← Chapters

အကယ်ဒမီလေးခု၏ ပြိုင်ဆိုင်မှုကြီး

Vol. 8 Ch. 114

အကယ်ဒမီလေးခု၏ ပြိုင်ဆိုင်မှုကြီး

Vol. 8 Ch. 114

"သွားကြည့်ရအောင်.... အကယ်ဒမီက ကျောင်းသား ဖြစ်နေသရွေ့ သွားရမှာပဲ...မသွားရင် ထုတ်ပယ်ခံရလိမ့်မယ်"

ရန်းလင်သည် ထူးဆန်းလာသလို ခံစားလိုက်ရသဖြင့် မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"အင်း!" လုရွှမ်လည်း ခေါင်းညိတ်သည်။

ယွမ်ယန်ကျင့်စဥ်၏ ပြီးပြည့်စုံမှု ပထမအဆင့်ကို အချိန်တိုအတွင်း ဖြတ်မသွားနိုင်ပေ။ အကယ်ဒမီမှ တကယ့် ကျန်းဝူခေါင်းလောင်းကို တီးခတ်လိုက်သောကြောင့် သွားကြည့်လိုက်ရင်လည်း ကိစ္စမရှိပါဘူး။

အိပ်ဆောင်ထဲက ထွက်လာတော့ တခြားကျောင်းသားတွေလည်း ခေါင်းလောင်းသံ ကြားတာကို တွေ့လိုက်ရပြီး အကယ်ဒမီ၏ အလယ်ခေါင်က ရင်ပြင်ဆီကို အမြန်ပြေးသွားကြသည်။

ရင်ပြင်သို့ရောက်ရန် အချိန်သိပ် မကြာလိုက်ပါ။

ယခုအချိန်တွင် ရင်ပြင်ထဲ၌ လူပင်လယ်ကြီး ရှိနေပြီး အကယ်ဒမီရှိ လူတိုင်းနီးပါး ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်းဝူအကယ်ဒမီသည် ကျန်းဝူအင်ပါယာတွင် အမြင့်ဆုံး ကျောင်းဖြစ်ပြီး အောက်တန်း၊ အကြီးတန်းအဆင့်နှင့် အတွင်းစည်းက ကျောင်းသား ထောင်ပေါင်းများစွာ ရှိသည်။

"အဲဒါတွေက အဆင့်မြင့်အတန်းက ကျောင်းသားတွေပဲ!"

ထိုင်စရာနေရာ ရှာပြီးနောက် ရန်းလင်က ညွှန်ပြသည်။

သူ့လက်ချောင်းများနောက် လှမ်းကြည့်လိုက်ရာ မနီးမဝေးတွင် ထိုင်နေသည့် လူတစ်စုကို မြင်ရသည်။ မင်းသမီးလော့ရုံ၊ လင်ရှောင်းရှောင်းနှင့် လန်ရော့ရှင်းတို့ပင် ပါဝင်ကြသေးသည်။ (လန်ရော့ရှင်းသည် စီနီယာအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်)။

ဤအုပ်စုတွင် လူတစ်ထောင်အောက်သာ ရှိပြီး အောက်ခြေအဆင့်ရှိ ကျောင်းသားများမှာ လူရှစ်ထောင် သို့မဟုတ် ကိုးထောင်အထက် ရှိသည်

အဆင့်မြင့် အတန်းရှိ ကျောင်းသားများဘေးတွင် ထိုင်နေတဲ့ လူတစ်စုလည်း ရှိပေမယ့် အရေအတွက်က နည်းပြီး ဒါဇင်အနည်းငယ်သာရှိကာ အားလုံးက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထူးထူးခြားခြား ထုတ်ဖော် ပြောဆိုကြ၏။

ကြည့်ရသည်မှာ သူတို့သည် ဒဏ္ဍာရီဆန်သော အတွင်းစည်း၏ တပည့်ဖြစ်နိုင်သည်။

မနေ့ညက အရိုက်ခံရတဲ့ ဝေ့ချန်လည်း ပါ၏။

ကျောင်းသားများအပြင် ဆရာများအားလုံးသည် အလယ်ရှိ ပလပ်ဖောင်းဝိုင်းကို ကြည့်ကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

"ညီအစ်ကို....ဘာတွေ ဖြစ်တာလဲ? ဘာလို့ ကျန်းဝူခေါင်းလောင်းကို အမြန်တီးနေရတာလား?"

