မိန်းကလေးသုံးဦး အတူဆုံခြင်း
Vol. 8 Ch. 110
ကျန်းဝူအကယ်ဒမီ၏ အိပ်ဆောင်၌။
တံခါးဖွင့်သံနဲ့အတူ ယွမ်ချောင်နှင့် ရန်းလင် အခန်းထဲ ဝင်လာသည်။
"လုရွှမ်ပေးခဲ့တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေက အစွမ်းထက်လွန်းတယ်.... အချိန်တိုလေး အတွင်းမှာပဲ ငါတန်းလိနယ်ပယ်ကို ခွန်အားအပြည့်နဲ့ ရောက်သွားပြီ!"
သူအခန်းထဲ ဝင်လာပြီးတာနဲ့ ယွမ်ချောင်ဟာ သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေကို ခံစားလိုက်ရပြီး စိတ်မထိန်းနိုင်စွာ ထုတ်ပြောလာ၏။
"ဝိညာဥ်အရည်နဲ့ လေ့ကျင့်တာက လှည့်စားတဲ့ကိရိယာကို ဖွင့်တာနဲ့တူတယ်.... တစ်နေ့လောက်မှာ လေ့ကျင့်လိုက်တာနဲ့ အရေပြား အရိုးရဲ့ မူလနယ်ပယ်ကနေ ထိုးဖောက်ပြီး ကြံ့ခိုင်မှုအပြည့်ရှိတဲ့ တန်းလိနယ်ပယ်ကို ရောက်သွားတယ်... အဲဒါကို မလုပ်ခင်က ထိုးဖောက်နိုင်မယ်လို့ စဥ်းတောင်မစဥ်းစားရဲဘူး..."
ရန်းလင်မှာလည်း တောက်ပသော မျက်လုံးများ ရှိ၏။
လုရွှမ်က သူတို့ကို ကျွမ်းကျင်မှုအတွက် နည်းလမ်းအသစ်တွေနဲ့ ဝိညာဉ်ရေးအရည်တွေကို ပေးခဲ့သောအခါ တစ်ရက်အတွင်းမှာပဲ သူတို့ရဲ့ အဆင့်တွေက ခုန်ပျံသွားခဲ့သည်။
သူတို့နှစ်ဦးသည် မူလနယ်ပယ်မှ ဖြတ်ကျော်ကာ အင်အားအပြည့်ဖြင့် အားကောင်းလာခဲ့သည်။
ပြောရရင်တောင် သူတို့ကိုယ်သူတို့တောင် မယုံနိုင်ဘူး။
"လုရွှမ်က အစွမ်းထက်တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို ပေးခဲ့တဲ့ ကိစ္စကို လျှို့ဝှက်ထားရမှာပဲ... မဟုတ်ရင် တခြားသူတွေရော ကိုယ့်ကိုပါ ထိခိုက်လာလိမ့်မယ်!" ယွမ်ချောင်က နားလည်စွာ ပြောလာ၏။
ဝိညာဉ်ရေးအရည်သည် အလွန်ရှားပါးသော်လည်း ၎င်းတို့အတွက် လျင်မြန်စွာတိုးတက်ရန် လုံးဝမဖြစ်နိုင်ပေ။ ယင်းမှာ လေ့ကျင့်ရေး နည်းလမ်းကြောင့်ဖြစ်ရမည်။
"ဟုတ်တယ် သူဘယ်လို အခွင့်အရေးကောင်းတွေ ရလာလဲမသိဘူး... အစွမ်းထက်တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို ရလာတယ်"
ရန်းလင် သက်ပြင်းချလိုက်သည်။
"ဘယ်လို အခွင့်အရေးပဲ ဖြစ်ဖြစ် ငါတို့မေးလို့ ရတာမဟုတ်ဘူး..." ယွမ်ချောင်က မျက်ခုံးပင့်လိုက်ပြီး သူ့အသံက တင်းမာသွားသည်။
"အင်း!" ရန်းလင်လည်း နားလည် သဘောပေါက်ကာ ခေါင်းညိတ်ပြပြီး ခဏငြိမ်နေလိုက်သည်။ တစ်စုံတစ်ခုကို သတိရသွားပြီး ရုတ်တရက် ပြုံးလိုက်ကာ
"ယွမ်ချောင်....ဆူးယာသာ လုရွှမ် အရမ်းအစွမ်းထက်နေပြီ ဆိုတာသိရင် သူမ နောင်တရလောက်လား?"
