← Chapters

မိုင်ရှစ်သောင်းအရှည် တောအုပ်

Vol. 67 Ch. 885

မိုင်ရှစ်သောင်းအရှည် တောအုပ်

Vol. 67 Ch. 885

ယန်ချီလင်း အသည်းထဲ အေးစိမ့်သွားသည်။ သူမခေါင်းအနောက်ရှိ ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးကို မေ့လျော့သွား၍ သူမ၏ရင်တွင်းခံစားချက်များကို အမှုမဲ့အမှတ်မဲ့ ပြောခဲ့မိလေသည်။

ကောင်းကင်နတ်ဧကရာဇ်၏ ဒုတိယဝိညာဉ်သည် ဝိညာဉ်နှစ်ခု ပေါင်းစည်းရန် ကောင်းကင်နတ်ဘုံသို့ ပြန်သွားနေ၍ သူမကို ထောက်လှန်းရန် အချိန်ရှိမည် မဟုတ်သ်ောလည်း အတပ်မပြောမရပေ။ သူမ၏ခံစားချက်အစစ်များကိုသာ ကောင်းကင်နတ်ဧကရာဇ်ကြားသွားလျှင် သူမ ဒုက္ခရောက်လိမ့်မည်။

ချင်မူ လက်ချောင်းပြန်ရုတ်လိုက်သည်။ ယခင်က ကောင်းကင်နတ်အရှင်ယွီ၏ ရှေးဟောင်းနတ်ဘုရားကောင်းချီးများကို ဖယ်ရှားရန် အတော်လေး အားစိုက်ထုတ်ခဲ့ရ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်ဆီသို့ အဆင့်မြင့်သိုင်းပညာရှင်များစွာ ဖိတ်ခေါ်ကာ ကောင်းချီးများအား ဖျက်စီးခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးကို ဖယ်ရှားရန်မှာ သူ့အတွက် အပန်းမကြီးတော့ပေ။

ထို့အပြင် အစောင့်ရှောက်အဆောင်တွင် ကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုသင်္ကေတအမှတ်အသားများ ရှိသောကြောင့် ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးပေါ် နားလည်မှုထားမှုလည်း တိုးလာခြင်းဖြစ်သည်။

ဤချိုးဖျက်ခြင်းက သစ်ခုတ်သမား ချင်မူ့အတွက် အမိကမ္ဘာမြေ၏ ကောင်းချီးကို ချိုးဖျက်ခဲ့သည့် လုပ်ငန်းစဉ်နှင့် ဆင်လေသည်။

“ကျေးဇူးပါပဲ”

ယန်ချီလင်းက ပြုံးပြသည်။ “တစ်ချက်တစ်ချက် နင်က ကြင်နာတတ်တယ်... တစ်ချက်တစ်ချက်ကျ တော်တော်ရက်စက်တယ်”

ချင်မူ ပြုံးရုံသာ ပြုံး၍ သူမစကားကို ချီးကျူးသည့်စကားဟုသာ သဘောထားလိုက်သည်။

ယန်ချီလင်းက ဆက်ပြောသည်။ “ငါ့ဆရာက နှလုံးသားမရှိမှန်း ငါ သိလာပါပြီ... သူ့အတွက် ငါတို့ရဲ့ ဆရာတပည့်ဆက်ဆံရေးက ဘာမှမဟုတ်ဘူး... အဲဒါကြောင့် ကောင်းကင်ယင်ကမ္ဘာမှာ နင့်အတွက် ကူပြောပေးခဲ့တာပါ... နင့်ကို ကူညီတာက ငါ့ကိုယ်ငါ ကူညီတာပဲမဟုတ်လား”

ချင်မူသည် တခဏ တိတ်ဆိတ်နေပြီးနောက် ပြောလေသည်။ “အဲဒါဆို နင့်ဆရာရဲ့ မိန်းမက...”

