ငါ့ကိုလည်းတစ်ချက်ထိ (ပထမပိုင်း)
Vol. 8 Ch. 111
လုရွှမ်ခဏတာ အံ့အားသင့်သွားပြီး
"ဒါက အသေးအဖွဲ့မို့ မပြောထိုက်ပါဘူး!"
ဝမ့်ဖုန်းချိုင့်ဝှမ်းမှာတုန်းက စွမ်းအားတွေကို ဆုတ်ခွာသွားတော့ သူ့ခန္ဓာကိုယ်က ဆုတ်ယုတ်လာပြီး ဒဏ်ရာရသွားတာကြောင့် သူ့လက်ဖဝါးကို ပြန်မဆွဲနိုင်တော့ဘဲ သူမကိုယ်ကို ဝင်တိုက်မိသွားခဲ့သည်။
ရိုးရိုးသားသား ပြောရရင် ထိုထိမိခြင်းအတွက် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါဘူး။ ယောကျ်ားနဲ့ မိန်းမ မပြောနှင့် တိုက်ပွဲတစ်ခုတွင် ထိမိခြင်းထက် ပိုဆိုးတဲ့ သေခြင်းကိစ္စတွေတောင် ရှိသေးသည်လေ။
အသက်သေခြင်းနှင့် ယှဉ်ပါက ဤအရာများသည် အသေးအဖွဲ့ ကိစ္စများသာဖြစ်ပြီး ဘာမှမဟုတ်ပေ။
ဒါကိုကြားတော့ မိန်းကလေးသုံးယောက် စကားပြောဖို့ အချိန်မရသေးခင်မှာ ရန်းလင်နဲ့ ယွမ်ချောင်တို့မှာ အသံမထွက်နိုင်တော့ဘဲ ဒူးထောက်လုနီးပါး ဖြစ်သွားကြသည်။
လုရွှမ် အခုကစပြီး မင်းကငါတို့ရဲ့ အစ်ကိုကြီး ဖြစ်သွားပြီ! မင်းအရမ်းမိုက်တာပဲ!
ကျန်းဝူအကယ်ဒမီ၏ အအေးစက်ဆုံးသော ကျောင်းဝင်းထဲက အလှလေးကို ထိလိုက်သည်နှင့် လူများက သူ့ကို မျက်နှာချင်းဆိုင် အပြစ်တင်နေကြမည် ဖြစ်သော်လည်း "မင်းကို ထိတွေ့တာဟာ အသေးအဖွဲကိစ္စပဲ၊ ပြောမပြထိုက်ဘူး" လို့ စိတ်ချလက်ချ ပြောနိုင်ပါသေးတယ်တဲ့
တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားမိပါ၏။
အစောက မိန်းကလေး မရွေးတတ်ဘူးလို့ ဘယ်သူပြောခဲ့ပါလိမ့်။ ငါသူ့ကို သွားသတ်ပစ်မယ်!
"ရှင်......"
လန်ရော့ရှင်းမှာ လုရွှမ်က ဒီလိုပြောမယ်လို့ မမျှော်လင့်ထားရာ သူမရဲ့ လှပတဲ့ မျက်နှာက ဒေါသကြောင့် နီရဲသွားခဲ့သည်။
"လုရွှမ် ရှင်ဒါက ဘာကိုဆိုလိုတာလဲ"
မင်းသမီးလော့ရုံ၏ အမူအရာမှာလည်း အနည်းငယ် ကြောင်အလျက်။
"ဘာအသေးအဖွဲ့ ကိစ္စလဲ? နင်က ဘာကိုဆိုလိုတာလဲ? အမျိုးသမီးတွေအတွက် ကျော်ကြားမှုက ဘယ်လောက် အရေးကြီးတယ်ဆိုတာ မသိဘူးလား" လင်ရှောင်းရှောင်းက ဒေါသတကြီး ဟစ်အော်လိုက်သည်။
ကောင်မလေး သုံးယောက်က အခုနက ပြိုင်နေကြပေမယ့် လုရွမ်က တာဝန်မဲ့တဲ့ စကားတွေ ပြောနေတာကို ကြားတော့ အားလုံး ထိတ်လန့်သွားကြသည်။
"ကျော်ကြားမှု? ငါတို့ တိုက်ခိုက်ရင်း မတော်တဆ တိုက်မိသွားတာ....နာမည်ကျော်ကြားတာနဲ့ ဘာဆိုင်လို့လဲ?"
