← Chapters

ပိုင်လွေလီနှင့် တိုက်ခိုက်ခြင်း

Vol. 008 Ch. 719

ပိုင်လွေလီနှင့် တိုက်ခိုက်ခြင်း

Vol. 008 Ch. 719

“ခင်ဗျား ဘယ်သူလဲ…” လျူချန်းက အေးစက်စွာ မေးသည်။ ဟွာဂျီယူ၏ ခန္ဓာကိုယ်ထဲတွင် ပူးကပ်နေသူက ရှန့်ထိုတစ်ပါး ဖြစ်သည်မှာ သေချာပေသည်။

ပြန်ပြောသံ ထွက်မလာပေ။ ရီဖူရှင်းက ဟွာချင်းချင်းအား ကြည့်သည်။

“ငါအဆင်ပြေတယ်… ဂျီယူကို သွားကြည့်လိုက်…” ဟွာချင်းချင်းက ပြုံးလျက်ပြောသည်။ သူမကား လောက၏ အညစ်အထေးများမှ ကင်းစင်ကာ အမြဲတမ်းအားဖြင့် ရိုးရှင်းဖြူစင်နေဆဲ ဖြစ်သည်။

ရီဖူရှင်းကလည်း မိမိကိုယ်ကို မသက်မသာ ပြုံးလိုက်သည်။ သူက ဟွာချင်းချင်းအား စကား သိပ်မပြောတော့ဘဲ ဟွာဂျီယူထံကို လျှောက်သွားကာ ခေါ်လိုက်သည်… “ဂျီယူ…”

ဟွာဂျီယူ၏ ခန္ဓာကိုယ်က တစ်ချက် တုန်ယင်သွားကာ နောက်ကို လဲပြိုကျသည်။ ရီဖူရှင်းက သူမအား လှမ်း၍​ ဖမ်းယူကာ အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။

“ဂျီယူ…” ရီဖူရှင်းက သူ၏လက်ကို ဆန့်လိုက်ကာ သူမ၏ပါးပြင်အား ထိတွေ့လိုက်သည်။ ဟွာဂျီယူ၏ပါးပြင်သို့ သူ၏မျက်ရည်များ စီးကျလာ၏။

“အရူး… ဘာလို့ ငိုနေတာလဲ…” ဟွာဂျီယူက သူ့အား ညင်သာစွာ ကြည့်သည်… “ငါ အရမ်းပင်ပန်းတာပဲ… ဖူရှင်း … ငါသေမယ်လို့ ထင်လား…”

“မသေရဘူး… ဂျီယူ… မင်း အဆင်ပြေမယ်လို့ ငါ့ကို ကတိပေးစမ်းပါ…” ရီဖူရှင်းက သူမ၏လက်များကို တင်းတင်း ဆုပ်ကိုင်၍ ပြောသည်။

“အင်း…” ဟွာဂျီယူက ခေါင်းညိတ်ကာ ဆက်ပြောသည်… “ဖူရှင်း… ဟွာချင်းချင်းကို ကြည့်လိုက်… သူမက နတ်သမီးတစ်ပါးလိုပဲ… လို့လန်ကလည်း မိန်းမကောင်း တစ်ယောက်ပဲ… သူမက နင့်ကို ဂရုစိုက်ပေးနိုင်တယ်…” သူမ၏ မျက်လုံးများမှလည်း မျက်ရည်များ စီးကျလာသည်။

“စကားသိပ်မပြောနဲ့… ဂျီယူ… မင်း အဆင်ပြေလိမ့်မယ်… မင်း သေချာပေါက် အဆင်ပြေလိမ့်မယ်…” ရီဖူရှင်းက တုန်ယင်စွာ ပြောသည်။

လူအနည်းငယ် သူတို့ထံကို လျှောက်လာသည်။ သူတို့အား ဖီးနစ်၊ ယွန်စွေ့ရှင်း၊ မူကျိချူနှင့် တခြားလူများ ဖြစ်ကြသည်။ ဖီးနစ်က ဆေးတစ်လုံးကို ထုတ်ယူလိုက်ကာ ဟွာဂျီယူကို ပြောသည်… “နင့်ရဲ့စိတ်က ကြီးမားတဲ့ဒဏ်ကို ခံစားခဲ့ရတယ်… စကား သိပ်မပြောနဲ့တော့… အနားယူလိုက်… နင် အဆင်ပြေလိမ့်မယ်…”