ယန်ချီလင်းမှာ ငိုင်ကျသွားသည်။ အတန်ကြာသော် သူမဆီမှ အသံထွက်လာ၏။ “ငါ့ဆရာမိန်းမရဲ့ ယာယီနန်းဆောင်က အရှေ့မှာပဲ”

ယန်အာက တောင်ပံရုတ်၍ ဆင်းသက်လိုက်သည်။ သူတို့ အောက်ဆင်းသည်နှင့် ယန်ချီလင်းက ခုန်ချကာ မေးသည်။ “ကောင်းကင်နတ်အရှင်မူ ငါနဲ့အတူ ဝင်မလား”

ချင်မူ တခဏတွေဝေနေပြီးသော် ခေါင်းညိတ်ကာ နဂါးချီလင်နှင့် ယန်အာကို အနောက်၌ ထားခဲ့သည်။

သူတို့နှစ်ယောက်သား လောလောလတ်လတ်ကမှ ဆောက်ထားဟန်တူသော အမိကမ္ဘာမြေ၏ ယာယီနန်းဆောင်ဆီ လျှောက်သွားကြသည်။ နတ်ဘုရားတစ်ပိုင်းများက နန်းဆောင်ကို စောင့်ရှောက်နေကြ၏။ အမိကမ္ဘာမြေအသစ် စည်းရုံးထားသူများ ဖြစ်ဟန်တူသည်။

ကမ္ဘာဦးဘုံ ပွင့်လာသည့်အကျိုးဆက်များမှာ ပြင်းထန်ခဲ့ပေသည်။

အမိကမ္ဘာမြေအစစ်မှာ မြေဝိညာဉ်သာ ကျန်တော့၍ လူရှေ့ ထွက်မလာရဲပေ။ သူမ၏ရုပ်ခန္ဓာ၊ ကမ္ဘာဦးသစ်ပင်မှာ အမိကမ္ဘာမြေအသစ် တည်ဆောက်ရန် ကောင်းကင်မဟာမိတ်အဖွဲ့၏ ယူဆောင်ခြင်း ခံခဲ့ရဿည်။

အမိကမ္ဘာအစစ်တွင် ရုပ်ခန္ဓာမရှိ၍ နတ်ဘုရားတစ်ပိုင်းများအပေါ် အမိကမ္ဘာမြေအသစ်လောက် မလွှမ်းမိုးနိုင်တော့ပေ။ သစ္စာရှိနောက်လိုက်များ ရှိပါသ်ောလည်း အရှိန်အဟုန်က အမိကမ္ဘာမြေအသစ်နှင့် မယှဉ်နိုင်သေးပေ။

နတ်ဘုရားတစ်ပိုင်းများက ယန်ချီလင်းနှင့်အတူ လိုက်လာသော ချင်မူ့ကို မြင်မြင်ချင်း အံ့အားသင့်သွားကြသော်လည်း တိတ်ဆိတ်နေကြ၏။

အမိကမ္ဘာမြေအသစ်၏ တော်ဝင်နန်းဆောင်ထဲ ရောက်သည့်အခါ ယန်ချီလင်းက သူမအရှေ့တွင် ဒူးထောက်၍ ပြောသည်။ “ဆရာကတော်”

အမိကမ္ဘာမြေအသစ်သည် အမိကမ္ဘာမြေနှင့် ချွတ်စွပ်တူသ်ောလည်း ရန်လိုခက်ထန်မှုမရှိ‌၊ နူးညံ့သိမ်မွေ့နေ၏။ “မြန်မြန် ပြန်ထပါကွယ်... ဘာလို့ အဲဒီလိုတစ်ခမ်းတနားနဲ့ နှုတ်ဆက်နေတာလဲ... မင့်ဆရာမှာ စည်းကမ်းတွေ ရှိပေမယ့် ငါ့မှာတော့ မရှိပါဘူး”

