ကျီးမည်း ခြိမ်းခြောက်ခံရပြီ
Vol. 8 Ch. 109
"ဒီလိုဆင်းရဲတဲ့ နေရာကို လာပြီး ကိုယ်တိုင် လှုပ်ရှားရမယ်လို့ မမျှော်လင့်ထားဘူး!"
သခင်လေးချန် တွေးပြီး လှောင်ပြောင်သည့် သဘောဖြင့် သေနေတဲ့လူကို ကြည့်နေသလို လုရွှမ်ကို ကြည့်ပြီး
"ကောင်လေး! ငါ့နာမည်က ချန်တုံး.... ငရဲရောက်ရင် မင်းကိုဘယ်သူ သတ်လဲဆိုတာ သတိရနေလိမ့်မယ်"
စကားပြီးသည်နှင့် လက်ကိုင်ပုဝါကို ထုတ်ကာ ဂုဏ်ယူစွာဖြင့် လက်ဖဝါးကို သုတ်လိုက်သည်။
"ပြောလို့ ပြီးပြီလား?"
တစ်ဖက်လူက သည်းမခံနိုင်တော့ဘူးလို့ တွေးပြီး ချက်ချင်း လဲကျသွားတော့မယ့် သူ့ရှေ့က လူငယ်ကို ဘာသိဘာသာ ကြည့်နေလိုက်သည်။
အသံသည် လေထဲမှ ထွက်ပေါ်လာပြီး ဒဏ်ရာ လက္ခဏာ မတွေ့ရပေ။
"မင်း"
ချန်တုံး အံ့အားသင့်သွားသည်။
မဖြစ်သင့်ဘူးလေ။ ခွန်အား၃၀၀ ကျော်ရဲ့ အားက ရင်ဘတ်ကို ထိသွားတယ်။ အဆင့်၇ တိုက်ခိုက်ရေး သမားတွေတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
"ဒါဆို ငါ့အလှည့်ပဲ!"
တစ်ဖက်လူနှင့် စကားပြောရတာ ပျင်းလွန်းသဖြင့် လက်ဖြင့်ရိုက်ချလိုက်သည်။
ဗုန်း!
"အား"
ချန်တုံး၏ မျက်နှာသည် ခဏမျှ လိမ်ထွက်သွားကာ ယခင်နှစ်ယောက် ကဲ့သို့ပင် သူတုံ့ပြန်ချိန် မရဘဲ ဇောက်ထိုး လွင့်ထွက်သွားသည်။
"ဒါ....ဒါ....ဒါ...."
"သခင်လေးချန်..."
သခင်လေးချန်နဲ့ စတိုက်ရကတည်းက လုရွှမ် ရှုံးမည်ဟု ထင်မြင်ခဲ့ကြသော်လည်း လူများအားလုံးသည် ဤမြင်ကွင်းကို မြင်ပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရင်ဘတ်ကို အထိုးခံလိုက်ရတာတောင် ဘာမှမဖြစ်ဘူးလား?
သခင်လေးချန်က အရိုက်ခံလိုက်ရတယ်?
တကယ်ကြီးလား?
"သွားပြီ!"
သူတို့ရဲ့ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုပြီး လုရွှမ်သည် လက်လှမ်းပြီး စားပွဲပေါ်ကျန်နေတဲ့ ဝိုင်ပုလင်း အနည်းငယ်ကို ကောက်ယူကာ လန်ရော့ရှင်းကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။
ဒီလူတွေကို သင်ခန်းစာ သင်ပေးတာက လန်ရော့ရှင်းရဲ့ မူလကြင်နာမှုကို ပြန်ပေးဆပ်တာပဲ ဖြစ်သည်။ သခင်လေးချန်ဟာ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတာကြောင့် ကျန်သူတွေက သူမကို အနိုင်ကျင့်ဖို့ ဝံ့ရဲကြတော့မှာ မဟုတ်ချေ။
"ထုံးရွှမ်နယ်ပယ်ရှိ ပညာရှင် တစ်ယောက်ကို သူ့လက်တစ်ချက်တည်းနဲ့ ရိုက်ထုတ်လိုက်တယ်..."
