လက်ဝါးတစ်ချက်တည်း
Vol. 8 Ch. 119
"ကာကွယ်ရေး မှော်လက်နက်?"
လုရွှမ်ခဏလောက် မင်သက်သွားပြီး စင်အောက်မှာ စိတ်လှုပ်ရှားနေတဲ့ ချန်တုံးကိုတွေ့တော့ ချက်ချင်း သဘောပေါက်သွားတယ်။
သူ၏ဆင်သံချပ် ရွှေကိုယ်ထည်သည် ဒုတိယအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ထုံးရွှမ်နယ်ပယ်ရှိ သန်မာသော လူတစ်ဦးအတွက် ၎င်းကိုထိုးဖောက်ရန် ခက်ခဲသည်။ ချန်တုံးသည် ၎င်းအား မှော်လက်နက်တစ်ခု အသုံးပြုခဲ့သည်ဟု ထင်သွားပုံပင်။
မှော်လက်နက်ကို ကာကွယ်ရေးနှင့် တိုက်ခိုက်ရေးဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ကာကွယ်ရေး အမျိုးအစားသည် ပြင်ပတိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်ပြီး အသုံးပြုသူများ၏ ဘေးကင်းမှုကို သေချာစွာ ခုခံကာကွယ်နိုင်သည့် ခုခံမှုအမျိုးအစားဖြစ်သည်။
တိုက်ခိုက်ရေး အမျိုးအစားသည် တစ်ဖက်ကို ပြန်လည် တိုက်ခိုက်နိုင်သည်။
သူတို့နှစ်ဦးစလုံးတွင် အဆင့်၆ မှော်လက်နက်များ ရှိကြပါက ခုခံကာကွယ်သူများသည် တိုက်ခိုက်ရေး လက်နက်များထက် အဖိုးတန်ပြီး ရှားပါးတာကို တွေ့ရလိမ့်မည်။
အန်းရွှိထောင်းသည် အန်းဝူအကယ်ဒမီတွင် ထိပ်တန်း ကျောင်းသားတစ်ဦး ဖြစ်သော်လည်း ထိုကဲ့သို့ မှော်လက်နက်မျိုးကို တစ်ခါမှမမြင်ဖူးပေ။ ထို့ကြောင့် ထိုအရာအတွက် သူသည် စိတ်အားထက်သန်မှု အပြည့်ရှိနေသည်။
"ဘာလဲ? တွန့်ဆုတ်နေတာလား? ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး! ငါ့ရဲ့ ထိုးချက်တွေက အမြဲတမ်း ပြင်းထန်နေတာ... ခုခံမှုရဲ့ မှော်လက်နက်က ခန္ဓာကိုယ်ကို အကာအကွယ် ပေးနိုင်တယ် ဆိုရင်တောင် မင်းခေါင်းကို ကာကွယ်နိုင်တယ်လို့ ငါမယုံဘူး.... သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ငါ့ကို အပြစ်မတင်နဲ့"
သူ့ရှေ့က လူငယ်က သူ့ကို လုံးဝကို ပြန်မဖြေတာကို မြင်လိုက်ရတော့ အန်းရွှိထောင်းရဲ့ မျက်နှာက မည်းမှောင်လာပြီး ကြွက်သားတွေလည်း ကြွက်ကြီးတကောင်လို တဆတ်ဆတ် တုန်ခါသွားသည်။
သူက အသက်ကို ပြင်းပြင်းထန်ထန် ရှူထုတ်လိုက်သည်။
ထုံးရွှမ်နယ်ပယ်တွင် ဝိညာဥ်သွေးကြော လည်ပတ်မှု ပွင့်လာပြီး ဝိညာဥ်ချီသည် သွေးများအတွင်း စီးဝင်ကာ ရုပ်ခန္ဓာနှင့် ခွန်အားနှစ်ခုစလုံးသည် ပမာဏများစွာ တိုးလာမည်ဖြစ်သည်။
"သန်မာလိုက်တာ!"