လုရွှမ်သည် အမျိုးသမီးများသည် အမှန်တကယ် ယုတ္တိမရှိဟု တွေးကာ ခေါင်းခါလိုက်သည်။
"တိုက်ခိုက်တယ်?"
မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် လန်ရော့ရှင်းထံ တစ်ဖန် ပြန်ကြည့်လိုက်သည်။
တိုက်ခိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက ပုံမှန်ပါပဲ။
"မတော်တဆ ထိမိသွားတယ်..."
လန်ရော့ရှင်းက အံကြိတ်ထားပြီး "ဒါက ဘာမှမဟုတ်ပါဘူး...ဘာလို့ နောက်တစ်ကြိမ် လာထိတာလဲ"
"အဟမ်း...ဘာလိုချင်လို့လဲ" လုရွှမ် အနည်းငယ် ရှက်လာသည်။
အဲဒီ့အချိန်မှာ လက်ဖဝါးက ပြိုင်ဘက်ရဲ့ စူလုံးဝိုင်းလေးကို ထိလိုက်တာနဲ့ ထိတ်လန့်သွားပြီး အထိအတွေ့က အလိုလိုသိနေရာ သိပ်အများကြီး မစဉ်းစားမိပေမယ့် အခုအချိန်မှာတော့ ဗီဇကို ပြောဖို့က နည်းနည်းတော့ မသင့်တော်ဘူးထင်လာ၏။
"ဘာလိုချင်လဲ?" လန်ရော့ရှင်းက ဟစ်အော်လိုက်ပြီး
"အဲဒါ...ရှင်ကျွန်မကို နောက်ထပ်တစ်ကြိမ် ထပ်ကြွေးတင်ထားတယ်လို့ ဆိုလိုတာပဲ....ကျွန်မလိုချင်တဲ့အချိန် လာခဲ့မယ်!"
"ကောင်းပြီ!" လုရွှမ် သဘောတူလိုက်သည်။
ဤအရာအား ပြန်ပေးဆပ်သော အရာအဖြစ်သို့ ပြောင်းလဲရန် လွယ်ကူပြီး သူထပ်၍ မရှုပ်ထွေးချင်တော့ပေ။
"ငါ့ကိုတစ်ကြိမ် အကြွေးတင်သေးတယ်?"
"လိုချင်တဲ့အချိန်....မင်းကိုရှာမယ်?"
ရန်းလင်နှင့် ယွမ်ချောင်တို့သည် တစ်ချိန်တည်းတွင် တံတွေး မျိုချလိုက်ကြသည်။
ဒါက အအေးစက်ဆုံး ကျောင်းပန်းအဖြစ် အသိအမှတ်ပြု ခံထားရတဲ့ သူမဟာ ကြမ်းတမ်းလွန်းလှပါလား။
အစ်ကိုလုရွှမ်ရေ မင်းဘယ်လိုများ သင်ယူခဲ့တာလဲ? တစ်ချက်လောက် ပြန်သင်ပေးပါလား?
လန်ရော့ရှင်းက သူမပြောပြီးသည့်နောက် ဘာမှမခံစားရတော့ပေ။ ရန်းလင်နှင့် ယွမ်ချောင်တို့၏ အသွင်အပြင်ကို သူမ မြင်လိုက်သောအခါတွင် သူမသည် စကားလုံးများ၏ မတည်မငြိမ်ဖြစ်နေသည်ကို ရိပ်မိသွားပြီး
"ရှင်တို့ထင်သလို မဟုတ်ဘူး! ရိုင်းရိုင်းစိုင်းစိုင်း တွေးနေလို့ရတော့ ရှင်တို့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်!"
"ငါတို့သိတယ် ငါတို့သိတယ်!"
