ဆရာကိုက်ယွင် အံ့အားသင့်ခြင်း (ဒုတိယပိုင်း)
Vol. 8 Ch. 106
"မှန်တယ်... ဒီပစ္စည်းသုံးမျိုးကြားက အရည်ပျော်မှတ်ရဲ့ ကွာခြားချက်က နှစ်ဆအပြည့်ရှိပါတယ်...ပုံမှန်အခြေအနေမှာ ပေါင်းစပ်လို့ မရဘူး ဒါပေမယ့်... ဒီတစ်ခုကို ကြည့်လိုက်... အဲဒါက လုံးဝကို ပေါင်းစပ်ရုံတင် မကဘူး တစ်ခုတည်းလိုပဲ"
ဆရာကြီးကိုက်ယွင်၏ မျက်လုံးများသည် တောက်ပနေ၏။
"တစ်နည်းအားဖြင့် မင်းရဲ့အခန်းထဲမှာ လက်နက် သန့်စင်တဲ့သူက ဒီသုံးခုကို ပေါင်းစပ်ရုံသာမက... ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ!"
"ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု?"
မင်းသမီးလော့ရုံသည် သူမ၏ နှလုံးသားထဲတွင် "ခွပ်ကနဲ!" အသံတစ်ခု ကြားလိုက်ရသည်။
လက်နက် ကိရိယာ သန့်စင်သူ အနေဖြင့် သူမသည် သန့်စင်သော ပစ္စည်းများနှင့် မီးတောက်များ အားလုံးကို ပြီးပြည့်စုံတဲ့ ထိန်းချုပ်မှု လိုအပ်တဲ့ အဓိပ်ပါယျကို သိပါသည်။
သူမရှေ့က ဆရာတောင် ဒါကို လုပ်နိုင်ပါ့မလားဆိုတာ ပြောဖို့ခက်တယ်။
ဤမှော်လက်နက်ကို သန့်စင်သော သူသည် ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။
တကယ်ပဲလား?
"ဒါ့အပြင် ဒီသံပြားကို ကြည့်လိုက်! ငါတို့ရဲ့ သာမာန် သန့်စင်မှုပြီးနောက် သံပြားရဲ့ ကွဲပြားတဲ့ တွန်းအားကြောင့် မျက်နှာပြင်ပေါ်မှာ အစွန်းအထင်း အမျိုးမျိုး ပေါ်လာမှာ ဖြစ်ပေမယ့်... အရှေ့ဘက်က ပုံတစ်ပုံလို ချောမွေ့နေတယ် သဲလွန်စတွေ မရှိဘဲ သေသေချာချာ လေ့လာကြည့်ရင်တောင် သံပြားတစ်ခုလုံးကို နှစ်မီလီမီတာလောက် ခွာထားတာကို တွေ့နိုင်တယ်..."
ဆရာကြီးကိုက်ယွင်၏ နှလုံးသားသည် ပိုပိုပြီး တောက်လောင်လာသည်။
"ဒီဆရာသခင်က မှော်လက်နက်ရဲ့ အသွင်အပြင်ကို ထုရိုက်တဲ့အခါ အင်အားလည်း အရမ်းသုံးတယ် ... အရမ်းလည်း မများသလို နည်းလည်းမနည်းဘူး.... ငါဒီလိုမျိုး ထိန်းထားနိုင်ရင်တောင်မှ....မလုပ်နိုင်လောက်ဘူး!"
"ဒါက"
မင်းသမီးလော့ရုံသည် သံပြားကို အမြန်ကြည့်ကာ ဆရာကြီးပြောသည့် အတိုင်းပင် ဖြစ်နေတာ တွေ့ရ၏။
လက်နက်ကို သန့်စင်ပြီးနောက် နောက်ဆုံးအကြိမ် အစားထိုးထားသည့် သံပြားကို တစ်ကြိမ်မျှ အသုံးမပြုခဲ့တာကို သူမ ရှင်းရှင်းလင်းလင်း သိထားသည်။
ယခုမူ ၎င်းကို ဓားဖြင့်ခုတ်ထားသကဲ့သို့ နှစ်မီလီမီတာဖြင့် သပ်ရပ်စွာ နှိမ့်ချသွားသည်။
လက်နက်ကို သန့်စင်သောအခါ ဆရာပြောသည့် စကားအတိုင်း အင်မတန် အားသုံးထားသည်လား?