ဝေ့ချန်နှင့် အခြားသူများ တံတွေး မျိုချလိုက်သည်။
ဒီကောင်ကို အခုနက ဒုက္ခပေးမယ်လို့ ဘယ်သူပြောခဲ့ပါလိမ့်?
"ကျွန်မကို စောင့်ပါဦး"
လန်ရော့ရှင်းသည် ထိတ်လန့်တုန်လှုပ်ရာမှ ပြန်လည် သတိရလာကာ ခဏမျှ ထိတ်လန့်သွားပြီး သူ့နောက်ကို ကမန်းကတန်း လိုက်လာခဲ့သော်လည်း စားသောက်ဆိုင် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါတွင် အမှောင်ထုကြီးသာ မြင်လိုက်ရပြီး ဘယ်သူမှ မရှိတော့ပေ။
လုရွှမ် ဘယ်သွားသည်ကို မသိလိုက်။
"ရှင် ဒီလောက်မြန်မြန် ပြေးနိုင်မယ်လို့ မယုံဘူး!"
သူမ၏သွားများကို အံကြိတ်ကာ လန်ရော့ရှင်းသည် အကယ်ဒမီ၏ ဦးတည်ရာသို့ အလျင်အမြန် လိုက်သွားခဲ့သည်။
ဝှစ်....
လုရွှမ်သည် ကျောက်စိမ်းပြားထဲက နေရာ၌ ပေါ်လာသည်။
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် လူသူကင်းမဲ့သော လမ်းကြားတစ်ခုကို တွေ့ပြီး ဤနေရာကို ဝင်လာခဲ့သည်။
"မင်းအတွက် သေရည်..."
သေရည်ပုလင်းကို မြေပြင်ပေါ် ပစ်ချပြီး သူ့ရှေ့က ကျီးကန်းကို ကြည့်လိုက်သည်။
"နောက်ဆုံးတော့ ဝယ်ပြီးပြီပေါ့..."
ကျီးကန်းသည် ဝူး"ကနဲ ပျံသန်းလာပြီးနောက် သေရည်အိုးရဲ့ ပိတ်အစို့ကို ဖယ်ရှားလိုက်ကာ ၎င်း၏နှုတ်သီးကို သေရည်အိုးထဲ တိုက်ရိုက် ထည့်ချလိုက်သည်။
ခဏအကြာတွင် ကျေနပ်သော မျက်နှာဖြင့် ခေါင်းကို မော့လိုက်ပြီး
"အရသာက ဆိုးပေမယ့် ဒီလိုနေရာမျိုးက အဆင်ပြေပါတယ်..."
"ငါဝယ်ခဲ့ပြီးပြီ....မင်းပြောတဲ့ ယွမ်ယန်သွေးကြော မြေပုံဘယ်မှာလဲ? ငါ့ကိုပေးသင့်ပြီမလား?"
လုရွှမ်က ဆို၏။
"သွေးကြော? ဘာသွေးကြောလဲ??"
ကျီးကန်းသည် ကြောင်အအပုံစံဖြင့်။
"မင်း ငါ့ကို လိမ်ချင်နေတာလား?" လုရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ကျီးကန်းသည် ဝိုင်ကောင်းကောင်း ဝယ်လာရင် ယွမ်ယန်သွေးကြော အကြောင်းကို ပြောပြမည်ဟု ပြတ်ပြတ်သားသား ပြောခဲ့ဖူးသည်။ သေရည်ဝယ်ပြီးနောက်မှ ဘာလို့ စိတ်ပြောင်းသွားသလို ဖြစ်နေတာလဲ?
"လိမ်တယ်? ငါကလိမ်စရာလား?"