"ဒီအသက်ရှုသံက..."
ထိုအရာကို မြင်လိုက်ရတော့ ပရိသတ်အားလုံးက အန်းရွှိထောင်းရဲ့ စစ်မှန်တဲ့ စွမ်းအားကို သိရှိသွားကြပြီး အားလုံးက ကြည့်ရဆိုးလာသည်။
ဤကဲ့သို့သော စွမ်းအားသည် အကယ်ဒမီရှိ အချို့သော ဆရာများထက်ပင် ပိုမိုအားကောင်းပါသည်။
"ဒါက တကယ်ကံဆိုးတာပဲ!"
လုရွှမ်ကို မျှော်လင့်ထားသည့် ကျောင်းအုပ်ကြီး လော်ယန်ချင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခေါင်းယမ်းရုံသာ တတ်နိုင်တော့သည်။
အန်းရွှိထောင်းသည် ဆရာကြီးဟူယွင်မှ မှတ်သားထားသူ ကိုးဦးအနက်မှ တစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် ထုံးရွှမ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး တစ်ကိုယ်လုံးသည် ပင်လယ်ပြင်ကဲ့သို့ အားကောင်းနေ၏။
လုရွှမ်သည် ဖိရွှယ်နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သာ ရှိသေးရာ ကွာဟချက်က ကြီးလွန်းပြီး မျှော်လင့်ချက် လုံးဝ မရှိပေ။
နောက်ထပ်ပွဲစဥ် အနည်းငယ် ကြာနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ဒုတိယပွဲစဥ်မှာ သူနဲ့တွေ့ခဲ့တယ်ဆိုတော့ ပြောရမယ်ဆိုရင် ကံက တကယ်ကို ဆိုးတာပဲ။
"ဟားဟား... ကျောင်းအုပ်လော် ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်နဲ့ ထိပ်ဆုံးဆယ်ယောက်ကို ဝင်နိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား?"
သက်ပြင်းချသံကို ကြားတော့ အန်းဝူအကယ်ဒမီ ကျောင်းအုပ်ကြီးက ခေါင်းကိုလှည့်ကာ ဟန်မဆောင်နိုင်ဘဲ ပြုံးပြလိုက်သည်။
"လုရွှမ်က ဖိရွှယ်နယ်ပယ်မှာပဲ ဆိုပေမယ့် သူ့ရဲ့တိုက်ခိုက်ရေး စွမ်းအားက မနည်းဘူး.... ခုန်ပျံကျော်လွှားပြီး စိန်ခေါ်နိုင်တယ်" လော်ယန်ချင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ခုန်ပျံကျော်လွှားပြီ စိန်ခေါ်နိုင်တယ်?? ပါရမီရှင် တော်တော်များများ အဲဒါကို လုပ်နိုင်ပါတယ်... ဒါပေမဲ့ ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က ဖိရွှယ်နယ်ပယ် အစောပိုင်းအဆင့်ကိုပဲ အနိုင်ယူနိုင်မှာ....ထုံးရွှမ်နယ်ပယ်နဲ့ ဘယ်လိုလုပ်ပြီး ယှဥ်လို့ရမှာလဲ?"