ဒီလိုဆိုရင် ဒီလူက ဘယ်လောက်တောင် သန်မာနေတာလဲ?
"ဒါတွေကို မယုံနိုင်ရင် ဒီပုံဖော်စုတ်တံကို ကြည့်လိုက်....ဒီလို ပစ္စည်းမျိုးက တတိယအဆင့်နဲ့ စတုတ္ထအဆင့် ကိရိယာတွေကို သရုပ်ဖော်တဲ့အခါ လုံးဝဆုံးရှုံးမှာ မဟုတ်ပါဘူး... ပြီးတော့ ပဉ္စမအဆင့်တောင်မှ အများကြီး အကျုံးဝင်တယ်.... ဒါပေမယ့် အခု ဒီတစ်ခုလုံးက သုံးမီလီမီတာ ပိုနက်တယ်...ဆိုလိုတာက... တစ်ယောက်ယောက်က အနည်းဆုံး အဆင့်၆ပုံစံ ဒါမှမဟုတ် ဒီထက်ပိုတဲ့အဆင့်ကို ပုံဆွဲဖို့ ဒီစုတ်တံကို သုံးခဲ့တယ်!"
ဆရာကြီးကိုက်ယွင်မှာ ရူးသွပ်သွားပုံဖြင့်
"အဆင့်၆အထက် ဖွဲ့စည်းမှုပုံစံကို ပုံဖော်နိုင်တဲ့ အံ့ဖွယ်နည်းလမ်းက အဆင့်၆အထက် ဆရာသခင် မကလောက်ဘူး ငါ တကယ်ကို မစဉ်းစားနိုင်တော့ဘူး... ဘယ်သူကများ လုပ်နိုင်မှာလဲ"
ဒါကိုပြောရင်း သူစိတ်လှုပ်ရှားစွာနဲ့
"လော့ရုံ... ငါ့ကို မြန်မြန်ပြောပါ... ဒီလက်နက်တွေကို သန့်စင်ဖို့ နောက်ထပ် ဘယ်သူ့ကို ဝင်ခွင့်ပေးသေးလဲ? အဲဒီအကြီးအကဲကို ငါ့ကို သေချာမိတ်ဆက်ပေးစမ်းပါ..."
"တပည့် လုရွှမ်ကိုပဲ လာခွင့်ပြုလိုက်တာ.. တခြားသူတွေကို တကယ် မဝင်ခိုင်းခဲ့ပါဘူး..." မင်းသမီးလော့ရုံ စိတ်ရှုပ်ထွေးသွားသည်။
"လုရွှမ်? မင်းအစောက ဒီလက်နက်ကို သန့်စင်ခဲ့သူရဲ့ နာမည်ကို ပြောတာလား? မြန်မြန်သွားပြီးတော့ သူ့ကို ထပ်ပြီး ဖိတ်ခေါ်လိုက်..." ဆရာဖြစ်သူက ကမန်းကတန်း ပြောလိုက်သည်။
"ဖိတ်ခေါ်ရမယ်? လူတွေကို တပည့်ရဲ့ တိတ်ဆိတ်နေတဲ့ အခန်းထဲကို ပေါ့ပေါ့ပါးပါး ဝင်ခွင့်မပြုရဘူးလို့ မပြောခဲ့ဘူးလား?"