ဘာဖြစ်သွားမှန်း မသိရာ ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက် ရန်းလင်က တစ်ခုခုကို သိပုံရတဲ့ လူငယ်တစ်ယောက်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"အန်းဝူ အကယ်ဒမီ၊ ကန့်ရှင်းအကယ်ဒမီ နဲ့ လုံချင်းအကယ်ဒမီက လူတွေ စိန်ခေါ်ဖို့ လာတယ်လို့ ကြားတာပဲ"

ထိုကောင်လေးက အသံကို လျှော့၍ ပြော၏။

"အန်းဝူအကယ်ဒမီ? ကန့်ရှင်းအကယ်ဒမီ? လုံချင်းအကယ်ဒမီ? သူတို့က ဘာလို့စိန်ခေါ်ဖို့ လာကြတာလဲ?"

ရန်းလင် အံ့သြသွားသည်။

ဤအကယ်ဒမီသုံးခုသည် အန်းဝူအင်ပါယာ၊ ကန့်ရှင်းအင်ပါယာနှင့် လုံချင်းအင်ပါယာမှ ဖြစ်ကြသည်။

ဤအင်ပါယာ သုံးခု၏ နယ်မြေဧရိယာသည် ကျန်းဝူအင်ပါယာနှင့် သိပ်မကွာခြားလှပေ။ ၎င်းတို့သည် တူညီသောအဆင့်ရှိ အင်ပါယာနိုင်ငံများ ဖြစ်ပြီး အမြဲတမ်း လုံခြုံတည်ငြိမ်နေခဲ့တာ ၎င်းတို့ကို အဘယ်ကြောင့် ရုတ်တရက် စိန်ခေါ်လာရသနည်း။

"မသိဘူး.... ပြောတာတော့..."

ကောင်လေးက တစ်ပတ်ကြာ လှည့်ပတ်ကြည့်ရင်း

"...အဲဒါက ယင်းယန်အကယ်ဒမီနဲ့ တစ်ခုခုတော့ ပတ်သက်တယ်တဲ့!"

"ယင်းယန်အကယ်ဒမီ?"

ဒီစကားကိုကြားတော့ ရန်းလင် နဲ့ ယွမ်ချောင်တို့ တုန်လှုပ်သွားကြသည်။

ယင်းယန်အကယ်ဒမီသည် တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးတွင် ထင်ရှား ကျော်ကြားသော အင်အားကြီး တစ်ခုဖြစ်ပြီး ၎င်း၏ဂုဏ်သတင်းမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေနိုင်သည်။

အဲဒီနေရာနဲ့ ပတ်သတ်ပြီး ကြားလိုက်ရတဲ့အခါ နှစ်ယောက်သား အံ့သြလွန်းလို့ မူးလဲလုနီးပါး ဖြစ်ကုန်ကြသည်။

"ပေရွှီးဘုရင့်အင်ပါယာ မင်းတို့အဲဒါကို ကြားဖူးမှာပါ!" လူငယ်က ပြောလာ၏။

"ဟုတ်တယ် ငါကြားဖူးတယ်! ကျိုးရန် နေဗဟိုအင်ပါယာကို မရေမတွက်နိုင်အောင် သေးငယ်တဲ့ အင်ပါယာတွေနဲ့ တိုင်းနိုင်ငံတွေ အဖြစ် ပိုင်းခြားထားတယ်...ငါတို့ရဲ့ ကျန်းဝူအင်ပါယာက သူတို့ကြားထဲမှာ အနိမ့်ဆုံး အဆင့်နိမ့်နိုင်ငံဖြစ်ပြီး ပေရွှီး ဘုရင့်အင်ပါယာက ဒုတိယအဆင့် အမြင့်ဆုံးအင်ပါယာပဲ"