အန်းဝူအကယ်ဒမီ၏ ကျောင်းအုပ်ကြီးက လှောင်ပြောင်လေသည်။
ထုံးရွှမ်နယ်ပယ်တွင် လူ့ခန္ဓာကိုယ်၏ ခွန်အားသည် ခုန်တက်သွားပြီး တိုးလာသည်။ ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်တွင် ခွန်အား၂၀၀ သာရှိပြီး ထုံးရွှမ်နယ်ပယ်တွင် ခွန်အား၇၀၀ ရှိသည်။
ကွာခြားချက်မှာ သုံးဆကျော်ရှိပြီး ၎င်းကို ခွန်အားတစ်ခုတည်းဖြင့် ချေမှုန်းပစ်နိုင်သည်။
သာမာန် အခြေအနေတွေမှာတော့ သူတို့နှစ်ယောက်ဟာ လုံးဝ ယှဉ်လို့မရပါဘူး။
ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ဟာ အဓိက အကယ်ဒမီလေးခု၏ သြဇာအရှိဆုံး ပါရမီရှင်ဆိုဦးတော့ အများဆုံး ထုံးရွှမ်နယ်ပယ်၏ အစောပိုင်းအဆင့်ကိုသာ တွန်းလှန်နိုင်မည်။
ထိုထက်မြင့်သော အဆင့်များအတွက်ကတော့ မဖြစ်နိုင်ချေ။
"ဟုတ်တယ်...သနားစရာပဲ!"
တစ်ဖက်သား၏ ပြောင်ပြောင်တင်းတင်း ကဲ့ရဲ့သံကို ကြားတော့ လော်ယန်ချင်းမှာ ပြန်လည်ချေပချင်သော်လည်း သူတို့နှစ်ဦးကြားက ကွာဟချက်က ကြီးလွန်းလှသည်။
နှိုင်းယှဥ်စရာ လုံးဝမရှိ။ အလွန်အကျွံ ပြောမိလျှင် သူ့ကိုယ်သူသာ အရှက်ရစေမည်။ ထို့ကြောင့် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။
.......
ပရိတ်သတ်ထဲမှာ ဘယ်သူမှ သူ့အပေါ် အကောင်းမြင်စိတ် မရှိဘူးဆိုတာ မသိပေမယ့် လုရွှမ်က သိနေရင်တောင် သူတို့ကို ဂရုမစိုက်ချေ။
သူလုပ်တဲ့ကိစ္စ သူကြိုက်ရင် ပြီးတာပဲ။ တခြားသူတွေရဲ့ အမြင်တွေဆိုတာ သူ့အတွက်တော့ စကားထဲ ထည့်ပြောစရာပင် မလိုချေ။
နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အဲဒါက သူကိစ္စမဟုတ်ဘူး!
"ပြောလို့ ပြီးပြီလား?"
သူ့ရှေ့မှာ မာနကြီးပြီးရင်း ကြီးနေတဲ့ အန်းရွှိထောင်းကို ကြည့်လိုက်ပြီး လုရွှမ်က ဘာမှမထူးခြားသလိုဖြင့်။
"ငါတို့ စလို့ရပြီးလား?"
"ဒါပေါ့! ငါမင်းကို အနိုင်ကျင့်တယ်ဆိုပြီး အပြစ်မတင်နဲ့! ငါမင်းကို သုံးကွက် လျှော့ပေးမယ်!"
အန်းရွှိထောင်း ရယ်မောလိုက်သည်။
"ငါ့ကို သုံးကွက်လျှော့ပေးမယ်?? ကောင်းပြီလေ!"
သူ့ရှေ့က ကောင်လေးက ဒီလောက် မောက်မာနေမယ်လို့ မထင်ထားခဲ့။ လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်သည်။
ဝှစ်.....
အရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်တွင် အန်းရွှိထောင်းရှေ့တွင် ပေါ်လာသည်။
"ဘာ?"
အန်းရွှိထောင်း၏ အပေါင်းအပါများသည် ရုတ်တရက် သူတို့စိတ်ထဲတွင် ထူးဆန်းသော ကြိုတင်သတိပေးချက်ကို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူသည် သုံးကွက်လျှော့ပေးမယ်လို့ ပြောခဲ့သည်ကို ဂရုမစိုက်ဘဲ သူ့ရှေ့မှလူကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လေသံနှင့်အတူ ထုံးရွှမ်နယ်ပယ်၏ အထွတ်အထိပ်၏ စွမ်းအား၆၀၀သည် ပေါက်ထွက်လာသည်။
"အရှက်မရှိတာ!"
