← Chapters

ရွေးချယ်ထားတဲ့ကိုးနေရာ

Vol. 8 Ch. 117

ရွေးချယ်ထားတဲ့ကိုးနေရာ

Vol. 8 Ch. 117

ဗုန်း!

လော်ယန်ချင်း၏ စကားကြားတော့ ကွင်းပြင်ရှိ လေထုသည် ချက်ချင်း တုန်လှုပ်သွားခဲ့သည်။

စင်အောက်ရှိ အန်ဝူအကယ်ဒမီ၏ ကျောင်းသားများကြားတွင်။

"အမှိုက်တစ်ခု သာသာလေးပဲ"

"စာရင်းသွင်းတဲ့လူတော့ မနည်းဘူး...ဒါပေမဲ့ တကယ်စွမ်းဆောင်နိုင်တဲ့ သူကျတော့ နည်းနည်းပဲ ရှိတယ်....ကျန်းဝူအကယ်ဒမီကတော့ တကယ့်ကို အထီးကျန်နေပုံပဲ"

"ကျန်းဝူအကယ်ဒမီကို အစကတော့ အင်ပါယာလေးခုမှာ နံပါတ်တစ်လို့ ခေါ်နိုင်ပေမယ့်....အခုကတော့.... "

.......

ကန့်ရှင်းအကယ်ဒမီမှ ကျောင်းသားများ။

"စိတ်မပူပါနဲ့ အဲဒီလူ ၂၄ယောက် လောက်ကတော့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်!"

"ထုံးရွှမ်နယ်ပယ်ကို မရောက်သေးရင် ဘာမှပြောစရာကို မရှိဘူး!"

.......

အလားတူ စင်မြင့်အောက်ရှိ လုံချင်းအကယ်ဒမီ ကျောင်းသားများ ကြားတွင်လည်း စကားဝိုင်းတစ်ခု ပွဲဆူနေ၏။

ကျန်းဝူအကယ်ဒမီတွင် အခြား အကယ်ဒမီများထက် စာရင်းသွင်းထားသူ ပိုများသော်လည်း ၎င်းတို့၁၅ဦးဟာ တိကျသေချာသော ရွေးချယ်မှုဖြင့် ရွေးချယ်ခဲ့ပြီး အရေးကြီးဆုံးမှာ ယင်းယန်အကယ်ဒမီ၏ ခေါ်ယူမှု သတင်းကို ကျန်းဝူထက်စောစွာ သိခဲ့ကြသည်။

ဤသို့လာခဲ့သည့် လမ်းတွင်လည်း သူတို့၏ ကျင့်ကြံမှု တိုးတက်စေရန်အတွက် ဝိညာဥ်စွမ်းအင်များကို စုဆောင်းလာခဲ့ရာ တစ်ယောက်စီတိုင်းသည် ကျန်းဝူအကယ်ဒမီရှိ လူတိုင်းထက် မြင့်မားသော အရည်အချင်းများ ရှိလေသည်။

ပရိတ်သတ်ထဲတွင် ဆွေးနွေးမှု များစွာရှိလာကာ လော်ယန်ချင်း၏ တည်ရှိရာ နေရာသည်လည်း ရေအောက်မှာ နေရသလို ဖြစ်လာသည်။

"ကျောင်းအုပ်ကြီးလော်.... ငါမင်းကိုမတွေ့ရတာ နှစ် အတော်ကြာပြီ.... မင်းရဲ့ ကျန်းဝူအကယ်ဒမီက နောက်ဆုတ်ရတော့မယ်နဲ့ တူတယ်..."

"ဟုတ်တယ် ငါတို့အကယ်ဒမီ သုံးကျောင်းက ဆယ်နေရာလုံး ယူရမယ်ထင်တယ်..."

"အဓိက အကယ်ဒမီလေးခု ပြိုင်နေတယ်လို့ မင်းပြောတယ်နော်.... မင်းရဲ့ကျောင်းက တစ်နေရာမှ မတက်ဘူးဆိုရင် နည်းနည်းတော့ ရှက်စရာကြီး မဟုတ်လား?"

......

