← Chapters

ဒုတိယပွဲစဥ်

Vol. 8 Ch. 118

ဒုတိယပွဲစဥ်

Vol. 8 Ch. 118

အားလုံး စောင့်မျှော်နေကြတဲ့ မျက်လုံးတွေအောက်မှာ ပြိုင်ပွဲက တရားဝင် စတင်ပါပြီ။

A ၊ B ၊ C နှင့် D လေးနေရာ အနက် လုရွှမ်သည် D ၏ တတိယနေရာတွင် ရှိနေသောကြောင့် သူအလျင်စလို မဖြစ်ပါ။

ပထမပွဲစဉ်တွင် ဖိရွှယ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည့် ကျန်းဝူအကယ်ဒမီ အတွင်းခန်းမှ တပည့်တစ်ဦးသည် ဆရာကြီးဟူယွင်၏ မှတ်စုစာအုပ်တွင် မှတ်တမ်းတင်ထားသော လူတစ်ယောက်အဖြစ် စာရင်းဝင်လာခဲ့သည်။

"အန်းဝူအကယ်ဒမီ ယန်ယီး..."

"ကျန်းဝူအကယ်ဒမီ ဝမ်ချုံ!"

နာမည်ကို နာမည်တပ် ခေါ်လိုက်သည်နှင့် တိုက်ပွဲစတင်၏။

ဗုန်း!

သူသည် ပြိုင်ဘက် မဖြစ်နိုင်မှန်း သိနေ၍ထင်ပါ၏။ ဝမ်ချုံမှာ တက်လာသည်နှင့် တပြိုင်နက် ရူးသွပ်စွာ ထိုးစစ်ဆင်သော်လည်း ဤတိုက်ခိုက်မှုမျိုးသည် ယန်ယီး၏ မျက်လုံးထဲတွင် ကလေးကစားစရာ ဖြစ်နေသည်။

ဖြောင်း!

ပါးတစ်ဖက်ကို ရိုက်ခြင်းဖြင့် ဝမ်ချုံသည် စိတ်ဆင်းရဲစရာ ကောင်းစွာ အော်ဟစ်ရင်း ပြိုင်ပွဲစင်မြင့်မှ ပြုတ်ကျသွားသည်။

လှုပ်ရှားမှု တစ်ခုကပင် ရလဒ်ကို အဆုံးအဖြတ် ပေးသွားသည်။ ယန်ယီး အနိုင်ရသွားလေပြီ။

"ထုံးရွှမ်နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်?"

တိုက်ပွဲတွင် လုရွှမ်သည် တစ်ဖက်လူ၏ ကျင့်ကြံမှုကို မြင်လိုက်သည်။

ထုံးရွှမ်နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်။

ဤသန်မာသော လူမျိုးတွင် ခွန်အား၆၀၀ ရှိပြီး ဖိရွှယ်နယ်ပယ်၏ အထွတ်အထိပ်သည် ၁၆၀ သာရှိသည်။ ၎င်းတို့နှစ်ခုကို နှိုင်းယှဉ်ပါက သန်မာသော ခွန်အားသည် လုံးဝချေမှုန်းနိုင်သည်အထိ အမှန်တကယ် ကွာခြားပါသည်။

Dစင်မြင့်ပေါ်တွင် ယှဉ်ပြိုင်မှုကို ကြည့်ရှုပြီးနောက် လုရွှမ်သည် အခြားပြိုင်ပွဲ အဆင့်များကို ကြည့်ရှုခဲ့သည်။ သူ့ကြောင့် ဒဏ်ရာရသွားသော ရွှိရောင်သည် Aစင်မြင့်တွင် မည်သည့်မတော်တဆမှုမျှ မရှိဘဲ ဝမ်ချုံကဲ့သို့ပင် ပထမအချီတွင် ရှုံးနိမ့်၍ ပြိုင်ပွဲစင်မြင့်မှ ထွက်ခွာကာ အဆုံးသတ်ခဲ့သည်။

