ငါ့ကိုလည်းတစ်ချက်ထိ (ဒုတိယပိုင်း)
Vol. 8 Ch. 112
"ဟင်?"
လုရွှမ် အံ့အားသင့်သွားသည်။
လင်ရှောင်းရှောင်းလည်း ထိတ်လန့်သွား၏။
ဒါက ဘယ်လို အခြေအနေကြီးလဲ? ဘယ်လိုလုပ် သူ့လက်က သူမရင်ဘတ်ပေါ် ရောက်နေတာလဲ?
လုရွှမ် မတုံ့ပြန်နိုင်ခင်မှာ မင်းသမီးလော့ရုံ၏ မျက်လုံးထဲတွင် စူးစူးရဲရဲ အလင်းတန်းများ တောက်ပလာကာ။
"နင်လည်း ငါ့ကိုထိမိသွားပြီ....ကျင့်ကြံတဲ့ နည်းလမ်းကိုပြောပြဖို့ သဘောတူသင့်တယ် မဟုတ်လား?"
"အဟွတ်.....အဟွတ်...."
ထိုမှသာ လုရွှမ်သည် သူမ၏ ရည်ရွယ်ချက်များကို နားလည်ပြီး တံတွေးနှင့် သီးလုနီးပါး ဖြစ်သွားခဲ့သည်။
ဒီကောင်မလေးရဲ့ အတွေးက ထူးဆန်းလွန်းတယ်
လန်ရော့ရှင်းအပေါ် တိုက်ပွဲအတွင်းမှာ မရည်ရွယ်ဘဲ လုပ်ခဲ့တာအတွက် တစ်ဖက်ကို အကြွေးတင်တယ်လို့ ခံစားမိတာကြောင့် သဘောတူခဲ့ခြင်း ဖြစ်သည်။ လေ့ကျင့်ရေး နည်းလမ်းကို သင်ယူဖို့အတွက် သူမဟာ တိုက်ရိုက်စတင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
"ဘာဖြစ်လို့လဲ?..လက်မခံဘူးလား..ဒါဆို တခြားသူတွေကို ပြောပြလိုက်မယ်..ရှင်ကျွန်မကို ထိပြီးတော့ တာဝန်မယူဘူးလို့.."
မင်းသမီးလော့ရုံက ပြော၏။
ဒါကိုကြားတော့ လင်ရှောင်းရှောင်းမှာ တစ်ဖက်က ပြိုလဲလုနီးပါးပင်။
သူမ၏ အချစ်ဆုံး သူငယ်ချင်းသည် ထူးဆန်းပြီး သူ့ထက် အမြဲပိုထက်သော စိတ်ကူးများ ရှိနေသည်ကို သူမ မသိခဲ့ပါက လုံးဝ ရူးသွားပေလိမ့်မည်။
ယောက်ျားတွေဟာ မိန်းမတွေကို ရှုံးပြီးရင် သတင်း မပေါက်ကြားရဲကြဘူး ဆိုပေမယ့် သူမကတော့ ကောင်းပေ၏။ ဒီလိုကြီးနဲ့ ခြိမ်းခြောက်လိုက်တယ်။ ဒါက ကိုယ့်ကိုကိုယ် စော်ကားတာမဟုတ်ဘူးလား။
ဒါက တကယ် အလုပ်ဖြစ်ရဲ့လား?
"ကောင်းပြီ ငါမင်းကို ကတိပေးတယ်!"
လုရွှမ် ခေတ္တမျှ စကားမပြောနိုင်။
သဘောမတူလို့ မရတော့ဘူးလေ။ သူက ကြီးကျယ်ခမ်းနားတဲ့ အရူးဧကရာဇ်ပဲ။ မိန်းကလေးကို ထိပြီး တာဝန်မဲ့သလို ရှောင်ထွက်သွားကင် ရှက်စရာကောင်းလှသည်။
ဒီလှည့်ကွက်က အလုပ်ဖြစ်သွားတာကို မြင်တော့ လင်ရှောင်းရှောင်း တုန်လှုပ်သွားသည်။
ရှင်အဲဒါကို အခွင့်ကောင်းယူပြီး ထိလိုက်ရတယ်မလား။ တစ်စုံတစ်ယောက်က ရှင့်ကိုပဲ အတင်းအကြပ် ခိုင်းစေသလိုမျိုး ရှင်က ရှက်ရွံ့တဲ့ အမူအရာတွေ ရှိနေသေးတယ်လား?
