ရှဲ့ကျား
Vol. 8 Ch. 116
"ရှင်"
မမျှော်လင့်ဘဲ လုရွှမ်သည် သူ့လက်တစ်ဖက်နဲ့ တိုက်ရိုက်ပွေ့ဖက်လိုက်ရာ မင်းသမီးလော့ရုံသည် သူ၏ထူထဲသော ရင်ဘတ်ကို ထိမိလိုက်ပြီး အရေပြားမှာ ပူလောင်နေကာ အနည်းငယ် ထုံလာသည်။
အံကြိတ်လိုက်ပြီး သူမ လွတ်မြောက်ချင်လာသည်။ သို့သော် လုရွှမ်သည် ခန္ဓာကိုယ်နှင့် ကြံ့ခိုင်မှုအရ သူမထက် များစွာပို၍ သန်မာနေလေသည်။ သူရုန်းကန်လေလေ သူမ၏ခါးက တင်းကျပ်လာလေ ဖြစ်သည်။
သူမသည် ချက်ချင်းဆိုသလိုပင် ပူပြင်းသော ခန္ဓာကိုယ်နှင့် တွယ်ကပ်ထားမိတာကို ခံစားမိလိုက်သည်။ ရှက်ရွံ့ရုံသာမက ဒေါသမထွက်ဘဲ လှပသော မျက်နှာသည် ပန်းနုရောင် သမ်းလာသည်။
မတိုင်ခင်က ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာဟာ တစ်ဖက်လူရဲ့ လိမ္မာပါးနပ်မှုကို ဖယ်ထုတ်ချင်လို့ သူမရဲ့ အားသာချက်က အခွင့်ကောင်းယူဖို့ မလွယ်ဘူးဆိုတာ သိစေချင်ပေမယ့် ထိုလူက ပိုလို့တောင် ကောင်းလာခဲ့သည်။
ငယ်ငယ်ကတည်းက တခြားသူရဲ့ ပွေ့ဖက်တာကို မပြောနဲ့ ဆန့်ကျင်ဘက် လိင်ကတောင် သူမနဲ့ နှစ်မီတာအကွာမှာ တစ်ခါမှ မရောက်ဖူးချေ။
ဆန့်ကျင်ဘက်လိင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး တခြားသူဆီက ထွက်လာတဲ့ ပြင်းထန်တဲ့ ယောက်ျားဆန်ဆန် ရောင်ဝါကို ရှူရှိုက်မိတော့ မင်းသမီးလော့ရုံရဲ့ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး ဘာလုပ်ရမှန်း မသိဘူးတော့ချေ။
"ငါလူး....."
"ငါအမြင် မမှားဘူးမလား? လုရွှမ်က မင်းသမီးလော့ရုံကို သူ့ရင်ခွင်ထဲမှာ ပြောင်ပြောင်တင်းတင်း ဖက်ထားလိုက်တယ်?? ဒီလောက်မြန်မြန်နဲ့ သူမကို ရသွားပြီလား??"
ရန်းလင်နှင့် ယွမ်ချောင်တို့သည် ဤမြင်ကွင်းကို အဝေးမှမြင်ရပြီး မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။
မင်းသမီးလော့ရုံဟာ မနေ့ညက လုရွှမ်ကိုရှာဖို့ လာခဲ့ပေမယ့် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်ခဲ့သေးချေ။ ဒီနေ့မနက်မိုးလင်းတာနဲ့ လူတွေ အများကြီးရှေ့မှာ ပွေ့ဖက်ထားမယ်လို့ ဘယ်သူထင်မှာလဲ။
အထိန်းအကွပ် မဲ့လွန်းတယ်!
"အစ်ကိုကြီးကတော့ မျှော်လင့်ထားသလိုပဲ... အရမ်းမိုက်တယ်!"
"စံပြပုဂ္ဂိုလ်ပဲကွာ...."