ရန်းလင် မနေနိုင်စွာ ပြောလိုက်သည်။

၎င်းတို့နှစ်ခုစလုံးသည် အင်ပါယာ နိုင်ငံများဖြစ်သော်လည်း ကျန်းဝူအင်ပါယာသည် အဆင့်နိမ့်နိုင်ငံ တစ်ခုမျှသာ ဖြစ်ပြီး ပေရွှီးအင်ပါယာသည် အဆင့်နှစ်ရှိသည့် နိုင်ငံဖြစ်သည်။

၎င်းတို့ထက် အဆမရေတွက်နိုင်အောင် အဆင့်မြင့်သော နိုင်ငံဖြစ်သည်။

"မှန်တယ်...အဲဒါက အလယ်အလတ်တန်းစား ဝူယန်အင်ပါယာထက် အများကြီး ပိုသန်မာပါတယ်!"

ယွမ်ချောင်လည်း စိတ်လှုပ်ရှားသွားသည်။

ကျန်းဝူအင်ပါယာ နိုင်ငံမှ ဝေးကွာသော အကြီးဆုံး အင်အားမှာ အလယ်အလတ်တန်းစား ဝူယန်အင်ပါယာ ဖြစ်ပြီး ဤပေရွှီး အင်ပါယာသည် ဝူယန်အင်ပါယာထက် အဆများစွာ ကြီးမားသည်။

ဝူယန်အင်ပါယာ အကြောင်း ကြားတော့ လုရွှမ်ရဲ့ စိတ်က တစ်ချက် တုန်သွားသည်။

အရင်က မူလပိုင်ရှင်ကို စွန့်ပစ်ခဲ့တဲ့ ဆူးယာက ဝူယန်အကယ်ဒမီကို ဝင်ရောက်ချင်လို့ ထိုလူငယ်ကို ရွေးချယ်လိုက်တာလား?

"ဒါက ပေရွှီးဘုရင့် အင်ပါယာမှာရှိတဲ့ ယင်းယန်အကယ်ဒမီပဲ!" ဟု လူငယ် ကပြော၏။

"အရင်က ငါတို့လို အဆင့်နိမ့်တဲ့ နိုင်ငံက လူတွေကို သူတို့ မစုဆောင်းဖူးပေမယ့် ဘာလို့လဲမသိဘူး ဒီနှစ်မှာ နေရာတွေကို ရုတ်တရက် ထုတ်ပေးလာတယ်.... ဒါပေမဲ့ နေရာက ဆယ်ယောက်အတွက်ပဲ ရှိတယ်... ကျန်တဲ့ အကယ်ဒမီသုံးခုက လိုချင်တာဆိုတော့ သူတို့ ဆုံးဖြတ်ချက် မချနိုင်လို့ သူတို့ အကယ်ဒမီရဲ့ ထိပ်တန်း သူတွေကို ခေါ်လာပြီး အကယ်ဒမီ လေးခုကြားမှာ ပြိုင်ဆိုင်ဖို့ စီစဉ်နေတာ....ပြီးရင် ထိပ်တန်း ဆယ်ယောက်ကို ရွေးမှာ"

"ဟုတ်လား!"

ရန်းလင်နှင့် အခြားသူများ ရုတ်တရက် သဘောပေါက်သွားသည်။

ယင်းယန်အကယ်ဒမီ မပြောနှင့် ပေရွှီးအင်ပါယာ၏ စုဆောင်းမှုအကြောင်း ပြောရုံဖြင့် မရေမတွက်နိုင်သော လေ့ကျင့်ရေးသမားများ၏ အာရုံကို ဆွဲဆောင်သွားမည်ကို ကြောက်ရသည်။