ဒါ့အပြင် သတင်းတွေ ပျံ့သွားရင်တော့ မင်းသမီးလော့ရုံရဲ့ ဂုဏ်သတင်းက ပျက်စီးသွားမှာ မဟုတ်လား? ရှင်ကဘာလို့ အရှုံးသမား တစ်ယောက်လို လုပ်နေတာလဲ?
သူမသည် အနည်းငယ် ရူးသွပ်သည်။
"ဟီး....ဒါဆို သဘောတူ လိုက်ပြီနော်!"
မင်းသမီးလော့ရုံက သူသဘောတူညီမှု ရသောအခါ ရယ်လိုက်သည်။
ရိုးရိုးသားသား ပြောရရင် ဒီလူငယ်ရဲ့ မာနကြီးမှုကို မခံနိုင်ပေမယ့် လန်ရော့ရှင်း အပေါ် သူ့ရဲ့ အကူအညီမဲ့နေတာကို မြင်တော့ သူမဟာ လှုံ့ဆော်မှုနဲ့ ဒီလှည့်ကွက်ကို စဉ်းစားမိခဲ့ရာ တကယ် အသုံးဝင်မယ်လို့ သူမ မမျှော်လင့်ထားဘူး။
"ရှောင်းရှောင်း! ရှောင်းရှောင်း!"
သူမ၏ ကိုယ်ပိုင်ကိစ္စကို ဖြေရှင်းပြီးနောက်မင်းသမီးလော့ရုံသည် သူမ၏ အကောင်းဆုံး သူငယ်ချင်းကို လှည့်ကြည့်လိုက်သည်။
"ဟင်?"
လင်ရှောင်းရှောင်း တုန်လှုပ် ချောက်ချားရာမှ ပြန်လည် သတိရလာခဲ့သည်။
"နင့်အလှည့်..."
သူ့ဘာသာ သဘောမတူသည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ စကားပြီးသောအခါတွင် သူမသည် လုရွှမ်၏လက်ဖဝါးကို ထပ်မံဆွဲကိုင်ကာ သူမသူငယ်ချင်း၏ ဖြောင့်တန်းသော ရင်ဘတ်ပေါ် ဖိချလိုက်သည်။
"အာ"
ထိုမှသာ လင်ရှောင်းရှောင်းက တုံ့ပြန်လာပြီး မအော်နိုင်တော့ပေ။
သူမ၏ အထွတ်အထိပ်ကို ယခင်က မိန်းကလေးတစ်ဦးမှ မထိဖူးခဲ့ပေမယ့် ယခု အခိုက်အတန့်တွင် ယောက်ျားတစ်ယောက်၏ ထိမိခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော ခံစားချက်ကြောင့် သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွားကာ နေရာတွင်ပင် မူးလဲလုနီးပါး ဖြစ်သွားသည်။
"ဘာအော်နေတာလဲ? အဂ္ဂိရတ်ပညာကို မသင်ချင်တော့ဘူးလား!" မင်းသမီးလော့ရုံက ဟစ်အော်လိုက်သည်။
"ငါ"
လင်ရှောင်းရှောင်း ငိုမဲ့မဲ့လေး ဖြစ်လာသည်။
အဂ္ဂိရတ်ပညာကို သင်ယူချင်ပေမယ့် အသွင်အပြင်ကို စတေးရမယ်လို့ မပြောခဲ့ဘူးလေ
"ကောင်းပြီ ရှောင်းရှောင်းကိုလည်း ထိလိုက်တာပဲ...ရှင်သူ့ကို အဂ္ဂိရတ်ပညာကို သင်မပေးသင့်ဘူးလား"
မင်းသမီးလော့ရုံသည် သူမ၏ လက်ဖဝါးကို လွှတ်လိုက်သည်။
"... " လုရွှမ်။
ခဏကြာတော့ လုရွှမ် သူ့နဖူးကို အုပ်လိုက်ပြီး
"ငါသင်ပေးမယ်..."