သူမက ချင်မူ့ကို မြင်လျှင် အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်အရှင်မူပါလား... ဘာလို့နှစ်ယောက်အတူ ရှိနေတာလဲ... အရင်တစ်ခေါက်တုန်းက မင်းကို သူ အနိုင်ယူလိုက်ခဲ့လို့ ကလဲ့စားချေမယ်ဆိုပြီး ကြိမ်းဝါးနေတာမဟုတ်လား”

ချင်မူ ဦးညွှတ်အရိုအသေပေးလိုက်၏။ “ချင်မူ အမိကမ္ဘာမြေကို နှုတ်ဆက်ပါတယ်”

အမိကမ္ဘာမြေအသစ်က ရယ်သည်။ “မင်းက ကောင်းကင်နတ်အရှင်မူမဟုတ်လား ... ဒီလို နှုတ်ဆက်စရာမလိုပါဘူးကွယ်... မင်း ငါ့ယောက်ျားရဲ့ ကောင်းချီးကို တောဝက်တစ်ကောင်ဆီ ပေးခဲ့ပြီး အရူးလုပ်ခဲ့တုန်းက သူ ဒေါသအလိပ်လိပ်ထွက်ပြီး သတိရတိုင်း မင်းကို ကျိန်ဆဲနေတာ”

သူမမှာ မရယ်မိဘဲ မနေ‌တော့ပေ။ ယန်ချီလင်း ဒူးထောက်နေသေးသည်ကို မြင်လျှင် ပြောသည်။ “ယန်ကျစ်၊ မြန်မြန်ထပါဆိုနေ... ကောင်းကင်နတ်အရှင်မူတော့ ငါ မင်းကို အနိုင်ကျင့်နေတယ် ထင်တော့မယ်”

ယန်ချီလင်းသည် ခေါင်းငုံ့ထားပြီး ကောင်းကင်နတ်ဧကရာဇ်‌ ပေးခဲ့သည့် မှန်ကို ကိုင်ထား၏။ “ဆရာက ကောင်းကင်နတ်ဘုံကို ပြန်သွားပါပြီ... ဒါက သူ့ဆီက လက်ဆောင်ပါ”

“သူ ပြန်သွားပြီလား”

အမိကမ္ဘာမြေအသစ်က မှန်ကို ယူသည်။ “ကောင်းကင်နတ်အရှင်မူက သူ့ဝိညာဉ်တွေကို ပြန်တည်ဆောက်ပေးခဲ့တာလား... နှစ်ယောက်သား တည့်သွားပြီ ထင်ပါရဲ့... ကောင်းပါတယ်...”

သူမ၏အကြည့် မှန်ပေါ် ရောက်သွားသည့်အခါ အကြည့်မလွှဲနိုင်တော့ပေ။

ယန်ချီလင်းမှာ ကြမ်းပြင်ပေါ်တွင် ဝပ်တွား၍ ငိုတော့သည်။ “ဆရာက ဒီမှန်ကို ပေးခိုင်းခဲ့တာပါ... ကျွန်မ ဘာဖြစ်သွားမှာလဲ သိပေမယ့် သူခိုင်းတဲ့အတိုင်း လုပ်ခဲ့မိပါတယ်.... ဆရာကတော် ၊ ကျွန်မကို သတ်လိုက်ပါရှင်...”

အမိကမ္ဘာမြေအသစ်က ခေါင်းမော့လာပြီး မျက်ဝန်းများမှာ ‌ဆောက်တည်ရာမဲ့နေသည်။ မျက်နှာတွင်လည်း သွေးမရှိတော့ပေ။

“ဒါ မင်းအမှားမှ မဟုတ်တာလေ ယန်ကျစ်ရယ်... မင်းအမှား မဟုတ်ပါဘူး”

သူမက ယန်ချီလင်း၏ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်နေပြီး သူမ၏လက်သည် အစိမ်းရောင်အခိုးအငွေ့များ ဖြစ်လာနေသည်။ “မင်းမှာ ရွေးချယ်စရာမှ မရှိတာ”

ထို့နောက် အမိကမ္ဘာမြေအသစ်သည် ချင်မူ့ဘက် လှည့်၍ ပြုံးပြ၏။ “ကောင်းကင်နတ်အရှင်မူ၊ ကျေးဇူးပြုပြီး သူ့ကို ကောင်းကောင်းဂရုစိုက်ပေးပါ....”

