သေရမယ်ဆိုတာ သံသယဖြစ်စရာ မရှိ
Vol. 8 Ch. 108
"သခင်လေးဝေ့ အဲဒီကောင်လေးပဲ!"
လန်ရော့ရှင်း လုရွှမ်ကို မှတ်မိသလို တခြားသူများကလည်း အလားတူပင်။
"အဲဒီကောင်သာ ဝိညာဥ်ခုနှစ်မျိုးမှိုကို ယူမသွားရင် ငါ့ရဲ့ ခွန်အားတွေလည်း အများကြီး တိုးတက်လာမှာ သေချာတယ်....ဘယ်လိုလုပ် ဒီလိုအရှက်ခွဲတာ ခံရမှာလဲ?"
လုရွှမ်ကိုမြင်တော့ ဝေ့ချန်ရဲ့နှလုံးသားထဲက မုန်းတီးမှုတွေ ထွက်ပေါ်လာသည်။
သူ့ထင်မြင်ချက်အရ သူသာ ဝိညာဥ်ခုနှစ်မျိုးမှိုကို ရရှိခဲ့ပါက သူသည် ဖိရွှယ်နယ်ပယ်တွင် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ယနေ့တွင် ဤမျှ ရှက်စရာကောင်းမည် မဟုတ်ပေ။
ဒီလူထွက်သွားပြီးတဲ့နောက် သင်ခန်းစာတစ်ခု သင်ပေးရမယ်လို့ ပြောခဲ့တဲ့ လူငယ်လေးရဲ့ ဂရုမစိုက်တဲ့ အသံကို ကြားလိုက်ရတဲ့အခါ စိတ်ထဲမှာ အံကြိတ်ရင်း တွေးနေမိသည်။
"ဟင်?"
"အဲဒီကောင်က ဟိုလူကို ထွက်သွားခိုင်းတယ်?"
"သခင်လေးဝေ့တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို မမြင်ဘူးလား?"
... ...
လုရွှမ်အသံကို ကြားတော့ အားလုံး ရူးသွားကြသည်။
အဲဒီလူက ဖိရွှယ်နယ်ပယ်မှာ သန်မာတဲ့ ဝေ့ချန်ကိုတောင် တစ်ချက်တည်း လှုပ်ရှားပြီး အနိုင်ယူခဲ့တဲ့ ဆရာကြီးပဲ။ လုရွှမ်က ရူးနေတာလား ဒါမှမဟုတ် ဦးနှောက်ထဲ ရေဝင်သွားတာလား?
အကူအညီ တောင်းခဲ့သော လန်ရော့ရှင်းပင်လျှင် အံသြသွားသည်။
အကိုကြီး... ရှင့်ကို ကယ်ဖို့ ကျွန်မတောင်းဆိုခဲ့တဲ့ အဓိပ်ပါယျက အရမ်းရိုးရှင်းပါတယ်... စိတ်လှုပ်ရှားဖို့ မဟုတ်ဘဲ တခြားသူကို ထိန်းဖို့ နည်းလမ်းရှာရမှာလေ
လုရွှမ်သည် လျင်မြန်စွာ တိုးတက်နေသော်လည်း လွန်ခဲ့သည့် လဝက်က နန်းတော်ပင်လယ် နယ်ပယ်၏ အစောပိုင်းအဆင့်တွင်မို့ သူ၏တိုးတက်မှုသည် မည်မျှပင် ကြီးမားပါစေ သူသည် ဤပြိုင်ဘက်နှင့် ဝေးကွာနေမည်မှာ သေချာပါသည်။
"ဘာ?"
"ရှို့ဟော်ကို ထွက်သွားခိုင်းတယ်"
"မင်း ဦးနှောက်မှာ တစ်ခုခု မှားနေပြီလား"
"ဟားဟား ထင်ထားသလိုပဲ နေရာသေးသေးက လူတွေက ဉာဏ်ရည် နိမ့်ကြတယ်.... ဒီလိုပြောရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာမယ်ဆိုတာ မင်းမသိဘူးလား?"