“အင်း…” ဟွာဂျီယူက ခေါင်းညိတ်ကာ ဖီးနစ်ပေးသော ဆေးလုံးအား မျိုချလိုက်ပြီး ရီဖူရှင်းအား ပြုံးလျက်ကြည့်သည်။ ထို့နောက် သူမက မျက်လုံးအား ဖြည်းညင်းစွာ မှိတ်လိုက်သည်။

“လျူချန်း…” ရီဖူရှင်းက လျူချန်းကို ကြည့်ကာ အလွန်အမင်း အေးစက်သော လေသံဖြင့် ခေါ်သည်။

“ငါက သူမကို ဒဏ်ရာရစေလိုတဲ့စိတ် ဘယ်တုန်းကမှ မရှိခဲ့ဘူး…” လျူချန်းက သက်ပြင်းချသည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ငါလုပ်ခဲ့တာတွေက ဒါတွေ အဆုံးသတ်ဖို့ပဲ…”

“ခင်ဗျားတို့ မှားနေတယ် ဆိုတာကို အခုထိ ဝန်မခံသေးဘူးပေါ့…” ရီဖူရှင်းက သရော်ဟန်ဖြင့် ပြုံးသည်။

“လျူချန်း…” တော်ဝင်ကျဲနန်းတော်မှ နောက်ထပ် အသံတစ်သံကို ကြားကြရသည်။ လျူချန်းက နောက်လှည့် ကြည့်သည်တွင် လူအချို့က သူ့ထံသို့ လျှောက်လာသည်ကို မြင်သည်။ ဦးဆောင်လာသူကား အလွန်အမင်း အိုမင်းကာ ကိုယ်ရောင် ကိုယ်ဝါက မှေးမှိန်လွန်းနေပြီး မည်သည့်အချိန်တွင် မဆို သေဆုံးသွားနိုင်ပုံ ပေါက်နေသည်။ တခြားလူ နှစ်ယောက်ကား ဝမ်ရှင်း နန်းဆောင်သခင်နှင့် ပိုင်လွေလီတို့ ဖြစ်ကြသည်။

“ဒုတိယ နန်းဆောင်သခင်…” လျူချန်းက အလွန်အမင်း အားနည်းနေသည်ကို မြင်လျှင် ဝမ်ရှင်းက စိုးရိမ်စွာ ခေါ်လိုက်သည်။

“အစ်ကို… ဘာလို့ အပြင်ကို ထွက်လာတာလဲ…” လျူချန်းက အလွန်အိုမင်း ရင့်ရော်နေသော အဘိုးအိုအား ကြည့်သည်။ သူကား လက်ရှိ တော်ဝင်ကျဲ နန်းတော်သခင်၊ ကောင်းကင်မြေရိုင်း အဆင့်၁ ဖြစ်သူ ရှီတန်ခိုးရှင်ချွန်ရန် ဖြစ်သည်။

နန်းတော်သခင် ချွန်ရန်က ရီဖူရှင်းကို ကြည့်သည်။ ဝမ်ရှင်းကလည်း တူညီစွာပင် ဘေးမှ လူများနှင့် ထောင်ကျန်းတို့ကို ကြည့်သည်။

ကောင်းကင်ထက်တွင်ကား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ ကောင်းကင်မြေရိုင်း ထိပ်သီးတို့၏ တိုက်ပွဲကား အလွန်အမင်း ပြင်းထန်လွန်းပေသည်။

“အခြေအနေတွေက ဘာလို့ ဒီလိုဖြစ်လာတာလဲ…” နန်းတော်သခင် ချွန်ရန်က သူ့ရှေ့မှ ဆိုးဝါးသော မြင်ကွင်းကို ကြည့်ကာ မှတ်ချက်ချသည်။ ထောင်ကျန်းကား ပြင်းထန်စွာ ဒဏ်ရာရထားပြီး ထျန်ရှင်းကား သေဆုံးနေသည်။ လျူချန်းကလည်း အလွန်အမင်း အားနည်းနေ၏။ သူက ရီဖူရှင်းကို နက်ရှိုင်းသော အိုဟောင်းသော မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။