အန်းဝူ၊ ကန့်ရှင်းနဲ့ လုံချင်းအကယ်ဒမီတို့မှ ကျောင်းအုပ်ကြီးများသည် ကျန်းဝူအကယ်ဒမီတွင် စာရင်းသွင်းထားသူများကို တစ်ချက်ကြည့်လိုက်ပြီး တစ်ချိန်တည်းတွင် ပြုံးနေကြသည်။

သူတို့၏မျက်စိဖြင့် ဤကျောင်းသားများ၏ စစ်မှန်သော ခွန်အားကို သဘာဝအတိုင်း မြင်နိုင်သည်။

ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သည် ကျန်းဝူအကယ်ဒမီတွက် အထွတ်အထိပ်ဟု ယူဆသော်လည်း ၎င်းတို့ ခေါ်ဆောင်လာသည့် ကျောင်းသားများ ကြားတွင်တော့ မလုံလောက်ပါ။

"ယှဥ်ပြိုင်ကြည့်မှ သိမှာပါ....ကျင့်ကြံမှုကို အခြေခံပြီး ကောက်ချက်ချဖို့ စောလွန်းပါသေးတယ်"

လော်ယန်ချင်းက ဘာမှမထူးခြားသလို ပြော၏။

"ဟုတ်ပါတယ်....ပြိုင်ကြည့်ပြီးမှ သိမှာ... ပြိုင်ပွဲပြီးရင် မင်းမှာ ဒီလိုမျိုး ယုံကြည်မှုတွေ ရှိနေသေးလားဆိုတဲ့ အပေါ်မှာ မူတည်တယ်!"

ကန့်ရှင်းအကယ်ဒမီမှ ကျောင်းအုပ်ကြီးကလည်း ပေါ့ပေါ့ပါးပါး ပြုံးပြီး စကားအများကြီး မပြောတော့ချေ။

ဟူ.....

ကျောင်းအုပ်ကြီးများ စကားစမြည် ပြောနေကြစဥ် အဝင်ဝတွင် လူရိပ်တစ်ခု ဖြတ်သန်းလာသည်။

ထိုပုဂ္ဂိုလ်ကိုမြင်လျှင် အကယ်ဒမီ လေးခုမှ ကျောင်းအုပ်ကြီးများသည် လေးလေးစားစား ရိုသေသော အမူအရာဖြင့် တစ်ပြိုင်နက် မတ်တပ်ထရပ်ကြသည်။

"ဆရာကြီးဟူယွင်!"

"အားနာစရာ မလိုပါဘူး...ငါက အကယ်ဒမီအတွက် အရည်အချင်း ရွေးပွဲကိုလာကြည့်တာ... အားလုံး ယဉ်ကျေးနေဖို့ မလိုပါဘူး!"

စကားပြောပြီးနောက်တွင် ထိုလူသည် ထိုင်ချလိုက်ပြီး တခြားသူများကို စိတ်အနှောင့်အယှက် မဖြစ်စေလိုသည့် သဘောထားဖြင့် သူ့ရှေ့က ပြိုင်ပွဲကွင်းကို တိုက်ရိုက် ကြည့်နေလိုက်သည်။

အဆင့်၈ ဂိုဏ်းဆရာနယ်ပယ်မှာ တကယ့်ကို သန်မာသူ ဟူယွင်သာ ဖြစ်သည်။

ယင်းယန်အကယ်ဒမီ၏ အထူးသံတမန်သည် ယခုတစ်ကြိမ်တွင် တပည့်များကို ရွေးချယ်ရန် လာခြင်းဖြစ်သည်။

ထိုင်နေရင်း ဆရာဟူယွင်သည် သူ့အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ငယ်ကို ထုတ်ကာ ဖွင့်လိုက်ပြီး စာကြောင်းအချို့ကို မှတ်တမ်းတင်လိုက်သည်။

လော်ယန်ချင်းသည် အတော်လေး နီးကပ်နေတာကြောင့် တိတ်တဆိတ် ကြည့်လိုက်သည်။

နာမည်များစွာ ရေးထားသည်ကို တွေ့ရသည်။

အန်းဝူအကယ်ဒမီမှ ချန်ကျားရှန့်၊ အန်းရွှိထောင်း၊ ယန်ယီး။ ကန့်ရှင်းအကယ်ဒမီမှ လျိုကျိုက်မင်၊ ဝမ်ယန်လုံ၊ လီကျန့်ထောင်း။ လုံချင်းအကယ်ဒမီမှ ရောင်ရှန့်ဟိုင်၊ ကျန်းလင်ချင်း၊ ပိုင်ရွှိ။

"ဆရာကြီးဟူယွင်... ဒါတွေက..."