အတူတူနေ အိပ်ဆောင်တွင် နှစ်ယောက်သား ဆူးယာအကြောင်းလည်း အနည်းအကျဉ်း သိထားကြသည်။
လုရွှမ် သူမအတွက် လုပ်ဆောင်ပေးခဲ့သမျှကို သူတို့သိပြီး သူမသည် အတ္တအတွက် ရက်ရက်စက်စက် စွန့်ပစ်ခဲ့သည်ကိုလည်း သူတို့သိသည်။
"သူ သေချာပေါက် နောင်တရလိမ့်မယ်!"
ယွမ်ချောင်က ဆက်၍
"လုရွှမ်က ဒီရက်တွေမှာ နေ့ရောညပါ လေ့ကျင့်နေတာ ဝမ်းနည်းချိန်တောင် မရလောက်ဘူး"
"ဟုတ်တယ် ဒီလို ရူးရူးမူးမူး လေ့ကျင့်နေတာ မြင်ရတော့ စိတ်နာလိုက်တာ.... လုရွှမ်က နေရာတိုင်းမှာ တော်တယ် ဒါပေမဲ့ သူက မိန်းမတွေကို နားမလည်ဘူး... ကောင်မလေးတွေကို ဘယ်လို ရွေးရမှန်းလည်း မသိဘူး...အဲဒါကြောင့် သူက မိန်းမတွေဆီက အသည်းခွဲခံရတာ!"
သူပြန်လာရင် ပြောပြရမယ်...ဒီလိုမိန်းမမျိုးက သူနဲ့ မထိုက်တန်ဘူး... ယောက်ျားဆိုတာ ကိုယ့်ကိုကိုယ် သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားစရာ မလိုဘူး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ပဲ"
"ပြောရတော့ လွယ်တာပေါ့....ဒါပေမဲ့ သူ့ပုံစံကို ကြည့်ရတာ အချိန်တိုအတွင်း နာကျင်မှုက ရုန်းထွက်နိုင်မှာ မဟုတ်ဘူး!"
.......
နှစ်ယောက်သား စကားတစ်ခွန်း နှစ်ခွန်းပြောပြီး တိတ်ဆိတ်သွားကြသည်။
လုရွှမ်သည် သူတို့၏ ညီအစ်ကို ဖြစ်သည်။ ဤညီအစ်ကိုအား ဆူးယာမှ စွန့်ပစ်လိုက်ကြောင်း သိလိုက်ကတည်းက နေ့ရောညပါ လေ့ကျင့်နေခဲ့သည်။
သူတို့၏အမြင်တွင် လုရွှမ်သည် အလွန်စိတ်အား ငယ်နေ၏။ မဟုတ်ပါက ဒီလောက် လေ့ကျင့်နေမှာ မဟုတ်ဘူး။
ဒေါက် ဒေါက် ဒေါက်...
ရုတ်တရက် တံခါးခေါက်သံကြောင့် နှစ်ယောက်သား စကားစမြည် ပြောနေရာမှ ရပ်သွားကြသည်။
"ဒီလောက် နောက်ကျနေတာကို ဘယ်သူလဲ?"