သခင်လေးချန်နဲ့ တခြားသူတွေက စားပွဲမှာထိုင်ရင်း အဲဒီလိုပြောရဲတဲ့လူ ရှိနေတာကို ကြားလိုက်တဲ့အခါ အားလုံးက စိတ်လှုပ်ရှားစရာကို ကြည့်နေသလိုမျိုး ရယ်လိုက်ကြသည်။
"ငါ့ကိုထွက်သွားခိုင်းတယ်? သေချာလား?"
ပိန်လှီသော လူငယ်လေးသည်လည်း ခဏတာ တိတ်ဆိတ်သွားကာ ဆိုးဆိုးဝါးဝါး ပြုံးလိုက်သည်။
"မထွက်သွားချင်ရင် ငါမင်းကို ပို့ပေးမယ်!"
ထိုလူငယ်က အပိုတွေ ပြောနေတာကို မြင်တော့ လုရွှမ် စကားပြန်ပြောရမှာ ပျင်းလွန်းတာကြောင့် လက်ပြန်ရိုက်ချလိုက်သည်။
"ကောင်စုတ်လေး....မင်းသေလမ်း ရှာနေတာပဲ!"
ပိန်လှီနေသော လူငယ်သည် တစ်ဖက်က ရုတ်တရက် လှုပ်ရှားလိုက်မယ်လို့ မထင်ထားချေ။ သူ့မျက်နှာ ဖျော့တော့သွားစဥ် လက်ဝါးက သူ့ရှေ့ကို ရောက်လာ၏။
လက်သီးများကို ဆုပ်ကိုင်ထားရင်း ပိန်လှီသောလူငယ်က သူ့ရှေ့ကလူကို ထိုးသတ်ပစ်မည်ဟု တွေးနေသည်။ သို့သော် သူ့မျက်နှာ ရုတ်တရက် ဖြူဖျော့သွားကာ ကြီးမားသော တွန်းအားကို ခံစားလိုက်ရကာ ခပ်လှမ်းလှမ်းသို့ လွင့်သွားပြီး အသက်ရှုမနိုင် ဖြစ်သွားသည်။
ဝုန်း!
အရိုက်ခံလိုက်ရတဲ့ မျက်နှာမှာ ပြင်းပြင်းထန်ထန် နာကျင်သွားသည်။
ဗုန်း!
လူတစ်ဦးလုံးသည် ကွဲထွက်သွားသော အိတ်တစ်လုံးကဲ့သို့ ဆယ်မီတာကျော် အကွာအဝေးသို့လွင့်သွားသည်။ မြေပြင်ပေါ်သို့ လဲကျကာ ခေါင်းစောင်းလျက်သား မေ့မြောသွား၏။
အခုက ဝေ့ချန်ထက် ဆယ်ဆ ပိုဆိုးသွားပြီ။
"အာ?"
"ဖိရွှယ်နယ်ပယ် အထွက်အထိပ် အဆင့်ကို ရိုက်ချပစ်တာလား?"
........
အော်ချိန်လေးတောင် မရလိုက်ဘူး။
သူ့ကို သင်ခန်းစာ သင်ပေးဖို့ တွေးနေခဲ့သူတွေ မူးလဲလုနီးပါး ဖြစ်သွားကြသည်။
ဒီကောင်က... တကယ်ကို အတန်းနိမ့်တဲ့ ကျောင်းသားလား?
အထူးသဖြင့် ဝေ့ချန်ပင် ဖြစ်ကာ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူသည် ပိန်ပိန်ပါးပါး လူငယ်လေးနှင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး ပြိုင်ဘက်က ပြင်းထန်လွန်းသဖြင့် သူ့လိုဆယ်ယောက်ပင် မယှဉ်နိုင်ပေ။ သို့သော် အရိုက်လိုက်ဖြင့် ပျံသန်းသွားသော ထိုကဲ့သို့သောလူသည် ခုခံရန် အချိန်မရှိခဲ့ပေ။
ဒီကောင်...ဘယ်လိုများ ဒီလောက်သန်မာနိုင် ရတာလဲ?