သူမခန္ဓာကိုယ်မှာ အစိမ်းရောင်အခိုးအငွေ့များအဖြစ် မှန်ထဲသို့ စုပ်ယူခံလိုက်ရသည်။

မှန်သည် ကြမ်းပြင်ပေါ်သို့ ကျ၍ နှစ်ချက် လည်ပြီးနောက် ချင်မူ့ခြေထောက်အနားတွင် ရပ်သွားသည်။

ချင်မူ မှန်ကို ကောက်လိုက်သည်။ မှန်အတွင်းတွင် စိမ်းစိုအုံ့ဆိုင်းနေသော ကမ္ဘာဦးသစ်ပင် ရှိနေသည်။

ဤကမ္ဘာဦးသစ်ပင်သည် အမိကမ္ဘာမြေအသစ်၏ ရုပ်ခန္ဓာဖြစ်သလို၊ အမိကမ္ဘာမြေအစစ်၏ ကိုယ်အစစ်လည်း ဖြစ်သည်။

ချုံဧကရာဇ်ခေတ်၏ နှောင်းပိုင်းနှစ်များတွင် ကောင်းကင်မဟာမိတ်အဖွဲ့က အမိကမ္ဘာမြေကို လုပ်ကြံသတ်ဖြတ်၍ ကမ္ဘာဦးသစ်ပင်ကို ကောင်းကင်ဘုံကို ယူဆောင်လာခဲ့သည်။ ကောင်ကင်နတ်ဧကရာဇ်က ကမ္ဘာဦးသစ်ပင်မှ သက်ရှိတစ်ဦး မွေးဖွားလာအောင် ဖန်တီးခဲ့၏။ ထိုသူက အမိကမ္ဘာမြေအသစ်ဖြစ်ကာ နောက်ပိုင်းတွင် သူ့ဇနီး ဖြစ်လာခဲ့သည်။

ကောင်းကင်နတ်ဧကရာဇ်သည် သူမကို ဖန်တီးနိုင်သည့်အလျောက် ‌ဖျက်စီးနိုင်သည်မှာလည်း မထူးဆန်းပေ။

ယခုတွင် အမိကမ္ဘာမြေအသစ် ပျက်စီးသွား၍ ကမ္ဘာဦးသစ်ပင် ပြန်ရောက်လာချေပြီ။

ချင်မူက ခပ်တိုးတိုး ရေရွတ်နေသည်။ “စိတ်မပူပါနဲ့ ... ကျွန်တော် ကတိတော့ မပေးနိုင်ပေမယ့် ကျွန်တော် တတ်နိုင်သလောက် သူ့ကို ဂရုစိုက်ပေးထာပါ့မယ်”

ယန်ချီလင်းမှာ ကြမ်းပြင်ပေါ်တွင် ငိုနေဆဲဖြစ်၍ ချင်မူက ဆွဲထူပေးသည်။ “ငါ့မှာ လုပ်စရာတွေ ရှိသေးတယ် .... ငါနဲ့ မလိုက်ခဲ့တော့ဘူးလား”

ယန်ချီလင်း ထမလာသည့်အတွက် ချင်မူလည်း အပြင်ထွက်သွားသည်။ သူ့တွင် ဖြုန်းနေစရာ အချိန်မရှိ‌ပေ။ လက်ရှိအခြေအနေသည် အလွန်အရေးကြီး၏။

သူက ယာယီနန်းဆောင်ထဲမှ ထွက်၍ ယန်အာ့ကျောပေါ် တက်သည်။ ထွက်သွားတော့မည့်အချိန် ယန်ချီလင်း ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမကား ပုံမှန်အတိုင်း ပြန်ဖြစ်သွားချေပြီ။ “ငါ နင်နဲ့ လိုက်ခဲ့ပါရစေ”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “မှော်အစီအရင် ချပြီး အမိကမ္ဘာမြေကို မြေကြီးအောက်ထဲက ဆင့်‌ခေါ်ဖို့ မြေပြန့်နေရာ လိုတယ်”