"ကိုယ်ရေးကိုယ်တာ ......"
မရှင်းပြတာ ပိုကောင်းပါ၏။ ရှင်းပြပြီးတာနဲ့ ရန်းလင်နှင့် ယွမ်ချောင်တို့ဟာ တစ်ချိန်တည်းမှာ ရုတ်တရက် သဘောပေါက်သွားပြီး နားလည်သလိုမျိုး သီသီလေး ရယ်လိုက်ကြသည်။
"ရှင်တို့...."
အေးစက်စက်ဖြင့် ခြေကိုစောင့်နင်းပြီး လှည့်ထွက်သွားတော့သည်။
ထွက်သွားဖို့ မစောင့်နိုင်တော့ဘူး!
ဆက်နေမယ်ဆိုရင် ဒီကောင်လေး ဘယ်လိုပြောလိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ?
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် သူမ၏ တောင်းဆိုချက်ကို "တစ်ကြိမ် အကြွေးဆပ်ရန်" သဘောတူညီခဲ့ပြီမို့ ယနေ့ပန်းတိုင်က ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
"အဟား...."
လုရွှမ် လန်ရော့ရှင်းအား သဘောတူလိုက်တာကို တွေ့ပြီး မင်းသမီးလော့ရုံရဲ့ မျက်နှာကလည်း သိပ်ပြီး ကြည့်မကောင်းတော့ချေ။ သူမက အေးစက်စက်နဲ့ ကြည့်လာပြီး။
"ဘယ်လိုလဲ? လန်ရော့ရှင်းလို လှပတဲ့ မိန်းမတစ်ယောက်ကို အနိုင်ယူလိုက်နိုင်တာ သိပ်ပြီးပြည့်စုံတယ် မဟုတ်လား?"
"..." လုရွှမ်။
လုရွှမ်သည် တစ်ဖက်လူ အထင်လွဲသွားတာကို သိလိုက်ရပေမယ့် သူက ပျင်းရိစွာနဲ့။
"ကိစ္စမရှိရင် သွားလို့ရပြီ... ငါ့ရဲ့အနားယူချိန်ကို မနှောင့်ယှက်နဲ့!"
"ရှင်..."
မမျှော်လင့်ဘဲ သူသည် လူကို တိုက်ရိုက် နှင်ထုတ်ပစ်နေရာ မင်းသမီးလော့ရုံ၏ အသက်ရှုသံမှာ ပြင်းထန်လာ၏။
မည်သို့ပင်ဆိုစေကာမူ သူမသည် တိုင်းပြည်တွင် ထင်ရှားကျော်ကြားလှသော မိန်းမချောတစ်ဦးဖြစ်သည်။ သူမကိုမြင်သောသူ မည်သည်ကား ရုတ်ခြည်းဖြစ်မည်ကို ကြောက်သောကြောင့် နှိမ့်ချသောအသံဖြင့် ပြောဆိုတတ်၏။
သူမ၏ရှေ့တွင် ဤသူကတော့ အလွန်ကောင်းပါ၏၊ သူ့အနားယူချိန်ကို မနှောင့်ယှက်နဲ့တဲ့။
"မုရှန့်အစီအရင် အခန်း၁၀ကို အောင်မြင်ခဲ့တာရှင်လား?"