ကျီးမည်းက တဟားဟား အော်ရယ်လိုက်ကာ။
"ငါက မကျေနပ်ရုံလေးပဲ! ကောင်လေး! ငါမင်းကို သေရည်တောင်းထားတာ ဒီလောက်ကြာပြီကို မင်းမှာ အကြီးအကဲတွေအပေါ် လေးစားတတ်တဲ့ စိတ်ရောရှိလား? လိုချင်တာ ဒီလောက်ကြာမှ ယူလာတယ်! သွေးကြာပုံကြမ်း လိုချင်တယ်ပေါ့!....လုံးဝပဲ ဒီအဖိုးကျေနပ်မှ ပြောပြချင်ရင် ပြောပြမယ်!"
"မြန်မြန်လုပ်....ဒီအဖိုးရဲ့ ခြေထောက်တွေကို နှိပ်ပေးစမ်းပါ..."
ကျီးကန်းသည် မာနကြီးသော မျက်နှာဖြင့် ခြေသည်းတစ်ဖက်ကို ဆန့်လိုက်သည်။
"မပြောချင်တာ သေချာလား"
လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။
မပြောဘူး ကျီးကန်းက အောင်ပွဲခံသည်နှယ် မော့ကြည့်လိုက်သည်။
ကောင်လေးဟာ အရင်က သူ့ကို စိတ်ရှုပ်စေခဲ့သလို သူကလည်း တစ်ဖက်လူ ခဏတာ စိတ်လောစေလိုက်မည်။
"ကောင်းပြီလေ!"
ဘာမှပြန်မပြောတာကို မြင်တော့ လုရွှမ် ဘာမေးခွန်းမှ မမေးဘဲ သူ့လက်ချောင်းများဖြင့် သေရည်အိုးကို ဆုပ်ကိုင်လိုက်ကာ ညှစ်ပစ်လိုက်သည်။
ခွမ်း!
သေရည်အိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်း ကွဲအက်သွားပြီး ရနံ့သည် ချက်ချင်းပင် ကျောက်စိမ်းအလွှာ၏ နေရာတစ်ခုလုံးကို ပြည့်နှက်သွားသည်။
"မင်းဘာလုပ်တာလဲ?"
စကားတစ်ခွန်းမှ မပြောဘဲ သေရည်အိုးကို တိုက်ရိုက် ပစ်ချလိုက်တာကို မြင်တော့ ကျီးကန်း လန့်ပြီး ပြေးသွားသည်။
"ဘာမှ မလုပ်ပါဘူး... မင်းက မသောက်ချင်ဘူး ဆိုတော့လည်း ဒါတွေကနောက်လည်း မလိုတော့ဘူးလေ"
လုရွှမ်သည် သေရည်အိုးကို ထပ်မံဖမ်းယူပြီး ပေါ့ပေါ့ဆဆ နောက်တစ်ကြိမ် ပစ်လိုက်သည်။
"ဟေ့...မင်း...ရပ်လိုက်စမ်း!"
ကျီးကန်း၏ မျက်နှာသည် စိမ်းပုပ်သွားပြီး ကျေနပ်အားရမှုများ ချက်ချင်း ပျောက်ကွယ်သွားကာ ငိုလုဆဲဆဲပင် ဖြစ်သွားသည်။
ကောင်လေး မင်းနည်းလမ်းကျကျ လုပ်လို့မရဘူးလားကွ!
ယွမ်ယန်သွေးကြောရဲ့ ပုံကြမ်းကို ပေးစေချင်ရင် မင်းက ဒူးထောက်ပြီး အရသာရှိတဲ့ အစားအစာ မျိုးစုံကို ပို့ပေးပါ့မယ်ဆိုပြီး ငါ့ကို တောင်းပန်သင့်တာလေ။ ဘာလို့ သေရည်အိုးကို လွှင့်ပစ်လိုက်တာလဲ...
"ဘာလဲ? မပြောချင်သေးဘူးလား??"
လုရွှမ်က တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ် သေရည်ပုလင်းကို ကောက်ယူလိုက်သည်။
"ငါ.....ကောင်းပြီ!"