"သုံးကွက်လျှော့ပေးမယ်လို့ ပြောခဲ့တာမလား? ပထမအကွက်မှာတင် မင်းရဲ့အစွမ်းအစက အကုန် ထုတ်သုံးပြီလား?"
"မင်းက သခင်လေးအန်း ဖြစ်နေသေးတယ်လို့ ပြောခဲ့တယ်မလားဟ?"
အခုလေးတင် 'မင်းကို သုံးကွက် အလျှော့ပေးမယ်လို့' ပြောထားတဲ့ အန်းရွှိထောင်းက နောက်အခိုက်အတန့်မှာ သူ့ရဲ့ခွန်အားကို အကုန်ထုတ်သုံးလာတော့ ကျန်းဝူအကယ်ဒမီက ကျောင်းသားအားလုံး ကျယ်လောင်စွာ အော်ဟစ်လာ၏။
"ငတုံး!! တိုက်ပွဲမှာ လှည့်ကွက်တွေ ရှိတယ်ဆိုတာ မသိဘူးလား?"
"ဒါက ရန်သူကို လျှော့တွက်လာစေဖို့ အစ်ကိုထောငရဲ့ ရည်ရွယ်ချက်ရှိရှိ သုံးခဲ့တဲ့ နည်းလမ်းပဲ။ မင်းရှုံးရင် မင်းနဲ့ ထိုက်တန်တာပဲ!"
အန်းဝူအကယ်ဒမီမှ ကျောင်းသားများက တုံ့ပြန်ကြသည်။
"အဟဲ...."
သူခုခံမယ်ဆိုတာ သိထားတာကြောင့် လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး အံ့သြမှုမရှိဘဲ လက်ဖဝါးနဲ့ လှုပ်ရှားလိုက်သည်။
ဗုန်း!
နောက်အခိုက်အတန့်တွင် ယုံကြည်မှု ရှိခဲ့သော အန်းရွှိထောင်း၏ မျက်နှာသည် ကြွက်တက်သွားပုံဖြင့် သူ၏လက် တစ်ဖက်လုံးတွင် စူးရှသော အသံများ ထွက်ပေါ်လာသည်။
အုန်း!
ပေါက်ထွက်သွားသော သဲအိတ်တစ်လုံးကဲ့သို့ ရပ်တန့် မနေနိုင်တော့ဘဲ ပြိုင်ပွဲစင်မြင့်မှ ပြုတ်ကျသွားသည်။
"မင်း"
"အာ"
"ဒါက"
ပတ်ဝန်းကျင်မှ ဘာသံမှ မကြားရဘဲ တိတ်ဆိတ်သွားသည်။
အခုနက စိတ်လှုပ်ရှားနေတော့ အန်းရွှိထောင်ဟာ ရန်သူကို တမင်တကာ လျှော့ပေးထားတယ်လို့ ထင်ထားတဲ့ လူတိုင်းဟာ အခုအချိန်မှာတော့ ကြည့်ရဆိုးသွားလေပြီ။
"ဘယ်လိုဖြစ်တာလဲ? ဘယ်လိုလုပ် ဒီလောက်တောင် သန်မာရတာလဲ?"
"အဲဒါက အန်းဝူအကယ်ဒမီ တစ်ခုလုံးက ထိပ်တန်း ကျောင်းသားတွေ ကြားမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အန်းရွှိထောင်းလေ..."
.......
ဖိရွှယ်နယ်ပယ်မှာ ပြီးပြည့်စုံတဲ့ လက်ဝါးတစ်ချက်နဲ့ ထုံးရွှမ်နယ်ပယ်ရဲ့ အထွတ်အထိပ် စွမ်းအားကို အနိုင်ယူမတဲ့လား?
အန်းရွှိထောင်းက တမင်တကာ လွှတ်ပေးလိုက်တာ ဖြစ်နိုင်လား?