နာမည်ကိုမြင်တော့ လော်ယန်ချင်း မနေနိုင်စွာ မေးလိုက်သည်။

"အိုး ဒါတွေက ကျုပ် မှတ်တမ်းတင်ထားတဲ့ အရည်အချင်းရှိတဲ့ လူအနည်းငယ်ပါ...သူတို့ ယင်းယန်အကယ်ဒမီကို ဝင်နိုင်လိမ့်မယ်လို့တော့ မဆိုလိုပါဘူး.... ကျုပ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ရှိပေမယ့်.... ဆုံးဖြတ်ချက် မချခင် ဒီပြိုင်ပွဲကို စောင့်ကြည့်ရမယ်!"

ဆရာကြီးဟူယွင်က ပေါ့ပေါ့ပါးပါး ပြောတယ်။

"မျှော်လင့်ချက်ကြီးလား?"

လော်ယန်ချင်း၏ မျက်နှာသည် သိပ်ပြီး ကြည့်မကောင်းတော့ချေ။

ဤကျောင်းအုပ်ကြီးများသည် အလွန်မောက်မာကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ယင်းယန်အကယ်ဒမီတွင် စုစုပေါင်းလူ ဆယ်ဦးစာသာ စာရင်းသွင်းထားပြီး ယခု ကိုးဦးစာရင်းသွင်းထားပြီး ဖြစ်သည်။

ကျန်းဝူအကယ်ဒမီ အတွက် နောက်ဆုံးနေရာသာ ကျန်တော့သည်ဟု ဆိုလိုတာ မဟုတ်ပါလား။

"အင်း! အန်းဝူအကယ်ဒမီက ချန်ကျားရှန့်ကို နမူနာအဖြစ် ကြည့်လိုက်.... သူ့ရဲ့ ခွန်အားက ထုံးရွှမ်နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်မှာပဲ ရှိပေမယ့် သူ့ခွန်အားက ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ထက် ခွန်အား၈၀၀အထိ ရောက်နေပြီ... ပြီးတော့ သူ့ရဲ့ အလားအလာက အဆုံးမရှိပဲ!"

"ကန့်ရှင်းအကယ်ဒမီက လျိုကျိုက်မင်... ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် သူ့ခွန်အားက ထူးထူးခြားခြား မဟုတ်ပေမယ့် သာမန် ထုံးရွှမ်နယ်ပယ်လို ခွန်အား၇၀၀ ရှိတယ်...ဒါပေမဲ့ သူက ဓားသမားတစ်ဦး...သူသာ ကန့်ရှင်းဓား၁၃ ချောင်း ကျင့်စဥ်ကို ကောင်းကောင်း လေ့ကျင့်ထားရင် ချန်ကျားရှန့်ကို နိုင်အောင် တိုက်နိုင်လောက်တယ်...."

ဆရာကြီးဟူယွင်က ရှင်းပြသည်။

သူပြောနေတာက ဒီပြိုင်ပွဲမှာ လာပြိုင်ကြတဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ အကြောင်းပဲ ဖြစ်ပြီး အားလုံးထဲမှာ သူတို့နှစ်ယောက်လုံးမှာ ထူးခြားတဲ့ ခွန်အားတွေ ရှိကြသည်။

"ဒါက"

နားမထောင်ခဲ့ရင် ကောင်းသား။ နားထောင်ပြီးနောက်မှာ လော်ယန်ချင်းရဲ့ မျက်နှာမှာ ပိုလို့တောင် ရုပ်ဆိုးသွားခဲ့သည်။

တခြားလူတွေကို မပြောနဲ့။ ဒီလူနှစ်ယောက်ကိုပင် ကျန်းဝူအကယ်ဒမီမှာ ဘယ်သူမှ အနိုင်ယူလို့ ရမှာမဟုတ်ဘူး။

ကျန်းဝူအကယ်ဒမီ၏ အတွင်းခန်းရှိ အသန်မာဆုံး ရှဲ့ကျားသည်ပင် ထုံးရွှမ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။