"အဟမ်း.... အဲဒါက စိတ်ပူစရာ မရှိပါဘူး သူထပ်သုံးချင်ရင်တော့ သဘောတူရမယ်...လုံးဝ မငြင်းသင့်ဘူး... တိတ်ဆိတ်နေတဲ့ အခန်းကို ဖျက်ဆီးပြီးရင် ပြန်ဆောက်လို့ ရတယ် အထဲမှာ ပစ္စည်းတွေ သုံးပြီးရင်လည်း ကိစ္စမရှိပါဘူး အရေးမကြီးဘူး "
ဆရာကြီးကိုက်ယွင်က ဖြောင့်မှန်စွာ ဟောပြောနေသည်။
" ... " မင်းသမီးလော့ရုံ။
လော့ရုံမှာ အားကိုးရာမဲ့နေသလို သံသယတွေ ပြည့်နှက်လာခဲ့သည်။
"သူ တကယ်ပဲလား? ဥပဒေအဖွဲ့က ဒုကျောင်းအုပ်ချန်ကို အနိုင်ယူပြီး ဒုတိယတန်း အဂ္ဂိရတ်ပညာရှင်... သူက... လက်မှုပညာရှင်လည်း ဖြစ်နေတုန်းလား? ဒီလူက ဘာလို့ အံ့ဖွယ်အမှုတွေနဲ့ ဆက်နွယ်နေရတာလဲ?"
လုရွှမ်ရဲ့ မှတ်တမ်းကို တွေးကြည့်တော့ မင်းသမီးလော့ရုံ ပိုပိုပြီး ထူးဆန်းလာခဲ့ကာ နောက်ဆုံးမှာတော့ မကူညီနိုင်တော့ဘဲ
"မဟုတ်ဘူး....ငါသွားကြည့်ရမယ်...တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ ရှင်းရှင်းလင်းလင်း စုံစမ်းရမယ်!"
ဒါကိုတွေးပြီး လှည့်ထွက်ကာ အကယ်ဒမီကျောင်းဆီသို့ လျှောက်သွားလိုက်သည်။
သူ ကျန်ရစ်ခဲ့သော သဲလွန်စများသည် ကျန်းဝူအင်ပါယာ၏ နံပါတ်တစ် လက်မှုပညာရှင်ကို ကြီးကြီးမားမား ထိတ်လန့်စေခဲ့သည်ကို မသိပါ။
အခုအချိန်တွင် လုရွှမ်သည် ကျောက်စိမ်းပြားထဲက နေရာသို့ တစ်ဖန်ပြန်သွားခဲ့သည်။
အဂ္ဂိရတ်အိုးကို သန့်စင်ပြီးနောက် ဆန်းကြယ် သွေးကြောဆေးလုံးကို စတင် သန့်စင်ရန် အချိန်တန်ပြီလေ။
"ကောင်လေး ငါ့ဝိုင်ကောင်းကောင်း ဘယ်မှာလဲ? ဒီတစ်ခါတော့ မမေ့ဘူးမလား?"
အာကာသ လက်နက်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျီးကန်း၏ အသံကို ကြားရပြန်သည်။
"အမ်"
လုရွှမ် အံ့အားသင့်သွားပြန်သည်။
"မင်း... မင်း ထပ်မေ့ပြန်ပြီလား?" သူ့အမူအရာကို မြင်တော့ ကျီးကန်းကြီး ငိုတော့မည့်ပုံ ပေါက်သွားသည်။
ဒီကောင်လေး ဘာတွေဖြစ်နေတာလဲ? တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သတိရပေးလို့ မရဘူးလား?
"နောက်တစ်ကြိမ်.... နောက်တစ်ကြိမ်!"
လုရွှမ် ရှက်သွားသည်။
အရင်ကတော့ မီးဖိုကို သန့်စင်ဖို့ ပစ္စည်းတွေ ရှာမယ်လို့ စဉ်းစားခဲ့ပေမယ့် တွေ့ပြီးတဲ့ နောက်မှာတော့ မီးဖိုကို သန့်စင်ဖို့ပဲ စဉ်းစားခဲ့တာပြီး ဝိုင်ဝယ်တဲ့ ကိစ္စကိုလည်း လုံးဝ မေ့သွားခဲ့သည်။
"မဟုတ်ဘူး!! မင်း ဒီတစ်ခါ ငါ့အတွက် ဝယ်ပေး!! မဟုတ်ရင် မင်းလိုချင်တဲ့ ယွမ်ယန်သွေးကြော မြေပုံကို ရနိုင်မှာ မဟုတ်ဘူး!"