မဖြစ်နိုင်ဘူး!
နှစ်ဦးကြား ရန်ငြိုးဖွဲ့မှုသည် အစပိုင်းတွင် အလွန်ထင်ရှားပြီး အရှိန်သည် မီးနှင့်ရေကဲ့သို့ပင်။
ထို့ကြောင့် တမင်တကာ လွှတ်ပေးလိုက်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
တစ်နည်းဆိုရသော် ဤလုရွှမ်သည် အန်းရွှိထောင်းကို သူ၏ စစ်မှန်သော အင်အားဖြင့် အနိုင်ယူခဲ့သည်။
"ဒါ.... ဒါ... ငါ သူ့ကို လျှော့တွက်မိသွားပြီပဲ!"
လော်ယန်ချင်း၏ မျက်လုံးများသည်လည်း ဝိုင်းစက်သွား၏။
"ဆရာသခင်ရဲ့ တပည့်လို့ကို မပြောရဘူး"
သူအရင်က ဘယ်လိုပဲကြည့်ကြည့် လုရွှမ်အတွက် အနိုင်ရဖို့ အခွင့်အလမ်းကို မမြင်နိုင်ခဲ့ပါဘူး။ တိုက်ပွဲရလဒ်က အန်းရွှိထောင်းကို တစ်ကြိမ်တည်းနဲ့ အနိုင်ယူပြီး ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ခဲ့ပါ။
ထိုဆရာသခင်သည် အလွန်ကောင်းမွန်သော တပည့်ကို ပြုစုပျိုးထောင် နိုင်ခဲ့တာပဲ ဖြစ်ပေ၏။
"ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု!! ဒါက အရှက်မရှိတဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုပဲ!"
လော်ယန်ချင်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်နေစဥ် တစ်ဖက်က အန်းဝူအကယ်ဒမီ ကျောင်းအုပ်ကြီးမှာတော့ ပြိုလဲလုနီးပါး ဖြစ်နေသည်။
အန်းရွှိထောင်း အနိုင်ရမယ်လို့ ကြွားလုံးထုတ်ခဲ့ပြီး ဒီလူငယ်ဟာ ရှုံးမယ်ဆိုတာ သံသယဝင်စရာ မလိုပေမယ့် နောက်ဆုံးမှာတော့ ရလဒ်က ဒီလိုဖြစ်သွားပြီး တကယ်ကို လက်ခံရခက်စေသည်။
"ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား? ဒါက အန်းရွှိထောင်းရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုလို့ ကျွန်တော် ထင်ပါတယ်....သုံးကွက် အလျှော့ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား? ဒါပေမယ့် တစ်ကွက်မှ အလျှော့မပေးဘဲ တိုက်ရိုက် လုပ်လိုက်တာပဲလေ!" လော်ယန်ချင်းက ပြန်ပြောလိုက်သည်။
"မင်း"
အန်းဝူအကယ်ဒမီမှ ကျောင်းအုပ်ကြီး၏ မျက်နှာမှာ ဒေါသတကြီး နီရဲသွားသော်လည်း သူ ဘာမှ မပြောနိုင်ပေ။
တစ်ဖက်လူ ပြောတာလည်း မှန်ပေ၏။ သေချာ ပြန်စဥ်းစားကြည့်ရင် အန်းရွှိထောင်းက သူ့စကားနဲ့ မညီဘဲ အရင်လှုပ်ရှားခဲ့တာ မဟုတ်လား?
တစ်ဖက်က ဆရာကြီးဟူယွင်သည် နှစ်ယောက်ကြားက ရန်ဖြစ်မှုကို လျစ်လျူရှုကာ စုတ်တံတစ်ချောင်းကို ကောက်ယူကာ မှတ်စုစာအုပ်၏ ရှေ့တွင် စကားလုံးနှစ်လုံး ရေးလိုက်သည်။
လုရွှမ်!