တိမ်ပင်လယ်နယ်မြေ အလယ်နဲ့ ပိုနီးလေလေ ဝိညာဥ်စွမ်းအင်ရှိလေ ဆရာသခင်တွေ များလေလေပဲ။ အဲဒီလိုနေရာမျိုးမှာ လေ့ကျင့်ရင် တိုးတက်မှုက ပိုမြန်လာလိမ့်မည်၏

ကျန်းဝူအကယ်ဒမီလို သေးငယ်တဲ့ နေရာမှာ တစ်ချိန်လုံး နေရတာထက် ပိုကောင်းပါသည်။

"ယင်းယန်အကယ်ဒမီက တာဝန်ခံတွေ အကုန်လာကြတယ်တဲ့...အလားအလာကောင်း ရှိနေသရွေ့ ရွေးချယ်ခံရမှာပါ" လို့ ကောင်လေးက တောင့်တနေတဲ့ မျက်လုံးတွေနဲ့ ပြောလာလေသည်။

အကယ်၍ လူတစ်ဦးသည် ယင်းယန်အကယ်ဒမီသို့ ဝင်ရောက် လေ့ကျင့်နိုင်ပါက သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်သည် မည်သို့ပင်ရှိစေကာမူ အနာဂတ်တွင် ကျော်ကြားလာပြီး အထက်တန်းစားများကြားတွင် အထက်တန်းစား ဖြစ်လာလိမ့်မည်ဟု မှန်းဆနိုင်သည်။

"အခြားအကယ်ဒမီက ရွေးချယ်တာ..."

ဒါတွေကိုကြားတော့ လုရွှမ် ရုတ်တရက် သဘောပေါက်သွားသည်။

မနေ့က တိုက်ခိုက်ခဲ့တဲ့ သခင်လေးချန်လို့ပြောတဲ့ ချန်တုံးကလည်း အထက်တန်းစားတွေထဲက တစ်ယောက် ဖြစ်လိမ့်မည်။

သူ့ကို တစ်ခါမှ မမြင်ဖူးတာ အံ့သြစရာ မဟုတ်သလို အတွင်းစည်းထဲက ကျောင်းသား ဝေ့ချန်ကလည်း ဒီလူအကြောင်း မကြားခဲ့ဖူးပါဘူး။

"ကြည့်လိုက်.."

တွေးနေတုန်းမှာ လူအုပ်ထဲက တစ်ယောက်ယောက်က တိုးတိုးလေးလာတော့ လုရွှမ် မော့ကြည့်လိုက်သည်။

လူတချို့သည် လူအုပ်အလယ်က စင်မြင့်ပေါ်ကို တက်လာ၏။

ပထမတစ်ယောက်ကတော့ ကျောင်းအုပ်ကြီး လော့ယန်ချင်း ဖြစ်ပြီး သူ့ဘေးမှာ နဂါးတွေ ကျားတွေလို လမ်းလျှောက်လာနေတဲ့ အဘိုးကြီး သုံးယောက်လည်း ထူးထူးခြားခြား ခွန်အားတွေ ရှိနေ၏။

အဘိုးကြီးသုံးယောက်ရဲ့ နောက်မှာ လူငယ်တစ်ဒါဇင်လောက် ပါလာသေးသည်။

လူတိုင်းက ခေါင်းကို မြှောက်ထားကာ ကျန်းဝူအကယ်ဒမီမှ လူများကို ကြည့်နေပုံမှာ သူတို့သည် သဘာဝအတိုင်း မြင့်မြတ်စွာ မွေးဖွားလာကဲ့သို့ပင်။

"မင်းတို့ကိုခေါ်ဖို့ ကျန်းဝူခေါင်းလောင်းကို တီးရတာက ငါတို့အကယ်ဒမီက စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရလို့ပဲ!"