ကျီးကန်းသည် ကြမ်းတမ်းစွာ ပြောလိုက်သည်။
"ယွမ်ယန်သွေးကြော?"
"မှန်တယ်... အပ်စိုက်ကုထုံး အချက်၃၆ခုကို ဖြတ်ပြေးနေတဲ့ သွေးကြောကို [ယွမ်ယန်သွေးကြော] လို့ ခေါ်တယ်... မင်း ဝိုင်ကောင်းကောင်း မဝယ်နိုင်ရင် မင်းကို ငါပေးမယ်လို့ မထင်နဲ့!"
ကျီးမည်းက ဒေါသတကြီး အော်ပြောသည်။
ရိုးရိုးသားသား ပြောရရင် သူ့ရှေ့က ဒီလူငယ်က သူ့လို ကြီးကျယ်ခမ်းနားတဲ့ ရွှေကျီးကန်းကို အလေးအနက် မထားဘူး။
သေရည်ကောင်းကောင်း ဝယ်ခိုင်းလိုက်တာကို အချိန်အကြာကြီးမှ ပေါ်လာပြီး အချိန်တိုင်းလည်း မေ့နေတယ်။ မင်းမှတ်မိတာ ဘာရှိသေးလဲ?
"ကောင်းပြီ ငါသွားဝယ်လိုက်မယ်..."
ယွမ်ယန်သွေးကြော ဆိုတဲ့စကားကို ကြားတော့ လုရွှမ် စိတ်လှုပ်ရှားပြီး မြန်မြန် ခေါင်းညိတ်လိုက်သည်။
မဝယ်ပေးလို့ မဖြစ်တော့ဘူးလေ!
ဒီလိုမှမဟုတ်ရင် သူ့အဆင့်မှာ သွေးကြောလေးခုဟာ ကန့်သတ်ချက် တစ်ခုဖြစ်ပြီး သွေးကြောတစ်ခုကို လေ့ကျင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဟူ....
ကျောက်စိမ်းထဲမှ ထွက်လာကာ လုရွှမ်သည် အနီးနားရှိ အကြီးဆုံး စားသောက်ဆိုင်ဆီသို့ လမ်းလျှောက်လာခဲ့သည်။
"ကြီးကျယ်ခမ်းနားတဲ့ အရူးဧကရာဇ်က ကျီးမည်းရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်လို့..."
ဒီညရဲ့ အတွေ့အကြုံကို တွေးကြည့်တော့ လုရွှမ် သူ့ရဲ့ ပြုံးစိစိနဲ့ အမူအရာကို မထိန်းနိုင်ခဲ့ချေ။
အရင်ဘဝတုန်းက အရူးဧကရာဇ်ဟာ ကောင်းကင်နဲ့မြေကြီးကို မကြောက်ခဲ့ဘဲ တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးမှာ သူကြောက်တဲ့လူ မရှိခဲ့ပေမဲ့ အခုတော့ ကျီးမည်းရဲ့ ခြိမ်းခြောက်မှုကို အဆက်မပြတ် ခံနေရလေသည်။
"သူဌေး.... ဝိုင်အိုးနဲ့ ထမင်းတစ်ပွဲ ပေးပါ!"