ယွမ်ချောင် အံ့အားသင့်သော မျက်နှာဖြင့် မတ်တပ်ထရပ်လိုက်သည်။
ည၁၁နာရီ ထိုးခါနီးပြီ။ အချိန်အရ လူအများစုက အိပ်ပျော်နေပြီ။ ဘယ်သူက တံခါးလာခေါက်နေတာလဲ?
တံခါးဖွင့်လိုက်သောအခါ လှပသော မျက်နှာက ပေါ်ထွက်လာ၏။
"ဒါကလုရွှမ်ရဲ့ အိပ်ဆောင်လား?"
မိန်းကလေး တစ်ယောက်၏ ပြတ်သားသော အသံပင်။
"စီနီယာ လင်ရှောင်းရှောင်း! ဒါက လုရွှမ်ရဲ့ အိပ်ဆောင်ပါ...."
တစ်ဖက်လူကို မြင်တော့ ယွမ်ချောင်နဲ့ ရန်းလင်တို့ တစ်ပြိုင်နက်တည်း လန့်သွားကြသည်။
လင်ရှောင်းရှောင်းသည် အကယ်ဒမီရှိ အကျော်ကြားဆုံးသော အလှတရားများထဲမှ တစ်ဦးဖြစ်ပြီး စီနီယာ အဂ္ဂိရတ်ပညာရှင် နှစ်ယောက်ထဲက လင်ရှောင်းရှောင်းကို ယောက်ျားဖြစ်သရွေ့ လူတိုင်းနီးပါး သိသည်။
"စီနီယာ လုရွှမ်က... ဒီမှာ မရှိဘူး..."
သူမအခန်းထဲသို့ တိုက်ရိုက် လျှောက်လာသည်ကို မြင်တော့ ရန်းလင်က ကမန်းကတန်း ပြောလိုက်သည်။
ချောမောလှပတဲ့ အမျိုးသမီးတွေနဲ့ ပေါင်းသင်းရတာကို နှစ်သက်ပေမယ့် မိမိတို့ရဲ့ အဆင့်အတန်းတွေကိုလည်း သိကြပါ၏။ သူမတို့က ကောင်းကင်က ငန်းတွေဖြစ်လို့ သူတို့စိတ်ကူး ယဥ်ချင်တိုင်း ယဥ်လို့မရပေ။
"ငါသူ့ကိုစောင့်မယ်!"
လင်ရှောင်းရှောင်းသည် ထိုင်ခုံပေါ်တွင် တိုက်ရိုက် ထိုင်နေလိုကိသည်။
"ဒါက"
ယွမ်ချောင်နှင့် ရန်းလင်တို့၏ မျက်နှာမှာ အံ့အားသင့်စရာများ ပြည့်နှက်နေသည်။
ညသန်းခေါင်မှာ လှပတဲ့ အမျိုးသမီးတစ်ယောက်က လုရွှမ်ရဲ့ အိပ်ဆောင်ကိုရှာဖို့ အပြေးအလွှား ရောက်လာခဲ့တယ်??
ဒေါက် ဒေါက်
အံ့သြနေတုန်း အပြင်ဘက်မှ နောက်ထပ် တံခါးခေါက်သံ ထွက်လာသည်။
ကျွီး.....
တံခါးပွင့်လာပြီး မင်းသမီးလော့ရုံ ဝင်လာသည်။
"ရှောင်းရှောင်း? နင်ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
မင်းသမီးလော့ရုံသည် အခန်းထဲက မိန်းကလေးနှာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းမှန်း သိလိုက်ရသည်။
"ငါသူ့ကို အဂ္ဂိရတ်ပညာ အကြောင်း မေးမလို့!"
လင်ရှောင်းရှောင်းလည်း အနည်းငယ် အံ့အားသင့်သွားပြီး သံသယစိတ်ဖြင့် ပြန်ကြည့်ကာ
"နင်ကရော?"
"ငါ...လက်နက် ကိရိယာတွေကို ဘယ်လို သန့်စင်ရမလဲ သူ့ကိုမေးဖို့ ဒီကိုလာတာ!"