ကျန်းဝူအကယ်ဒမီမှ Bစင်မြင့်တွင် ယှဉ်ပြိုင်ရန် လူမရှိသော်လည်း Cစင်မြင့်တွင် တစ်ယောက်ရှိ၍ အနိုင်ရခဲ့သည်။

ကျန်းဝူအကယ်ဒမီ၏ အတွင်းခန်းတွင် နံပါတ်တစ်ဟု လူသိများသော ရှဲ့ကျားပဲ ဖြစ်သည်။

အောင်ပွဲရပြီးနောက် ရှဲ့ကျားသည် သူ့နေရာသို့ ပြန်မလာသေးဘဲ လုရွှမ်ရှိရာသို့ အေးစက်စွာ စိုက်ကြည့်ရင်း။

"ယင်းယန်အကယ်ဒမီကို သွားခွင့်ရဖို့ ယှဉ်ပြိုင်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ဒီလိုမျိုးခွန်အား ရှိရမယ်... မင်းလို အတန်းနိမ့်တဲ့ ကောင်လေးအတွက် မျှော်လင့်ချက်တောင် ရှိမှာ မဟုတ်ဘူး!"

သူ့ကို ပြောနေသလိုမျိုး တစ်ဖက်လူရဲ့ စကားကိုကြားပေမယ့် လုရွှမ်က ဂရုမစိုက်ပါဘူး။

ဒီလူကို သူမသိပေမယ့် သူ့မျက်လုံးထဲမှာ ရန်လိုမုန်းတီးမှုတွေနဲ့ မင်းသမီးလော့ရုံ အပေါ်ထားတဲ့ သဘောထားကို ကြည့်ရင် သူ ဘယ်လောက်ပဲ တုံးနေပါစေ သူမကို ပိုးပန်းနေသူတစ်ယောက် ဖြစ်ရမယ် ဆိုတာ သူသိ၏။

မင်းသမီးလော့ရုံကို ကြည့်လိုက်တော့ သူမဟာ ကြံ့ခိုင်မှု မရှိပေမယ့် ကံကောင်းထောက်မစွာနဲ့ သူမဟာ ပထမအချီမှာ နှုတ်ဆက်ခဲ့ပြီး Aစင်မြင့် ပြိုင်ပွဲရဲ့ ထိပ်တန်း ၁၆ ယောက်ထဲကို တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

မကြာခင်မှာပဲ လုရွှမ် တိုက်ခိုက်ဖို့ အလှည့်ရောက်လာပြီ။

ပြိုင်ဘက်သည် ကန့်ရှင်း အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်ပြီး ဆရာကြီးဟူယွင်မှ မှတ်တမ်းတင်ထားသည့် ကိုးဦးထဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

သူ့ရဲ့ခွန်အားက မပျော့ညံ့ပေ။ ထုံးရွှမ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ရောက်နေပြီ။

ဤလူသည် လုရွှမ်ကို အစပိုင်းတွင် အလေးအနက် မထားဘဲ သူ့မျက်လုံးထဲတောင် မဝင်သည့် အရာတစ်ခုသာ ဖြစ်သည်ဟု ထင်ခဲ့သော်လည်း နောက်အခိုက်အတန့်တွင် သူမှားမှန်း သိသွားခဲ့သည်။

သူ့ရှေ့က လူငယ်လေးဟာ တစ်ချက်ပဲ လှုပ်လိုက်ပေမယ့် တစ်ဖက်လူဟာ တခြားသူတွေလိုပဲ လွင့်ပျံတက်သွားပြီး မြေပြင်ပေါ်လဲကျသွား၏။

"ဖိရွှယ်နယ်ပယ်က ထုံးရွှမ်နယ်ပယ် အစောပိုင်းအဆင့်ကို တစ်ချက်တည်းနဲ့ အနိုင်ယူသွားတယ်??"