လုရွှမ်ကရော။

လော်ယန်ချင်း ခေါင်းခါလိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ထုံးရွှမ်နယ်ပယ်တွင် ရှိနေသည့် ဒုကျောင်းအုပ်ချန်နှင့် ရင်ဆိုင်ရသောအခါ သူသည် တစ်ဖက်လူကို အနိုင်ယူနိုင်ရုံမျှမက သူ၏ အရှိန်အဝါကို ကြည့်ပြီး ထုံးရွှမ်နယ်ပယ်ကို မထိုးဖောက်သေးဘူး ဆိုတာကို သိ၏။

သူသည် ဖိရွှယ်နယ်ပယ်ကလူဟာ ထုံးရွှမ်နယ်ပယ်က လူကို အနိုင်ယူနိုင်မယ်လို့တော့ မထင်ထားခဲ့ဘူး။

ထုံးရွှမ်နယ်ပယ်သည် အရှိန်အဟုန်ဖြင့် ခုန်တက်သွားသော စင်မြင့်တစ်ခု ဖြစ်သည်။ ခွန်အားကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ကွာဟချက်က ကြီးလွန်းသည်ကို သိနိုင်ကာ နှိုင်းယှဉ်စရာ လုံးဝမရှိပေ။

တခြားကျောင်းအုပ်ကြီးတွေ ပြောသလိုပဲ။ သူတို့ရဲ့ ကျန်းဝူအကယ်ဒမီက ဒီတစ်ခါတော့ အရှက်ရသွားမှာ ဖြစ်သလို နေရာကိုတောင် ရယူနိုင်မှာ မဟုတ်ဘူး။

မကြာခင်မှာပဲ ပြိုင်ပွဲ အစီအစဉ်တွေကို ချလို့ပြီးသွားလေပြီ။

အကယ်ဒမီလေးခုနှင့် ပြိုင်ပွဲများကို လေးနေရာခွဲ၍ တစ်ပြိုင်နက်တည်း ကျင်းပမည့် တိုက်ပွဲများ လျော့ပါးစေရန်အတွက် အကယ်ဒမီ တူသော ယှဉ်ပြိုင်သူများသည် အခြေခံအားဖြင့် တစ်နေရာတည်းတွင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။

"အခုတော့ စည်းမျဉ်းတွေကို ကြေညာလိုက်ပါပြီ.... ပထမအချက် ပြိုင်ပွဲမှာ စွမ်းအင်တိုးစေမယ့် မှော်ဆေးလုံးတွေ သုံးစွဲခြင်းကို ခွင့်မပြုပါဘူး... ဒုတိယအနေနဲ့ အဆိပ်၊ လျှို့ဝှက်လက်နက်နဲ့ အချို့သော ယုတ်မာတဲ့ လက်နက်တွေကို ခွင့်မပြုဘူး.... မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ တတိယအချက်က တိုက်ပွဲမှာ တစ်စုံတစ်ယောက်က ရှုံးနိမ့်ကြောင်း ဝန်ခံပြီးတာနဲ့ သူတို့ကို အားလုံးကို သတ်ခွင့် မပေးဘူး....ပြိုင်ပွဲပြီးဆုံးပြီ

လော်ယန်ချင်းက ပြိုင်ပွဲစည်းမျဉ်းကို ကြေညာပြီးနောက်

"ကျန်းဝူအကယ်ဒမီက ကျောင်းသားတွေ ထိပ်တန်းဆယ်ယောက် ဝင်နိုင်တဲ့ ဘယ်သူမဆို သူ့ကို ဝိညာဉ်ကျောက်တုံးနှင့် စတုတ္ထတန်းဆေးလုံး ချီးမြှင့်မယ်!"

"ဝိညာဉ်ကျောက်တုံး?"

"ဝိညာဥ်ကျောက်က ဘာလဲ"

"ဒါကို မင်းမသိဘူးလား? အဲဒါက ဝိညာဥ်အရည်ထက် ပိုအစွမ်းထက်တဲ့ အရာတစ်ခုပဲ... ဝိညာဉ်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတာ...ကျင့်ကြံမှုမှာသာ အသုံးပြုမယ်ဆိုရင် အရမ်းမြန်တယ်... တစ်ခုချင်းစီရဲ့ တန်ဖိုးက ရွှေစသန်းပေါင်း ဆယ်ဂဏန်းထက် မနည်းဘူး... ပြီးတော့ အဲဒါက ပိုက်ဆံရှိတိုင်း ဝယ်လို့ရတာ မဟုတ်ဘူး!"