မင်းသမီးလော့ရုံကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်၏။
အဂ္ဂိရတ်? လက်နက်ကိရိယာ?
ယွမ်ချောင်နှင့် ရန်းလင်တို့သည် တစ်ဖက်မှ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ကာ အနည်းငယ် နားမလည်နိုင် ဖြစ်နေကြသည်။
ညသန်းခေါင်ယံ။
သူသည် လက်ရှိနယ်ပယ်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး ထုံးရွှမ်နယ်ပယ်၏ ပြီးပြည့်စုံမှု အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်ထားသည်။
"ယွမ်ယန်ကျင့်စဥ်ရဲ့ ပြီးပြည့်စုံမှု ပထမအဆင့်က အောင်မြင်ဖို့ သိပ်မလွယ်ဘူး....ဆန်းကြယ် သွေးကြောဆေးလုံးကို အောင်မြင်အောင် သန့်စင်ပြီးပြီ...ယွမ်ချောင်နဲ့ ရန်းလင်တို့တွေ ဘယ်လိုနေလဲ ဆိုတာကို ပြန်ကြည့်လိုက်ဦးမယ်...."
ဆန်းကြယ် သွေးကြောဆေးကို ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်ပြီး လုရွှမ်သည် ကျောက်စိမ်းပြားထဲမှ ထွက်လာခဲ့သည်။
ယွမ်ယန်ကျင့်စဥ်ရဲ့ ပထမအဆင့်ကို ပြီးမြောက်အောင် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အချိန်တိုလေး အတွင်းမှာ အောင်မြင်ဖို့ ခက်ခဲတာကြောင့် ယွမ်ချောင် နဲ့ ရန်းလင်တို့ရဲ့ လေ့ကျင့်ပုံကို ပြန်ကြည့်ဖို့ အချိန်ယူလိုက်သည်။
လမ်းညွှန်မှုမပါဘဲ အဆင့်မြင့် လေ့ကျင့်ရေး နည်းလမ်းများသည် ပြဿနာများ ဖြစ်လာနိုင်သည်။
သိပ်မကြာခင်မှာပဲ အိပ်ဆောင်ကို ပြန်ရောက်တော့ တံခါးက တစ်ဝက်ဟထားတာ တွေ့တော့ တွန်းဖွင့်ပြီး ဝင်လာခဲ့လိုက်သည်။
"လုရွှမ်!"
"နောက်ဆုံးတော့ ရှင်ပြန်လာပြီ......"
"ရှင်ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့"
.......
တံခါးထဲ ဝင်လိုက်တာနဲ့ လေထုက မူမမှန်တော့ဘူးလို့ ခံစားလိုက်ရသည်။ အသံသုံးသံ ကြားရပြီး မျှော်ကြည့်လိုက်တော့ အလှမယ် သုံးယောက် သူ့ကိုကြည့်နေတာ တွေ့လိုက်ရသည်။
"မင်းတို့ဒီမှာ ဘာလုပ်နေတာလဲ?"
သူ့အိပ်ဆောင်ထဲမှာ အလှမယ် သုံးယောက် အတူတူ ပေါ်လာဖို့ကို မမျှော်လင့်ထားတဲ့ လုရွှမ်ဟာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
"ရှင့်ကိုရှာမှတော့ သေချာပေါက် ကိစ္စရှိလို့ပေါ့!! ရှင်ကအခု အဆင့်၃ အဂ္ဂိရတ်ပညာရှင် ဖြစ်နေပြီ...ကျွန်မက အဆင့်၂ပဲ ရှိသေးတယ်... ရှင့်ဆီက အဂ္ဂိရတ်ပညာနဲ့ ပတ်သက်ပြီး အကြံဉာဏ်လာတောင်းတာ မငြင်းသင့်ဘူးမလား?"