သူတကယ် ကြောက်သွားပါပြီလို့!
ကံကောင်းထောက်မစွာ သူအရင်ဘဝက မိန်းမတွေနဲ့ ဘာမှ မပတ်သတ်ခဲ့လို့ပေါ့။ ဒီလိုသတ္တဝါမျိုးက တကယ်ကို ကြောက်စရာ ကောင်းလှတယ်။
သူသည် နတ်ဆိုးဧကရာဇ် ချုံလူကို ဆယ်ရက်ဆယ်ည တိုက်ခိုက်ခွင့် ပေးခြင်းသည် လက်ရှိအခြေအနေထက် ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူသည်ဟု ခံစားရ၏။
အိပ်ဆောင်နားမှာ လမ်းလျှောက်ရင်း ခဏအကြာ ပြန်ရောက်လာပြီး
"ဒီတစ်အုပ်က အဂ္ဂိရတ်ပညာ.... နောက်တစ်ခုက ခန္ဓာကိုယ် လေ့ကျင့်ရေး အကြောင်းပဲ.... မင်းတို့နှစ်ယောက် ဒီထဲကအတိုင်း လေ့ကျင့်လို့ရတယ်..."
"ဟီးဟီး ...."
လူငယ်လေး စာအုပ်တွေ ထုတ်ပြတာကိုမြင်တော့ မင်းသမီးလော့ရုံက ဂုဏ်ယူနေပုံဖြင့် လှမ်းယူလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် သူမသည် အလွန်ရှေးရိုးဆန်သည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်းကို ဘယ်သူမှမထိစေဘဲ ၎င်းကို ကျောက်စိမ်းကဲ့သို့ စောင့်ရှောက်ထားခဲ့သည်။
သို့သော်လည်း ကျင့်ကြံသူတွေအတွက် တိုက်ခိုက်နေတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဟာ ပုံမှန်ပါပဲ။ အဲဒါကို ထိတွေ့ခြင်းဖြင့် ရယူလိုတဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေး လျှို့ဝှက်နည်းပညာကို ရရှိဖို့ လုံးဝထိုက်တန်ပါ၏။
"သွားမယ်"
မင်းသမီးလော့ရုံသည် သူမလိုချင်သော အရာကိုရရှိပြီးနောက် နောက်တဖန် မနှောင့်နှေးဘဲ ကြောင်တက်တက် ဖြစ်နေသော လင်ရှောင်းရှောင်းကို ဆွဲထုတ်ကာ နှစ်ယောက်သား အမြန်ထွက်သွားခဲ့သည်။
ယောက်ျားလေး အဆောင်ကို ညဉ့်နက်မှ ရောက်လာပြီး တစ်ဖက်လူရဲ့ လက်ဖဝါးကို မိမိရင်ဘတ်ကို ထိဖို့ ဆွဲထုတ်လိုက်ရ၏။ အခုနက စိတ်တွေပူနေချိန်မှာ ဘာမှ မခံစားရပေမယ့် အခုတော့ အကြောင်းတစ်ခုခုကြောင့် မျက်နှာက နီရဲလာသည်။
မြန်မြန်ထွက်သွားတာ ပိုကောင်းတယ်
နှစ်ယောက်သား ထွက်သွားသည်နှင့် တပြိုင်နက် ရန်းလင်နှင့် ယွမ်ချောင်တို့သည် အပြေးအလွှား ဝင်လာပြီး လုရွှမ်ကို သဘောကျသည့် အမူအရာဖြင့် ကြည့်နေကြသည်။
"အစ်ကိုကြီး... နောင်မှာ မင်း ငါတို့ကို မိန်းကလေးတွေ ဆွဲဆောင်တတ်အောင် သင်ပေးရမယ်နော်.... ကျောင်းအလှမယ် သုံးယောက်က အပြေးအလွှား ရောက်ချလာတာနော် အစွမ်းထက်လွန်းတယ်ကွာ..."