“ငါ အဲဒီလိုနေရာကို သိတယ်”

ယန်ချီလင်းတွင် ဝမ်းနည်းနေသောအမူအရာ မရှိတော့ပေ။ “ငါ လမ်းပြပေးမယ်”

များစွာမကြာလိုက်ဘဲ သူတို့ မြေပြန့်နေရာသို့ ရောက်လာသည်။ ထူထဲအုံ့ဆိုင်းနေသော တောအုပ်ကြီးသည် သူတို့ကို ပတ်ပတ်လည်မှ ဝိုင်းထား၏။ ယန်အာက မြေပြန့်အလယ်ဆီ ဆင်းသက်လိုက်ပြီး ချင်မူက ခုန်ဆင်း၍ သူတို့ကို နောက်ဆုတ်ခိုင်းသည်။ “ဝေးလေ ‌ကောင်းလေပဲ”

သူတို့အားလုံး ချင်မူ့တစ်ယောက်တည်း ထားခဲ့ကာ ဆုတ်ခွာသွားကြသည်။

ချင်မူက မှန်ကို ထုတ်ပြီး ကြမ်းပြင်အပေါ် ချ၏။ ထို့နောက် ရွှင်ပျော်ပျော်ဓားကို ထုတ်၍ မြင့်မြင့်မြှောက်ကာ မှန်ထဲ ထိုးချလိုက်သည်။

ခလွမ်း

ရွှင်ပျော်ပျော်ဓားက မှန်မျက်နှာပြင်ထဲ ထိုးစိုက်သွား၍ အက်ကွဲကြောင်းများ ထလာသည်။

မှန်ကွဲထွက်သွားသည်နှင့် ချင်မူက နောက်သို့ အလျင်အမြန် ခုန်လိုက်သည်။ မှန်ပတ်ဝန်းကျင်ရှိ လေထုမှာ တုန်ခါလာပြီး ကမ္ဘာဦးသစ်ပင်ကြီး ထိုးထွက်လာသည်။ သစ်ပင်ကြီးသည် မြေကြီးကို ထိုးခွဲရင်း မြင့်သထက် မြင့်၊ ကြီးသထက် ကြီးလာ၏။

ကမ္ဘာဦးသစ်ပင်ကား ပေတစ်သောင်းအထိ မြင့်တက်သွားသ်ောလည်း ရပ်တန့်မည့်ပုံမရသေးပေ။ သစ်ပင်ပင်စည်ကြီးက ကြီးမားတုတ်ခိုင်လာပြီး မီးတောက်များ၊ မိုးကြိုးလျှပ်စီးများ ဖြစ်တည်လာသည်။ ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းပေသည်။

ချင်မူက ဓားနှင့်အတူ ခုန်ပျံရင်း မီးတောက်များ၊ လျှပ်စီးမိုးကြိုးများကို ရှောင်နေသည်။

ရုတ်တရက် သူ့အနောက် ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ဘာသာစကားနှင့်အတူ သူက ကမ္ဘာဦးသစ်ပင်၏ ဝိညာဉ်အစအနများအား ဆင့်ခေါ်တော့သည်။

သူက ဝိညာဉ်လမ်းညွှန်ဖြင့် အမိကမ္ဘာမြေ၏ ဝိညာဉ်ကို ဆင့်ခေါ်နေသောကြောင့် အနက်ရောင်သဲမှုန်များက ကမ္ဘာဦးသစ်ပင်ဆီသို့ ပြေးဝင်လာကာ လှည့်ပတ်ရစ်သိုင်းနေသည်။