အရင်ကတော့ လင်ရှောင်းရှောင်းဟာ မကျေနပ်လို့သာ ဒီကောင်လေးကို လိုက်ရှာခဲ့ပေမယ့် တခြားမိန်းကလေး နှစ်ယောက်ကို တွေ့တော့ ဖိအားတွေခံစားလာရပြီး ပထမဆုံး ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
နှစ်ယောက်သားက ဆက်စပ်မှု မရှိပေမယ့် စကားလုံးတွေနဲ့ ပိုနီးစပ်လေလေ သူမဟာ အသာစီးရလာမှာ သေချာပါ၏။
"မတိုင်ခင်က ကျွန်မရဲ့ 'တိတ်ဆိတ်တဲ့အခန်း' မှာ လက်နက်တွေကို သန့်စင်သွားတဲ့သူက ရှင်တစ်ယောက်တည်းလား ဆိုတာမေးဖို့ ဒီကိုလာခဲ့တာ..."
မင်းသမီးလော့ရုံသည် အလွန်ထက်မြက်သည်။ သူမ ဘာကိုဆိုလိုသည်ကို ဘယ်သူက မသိမှာလဲ။ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် သူမ၏ နှုတ်ခမ်း ထောင့်များကလည်း ကော့ညွတ်နေကာ လွန်လွန်ကဲကဲ မဖြစ်ပါဟု ဆိုနေသကဲ့သို့။
သူမသည် "သီးသန့် တိတ်ဆိတ်သော အခန်း" ဟူသော စကားလုံးကို လေးနက်စွာ ထည့်သွင်းပြီး ကျန်မိန်းကလေး နှစ်ယောက်ကို ချက်ချင်း ကြည့်လာစေခဲ့သည်။
တိတ်ဆိတ်သော အခန်းသည် အိပ်ခန်းနှင့်တူသည်။ ထိုနေရာမှာ သန့်စင်ခဲ့တယ် ဆိုရင်တော့ နှစ်ယောက်သားရဲ့ ဆက်ဆံရေးက ဘယ်လိုများလဲ?
"ငါ"
မိန်းကလေးများ အားလုံး တွေးတောဆင်ခြင်ကြပြီး သူတို့နှစ်ဦး ပြောသည်ကို ကြားသောအခါ လန်ရော့ရှင်းသည် ဖြစ်ပျက်နေသည်ကို သိသဖြင့် ခေတ္တရပ်ကာ
"ငါတို့ ကိစ္စ မပြီးသေးဘူး!"
"မပြီးသေးဘူးလား? မင်းကို ကူညီပြီး ကျေးဇူးပြန်ဆပ်ခဲ့တာပဲ မဟုတ်ဘူးလား?"
သူတို့ဘာတွေ တွေးနေမှန်း မသိပေမယ့် လန်ရော့ရှင်းရဲ့ စကားကိုကြားတော့ လုရွှမ် မထိန်းနိုင်ဘဲ ပြန်ပြောလိုက်သည်။
နှစ်ယောက်ကြားက ကိစ္စကို ရှင်းသွားပြီလို့ ပြောခဲ့တယ်မလား? ဘာလို့ရုတ်တရက် စိတ်ပြောင်းသွားတာလဲ?
"အဲဒါက ပေးဆပ်ပြီးပြီ.... ဒါပေမဲ့... ရှင်ကျွန်မကို ထိတဲ့ကိစ္စက မပြီးသေးဘူး!" လန်ရော့ရှင်း အံကြိတ်ထားလိုက်သည်။
ထိ
ရန်းလင်နှင့် ယွမ်ချောင်တို့သည် ရူးသွပ်သွားကာ လုရွှမ်အား ချစ်သူကို ကြည့်နေသလိုမျိုး ကြည့်နေသည်။
မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့သည် တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်ကို သတ်ပစ်တော့မည်ကဲ့သို့ မျက်လုံးများ အေးစက်သွားကြသည်။