ပြိုင်ပွဲကို ကြည့်နေသော ဂိုဏ်းဆရာ ဟူယွင်သည် ဤရလဒ်ကို မမျှော်လင့်ထားတာကြောင့် သိသိသာသာ အံ့အားသင့်သွားခဲ့သည်။

သူတို့နှစ်ယောက် တိုက်ခိုက်လိုက်တဲ့ အချိန်မှာတော့ လုရွှမ်ရဲ့ ခွန်အား အစစ်အမှန်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ဖိရွှယ်နယ်ပယ်က ပြီးပြည့်စုံခြင်း အဆင့်သာဖြစ်ပြီး ထုံးရွှမ်နယ်ပယ်ကို သွားဖို့ အလှမ်းဝေးနေပါသေးသည်။

ဒီလို ခွန်အားမျိုးနဲ့ သန်မာတဲ့သူကို အနိုင်ယူနိုင်သွားသည်။ ထုံးရွှမ်နယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချက်ရွှေ့ရုံဖြင့် တိုက်ခိုက်နိုင်တဲ့ အရည်အချင်းနဲ့ တိုက်ခိုက်ရေး ပညာက အလွန်ထူးချွန်လှသည်။

သို့သော် ထိုအမည်ကို မှတ်စုစာအုပ်တွင် မှတ်တမ်းတင် မထားခဲ့ပေ။

တကယ်တော့ ဒီလုပ်ဆောင်ချက် တစ်ခုတည်းက သူ့အတွက် လက်ခံဖို့ မလုံလောက်သေးပါဘူး။

"ဒီကလေးက နည်းနည်းတော့ ထူးဆန်းတယ်!"

အန်းဝူအကယ်ဒမီ ကျောင်းသားများထဲမှ လူငယ်တစ်ဦးသည် လုရွှမ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အစ်ကိုထောင်း... အဲဒီကောင်က မနေ့ညက ကျွန်တော့်ကို ဒဏ်ရာရစေခဲ့တဲ့ ကောင်ပဲ....ကျွန်တော့်အထင်တော့ သူ့မှာ အဆင့်၆ ခံစစ်မှော်လက်နက် တစ်ခုခု ရှိရမယ်!"

လူငယ်တစ်ယောက်က သွားတွေ ကြိတ်ရင်း ပြောလိုက်သည်။

လုရွှမ်သာ မြင်ရင် ထိုသူဟာ စားသောက်ဆိုင်မှာ လန်ရော့ရှင်းကို ပရောပရီ လုပ်တဲ့အတွက် သူ့ဆီကနေ အရိုက်ခံလိုက်ရတဲ့ ချန်တုံးဆိုတာကို မှတ်မိလိမ့်မည်။

တစ်ညသာ ကုန်ဆုံးသွားသော်လည်း ချန်တုံး၏ ဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ။ ယနေ့ ပြိုင်ပွဲအတွက် သူ့ဒဏ်ရာများ အမြန်သက်သာလာစေရန် မှော်ဆေးလုံး တစ်မျိုးကို သောက်သုံးထားပုံရသည်။

သူပြောနေတဲ့ အစ်ကိုထောင်းကတော့ ဂိုဏ်းဆရာဟူယွင်ရဲ့ မှတ်စုစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လူကိုးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အန်းရွှိထောင်းပင် ဖြစ်သည်။

လုရွှမ်ကဲ့သို့ပင် သူသည် Dစင်မြင့်တွင်ရှိခဲ့ပြီး နောက်အချီတွင် သူရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ အတိအကျ လုရွှမ်သာဖြစ်သည်။

"အိုး? အဲဒါ သူလား?" အန်းရွှိထောင်းက သူ့မျက်တောင်တွေကို ပင့်မြှောက်လိုက်သည်။

"အစ်ကိုထောင်း....ခဏနေလို့ သူနဲ့တွေ့တဲ့အခါ သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးပြီး ကျွန်တော့်အတွက် လက်စားချေပေးရမယ်နော်!"