ကမ္ဘာဦးဘုံမှာ ပွက်ပွက်ဆူနေသကဲ့သို့ ဖြစ်လာ၏။ မြေငလျင်များ လှုပ်ခတ်လာ၍ တောင်တန်းများ ယိမ်းထိုးလာသည်။ မရေမတွက်နိုင်သော နဂါးများက ကမ္ဘာဦးသစ်ပင်ဆီ လူးလွန့်လာနေသကဲ့သို့ မြေကြီးသည် မို့မောက်နိမ့်ဆင်းနေ၏။

မကြာမီ ဧရာမတောင်မည်းကြီးများ မြေကြီးထဲမှ မြောက်တက်လာသည်။ ၎င်းတို့ကား အမိကမ္ဘာမြေ၏ အမြစ်များ ဖြစ်လေသည်။

သူမအမြစ်များက တောင်တန်းများသဖွယ် မြင့်မားလှသည်။ အဝေးမှကြည့်လျှင် နဂါးများ ကခုန်နေသည့်အလား ကြောက်စရာကောင်းသော်လည်း ခမ်းနားထည်ဝါခြင်းလည်း ရှိသည်။

ချင်မူ အမိကမ္ဘာမြေ၏ နောက်ဆုံးဝိညာဉ်ကို နှိုးဆော်လိုက်သည့်အခါ အမိကမ္ဘာမြေက ချင်မူ့ကို ခံစားလိုက်ရ၍ ဤနေရာသို့ ပျံသန်းလာသည်။

ကမ္ဘာဦးဘုံ၏အလယ်ရှိ ကောင်းကင်နတ်အရှင်ယွီလည်း နိုးကြားသွား၍ ပျံသန်းလာ၏။ သူနှင့်အတူ ကောင်းကင်နတ်စစ်သည်များ၊ စစ်သည်ကြီးများ ပြည့်နှက်နေသော တပ်မကြီးက သင်္ဘောများနှင့်အတူ အောင်လံတော်များ လွှင့်ထူလျက် လိုက်လာသည်။ စစ်ဗုံသံတို့က ရေလှိုင်းလုံးကြီးများ ဘောင်ဘင်ရိုက်နေသကဲ့သို့ ကျယ်လောင်မြည်ဟည်းနေသည်။

“အမိကမ္ဘာမြေ၊ ခင်ဗျား ထိပ်ဆုံးအခြေအနေ ရောက်တဲ့အထိ အသက်ပြန်ဝင်လာချင်ရင် တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမယ်”

ချင်မူက ဆက်လက်ကြီးထွားနေသော ကမ္ဘာဦးသစ်ပင်ကို လှည့်ပတ်နေသည်။ သစ်ပင်ထိပ်ဖျားကား ကောင်းကင်နှင့် ထိပေတော့မည်။

ချင်မူသည် ခေါင်းသုံးလုံးလက်ခြောက်ဖက်အသွင် ပြောင်း၍ ဝိညာဉ်လမ်းညွှန်အစီအရင်ကို အရှိန်မြှင့်နေ၏။ “ကျွန်တော် ခင်ဗျားကို အသက်ပြန်သွင်းပေးမယ်... ဒါပေမဲ့ အဲ့မတိုင်ခင် ကောင်းကင်နတ်အရှင်ယွီကို ကျွန်တော် ရှင်းပစ်နိုင်အောင် ကူညီပေး”

မြေကြီးအောက်တွင် အမြစ်များက ပင်စည်နှင့် လာဆက်သဖြင့် ကမ္ဘာဦးသစ်ပင်က ပို၍ပင် ကြီးမားပြီး မြင့်မားလာတော့သည်။ သစ်ပင်ထိပ်ဖျားသည် မိုင်ပေါင်းများစွာ ပြန့်ကားနေပြီး မြေပြင်မှာ ထိုမျှကြီးမားသော သစ်ပင်ကြီးကို မခံနိုင်တော့သည့်အလား ထင်ရ၏။