“ဘာလို့လဲ… ဟုတ်လား…” ရီဖူရှင်းက မဲ့ပြုံးပြုံးကာ အော်ဟစ်လိုက်သည်… “ခင်ဗျားက ကျုပ်ကို ဘာကြောင့်လဲ မေးတယ်… အစ်ကို၃ကို ကျိရှမ်းကမ်းပါးက မတရားစွပ်စွဲတယ်… တော်ဝင်ကျဲနန်းတော်က ကျိရှမ်းကမ်းပါးအတွက် သူ့ကို ဖမ်းပေးချင်တယ်…”

“ကျုပ်က တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်ခဲ့ပြီးတော့ ထုတ်ပယ်ခံခဲ့ရတယ်… ဒါပေမဲ့လည်း ကျုပ်က ဘာမှားနေလဲ… ခင်ဗျားက ဒီအခြေအနေမှာတောင် အဲဒါကို မေးနေသေးတယ်…”

ရီဖူရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ နန်းတော်သခင် ချွန်ယန်က ရီဖူရှင်းအား ရီဝေမှိုင်းညှို့သော မျက်လုံးများဖြင့် ကြည့်သည်… “ဒီလောကမှာ အမှားနဲ့အမှန်ထက် ပိုတာတွေ ရှိသေးတယ်… ”

“ဒါဆို ဘာဖြစ်လဲ…” ရီဖူရှင်းက ရှေ့ကို တက်လာကာ ငေါ့တော့တော့ ပြောသည်… “ခင်ဗျားတို့ ကျုပ်ကို သတ်ချင်ရင် လုပ်လိုက်…”

ပိုင်လွေလီက ရှေ့ကို တက်လာကာ ပြောသည်… “ဒီနေရာမှာ အမှန်နဲ့အမှား ဆိုတာ မရှိဘူး… တကယ်လို မင်းက တိုက်ခိုက်ချင်ရင် ငါမင်းနဲ့တိုက်ခိုက်မယ်…”

“ဒါက အဓိပ္ပာယ်ကော ရှိသေးလို့လား…” ရီဖူရှင်းက လှောင်ပြုံးပြုံးကာ ပြောသည်။ ပိုင်လွေလီက ရှေ့ကို ဆက်တက်လာကာ ပြောသည်… “မင်းရဲ့စိတ်ကို သက်သေ မပြချင်ဘူးလား…”

ဝမ်ရှင်း၏နောက်မှ ကြယ်တာရာ ကံကြမ္မာရဟတ်က တဝှီးဝှီး လည်နေသည်။ အနီးပတ်ပတ်လည်တွင် ကြယ်တာရာများ လင်းလက်နေပြီး ရဟတ်ဘီးက ကံကြမ္မာအား တွက်ချက်နေသည်။

“ငါ့စိတ်က ဘယ်တုန်းကမှ သက်သေပြဖို့ မလိုဘူး…” ရီဖူရှင်းက ပြုံးလျက်​ ရှေ့ကို တက်လာသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ထူးဆန်းသော အရောင်အဝါများ ထွက်ပေါ်လာတော့သည်။ အလင်းရောင်များက သူ့အား ဧကရာဇ်တစ်ပါးလား ထင်မှတ်ရစေသည်။ လောကတစ်ခုလုံးမှ စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။ နတ်ဘုရားအလင်း၏ အောက်တွင် ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းအောင် မြင့်တက်လာပြီး အလယ်အလတ် ရှီအဆင့်သို့ထိ တက်လှမ်းလာခဲ့သည်။

လျူချန်း၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ သူ၏ခြေလှမ်းများက ယိမ်းယိုင်သွားသည်။ ရီဖူရှင်းက အူကီယိုသံစဉ်ကို တီးခတ်တုန်းကလည်း ဤသို့သော ကိုယ်ရောင်ကိုယ်ဝါအား ထုတ်လွှတ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က ဟွာချင်းချင်း၏ ကြာပန်းမီးအိမ်ကြောင့် ဖြစ်ရာ ထိုသို့သော ထူးခြားမှုက ကျိုးကြောင်းဆီလျော်မှု ရှိသည်။ သို့သော်လည်း ယခု ရီဖူရှင်း ထုတ်လွှတ်နေသော အရောင်အဝါက တခြားလူများနှင့် မသက်ဆိုင်ဘဲ ရီဖူရှင်း ပိုင်ဆိုင်သောအရာ ဖြစ်ကြောင်း သူရိပ်မိလိုက်သည်။