စားသောက်ဆိုင်ထဲသို့ လမ်းလျှောက်လာရင်း ရက်အတော်ကြာအောင် ထမင်းကောင်းကောင်း မစားခဲ့ရတာကို လုရွှမ် တွေးမိသွားသည်။ ထို့ကြောင့် ချက်ချင်းပဲ နည်းနည်းလောက် ဗိုက်ဖြည့်ဖို့ စဥ်းစားလိုက်သည်။
သူ့အရင် ဘဝတုန်းကလည်း အရက်သောက်ရတာကို အရမ်းကြိုက်ခဲ့သည်။ အရက်မသောက်ဘဲနဲ့ ပျော်ရွှင်မှုမရှိဘူးလို့ ပြောလို့ရသည်။
ပြန်လည် မွေးဖွားလာပြီးနောက် လေ့ကျင့်ပြီးရင် လေ့ကျင့်နေတာ တစ်ခါမှ မသောက်ရသေးဘူး။ အခုတော့ ဝိုင်ရဲ့မွှေးကြိုင်နေသော အနံ့ခံပြီး လက်ညိုးထိုးပြ လိုက်ပါ၏။
ခဏကြာတော့ ပုလင်းတစ်လုံး မော့သောက်လိုက်သည်။
"ရော့ရှင်း... နန်းတော်ပင်လယ် နယ်ပယ်ကို ထိုးဖောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်....ဝူအဆင့်အဖြစ် အဆင့်တက်ပြီး တစ်လအကြာမှာ ဒီအခြေအနေကို ရောက်ရှိသွားပါပြီ... အကယ်ဒမီတစ်ခုလုံးရဲ့ နှစ်ပေါင်းရာနှင့်ချီ သမိုင်းကြောင်းမှာ မင်းက ထိပ်တန်းငါးဦးထဲကို သေချာပေါက် ရောက်နေပြီ"
ထမင်းစားသောက်ရင်း ရယ်မောသံများ ထွက်ပေါ်လာသည်။
ဒီအသံကိုကြားတော့ လုရွှမ် ချက်ချင်း မှတ်မိသွားသည်။ ဝေ့ချန်ပဲ!
ဝိညာဥ်ခုနှစ်မျိုးမှိုကို လိုက်လုခဲ့စဥ်က တွေ့ခဲ့သော ဖိရွယ်နယ်ပယ်က ကျောင်းသားတွေပဲ ဖြစ်သည်။
"နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်သွားပြီလား"
သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လန်ရော့ရှင် က ဝေ့ချန်ရဲ့နောက်ကို လိုက်နေတာ တွေ့လိုက်ရသည်။ သူမရဲ့နုနယ်တဲ့ ခန္ဓာကိုယ်ပေါ်က ရောင်ဝါက အရင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်လာပြီး သူမခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ စွမ်းအင်တွေက စီးဆင်းနေပြီး နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်နေပြီ။
ဝမ့်ဖုန်းချိုင့်ဝှမ်းမှာ နောက်ဆုံး တွေ့ခဲ့တုန်းက သူမဟာ တန်းလိနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာသာ ဖြစ်ပြီး နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်ဖို့ တစ်လခွဲလောက် အချိန်ယူခဲ့ရသည်။
လန်ရော့ရှင်းရဲ့ အရှိန်အဟုန်က တကယ့်ကို ကြောက်စရာ ကောင်းလှပါသည်။
ဒါပေါ့ တစ်ဖက်လူရဲ့ အရှိန်အဟုန်က ကြောက်စရာ ကောင်းတယ်လို့ ခံစားမိပေမယ့် တခြားသူတွေရဲ့အမြင်မှာတော့ သူ့ရဲ့အဆင့်တိုးနှုန်းက ပိုလို့တောင် မူမမှန်ပါဘူး။
"သူဌေး ဝိုင်တစ်ခွက်နဲ့ ခင်ဗျားတို့ စားသောက်ဆိုင်ရဲ့ ထူးထူးခြားခြား ဟင်းပွဲတစ်ခုစီ ယူလာပေးပါ!"
ထိုင်ခုံတစ်ခုရှာပြီး ထိုင်လိုက်ရင်း ဝေ့ချန်က အော်ပြောလိုက်သည်။
သူ့နောက်မှာ ညီငယ်ငါးယောက် ခြောက်ယောက် ရှိနေသည်။ အားလုံးက သန်မာကြပြီး နန်းတော်ပင်လယ် နယ်ပယ်မှာ အားကောင်းကြ၏။