မဟုတ်ပါဘဲ အရည်ပျော်သွားပါက ၎င်းတို့ကို ပေါင်းစပ်ရန် မဖြစ်နိုင်ပေ။