သည်အရာကား ရီဖူရှင်းကိုယ်တိုင် ပိုင်ဆိုင်သော အရာဖြစ်သည်။

ဒါက အစစ်အမှန် ရီဖူရှင်းလား...။ နန်းတော်သခင် ချွန်ရန်နှင့် ဝမ်ရှင်းတို့က ရီဖူရှင်းအား ကြည့်ကာ စိတ်နှလုံး တုန်ခါသွားကြသည်။ ရီဖူရှင်းထံမှ လင်းလက်နေသော စွမ်းအင်များကား သူတို့ကိုယ်တိုင် ပိုင်ဆိုင်သော စွမ်းအားများထက် အဆမတန် အဆင့်အတန်း မြင့်လွန်းရကား သူတို့၏စိတ်သဏ္ဌာန်ထဲတွင်ပင် ရီဖူရှင်းကို ကိုးကွယ် ယုံကြည်လိုသော စိတ်များ ဖြစ်ပေါ် လာကြသည်။

သူက အဘယ်ကြောင့် ဤသို့သော စွမ်းအင်ကို ပိုင်ဆိုင်ရသနည်း။

ဝမ်ရှင်းက မျက်လုံးကို မှိတ်လိုက်ကာ ကံကြမ္မာရဟတ်အား ပိုမိုမြန်ဆန်စွာ လှည့်ပတ်လိုက်သည်။ ကြယ်တာရာ အလင်းက လေထဲမှ ပုံရိပ်နှစ်ခုအား သွားရောက်ဖျန်းပက်ကာ ကံကြမ္မာကို တွက်ချက်သည်။

“တော်ဝင်ကျဲနန်းတော်ရဲ့ ဆက်ခံသူ… ကောင်းကင်မြေရိုင်း အဆင့်၁၀၊ မြေရိုင်းပြည်နယ်ရဲ့ နံပါတ်တစ်ပါရမီရှင်… မင်းက ဘာမှ မလုပ်ပေမဲ့ မင်းက ဒါတွေ အားလုံးရဲ့အစပဲ… တော်ဝင်ကျဲနန်းတော်က မင်းကို ရွေးခဲ့ပြီး မင်းအတွက် သူတို့က အားလုံး လုပ်ခဲ့ကြတယ်… သူတို့လုပ်တာတွေ အားလုံးက မှန်တယ်လို့လည်း တွေးကြတယ်… မင်းက ဒီအတွက် နောင်တမရသလို လျူချန်းကလည်း အပြစ်ရှိသလို မခံစားရဘူး… မင်းတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ပြည့်စုံပြီလို့ ယူဆကြတယ်…”

“ငါ့ကိုယ်ငါ ပြည့်စုံတယ်လို့ တစ်ခါမှ မယူဆခဲ့ဘူး… ငါက ငါလုပ်သင့်တာကိုပဲ လုပ်တယ်…” ပိုင်လွေလီက ရှေ့ကို တက်လာသည်။ လျှပ်စီးဓာတ်များ ဖြစ်ပေါ်လာကာ အဆုံးအစမဲ့သော လျှပ်စီးတန်းများ ရီဖူရှင်းအနီးတွင် စတင် ရစ်ပတ်လာသည်။

ပိုင်လွေလီက သူ၏ ဖျက်ဆီးခြင်း မျက်လုံးကို ထုတ်လွှတ်လိုက်ကာ ကောင်းကင်ထက်မှ ရီဖူရှင်းကို ကြည့်ပြီး ပြောသည်… “အရာခပ်သိမ်း ဖန်ဆင်းခြင်းစွမ်းအား…”

ပိုင်လွေလီ၏ စကားသံနှင့်အတူ ရှေးဟောင်း နတ်ဘုရားပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဘုရားပုံရိပ်ကား နတ်ပုဆိန် တစ်လက်ကို ကိုင်ဆွဲထားကာ အရာခပ်သီးကို ဖျက်ဆီးနိုင်သော စွမ်းအားအား ပိုင်ဆိုင်၏။