နောက်ဆုံး အိုးပဲ ကျန်တော့တာကို မြင်လိုက်ရတော့ ဒီအကြောင်းကို မပြောပြရင် တစ်ဖက်က တကယ်ကို သတ္တိရှိရှိ ပစ်ချလိုက်မှာကြောင့် ကျီးကန်းဟာ မျက်ရည်မကျဘဲ ငိုချင်လာတာကြောင့် သူက
ယွမ်ယန်ကျင့်စဥ်ရဲ့ ပထမအဆင့်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးရင် သွေးကြော မြေပုံကို သင်ယူနိုင်မှာ..."
"ဒီလောက်ရိုးရှင်းလား?"
လုရွှမ် အံ့အားသင့်သွားသည်။
"ဟုတ်တယ်...သတိထား... ဒီသေရည်အိုးကိုတော့ လုံးဝ လွင့်ပစ်လိုက်လို့ မဖြစ်ဘူး..."
ကျီးကန်းသည် သူ့သွားများကို ကြိတ်ရင်း ပြောလိုက်သည်။
"ကောင်းပြီ ငါမင်းကို တစ်ကြိမ် ယုံလိုက်မယ် မဟုတ်ရင်တော့ မင်းနောက်မှာ သေရည် ကောင်းကောင်း သောက်ချင်မနေတော့နဲ့..."
လုရွှမ်သည် သေရည်အိုးကို ချလိုက်ပြီး ဖြောင့်မတ်သော ကျီးကန်းကို လျစ်လျူရှုလိုက်သည်။
ကျီးကန်းသည် သက်ပြင်းတစ်ချက်ချကာ အရှိန်အဟုန် ပြင်းပြင်းဖြင့် တောင်ပံခတ်ကာ သေရည်အိုးကို ကိုင်ဆောင်ကာ တွန့်ဆုတ်နေသော မျက်နှာဖြင့် အလျင်အမြန် ပျံသန်းသွားလေသည်။
တစ်ဖက်တွင် တင်ပျဉ်ခွေ ထိုင်နေသော လုရွှမ်သည် အာရုံစူးစိုက်ပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ကြည့်လိုက်သည်။
ဤလေ့ကျင့်မှု ကာလအတွင်း ယွမ်ယန်ကျင့်စဥ်သည်လည်း အဆင့်တိုးလာခဲ့ပြီး ပထမအဆင့်သည် ပင်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့သည်။
ပြီးပြည့်စုံခြင်းနှင့် အဆင့်တစ်ဆင့်သာ ကွာဝေးသော်လည်း ဖြတ်ကျော်ရန် မလွယ်ကူကြောင်း သူသိသည်။
ယွမ်ယန်ကျင့်စဥ် အနည်းငယ် တိုးတက်လာတိုင်း စစ်မှန်သော စွမ်းအင်ပမာဏ များစွာလိုအပ်သည်။
တစ်နေရာတည်းတွင် ထိုင်ရင်း သွေးကြောတွေထဲ ဆယ်ကြိမ်တိုင်တိုင် တိတ်တဆိတ် ပြေးလွှားလာခဲ့ရာ အောင်မြင်မှု အရိပ်အယောင် လုံးဝမရှိသည်ကို တွေ့လိုက်ရသောကြောင့် လုရွှမ် မတ်တပ်ထရပ်လိုက်သည်။
"ဆန်းကြယ် သွေးကြောဆေးကို အရင်သန့်စင်ရအောင်!"