"... " လုရွှမ်။
"စိတ်ပျက်စရာပဲ စိတ်ပျက်စရာပဲ! ငါ သူ့ကို သတ်ပစ်မယ်....သတ်မယ်!!"
ကျန်းဝူအကယ်ဒမီ၏ ကျယ်ဝန်းသော ခြံဝင်းထဲတွင် အဘိုးအိုသည် ခေါင်းကို ကောင်းကင်ပေါ်သို့ မြှောက်ကာ အရူးအမူး အော်ဟစ်နေ၏။
လုရွှမ်သာ ရှိနေရင် သူ့ဆီက အရိုက်ခံရပြီး သတ်လုနီးပါး ဖြစ်သွားတဲ့ ဒုကျောင်းအုပ်ချန် ဆိုတာကို သေချာပေါက် မှတ်မိမှာပဲ ဖြစ်သည်။
လက်ရှိအချိန်မှာတော့ ဒုကျောင်းအုပ်ချန်ဟာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် သူ့ရဲ့ဒဏ်ရာတွေ လုံးဝပြန်လည် ကောင်းမွန်လာခဲ့ပါသည်။ ဒါပေမဲ့ အဲဒီနေ့က သူရရှိခဲ့တဲ့ အရှက်တရားတွေကို တွေးပြီး ရူးသွပ်စွာ အော်ဟစ်နေပါ၏။
နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့တာ ဒီလို စော်ကားမှုတွေကို ဘယ်တုန်းက ခံခဲ့ရလို့လဲ?
အခုတော့ ခံခဲ့ရရုံတင်မကဘဲ သော့ချက်က တခြားတစ်ဖက်လူဟာ အတန်းနိမ့်က ကျောင်းသားတစ်ယောက် ဖြစ်နေတာပဲ
(လုရွှမ်၏ ခွန်အားသည် အတွင်းစည်းသို့ ဝင်ရောက်နိုင်သော်လည်း သူသည် စည်းကမ်းများကို မဖြတ်သန်းခဲ့ပေ။ တကယ်တမ်း ပြောရလျှင် သူသည် အဆင့်နိမ့် ကျောင်းသားတစ်ဦးသာ ဖြစ်သည်။)
"ဒုကျောင်းအုပ်ချန် အပြင်မှာ လူတစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်!"
အော်ဟစ်နေတုန်း လူတစ်ယောက် ပြေးဝင်လာသည်။
"မတွေ့ဘူး! ငါဘယ်သူ့ကိုမှ မတွေ့ဘူး!"
ဒုကျောင်းအုပ်ချန်က ဟောက်လိုက်သည်။
"မတွေ့ဘူး? မင်းလက်စားချေဖို့ ငါကူညီနိုင်တယ် ဆိုရင်ရော??"
ပြောပြီးသည်နှင့် တပြိုင်နက် အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
"ဘယ်သူလဲ?"
ဒုကျောင်းအုပ်ချန် ရုတ်တရက် ခေါင်းကို လှည့်လိုက်သော် ဘယ်အချိန်ကလဲမသိ ခြံထဲမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။
ဒီလူရောက်လာတာကို လုံးဝမသိလိုက်ဘူး။
"ငါဘယ်သူလဲဆိုတာ ဂရုစိုက်စရာ မလိုဘူး မင်းလက်စားချေချင်ရင် ငါမင်းကို ကူညီနိုင်တယ်!"
လူလတ်ပိုင်းအရွယ်က ပေါ့ပေါ့ပါးပါး ပြုံး၏။
"တစ္ဆေလို ဟန်ဆောင်နေသေးတယ်! ဒီကနေ ထွက်သွား!"