နှစ်ယောက်သား အားကျစွာ ရေရွတ်လိုက်ကြသည်။
သူတို့နှစ်ယောက်က လုရွှမ်အပေါ် ချစ်ခင်လေးစားမှုတွေ ပေါ်ထွက်လာပေမယ့် တခြားသူတွေကတော့ ရူးသွပ်သွားကြသည်။
"အဲ့ကောင်က ဘယ်သူလဲ"
"သူက ငါ့နတ်သမီးကို ပွေ့ဖက်ရဲတယ်!! ငါ သူ့ကို အပြင်းအထန် တိုက်ပစ်မယ်!"
"ကောင်လေး မင်းသေလမ်းကို ရှာနေတာပဲ..."
"မင်းက ငါ့နတ်သမီးကို ထိရဲတယ်ပေါ့ မင်းကိုငါသတ်ပစ်မယ်..."
......
မင်းသမီးလော့ရုံသည် သူမ၏ အသွင်အပြင်နှင့် ခွန်အားကြောင့် မရေမတွက်နိုင်သော လူများ ကိုးကွယ်သည့် ရုပ်တုတစ်ခု ဖြစ်လာခဲ့သည်။ သူတို့၏ ရုပ်တုကို ယခုအချိန်တွင် အမျိုးသားတစ်ဦး၏ ပွေ့ဖက်ခြင်း ခံထားရတာကို မြင်လိုက်တော့ ကမ္ဘာကြီးက ညစ်ညမ်းသွားသည်ဟုပင် ခံစားလိုက်ရသည်။
"လူဆိုး!"
"အရူး!"
လူအုပ်ထဲမှ လင်ရှောင်းရှောင်း နှင့် လန်ရော့ရှင်းတို့သည် ဤမြင်ကွင်းကို မြင်သောအခါ ရှက်သွားပြီး တစ်ချိန်တည်းတွင် အော်ဟစ်လိုက်သည်။
"မင်းသမီးလော့ရုံ ဘုရင်မင်းမြတ်ရဲ့ အချစ်ဆုံးသမီးတော်ပဲ....အဲ့ကောင်လေး သူမကို ပြောင်ပြောင်တင်းတင်း စော်ကားနေတာ... အသက် မရှင်ချင်တော့ဘူးလား မသိဘူး!"
"ဘုရင်မင်းမြတ်က သူ့ကိုမကြာခင် သတ်တော့မယ်လို့ ခံစားနေရပြီ..."
"သေစေနိုင်တဲ့ အလုပ်ကို မလုပ်မိရင် မသေဘူး... သူ့ရှေ့က ရွှိရောင်က မင်းသမီးလော့ရုံကို အရူးအမူး လိုက်ပိုးပန်းနေတဲ့သူ... သူတင်မကဘူး အတွင်းခြံဝင်းထဲက နံပါတ်တစ် ကျောင်းသား ရှဲ့ကျားလည်း ပါတယ်။ ငါ့အထင်တော့ ဘုရင်က မလှုပ်ရှားခင် အဲဒီပြိုင်ဘက်တွေက သူ့ကို သတ်ပစ်လိမ့်မယ်
.......
လုရွှမ်၏ လုပ်ရပ်ကို မြင်သောအခါ ငြိမ်သက်နေခဲ့သော ကျောင်းသားအချို့လည်း ခေါင်းငုံ့ကာ ကူကယ်ရာမဲ့ ဖြစ်ကုန်ကြတော့သည်။
မင်းသမီးလော့ရုံသည် ကျန်းဝူဘုရင်၏ အချစ်ဆုံးသမီးတော် ဖြစ်သည်။ သူမသည် ဘုရင့်သမီးတော်အား လူရှေ့သူရှေ့တွင် ထိပါးစော်ကား ခံရသည်ကို သိပါက အသေသတ်ပစ်လိမ့်မည်။
"မင်းသေချင်နေတာပဲ!"