ချန်တုံးသည် သူ့မျက်လုံးများမှ ပြင်းထန်သော အမုန်းတရားများ ထွက်ပေါ်လာလျက် သူ့သွားများကိုလည်း ကြိတ်နေ၏။

"စိတ်ချပါ! မင်းငါ့ကို မပြောရင်တောင် ငါသူ့ကို တတိယပွဲစင်မှာ ဝင်ခွင့်မပြုဘူး!"

အန်းရွှိထောင်းသည် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး စကားရပ်လိုက်သည်။

မကြာခင်မှာပဲ ဒုတိယပွဲစင် စတင်ခဲ့သည်။

အနည်းငယ် ညံ့သူများကို ဖယ်ထုတ်ပြီးနောက် ကျန်သောသူများသည် အကောင်းဆုံး လူများဖြစ်လာသည်။

လုရွှမ်သည် တစ်ပတ်လောက် လှည့်ပတ်ကြည့်ရှုခဲ့ရာ ပထမပွဲစဥ် အကဲဖြတ်သည့် အခါတွင် အသိမိတ်ဆွေတစ်ဦး ရှိနေကြောင်း တွေ့ရှိခဲ့ပြီး ၎င်းမှာ ဥပဒေအဖွဲ့ခေါင်းဆောင် လျောက်ချင်း ဖြစ်သည်။

လျောက်ချင်းရဲ့ ကြံ့ခိုင်မှုဟာ အတွင်းခန်းမှာ နံပါတ်တစ်လို့ လူသိများတဲ့ ရှဲ့ကျားလောက် မဆိုးပေမယ့် သူကတော့ ထုံးရွှမ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ရောက်နေပြီ ဖြစ်သည်။

ဒုကျောင်းအုပ်ချန်နဲ့ယှဉ်ရင် လုံးဝ မဆိုးပါလှချေ။

ဒုတိယပွဲစဥ်တွင် မင်းသမီးလော့ရုံသည် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သူမသည် ဖိရွှယ်နယ်ပယ်၏ အလယ်အလတ် အဆင့်တွင်သာရှိပြီး သူမ၏ခွန်အားမှာ ၉၀ ခန့်သာရှိသည်။ သူမ၏ကိုယ်ခန္ဓာနှင့် အထူး ကိုယ်ခံပညာတို့ကြောင့်ပင် သူမပြသနိုင်သည့်ခွန်အားမှာ ခွန်အား၁၀၀ ထက်မပိုပါ။

သူမ၏ ပြိုင်ဘက်သည် ဖိရွှယ်နယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်မှ သန်မာသူတစ်ဦးဖြစ်ပြီး တိုက်ပွဲကို ခုန်ကျော်နိုင်သည့်တိုင် သူမအပေါ် ကြင်နာနေဆဲဖြစ်သည်။

ပွဲစဥ်ရလဒ်က မကြာခင်မှာပဲ ထွက်ပေါ်လာသည်။

"တတိယ အတွဲ....ကျန်းဝူအကယ်ဒမီက လုရွှမ်... အန်းဝူအကယ်ဒမီက အန်းရွှိထောင်း!"

မင်းသမီးလော့ရုံ ရှုံးပြီးတာနဲ့ ပြိုင်ပွဲစီစဥ်သူက ထအော်၏။

"အဲဒါ အန်းရွှိထောင်းပဲ!"

"ဒီလူကို မင်းဘယ်လိုသိလဲ"

"ကျွန်တော် တစ်ခါက လေ့ကျင့်ဖို့ ထွက်သွားတော့... အန်းဝူအကယ်ဒမီက တစ်ယောက်ယောက်နဲ့ တွေ့ပြီး ဒီလူရဲ့ နာမည်ကို ကြားဖူးခဲ့တယ်... သူက ထုံးရွှမ်နယ်ပယ်ရဲ့အထွတ်အထိပ်အဆင့် စွမ်းအားရှင် တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အစွမ်းက ပြီးပြည့်စုံလွန်းတယ်!"