ဒုကျောင်းအုပ်ချန်က ဟိန်းဟောက်လိုက်ပြီး ခြေဖဝါးဖော့ နင်း၍ ပြေးထွက်လာကာ လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်ဝါးဖြင့် လွှဲရိုက်လိုက်သည်။
သူသည် ထုံးရွှမ်နယ်ပယ်တွင် သန်မာသူတစ်ဦးဖြစ်ပြီး ဒဏ်ရာများမှာ မကျန်တော့တာကြောင့် ၎င်း၏ ကျင့်ကြံမှုသည် နိမ့်ပါးသွားခြင်း မရှိပေ။ သူလှုပ်ရှားလိုက်သောအခါ ပတ်ဝန်းကျင် လေထုသည် တဟုန်ထိုးမြည်ကာ ဖိနှိပ်သံများ ထွက်ပေါ်လာသည်။
ဝုန်း
လက်ဖဝါးသည် လူလတ်ပိုင်းအရွယ်ထံသို့ မရောက်မီတွင် သူ့တစ်ကိုယ်လုံး ထုံကျင်လာပြီး လေထဲမှ ပြုတ်ကျသွားသည်။
"ဘာ?"
လူလတ်ပိုင်း လူရွယ်ကို မော့ကြည့်လိုက်တော့ သူဘယ်တော့မှ မလှုပ်ရှားခဲ့သလို မြင်လိုက်ရတော့ ဒုကျောင်းအုပ်ချန်ဟာ သူ့ရှေ့ကလူရဲ့ ခွန်အားဟာ သူ့ထက် အဆများစွာ အားကောင်းနေမှန်း သိလိုက်သည်။
"ငါလက်စားချေတာကို ကူညီမယ်ဆို? ဘာသဘောလဲ?"
တိုက်ခိုက်မှုကို ရပ်တန့်ရင်း ဒုကျောင်းအုပ်ချန်က မေးလိုက်သည်။
"လုရွှမ်လို့ ခေါ်တဲ့ အဲဒီလူက မင်းကို အရှက်ရစေခဲ့တာ မဟုတ်ဘူးလား? ငါ့စကားကို နားထောင်နေသရွေ့ သူ အဆတစ်ရာ ပြန်ခံရမယ်ဆိုတာ ငါအာမခံနိုင်တယ်" ဟု လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
"တကယ်လား...ဒါပေမဲ့...မင်းငါ့ကိုဘာလို့ ကူညီပေးတာလဲ?"
ဒုကျောင်းအုပ်ချန်၏ မျက်လုံးများ တောက်ပသွားသည်။ လက်စားချေခြင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူတွေးနေခဲ့သော အရာတစ်ခု ဖြစ်သော်လည်း တစ်ဖက်လူသည် ကျောင်းအုပ်ကြီး လော်ယန်ချင်း၏ အကာအကွယ် ရှိသောကြောင့် လုံးဝမလုပ်ဆောင်နိုင်ပါ။
နောက်ပြီး သူ့ရှေ့ကလူက အရမ်းသန်မာတယ်။ ဘာလို့ သူ့ကို လာကူညီရတာလဲ?
သူမယုံနိုင်ဘူး!
"ငါ အဲဒီလုရွှမ်ကို သေစေချင်တယ်!" လူလတ်ပိုင်းလူရွယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"သူ့ကိုသေစေချင်တာလား? မင်းက အရမ်းသန်မာတယ် သူ့ကိုသေစေချင်ရင် အရမ်းလွယ်သင့်တယ်မလား.."
ဒုကျောင်းအုပ်ချန် အံ့အားသင့်သွားသည်။
ဒီလူရဲ့ ခွန်အား ဘယ်လောက် နက်နဲမှန်း မသိပေမယ့် လုရွှမ်ကို တကယ်သတ်ချင်ရင် လက်တစ်ချောင်းတည်းနဲ့ လုပ်နိုင်တယ်ဆိုတာ သူသိသည်။
အဲဒီလို ခွန်အားတွေနဲ့ကို ဘာကြောင့် ကိုယ်တိုင်မလှုပ်ရှားတာလဲ?
သူက အဲဒီကောင်လေးဆီက အရိုက်ခံလိုက်ရတာ ပြီးတော့ သေလုနီးပါးပဲ။