အချိန်တိုအတွင်း ယွမ်ယန်ကျင့်စဥ်၏ ပထမအဆင့်ကို ပြီးပြည့်စုံသော အဆင့်ထိ တက်လှမ်းရန် အလွန်ခက်ခဲသည်။ အချိန်ဖြုန်းမည့် အစား ဆန်းကြယ် သွေးကြောဆေးကို သန့်စင်ခြင်းသည် ပိုကောင်းပါ၏။
ဘာပဲဖြစ်ဖြစ် အားလုံး အဆင်သင့် ဖြစ်နေပြီးသားလေ။
မှော်ဆေးလုံးကို သန့်စင်ပြီး နောက်ပိုင်းမှာ ခရီးဆက်ရင်လည်း အဆင်ပြေပါ၏။
အဂ္ဂိရတ်မီးဖိုသို့ ယူ၍ မီးကို အစပျိုးထားလိုက်ပြီး သာမာန်ဆေးပင် အချို့ကို ထုတ်ကာ ဆေးမီးဖို အတွင်းသို့ ပစ်ချလိုက်သည်။
သန့်စင်ပြီးသော အဂ္ဂိရတ်မီးဖိုသည် ဆေးပင်များနှင့် မထိတွေ့ဖူးပေ။ မည်မျှပင် အစွမ်းထက်သော အဂ္ဂိရတ်ပညာရှင် ဖြစ်ပါစေ ပထမအကြိမ်တွင် အစိမ်းသက်သက် ခံစားရလိမ့်မည်။
အဂ္ဂိရတ်မီးဖိုကို နှစ်ကြိမ်ခန့် ဦးစွာသန့်စင်ပေးရမည်။ မီးဖိုက အစွမ်းသတ္တိ အမျိုးမျိုးနဲ့ ထိတွေ့ပြီးသောအခါမှ ကောင်းသော သက်ရောက်မှုကို ပေးစွမ်းနိုင်သည်။
မကြာသေးခင်ကမှ သန့်စင်ထားသော အဂ္ဂိရတ်ဆေးသည် အဂ္ဂိရတ်မီးဖိုကို ထိန်းချုပ်ရန် မလွယ်ကူသောကြောင့် အလွယ်တကူ မအောင်မြင်နိုင်ရာ ၎င်းကို [အမှိုက်ဆေးလုံး] ဟုလည်းခေါ်သည်။
လုရွှမ်၏ လက်ဆယ်ချောင်းသည် တဖျပ်ဖျပ်ခတ်သွားပြီး မကြာမီ ဆေးပင်များစွာ ပစ်ချလိုက်သော အဂ္ဂိရတ်မီးဖို၏ အပူချိန်သည် တိုးမြင့်လာသည်။
မကြာမီ ပထမဆေးလုံး ထွက်လာသည်။ အဆင့်မမြင့်သော်လည်း ပြည့်ဝပြီး အရည်အသွေး မနိမ့်ပါ။
အဂ္ဂိရတ်ပညာသည် အမှိုက်ဖြစ်သော်ငြား သူ၏ အဂ္ဂိရတ် ကျွမ်းကျင်မှုဖြင့် ၎င်းသည် သာမန်လူများ၏ ဆေးလုံးများထက် များစွာသာလွန်သည်။
ဆေးလုံး၂လုံးကို ဆက်တိုက် သန့်စင်ပြီး ဤဆေးမီးဖို၏ အခြေအနေကို သေချာနားလည်ပြီးနောက် လုရွှမ်သည် ဆန်းကြယ် သွေးကြောဆေးကို သန့်စင်ရန်အတွက် ဆေးပင်များကို ယူဆောင်လာခဲ့သည်။
"စကြရအောင်!"
သူ၏ စိတ်နှင့် အခြေအနေကို ချိန်ညှိပြီးနောက် လုရွှမ်သည် အသက်ရှူထုတ်လိုက်သည်။ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆေးပစ္စည်းမျိုးစုံသည် အဂ္ဂိရတ်မီးဖိုဆီသို့ ပျံသန်းသွား၏။
ဆန်းကြယ် သွေးကြောဆေးလုံးသည် အဆင့်၇ ဆေးဖြစ်ပြီး သူ၏စိတ်ဝိညာဉ် အတိုင်းအတာမှာ ၀.၈ သာရှိသောကြောင့် ၎င်းကို အဆင့်၆ အဂ္ဂိရတ်ပညာရှင် အဖြစ် သတ်မှတ်နိုင်သည်။
၎င်းကို ကြိုတင် မပြင်ဆင်ပါက ကျရှုံးမှုနှုန်းမှာ အလွန်မြင့်မားလိမ့်မည် ဖြစ်သည်။