အမိကမ္ဘာမြေ၏ ဝမ်းသာနေသော အသံက မြေကြီးအောက်မှ ပျံ့လွင့်လာသည်။ အသံသည် သတ္တဝါကြီးများ ပြိုင်တူဟိန်းဟောက်နေသကဲ့သို့ ပဲ့တင်ရိုက်ခတ်နေသည်။ “ကောင်းကင်နတ်အရှင်မူ၊ နောက်ဆုံးတော့ ကတိတည်ပြီပေါ့”

“ဘာကောင်းကင်နတ်အရှင်ယွီလဲ... ကောင်းကင်နတ်အရှင်ယွီအစစ်က နင့်ဘေးမှာ မဟုတ်လား... ဒီကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်ဘုံ ဖန်တီးထားတဲ့ လက်နက်အဆင့်ပဲ ရှိတယ်... သူလို လက်နက်က ရာရာစစ ငါ့ကို တိုက်ခိုက်ရဲတယ်လား”

“အမေ့ကလေးတို့၊ မင်းတို့အားလုံး ထွက်လာဖို့ အချိန်ကျပြီ”

ဘုန်း ဘုန်း ဘုန်း

ကမ္ဘာဦးသစ်ပင်၏ ပတ်ပတ်လည်တွင် ဧရာမဧကရာဇ်ခေါင်းတလားကြီးများက မြေပြင်ကို ထိုးခွဲလျက် ထွက်လာကြသည်။ သူတို့အရှေ့တွင် ကျောက်သားရဲများ တန်းစီလျက် ပေါ်လာကြ၏။ ထို့နောက် ကျောက်သားရဲများက ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ကျောက်သားအရေပြားက အသွေးအသားဖြစ်လာကြကာ ချီလင်၊ ခြင်္သေ့၊ ကုလားအုတ်၊ မြင်း၊ ဆင်မြူ၊ ရှဲ့ကျစ် အစရှိသော နတ်ဘုရားတစ်ပိုင်းများအသွင် ပြောင်းလဲလာကြ၏။ သူတို့က အမျက်ဒေါသမာန်အပြည့်ဖြင့် ဟိန်းဟောက်အော်မြည်လိုက်ကြသည်။

ဤနတ်ဘုရားတစ်ပိုင်းတို့က မြောက်ပိုင်းချုံဧကရာဇ်မင်းဆက်၏ ကောင်းကင်နတ်ဘုံတွင် အရေးပါ‌သော ဝန်မင်းများ ဖြစ်ခဲ့ကြ၍ အတိုင်းထက်အလွန် အင်အားကြီးမားကြသည်။ သူတို့က အခေါင်းတစ်ခေါင်းစီကို ဆုပ်ကိုင်၍ အတားအဆီးအစီအရင်များ အလျင်အမြန် ဖွင့်နေကြသည်။

ဧကရာဇ်အခေါင်းရှစ်လုံး ပွင့်ထွက်လာ၏။ ဧကရာဇ်တစ်ပါး၏ ရာဇာမာန်အရှိန်အဝါနှင့် အပုပ်နံ့တို့က ပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့ရိုက်ခတ်သွားသည်။

မြောက်ပိုင်းချုံဧကရာဇ်ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်ဧကရာဇ် ၁၄ ပါး စိုးစံခဲ့ပြီး အမိကမ္ဘာမြေ၏ သားသမီးများ ဖြစ်ခဲ့ကြသည်။ အကုန်လုံးက ဧကရာဇ်ပလ္လင်အဆင့် ဖြစ်၏။ ငါးယောက်မှာ တောင်ပိုင်းချုံဧကရာဇ်ကောင်းကင်နတ်ဘုံနှင့် တိုက်ပွဲတွင် အသတ်ခံလိုက်ရ၍ အလောင်းများ ပျက်စီးသွားခဲ့သည်။ နောက်တစ်ယောက်က ဖုန့်ချိုးယွင်နှင့်အတူ တစ္ဆေသင်္ဘောထဲ ပါသွားခဲ့သည်။