လော်ယန်ချင်းက ရပ်လိုက်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ သူ့ရဲ့ကျယ်လောင်တဲ့ အသံက ရင်ပြင်တစ်ခုလုံးမှာ ပဲ့တင်ထပ်နေ၏။

"ငါ့နောက်မှာ အန်းဝူအကယ်ဒမီ၊ ကန့်ရှင်းအကယ်ဒမီနဲ့ လုံချင်းအကယ်ဒမီက ထိပ်တန်းကျောင်းသားတွေ ရှိတယ်...သူတို့ဒီနေ့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်...ငါတို့အကယ်ဒမီက ကျောင်းသားတွေကို စိန်ခေါ်ဖို့ပဲ... တစ်ယောက်နဲ့တစ်ယောက် သင်ယူပြီး အတူတူ တိုးတက်အောင် လုပ်ကြပါ"

"အန်းဝူအကယ်ဒမီ? ကန့်ရှင်းအကယ်ဒမီ? လုံချင်းအကယ်ဒမီ?"

"ငါတို့ကို စိန်ခေါ်မယ်?"

"ဘာဖြစ်ကုန်တာလဲ?"

.......

ရန်းလင်နဲ့ ယွမ်ချောင်တို့လိုပဲ လူတော်တော်များများက ဘာဖြစ်နေမှန်း မသိကြဘဲ လော်ယန်ချင်း ပြောတာကို ကြားတော့မှ ချက်ချင်းပေါက်ကွဲပြီး ဆွေးနွေးပါတော့သည်။

"ဒါကအရမ်း ရိုးရှင်းပါတယ်... ဒီလိုပါ.."

လူတိုင်း၏ စိတ်ဓာတ်များ နိုးကြားလာသည်ကို တွေ့ရသောအခါ လော်ယန်ချင်းက ထိုကိစ္စကို ထပ်မံရှင်းပြသည်။

မတိုင်ခင်က လူငယ်လေး ပြောခဲ့တာနဲ့ သိပ်မကွာချေ။ ယင်းယန်အကယ်ဒမီက အဆင့်နိမ့်တဲ့ နိုင်ငံလေးခုက တပည့်တွေကို ရွေးချယ်ချင်နေတာပဲ ဖြစ်သည်။

အရေအတွက် ကန့်သတ်ချက်ကြောင့် တခြားအကယ်ဒမီ ၃ခုသည် ထိပ်တန်း၁၀ယောက်ကို ရွေးချယ်ဖို့ စီစဥ်လာခြင်း ဖြစ်လေသည်။

"ပေရွှီးမြို့က ယင်းယန်အကယ်ဒမီ?"

"ဒါက တစ်ကမ္ဘာလုံးမှာ ကျော်ကြားနေတဲ့ အင်အားတစ်ခုပဲ!"

"ကောင်းတာပေါ့... လေ့ကျင့်မှု စားရင်ထဲ ဝင်နိုင်ရင် အထက်တန်းစား ဖြစ်လာပြီး ကောင်းကင်ကို ပျံတက်သွားမှာ သေချာတယ်!"

.......

လော်ယန်ချင်း၏ စကားကိုကြားတော့ ကျောင်းသားအားလုံး စိတ်လှုပ်ရှားသွားကြသည်။

မဝင်နိုင်မှန်း လူအများ သိကြသော်လည်း ယင်းယန်အကယ်ဒမီသည် အဆင့်အတန်း နိမ့်သောနိုင်ငံလေးခုက လူများကို ထပ်မံခေါ်ယူနိုင်သည်။ ၎င်းသည် သူတို့အား ပိုမိုအာရုံစိုက်ထားကြောင်း ပြသနေ၏။ ဒီနှစ် မအောင်မြင်ပါက အနာဂတ်မှာ အခွင့်အလမ်းတွေ ရှိနေပါသေးသည်။

"စာရင်းသွင်းချင်သူများ ယခုစတင်နိုင်ပါပြီ... ဒါပေမဲ့ တစ်ခုတော့ ကြိုသတိပေးထားပါမယ် အနည်းဆုံး ဖိရွှယ်နယ်ပယ်နဲ့ အထက်ကို ရောက်နေရမှာ ဖြစ်ပြီး အသက်၂၅နှစ်ထက် မပိုရဘူး..."

လော်ယန်ချင်းက ပြောလေ၏။

All Chapters