လန်ရော့ရှင်းလည်း နေရာ၌ တောင့်တောင့်ကြီး ရပ်နေမိသည်။
သူမသည် လျင်မြန်စွာ တိုးတက်အောင်မြင်ခဲ့ပြီး ကျန်းဝူအကယ်ဒမီ၏ သမိုင်းကြောင်းကို ရေးထိုးနိုင်ပြီဟု ထင်မြင်ခဲ့သော်လည်း သူမရှေ့တွင် ထိုလူက သူမထက် သာလွန်နေ၏။
လွန်ခဲ့တဲ့ တစ်လကျော်လောက်က သူမဟာတစ်ဖက် ရင်ဘတ်ကို ထိရုံသာ ရိုက်နှက်နိုင်ခဲ့ပေမယ့် အခုတော့...
ရှင်က နတ်ဆိုးလား...
......
သခင်လေးချန် အမည်ရှိ လူငယ်သည် မျက်လုံးများကို မှိတ်ထားသည်။
လုရွှမ်က အခုနက လှုပ်ရှားလိုက်တဲ့အခါ သူ့ရဲ့ကျင့်ကြံမှု အဆင့်က ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဆိုတာကို မြင်လိုက်ရသည်။
"ဒီလိုအရွယ်မှာ ဖိရွှယ်နယ်ပယ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်တာ တကယ်ကောင်းပါတယ်...ဒါပေမဲ့..."
သခင်လေးချန်သည် စားပွဲကို လက်ညှိုးနဲ့တောက်လိုက်ရင်း သန်မာတဲ့ လူတစ်ယောက် အသွင်ဖြင့်။
"ငါ့မျက်လုံးထဲမှာတော့ အစွမ်းထက်တဲ့ ပုရွက်ဆိတ် တစ်ကောင်ပဲ.... မင်းကို အခွင့်အရေး ပေးမယ် ဒူးထောက်ပြီး မင်းအမှားတွေကို ဝန်ခံလိုက်....ငါမင်းရဲ့ ကျင့်ကြံမှုကိုပဲ ဖျက်စီးပြီး မင်းအသက်ကို ချမ်းသာပေးမယ်.."
ဖိရွှယ်နယ်ပယ် ဆိုသည်မှာ အခြားသူများအတွက် ကြောက်စရာ ဖြစ်သော်လည်း သူ့အတွက်မူ လုံးဝ အရေးမပါချေ။
ထိုသို့ ဟန်ဆောင်မှုရှိသော ရာဇ၀တ်ကောင်နှင့် ရင်ဆိုင်ရသောအခါ လုရွှမ်သည် အာရုံစိုက်ရန် စိတ်မ၀င်စားဘဲ ခေါင်းလှည့်၍ သူ့ရှေ့မှ လန်ရော့ရှင်းကို ကြည့်ကာ
"ငါတို့ကိစ္စ ရှင်းသွားပြီ!"
"ရှင်းပါပြီ..."
လန်ရော့ရှင်း ခေါင်းညိတ်လိုက်သည်။
သူမ၏ ကြင်နာမှုသည် ဝမ်ဖုန့်ချိုင့်ဝှမ်းတွင် ဖြစ်ခဲ့သော တစ်ဖက်လူ၏ နေရာကို ဖုံးကွယ်ရန် ဖြစ်သည်။ သူ၏လက်ရှိ အင်အားအရ ဝေ့ချန်ကို လှည့်စားရန် ဖြစ်နိုင်သော်လည်း သန်မာသူတွေကိုတော့ မပြောတတ်ချေ။
ဤကြင်နာမှုသည် မရှိမဖြစ် လိုအပ်နေပြီဟု ဆိုနိုင်ကာ ယခုအခိုက်အတန့်တွင် သူမအား ကူညီခြင်းသည် အလွန်ကောင်းသည်ဟု ယူဆလို့ရ၏။
"ခွေးကောင်! သခင်လေးချန်က မင်းနဲ့စကားပြောနေတာ မင်းနားမကြားဘူးလား?"