"ထုံးရွှမ်နယ်ပယ်ရဲ့ အထွတ်အထိပ်?? ဘာပြောပြော လုရွှမ် ဒုက္ခရောက်မှာ မဟုတ်ဘူးလား?"

"အနိုင်ယူဖို့က သေချာပေါက် မဖြစ်နိုင်ဘူး....ဖိရွှယ်နယ်ပယ် အထွတ်အထိပ် အဆင့်နဲ့ ထုံးရွှမ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကြားက ကွာဟချက်က ကြီးလွန်းတယ်... နှိုင်းယှဉ်စရာကို မရှိဘူး"

"ဟူး.... ငါတို့ အကယ်ဒမီက ပထမပွဲစဥ်မှာ အောင်သွားတဲ့ အနည်းစုရှိလို့ အဆုံးထိ အောင်နိုင်မယ်လို့ ထင်ခဲ့တာ....ကြည့်ရတာ ငါ အကောင်းမြင်လွန်း နေပုံရတယ်"

......

အဆိုပါ ပုဂ္ဂိုလ်၏ အမည်ကို ကြားသိရသဖြင့် ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အန်းရွှိထောင်းသည် အန်းဝူအကယ်ဒမီတွင် နာမည်ကြီးရုံသာမက ကျန်းဝူအကယ်ဒမီတွင်လည်း လူသိများလေသည်။

အသက်၂၅နှစ်အောက်မှာ ထုံးရွှမ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ပါရမီရှင် လူငယ်တစ်ဦး။ ထိုသို့သော အောင်မြင်မှုရှိသူတိုင်း ကျော်ကြားမည် ဖြစ်သည်။

"အစ်ကိုထောင်း တက်သွားပြီ...သခင်လေးချန် စိတ်မပူပါနဲ့...အဲဒီကလေးက အရိုက်ခံရမှာ သေချာတယ်!"

"ဟုတ်တယ်...အစ်ကိုထောင်းရဲ့ ခွန်အားက ထိပ်တန်းဆယ်ယောက်မှာ သေချာပေါက် ပါနေပြီ....အဲ့ကောင် မနေ့က သခင်လေးချန်ကို အနိုင်ယူခဲ့တာက သူ့ရဲ့မှော်လက်နက်ကို အားကိုးခဲ့လို့.... သူ့ရဲ့ ခွန်အားက လုံးဝသာမန်ပဲ"

"အစ်ကိုထောင်းရဲ့ အောင်ပွဲနဲ့ ပြန်လာတာကို ခဏစောင့်လိုက်...ပြီးရင် သူ့ကို ဂုဏ်ပြုလိုက်ရအောင်"

.....

အန်းဝူအကယ်ဒမီမှ ကျောင်းသားများသည် အန်းရွှိထောင်း တက်သွားသည်ကို မြင်တော့ သူတို့လည်း တိုးတိုးလေးဖြင့် အားတက်သရောပြောကြသည်။

ဤလူသည် အန်းဝူအကယ်ဒမီတွင် ကြီးကျယ် ခမ်းနားသော ဂုဏ်သိက္ခာရှိသည်မှာ ထင်ရှားပေ၏။

"ကောင်လေး.... မနေ့ညက ချန်တုံးနဲ့ မင်း ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ငါသိတယ်...ကာကွယ်ရေး မှော်လက်နက်ကို လွှဲပေးရင် မင်းကို ငါနာကျင်စေမှာ မဟုတ်ဘူး... မင်းကို အရင်အတိုင်း လွှတ်ပေးမယ်.... မဟုတ်ရင်တော့ လက်သီးနဲ့ခြေထောက်တွေက မျက်စိမပါတော့ မင်း အနည်းဆုံးတော့ ကုတင်ပေါ်မှာ လှဲနေလိမ့်မယ်"

စင်ပေါ်မှာ ရပ်နေတဲ့ အန်းရွှိထောင်းက လုရွှမ်ကိုကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

All Chapters