"အဲဒါက အရမ်း တန်ဖိုးကြီးတာပဲ.... ငါ ထိပ်တန်းဆယ်ယောက်ထဲ ဝင်ကိုဝင်ရမယ်..."

......

လော်ယန်ချင်း၏ ဆုကြေး ကြေညာတာကို ကြားတော့ ပရိသတ်က ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ပြိုင်ပွဲဝင် အားလုံးသည် စိတ်လှုပ်ရှားစွာ လက်သီးများကို တိတ်တဆိတ် ဆုပ်ထား၏။

လုရွှမ်ပင် အံ့အားသင့်သွားသည်။

"ဝိညာဉ်ကျောက်တုံး? တကယ်လို့ ငါ့သာဝိညာဉ်ကျောက်တုံးကို ယူနိုင်ရင် ယွမ်ယန်ကျင့်စဥ်ရဲ့ပထမအဆင့်ကို ထိုးဖောက်ဖို့ ပိုလွယ်သွားလိမ့်မယ်!"

ဝိညာဉ်ကျောက်တုံးများသည် ဝိညာဉ်စွမ်းအင်များကို စုဆောင်းခြင်းဖြင့် ဖြစ်ပေါ်လာကြပြီး ၎င်းတို့တွင် ပါရှိသော ဝိညာဉ်စွမ်းအင်များသည် ဝိညာဉ်ရေးအရည်ထက် ပိုမိုထူထပ်သည်။

တစ်ခုရယူပြီး ခွန်အားအပြည့်နဲ့ စုပ်ယူနိုင်ရင် ယွမ်ယန်ကျင့်စဥ်ကို မြန်မြန်ဆန်ဆန် ပြေးလွှားနိုင်ပြီး သာမန်အဆင့်ကို ကျော်ဖြတ်ကာ အောင်မြင်တဲ့အဆင့်ကို တက်လှမ်းနိုင်မှာ သေချာပါ၏။

"ကြည့်ရတာ ထိပ်တန်းဆယ်ယောက်ထဲ ဝင်အောင် လုပ်ရတော့မယ် ထင်တယ်"

လုရွှမ်ခေါင်းညိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

စတုတ္ထတန်း မှော်ဆေးလုံးသည် ယခု သူ့အတွက် အသုံးမဝင်သော်လည်း ဝိညာဉ်ကျောက်တုံးကို လက်လွတ်မခံသင့်ပေ။ ဤအရာဟာ ကျန်းဝူဖန်းရှစ်တွင်ပင် ဝယ်ယူ၍ မရနိုင်ချေ။

လော်ယန်ချင်း ဆုကြေးအဖြစ် ထုတ်ယူလိုက်သည့် အရာမှာ နှစ်များတစ်လျှောက် သူ၏စုဆောင်းမှုများ ဖြစ်နိုင်သည်။

"ဝိညာဥ်ကျောက်တုံး....ကျောင်းအုပ်ကြီးလော်က ရက်ရောလိုက်တာ"

"ကြီးမားတဲ့ ဆုလာဘ်အောက်မှာ သတ္တိရှိတဲ့သူ ရှိလိမ့်မယ်... အင်အားမလုံလောက်ရင် ဘယ်လောက်ပဲ သတ္တိရှိရှိ အသုံးမဝင်ဘူး..."

"သူဒီလောက် ရက်ရောနေတာ ပါရမီရှင်တစ်ယောက် ထွက်လာမလား ကြည့်ရအောင်"

လော်ယန်ချင်း၏ ကတိကို ကြားသောအခါတွင် ကျောင်းအုပ်ကြီး သုံးယောက် အံ့အားသင့်သွားပြီး အားလုံးက ရယ်မောလိုက်ကြသည်။

ဆုတွေ ဘယ်လောက်ပဲရှိရှိ ခွန်အားမရှိရင် အသုံးမဝင်ပါဘူး။

All Chapters