လုရွှမ်က သခင်လေးချန်ကို လျစ်လျူရှုထားတာကို မြင်တော့ လူအုပ်ထဲက လူငယ်တစ်ယောက်က ကျယ်လောင်စွာ ထအော်လိုက်သည်။
"မင်းဘာပြောလိုက်တယ်?" လုရွှမ် သူ့မျက်နှာကို လှည့်ကြည့်လိုက်သည်။
"စည်းမျဥ်း မသိတဲ့ ခွေးကောင်! ငါမင်းကိုပြောနေတာ....မင်းအမှားကို ချက်ချင်းဝန်ခံဖို့ ဒူးမထောက်သေးဘူးလား..." လူငယ်က ဒေါသတကြီးထပြီး ဟောက်လိုက်တယ်။
ဝှစ်.....
ဟိန်းဟောက်သံ မဆုံးခင်မှာပဲ သူ့မျက်လုံးတွေရှေ့မှာ မှုန်ဝါးဝါးသဏ္ဌာန် တစ်ခုပေါ်လာ၏။ အခုနက အဝေးမှာရှိနေတဲ့ ကောင်လေးပါပဲ။
"အမှားကို ဝန်ခံရမယ်? မင်းဒီလောက်တောင် အမှားဝန်ခံချင်နေမှတော့ ဝန်ခံလိုက်တော့!"
လုရွှမ်က ဂရုမစိုက်ဘဲ သူ့ကို ရိုက်ချလိုက်သည်။
ဖောင်း!
လူငယ်က မတုံ့ပြန်နိုင်ခင်မှာ သူ့မျက်နှာက ဖျော့တော့ပြီး ပိန်လှီတဲ့ လူငယ်လေးရဲ့ ခြေရာအတိုင်း လေထဲမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးမှ မြေပြင်ပေါ် လဲကျသွားကာ သေလားရှင်လား မသိရပေ။
"မင်းတော့ တကယ် သေချင်နေပြီပဲ!"
လုရွှမ်က သူ့လက်အောက် ငယ်သားတွေကို ဆက်တိုက် ဒဏ်ရာတွေ ပေးနေတာကို သခင်လေးချန် တွေ့လိုက်ရတော့ သူ့မျက်နှာက ကြည့်ရဆိုးသွားသည်။
"လှဲအိပ်လိုက်တော့!"
ဗုန်း
ထူထဲသော ဝိညာဥ်ချီသည် သူ့လက်ဖဝါးမှ လွတ်မြောက်ကာ ၃၀၀ကျော်သော အင်အားဖြင့် ဝိညာဥ်လှိုင်းလုံးသည် ကြီးမားသော စမ်းချောင်းတစ်ခုအဖြစ် အရှေ့သို့ မှုတ်ထုတ်သွားသည်။
"ဒါက... ထုံးရွှမ်နယ်ပယ်?"
"ဝူအဆင့်၆ ထုံးရွှမ်နယ်ပယ်?"
.......