ဒီပုံစံကို မြင်လိုက်ရတော့ အနားက သခင်လေးရွှိသည် သေဆုံးလုနီးပါး ဖြစ်သွားပြီး သူ့အဆုတ်တွေ ပေါက်ကွဲသွားပြီလို့ ခံစားလိုက်ရသည်။
သူ၏ နတ်ဘုရားမသည် အဆင့်နိမ့်သော လူသေးသေးလေး၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားတာကို မြင်ပြီး ပြင်းထန်သော ဒေါသသည် ပေါက်ကွဲထွက်လာ၏။
ဗုန်း!
လက်သီးတစ်ချက်က လုရွှမ်ကို ပြေးလာသည်။
သူ့စွမ်းအားကို သုံးလိုက်သည်နှင့် သခင်လေးရွှိ ရွှိရောင်၏စွမ်းအားသည် ချက်ချင်း ပေါ်ထွက်လာပြီး ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဆိုတာကို တွေ့လိုက်သည်။
ခွန်အား ၂၀၀ကျော်၏ စွမ်းအားသည် ပြင်းထန်သော ဖိနှိပ်မှုနှင့်အတူ ထွက်လာ၏။
ဟူ.....
လုရွှမ်သည် သူ့လက်မောင်းရဲ့ လှုပ်ရှားမှုကို ရွှေ့လိုက်ကာ မင်းသမီးလော့ရုံကို သူ့လက်သီးရှေ့တွင် ပိတ်ထားလိုက်သည်။
"မင်း"
မထင်မှတ်ပဲ သူသည် အလွန် အရှက်မရှိတဲ့သူ ဖြစ်နေ၏။ မင်းသမီးလေးကို လက်သီးရှေ့မှာ ပိတ်တားလာခဲ့ရာ ရွှိရောင်ရဲ့ အမူအရာလည်း ပြောင်းလဲသွားကာ အမြန်ရုတ်သိမ်းလိုက်သည်။
"ဖူး....."
သူသည် ခွန်အားရှိသမျှကို အသုံးပြုခဲ့တာကြောင့် ခွန်အားကို ဆုတ်ခွာသွားရတာက ဤလက်သီး၏ အစွမ်းရှိသမျှနှင့် တန်ပြန်ထိလိုက်သည်နှင့် ညီမျှသည်။
ဝှစ်.....
သွေးမအန်ရသေးခင် ခြေတစ်ချောင်းက ဆန့်ထွက်လာပြီး သူ့ရင်ဘတ်ကို ပိတ်ကန်လိုက်သည်။
ဗုန်း
ရွှိရောင်သည် တုံ့ပြန်ချိန်ပင် မရှိသဖြင့် ဆယ်မီတာကျော် ဇောက်ထိုး ပျံထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
လုရွှမ် လှုပ်ရှားလိုက်တာပဲ ဖြစ်လေသည်။
ပြိုင်ဘက်ရဲ့ လက်သီးက မပျော့ပေမယ့် သူ့ရဲ့ဆင်သံချပ် ရွှေကိုယ်ထည်က ဒုတိယအဆင့်ကို ရောက်နေပြီ။ သူအပြင်းအထန် ထိုးရင်တောင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။
မင်းသမီးလော့ရုံကို လှည့်ပတ် ကစားလိုက်တာကလည်း သူမဒီလို ကစားတိုင်း သူ့ဖက်က တုံ့ပြန်လာမှာဖြစ်ကြောင်း သတိပေးလိုက်တာပဲ ဖြစ်သည်။
ရွှိရောင်က သူ့ခွန်အားကို မထိန်းနိုင်ရင်တောင် သူ့မှာ ဒဏ်ရာမရအောင် ထိန်းဖို့ နည်းလမ်းရှိပါသေးတယ်။
သူမှန်းဆထားသည့်အတိုင်း မင်းသမီးလော့ရုံသည် သူမကို အကာအရံအဖြစ် အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ဘဲ သူမ၏လှပသောမျက်နှာသည် ထိတ်လန့် ခြောက်ခြားသွားခဲ့သည်။
သူမ၏ ဖိရွှယ်နယ်ပယ်က သာမန်သာ ဖြစ်သော်လည်း ကျင့်ကြံမှုကတော့ အလယ်အလတ် အဆင့်ကို ရောက်ရှိနေပြီ။ အကယ်၍ တစ်ဖက်လူရဲ့ လက်ဖဝါးနဲ့သာ ထိမိခဲ့ရင် သေသွားမည်မှာ သံသယဝင်စရာ မလိုပေ။
ဒီအခြေအနေကို ဘယ်လိုလုပ် မကြောက်ဘဲနေမှာလဲ?
သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ် တုန်ယင်နေချိန်တွင် လူငယ်၏ နှုတ်ခမ်းသည် သူမနားထဲတွင် ကပ်လျက်။
"ကိစ္စမရှိရင် ငါနဲ့ လာမရှုပ်ပါနဲ့... ငါ့ဒေါသက သိပ်မကောင်းဘူးနော်.. ဒါက သင်ခန်းစာ တစ်ခုပဲ မင်းငါ့ကို ထပ်ပြီး နှောင့်ယှက်ရင် ဘာဖြစ်လာမယ်ဆိုတာ အာမ မခံနိုင်ဘူး!"
စကားတွေ ပြီးသွားတဲ့အခါ သူမခါးမှာ ဖက်ထားတဲ့ လက်တွေ လျော့သွားတယ်လို့ ခံစားလိုက်ရပြီး ကောင်လေးကတော့ စာရင်းသွင်းသည့် နေရာသို့ လှည့်ထွက်သွားလေပြီ။
"ရှင်"
ကောင်လေး၏ လက်မောင်းမှ လွတ်မြောက်သွားသည်နှင့် မင်းသမီးလော့ရုံသည် တကိုယ်လုံး အားနည်းလာပြီး မြေပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။
သူ့ကို ယင်ကောင်လို့ မပြောခဲ့သင့်ဘူး။ ရွှိရောင်က ဒေါသထွက်ပြီး သင်ခန်းစာတစ်ခု သင်ပေးသင့်တာလေ။ ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ? ဒဏ်ရာရတော့မယ့် လူက သူမကိုယ်တိုင် ဖြစ်သွားရတာလဲ?
"ဒီကောင်တော့!"
ခြေဖဝါးလေးကို စောင့်ပစ်လိုက်ကာ မင်းသမီးလော့ရုံရဲ့ အမူအရာမှာ ရုပ်ဆိုးသွားသည်။
မူလက သူမကစတင် လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် တစ်ဖက်လူ၏ အစပြုမှု ဖြစ်သွားခဲ့သည်။
ဒါ့ပြင် လူများစွာရှေ့မှာ တစ်ဖက်လူရဲ့ အခွင့်ကောင်းယူတာကို ခံရတယ်။ သူမရှေ့မှာ မြေကျွင်းသာရှိရင် ချက်ချင်း ဝင်ပုန်းလိုက်ချင်၏။
"စိတ်မပူပါနဲ့ မင်းသမီးလေး...အဲဒီမသိနားမလည်တဲ့ ကောင်ကို မင်းအတွက် သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်"
ရှက်စိတ်နှင့် ဒေါသကြီးနေချိန် အေးစက်စက် အသံတစ်ခု သူမနားထဲတွင် ထွက်ပေါ်လာသည်။
လှမ်းကြည့်လိုက်တော့ အတွင်းခန်းထဲက နံပါတ်တစ် ကျောင်းသား ရှဲ့ကျားဖြစ်နေ၏။
"နင့်အပူ မပါဘူး!"
တစ်စုံတစ်ယောက်သည် သူ့ကိုယ်စား ဒေါသကို ပြေပျောက်စေလိုလျှင် သူမ အလွန်ပျော်နေသင့်သည်။ အကြောင်း တစ်ခုခုကြောင့် လုရွှမ် ပြောခဲ့သည်ကို တွေးရင်း မင်းသမီးလော့ရုံသည် ခြေထောက်ကို နောက်တစ်ကြိမ် ထပ်စောင့်ကာ အမည်စာရင်း သွင်းရာဆီသို့ လှည့်ကြည့်လိုက်သည်။
"ဟမ့်.... ကောင်လေး မင်းငါနဲ့ စင်ပေါ်မှာ မဆုံမိပါစေနဲ့.... မဟုတ်ရင် မင်းကို နေ့တိုင်း ငိုအောင်လုပ်ပြီး မြေကြီးထဲ ဝင်ပုန်းချင်အောင် လုပ်ပစ်မယ်!"