ချုံဧကရာဇ်ခေတ်သည် ဖရိုဖရဲဖြစ်ခဲ့သော ခေတ်ကာလ ဆိုသော်လည်း အဆင့်မြင့်သိုင်းပညာရှင်များ ပေါ်ထွက်လာခဲ့သည်ကိုတော့ မငြင်းနိုင်ပေ။

ကောင်းကင်နတ်ဘုံနှစ်ဘုံအကြား စစ်ပွဲတွင် မရေမတွက်နိုင်သော နတ်ဘုရားများက သူတို့၏မျိုးနွယ်အတွက် တိုက်ပွဲဝင်ခဲ့ကြပြီး ရန်သူများကို အသေခံသုံ့ပန်းများအဖြစ် သို့မဟုတ် ယဇ်ကောင်များအဖြစ် အသုံးချခဲ့ကြသည်။

မြောက်ပိုင်းချုံဧကရာဇ်ကောင်းကင်ဘုံက အရက်စက်၊ အကြမ်းတမ်းဆုံး ဖြစ်သည်။ ချိမင်ရွှမ်ခုံးကမ္ဘာတွင် ပုန်းအောင်းနေခဲ့သော ချိမင်နတ်ဘုရားသားတော်သည် ချုံဧကရာဇ်ခေတ်၏ အရိုင်းဆန်ခက်ထန်မှုကို သိထားသဖြင့် ထိုခေတ်တွင် ချုံဧကရာဇ်ကောင်းကင်နတ်ဘုံများနှင့် အဆက်အသွယ်မလုပ်ရဲခဲ့ပေ။

ဤအခိုက်အတန့်တွင် နိုးထလာသော ချုံဧကရာဇ်ရှစ်ပါး၏ အလောင်းများက ဖုတ်ကောင်များ ဖြစ်လာကြသည်။ သူတို့သည် ကောင်းကင်ယံသို့ ခုန်တက်၍ ကောင်းကင်နတ်ဘုံ၏ အားအကောင်းဆုံးလက်နက်၊ ကောင်းကင်နတ်အရှင်ယွီကို ‌စောင့်နေကြ၏။

ကောင်းကင်ထဲတွင် အလံများ တလွင့်လွင့် လှုပ်ခတ်နေသည်။ ကောင်းကင်နတ်ဘုံသား နတ်ဘုရားတို့က ဧရာမသားရဲချိုကြီးများဖြင့် သွန်းလုပ်ထားသော စစ်ခရာများကို မှုတ်နေကြသည်။ သင်္ဘောဦး၌ နဂါးသားရေဖြင့် ပြုလုပ်ထားသည့် ဗုံများ တီးနေသော နတ်ဘုရားများလည်း တွေ့မြင်ရသည်။ ဆူညံသံတို့က နားကွဲလုအောင် ကျယ်လောင်လှကာ ကောင်းကင်နှင့်မြေပြင်ကို တသိမ့်သိမ့် လှုပ်ယမ်းနေစေသည်။

ကောင်းကင်နတ်အရှင်ယွီ ချဉ်းကပ်လာနေစဉ် သူ့ပတ်ပတ်လည်ရှိ သင်္ဘောများက တီကောင်လေးများသဖွယ် ဖြစ်နေသည်။ အမှန်တွင် ဤသင်္ဘောတို့သည် ကောင်းကင်နတ်ဘုံ၏ လက်ရာအမြောက်ဆုံး သင်္ဘောများ ဖြစ်ကြ၏။ သင်္ဘောတစ်စင်းစီက ဧရာမကြီးမားပြီး ဆယ်မိုင်ကျော် အလျားရှိသည်။

သို့သော် ကောင်းကင်နတ်အရှင်ယွီနှင့် ယှဉ်လျှင် မပြောပလောက်တော့ပေ။

ဧကရာဇ်ဖုတ်ကောင် ရှစ်ကောင်သည်လည်း သူနှင့်ယှဉ်ပါက အလွန်သေးငယ်‌နေ၏။

All Chapters