ဒေါသတွေ ထွက်ခါနီးမှာ မေးလိုက်သည်။
"အင်း!" လုရွှမ် ခေါင်းညိတ်သည်။
သူ့အတွက် ဒါက အပိုင်းအစ အသေးလေးသာဖြစ်ပြီး ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ အရေးမကြီးပါဘူး။
"တကယ်ပဲ ရှင်လား?" မင်းသမီးလော့ရုံ အံ့သြသွားသည်။
အစောက ဒေါသထွက်ချင်ပေမယ့် သူက လွယ်လွယ်ကူကူ ဝန်ခံလာမယ်လို့ မမျှော်လင့်ထားခဲ့။
"ရှင်လား?" ဘေးက လင်ရှောင်းရှောင်းလည်း ထိတ်လန့်သွားသည်။
သူတို့နှစ်ယောက် မျက်နှာကို ဖြတ်ရိုက်ခဲ့တဲ့ ကောင်လေးကို ဖမ်းဖို့ ရက်အတော်ကြာအောင် စောင့်ခဲ့ပေမယ့် လုရွှမ်ဖြစ်နေမယ်လို့ အိပ်မက်မမက်ဖူးသလို ဘယ်သူကမှ မတွေးရဲခဲ့ကြဘူး။
"ဒီလိုလုပ်လေ ရှင့်ရဲ့ ကြံ့ခိုင်မှု မြှင့်တင်နည်းကို သင်ပေးပါလား....ဒါဆိုရှင့်ရဲ့ အနားယူမှုကို မနှောင့်ယှက်ဘဲ ချက်ချင်း ထွက်သွားမှာပါ!"
ထိုလူငယ်သည် ထိုပါရမီရှင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် မင်းသမီးလော့ရုံ၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။
လက်မှုပညာရှင် တစ်ယောက်အတွက် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အရေးကြီးသည့် လိုအပ်ချက် တစ်ခုဖြစ်သည်။ ကြံ့ခိုင်မှု အားနည်းနေရင်တော့ ဘယ်လိုမှ တောင့်ခံနိုင်မည် မဟုတ်။
ထို့အတွက်ကြောင့် အမျိုးသမီးတစ်ဦး အနေဖြင့် နန်းတော်ပင်လယ် နယ်ပယ်ကို မဖြတ်ကျော်ဘဲ သူမ၏ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန်အတွက် မုရှန့်အစီအရင် ဖွဲ့စည်းမှုကိုလည်း ဆက်လက်ထိုးဖောက်ချင်ပါသည်။
"ကျွန်မက အဂ္ဂိရတ်ပညာ.... ရှင်ကျွန်မကို အဂ္ဂိရတ်ပညာ သင်ပေးနိုင်သရွေ့...ချက်ချင်း ထွက်သွားမှာပါ!"
မင်းသမီးလော့ရုံ၏ ခြိမ်းခြောက်မှုကို မြင်လျှင် လင်ရှောင်းရှောင်းသည် ကမန်းကတန်း ပြောလိုက်သည်။
"မဟုတ်တာတွေ!" လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"မင်းတို့ မသွားချင်ရင် ငါ မင်းတို့ကို ဆွဲထုတ်ပစ်ဖို့ ဝန်မလေးဘူး!"
ငါနဲ့ မင်းတို့က သိကြလို့လား? အများဆုံး တစ်ယောက်နဲ့တစ်ယောက် တွေ့ဖူးကြရုံပဲ။
ဒီလောက်နဲ့ ငါ့လျှိုဝှက်ချက်တွေကို ပြောပြလိုက်စရာလား?
လင်ရှောင်းရှောင်း နှင့် မင်းသမီးလော့ရုံ တို့သည် ဤကဲ့သို့ အကြင်နာ ကင်းမဲ့သော စကားများကို ကြားလိုက်ရသောအခါ မူးမေ့လဲလု နီးပါးပင် ဖြစ်သွားသည်။
ငါတို့က မိန်းမလှလေးတွေပါ။ ဆွဲထုတ်ချင်တိုင်း ဆွဲထုတ်ရအောင် ပစ္စည်း မဟုတ်ဘူး။ အဲဒီလိုလုပ်အောင် ရှင်က ယောက်ျားရော ဟုတ်သေးရဲ့လား?
"ကလု!"
ရန်းလင်နှင့် ယွမ်ချောင်တို့သည် ဤစကားကိုကြားသောအခါ အရူးအမူး တံတွေး မျိုချလိုက်ကြပြန်သည်။
အကိုကြီးကတော့ အကိုကြီးပါပဲ။ ရက်စက်လွန်းတယ်။
"နင်တို့နှစ်ယောက် ထွက်သွား! ယုံချင်ယုံ မယုံချင်နေ ငါ အခုချက်ချင်း ဆွဲထုတ်ပစ်မှာ!"