သခင်လေးချန်၏ လှုပ်ရှားမှုကိုမြင်တော့ လန်ရော့ရှင်းနဲ့ တခြားသူတွေက ဖြူဖျော့သွားကြ၏။နောက်ဆုံးတော့ လူငယ်က ဘာကြောင့် ဒီလောက်ထိ မာနထောင်လွှားရမှန်း သူတို့ နားလည်သွားသည်။
တကယ်ကို သူက ထုံးရွှမ်နယ်ပယ်က သန်မာသူ တစ်ယောက်ပင်။
ထုံးရွှမ်နယ်ပယ်တွင် ဝိညာဥ်သွေးကြောများ ပွင့်နေတာကြောင့် စွမ်းအားသည် လျင်မြန်ပြီး ပြင်းထန်သည်။ ယခင် ဖိရွှယ်နယ်ပယ်၌ အမှတ်များဖွင့်ပါက စွမ်းအားမှာ ၁၀တိုးလာပြီး ထုံးရွှမ်ကတော့ စတင်သည်နှင့် စွမ်းအား ၁၀၀ ဖြစ်သည်။
နယ်ပယ်၂ခုကြား ကွာခြားချက်က အလွန်ကြီးမား၏။ တူညီသော အဆင့်တွင် လုံးဝ မဟုတ်ချေ။
ယခင်က အဆင့်တစ်ခုစီကြားက ကွာဟချက်ကို လေးဆတိုးတယ်လို့ ဆိုရရင် ထုံးရွှမ်နယ်ပယ်မှာ အနည်းဆုံး ငါးဆ ဒါမှမဟုတ် ထိုထက်ပိုပြီး များနိုင်သည်။
ဆိုလိုသည်မှာ ဖိရွှယ်နယ်ပယ်၏ ကျွမ်းကျင်သူငါးဦးသည် ထုံးရွှမ်နယ်ပယ်၏ အစောပိုင်းအဆင့် လူတစ်ယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထုံးရွှအ်နယ်ပယ်ကို ရောက်နိုင်သူတိုင်းကို အကယ်ဒမီမှာ ဖြစ်ဖြစ် အင်ပါယာမှာပဲ ဖြစ်ဖြစ် ထိပ်တန်းပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်သည်။
လူတိုင်းက လုရွှမ်ဟာ တစ်ဖက်လူရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ ထင်နေကြသည်။
နောက်ဆုံးမှာတော့ တိုးတက်မှု ဘယ်လောက်ပဲ မြန်နေပါစေ ထုံးရွှမ်နယ်ပယ် ဆိုတာ ကောင်းကင်ဘုံနဲ့ ဆန့်ကျင်နေပြီမို့ ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ?
"သခင်လေးချန် ကိုယ်တိုင် လှုပ်ရှားလာပြီဆိုတော့ ကောင်စုတ်လေး မင်းသေပေတော့!"
"သခင်လေးချန်က ဘယ်လို အသက်ရှင်ရမလဲ မသိတဲ့ ခွေးအတွက် သူကိုယ်တိုင် လှုပ်ရှားလာပြီဆိုတော့ သေသွားတာ အကောင်းဆုံးပဲ!"
"ရှို့ဟော်နဲ့ တခြားလူတွေကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိတယ်ဆိုတော့ သူ့ကိုယ်သူ ဝက်ဝံရဲ့နှလုံးသားနဲ့ ကျားသစ်သည်းခြေကို စားရသလို ခံစားနေပုံပဲ!"
......
သူဒေါသထွက်နေတာကို မြင်တော့ သခင်လေးချန်ရဲ့ နောက်ကွယ်က လူငယ်တွေအားလုံး စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကို ကြည့်နေသလိုမျိုး အေးစက်စက် ပြုံးနေကြ၏။
ဗုန်း!
လူတိုင်း၏ အမြင်တွင် စွမ်းအား၃၀၀ ထက်ပြင်းသော လက်ဝါးသည် လုရွှမ်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။
"မင်းမရှောင်ရင် သေမှာ သေချာတယ်... မင်းအဆင့်၇ ကိုယ်ခံပညာရှင် တစ်ယောက်ဆိုရင်တောင် ငါ့ရဲ့ခွန်အားကို မတားနိုင်ဘူး!"
သူ ရှောင်မပြေးတာကို မြင်လိုက်ရတော့ ဆရာကြီးချန်က သူ့ရင်ထဲမှ အေးစက်စွာ အော်ဟစ်လိုက်သည်။
၃၀၀ ထက်မနည်းသော အစွမ်းသတ္တိရှိ၍ သူ့ရှေ့က တောင်ငယ်လေးကိုတောင် ပေါက်ကွဲနိုင်သည်။
ဒီကောင်လေးက ရှောင်ဖို့တောင် မကြိုးစားဘဲ ရင်ဘတ်ကို ထိသွားတယ်ဆိုတော့ အခြေခံအားဖြင့် ပြောလို့ရတာက ပြီးသွားပြီ။
သူသေရမယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။