မင်းသမီးလော့ရုံက သူ့ကို လျစ်လျူရှုပြီး လှည့်ထွက်သွားတာကို မြင်တော့ ရှဲ့ကျား သူ့မျက်လုံးတွေကို မှိတ်ထားပြီး အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
လုရွှမ်၏ အမြင်မှာ မင်းသမီးလော့ရုံသည် ထူးဆန်းပြီး မိုက်မဲသော မိန်းကလေးတစ်ဦးသာဖြစ်ပြီး ယခုသူမလုပ်ခဲ့သည့် အရာသည်အတွက် သင်ခန်းစာတစ်ခု ပေးရုံသာဖြစ်ပြီး သူမသည် မိမိဒေါသအတွက် တခြားသူကို အသုံးချပါက အနှေးနှင့်အမြန် ဒုက္ခရောက်မည်ကို သိစေရန်သာ ဖြစ်သည်။
သူ့အတွက်က ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု နည်းနည်းလေး မဆိုထားနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တစ်စုံတစ်ရာပင် အကျုံးမဝင်ချေ။
အမည်စာရင်းသွင်းခြင်း လုပ်ငန်းစဉ်သည် အလွန်ရိုးရှင်းသည်။ အတန်း၏ အမည်ကိုပြောကာ ပြိုင်ပွဲ၏ အသက်နှင့်သေခြင်းဆိုင်ရာ တာဝန်ယူစာချုပ်တွင် လက်မှတ်ရေးထိုးရုံသာ ဖြစ်သည်။
သာမာန် အခြေအနေအရ လုရွှမ်ကဲ့သို့သော အတန်းနိမ့် ကျောင်းသားများ စာရင်းသွင်းရန် မဖြစ်နိုင်သော်လည်း ရွှိရောင်ကို လေထဲသို့ ကန်သွင်းသည့် မြင်ကွင်းကို ယခုမှ လူအများ မြင်တွေ့ရပြီးပြီ။
ကျောင်းအုပ်ကြီး လော်ယန်ချင်း၏ ထောက်ခံချက်ဖြင့် အလွန်ချောချောမွေ့မွေ့ ဖြစ်ခဲ့ပြီး အားလုံးသည် အချိန်တိုအတွင်း ပြီးမြောက်ခဲ့သည်။
စာရင်းသွင်းပြီးတာနဲ့ ခဏထိုင်တဲ့ နေရာကို ပြန်သွားခဲ့သည်။ ခေါင်းလောင်းသံ ထပ်မြည်လာတဲ့အခါ ကျောင်းအုပ်ကြီး လော်ယန်ချင်းက စင်မြင့်ပေါ် တက်လာခဲ့၏။
"စာရင်းသွင်းခြင်း ပြီးသွားပါပြီ.... ကျန်းဝူအကယ်ဒမီမှာ စုစုပေါင်း ၂၄ယောက် စာရင်းသွင်းထားပါတယ်.... အားလုံးက လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်.... အန်းဝူအကယ်ဒမီ၊ ကန့်ရှင်းအကယ်ဒမီနဲ့ လုံချင်းအကယ်ဒမီမှာတော့ အကယ်ဒမီတစ်ခုစီက ကျောင်းသား ၁၅ ယောက်ရှိပြီး အကယ်ဒမီ ၄ခုပေါင်း ၈၄ ယောက်ရှိပါတယ်။.....အကယ်ဒမီများပြိုင်ပွဲကို အခု ကြေငြာလိုက်ပါပြီ... ပြိုင်ပွဲ တရားဝင် စတင်ပါပြီ....."