သူတို့နှစ်ယောက်ရဲ့ အမူအရာကို ကြည့်ပြီး မင်းသမီးလော့ရုံက ခေါင်းကို လှည့်လိုက်ပြီး အော်လေ၏။
သူမရှေ့တွင် ဤမဆင်မခြင် ကောင်လေးနှင့် ဆက်ဆံရသည့်အတွက် သူတို့နှစ်ဦးအပေါ် ဒေါသကို ပုံချပေးရုံမှတပါး ရွေးချယ်စရာ မရှိပေ။
"ဟင်.....ဟုတ်ကဲ့ ဟုတ်ကဲ့!"
ရန်းလင်နှင့် ယွမ်ချောင်တို့သည် တချိန်တည်းမှာပင် ထိတ်လန့်သွားပြီး အခန်းထဲက အမြန်ထွက်သွားသည်။
ကျန်းဝူအကယ်ဒမီ၏ ကျောင်းသူလေး သာမက ကျန်းဝူအင်ပါယာ ဘုရင်မင်းမြတ်၏ အချစ်ဆုံးသမီးတော်မို့ လုရွှမ်နှင့် မနှိုင်းယှဉ်ဝံ့ပေ။
"ရှင်တကယ် ကျွန်မကို မသင်ပေးချင်ဘူးလား"
သူတို့နှစ်ယောက် ထွက်သွားတာကို မြင်တော့မှ မင်းသမီးလော့ရုံ လုရွှမ်ကို ထပ်ကြည့်လိုက်သည်။
"မင်းသွားနိုင်ပြီ!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ သွားခိုင်းလိုက်သည်။ အာရုံစိုက်နေရန် ပျင်းလွန်းလှ၏။
သူ့မျက်လုံးထဲမှာတော့ မိန်းမတွေက ယုတ္တိမရှိကြဘူး။
ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း မသိကြတဲ့အတွက် ထူးထူးခြားခြား လျှို့ဝှက်စာအုပ် တစ်အုပ်ကို တောင်းနေတာက အိပ်မက် မက်နေတာပဲ မဟုတ်လား?
"ရှင်..."
လင်ရှောင်းရှောင်း ဆက်ပြီး ပြောချင်စိတ်ရှိပေမယ့် ဒီလူက ဒီလို သဘောထားရှိနေတုန်းပဲ။ သူမ သည်းမခံနိုင်တော့ဘူးလို့ ခံစားလိုက်ရပြီး ခေါင်းကို လှည့်လိုက်ကာ။
"လော့ရုံ သွားကြစို့!"
"သွားမယ်?"
မင်းသမီးလော့ရုံ ခေါင်းခါယမ်းကာ သူမ၏ လိမ္မာပါးနပ်သော မျက်လုံးများ တောက်ပနေဆဲ။
"သူသဘော မတူသေးဘူးလေ ငါတို့ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ"
"နင်မမြင်ဘူးလား..သူလုံးဝ သဘောမတူချင်ဘူး..."
လင်ရှောင်းရှောင်းက ဒေါသတကြီး အော်ပြော၏။
"ဟီးဟီး!"
မင်းသမီးလော့ရုံ ပြန်မဖြေဘဲ လုရွှမ်ထံသို့ ခြေလှမ်းနှစ်လှမ်းဖြင့် လှမ်းကာ သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
တစ်ဖက်လူကို ရန်လိုသော ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသဖြင့် လုရွှမ်က မကန့်ကွက်ဘဲ ထူးထူးခြားခြား ကြည့်နေလေသည်။
"ဒါဆိုအဆင်ပြေလား?"
သူမေးရန် အချိန်မရသေးမီ မင်းသမီးလော့ရုံသည် သူ့လက်ကို ဆုပ်ကိုင်ထားပြီး သူမ၏ ဖောင်းကားပြီး ကျော့ရှင်းသော အဖုအထစ်များပေါ်တွင် ဖိထားလိုက်ရာ နူးညံ့မှုတစ်ခုက သူ့လက်ဖဝါးထဲသို့ ချက်ချင်း ဖြတ်သန်းသွားသည်။