ရီဖူရှင်း၏ မျက်လုံးများက မီးတောက်မီးလျှံများ လောင်ကျွမ်းလာဟန် ရသည်။ သူ့နောက်တွင် နတ်လူဝံပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ သူ့အား လေသဘာဝ လောကဓာတ်များ ရစ်ပတ်သွားသည်။ သူက လျှပ်စီးတန်းအလား အပေါ်ကို ထိုးတက်သွားပြီး ရှေးဟောင်း နတ်ဘုရားပုံရိပ်ထံသို့ ဦးတည်လိုက်သည်။

ပိုင်လွေလီက လေထဲတွင်ရပ်ကာ သူ၏လက်ကို ဝှေ့ယမ်းသည်။ ကြောက်မက်ဖွယ် ရှေးဟောင်း နတ်ဘုရားက သူ၏နတ်ပုဆိန်ကို အောက်သို့ ခုတ်ချသည်။ လျှပ်စီးများ​ လေထဲတွင် တဝုန်းဝုန်း ရိုက်ခတ်သွားပြီး လောကဓာတ်များက အရာအားလုံးကို ဖျက်ဆီးသည်။

ရီဖူရှင်းက သူ့ထံကို ကျဆင်းလာကာ ကြီးမားသော စွမ်းအားကို ခံစားမိသည်။ သူ၏စိတ်က ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားကာ အော်ဟစ်လိုက်သည်… “အေးခဲစမ်း…” သူ့အနီးမှ လေဟာနယ်က နှေးကွေးသွားကာ ရှေးဟောင်း နတ်ဘုရား၏ လှုပ်ရှားမှုများကလည်း အဆမတန် လေးလံသွားသည်။ ရီဖူရှင်းက လက်သီးကို တင်းတင်း ဆုပ်လိုက်သည်တွင် ကြောက်မက်ဖွယ် အလင်းတန်းများ သူ၏အနီးတွင် ရစ်ပတ်လာသည်။ နတ်လူဝံပုံစံ ဖြစ်ပေါ်လာသည်တွင် လေထုကို တုန်ခါစေအောင်ပင် ဟိန်းသံတစ်ချက် ကြားရသည်။ သွေးကြောမငါးခုက တစ်ပြိုင်နက်တည်း ပွင့်ထွက်သွားကာ အတိုင်းအဆမဲ့သော ခွန်အားများ သူ၏ခန္ဓာကိုယ်ထဲတွင် စတင်စီးဆင်း လာတော့သည်။

ဧရာမ နတ်လူဝံကြီးက သူ၏လက်ဖြင့် ရှေးဟောင်း နတ်ဘုရားကို လှမ်းရိုက်လိုက်သည်။ နတ်လူဝံ၏လက်က အောက်ကို ကျဆင်းလာသော ပုဆိန်ဖြင့် ရင်ဆိုင်တွေ့သည်။ လက်ဝါး ရိုက်ချက်ကား ကြယ်တာရာ လောကဓာတ်များဖြင့် ပေါင်းစပ်ထားရာ ကြယ်တာရာ တစ်စင်းက ပုဆိန်နှင့် ရင်ဆိုင်တွေ့သလို ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် ဖျက်ဆီးအားက ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ပျံ့နှံ့သွား၏။ ရှေးဟောင်း နတ်ဘုရားပုံရိပ်ကလည်း နောက်ကို လွင့်စဉ်သွားသလို ရီဖူရှင်းကလည်း နောက်ကို လွင့်သွား၏။

လျူချန်းက တုန်လှုပ်သွားသည်။ သူက မျက်လုံးကို မှိတ်လိုက်သည်တွင် သူ၏စိတ်ကလည်း ချောက်ချား တုန်လှုပ်နေသည်ကို ကောင်းကောင်း ခံစားရသည်။ သူက မျက်လုံးကို ဖွင့်လိုက်ကာ သူ၏အစ်ကိုနှင့် ဝမ်ရှင်းနန်းဆောင် သခင်ကို မေးသည်… “ဝမ်ရှင်း… ဟောကိန်းက ဘာပြောလဲ…”

***

All Chapters