ယွမ်ယန်ကျင့်စဥ်၏ ပထမအဆင့်
Vol. 8 Ch. 120
အန်းရွှိထောင်းကို တစ်ချက်တည်း အနိုင်ယူသွားတာကို ကြည့်ပြီး လုရွှမ်အား ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောခဲ့တဲ့ ရှဲ့ကျားဟာ မနေနိုင်လောက်အောင် တုန်လှုပ်ခြောက်ခြားသွားသည်။
သူသည် အန်းရွှိထောင်းနဲ့ တစ်ခါမှ မတိုက်ဖူးပေမယ့် သူက ၎င်းရဲ့ ပြိုင်ဘက်မဟုတ်မှန်း သေချာသိပါ၏။
ဒီလို သန်မာတဲ့လူကို သူတကယ်ကို စိန်ခေါ်ခဲ့မိတာပါလား...
ပူပြင်းသော နွေရာသီ ဖြစ်သော်လည်း ရှဲ့ကျားသည် သူ့နောက်ကျောတွင် ချွေးအေးများ စီးကျလာသလို ခံစားလိုက်ပြီး တစ်ကိုယ်လုံး အေးစက်သွားသည်။
"ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနိုင်ရတာလဲ"
မင်းသမီးလော့ရုံ၏ အသံသည် အံ့အားသင့်စွာဖြင့် ထွက်ပေါ်လာကာ မျက်လုံးများလည်း ဝိုင်းစက်သွားသည်။
လုရွှမ်သည် အံ့သြဖွယ်ရာများစွာကို ဖန်တီးခဲ့ကြောင်း သူသိသော်လည်း သူ့မျက်လုံးများနှင့် အံ့သြဖွယ်ရာ အသစ်များ မွေးဖွားလာသည်ကို မြင်လိုက်ရသည့်အခါ အံ့သြပြီး မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။
"အစ်ကိုရှန့် ဒီပြိုင်ပွဲပြီးရင် ကျွန်တော်သူနဲ့ပြိုင်မယ်...စဥ်းစားမိထားတဲ့ နည်းလမ်းရှိလား"
အန်းဝူအကယ်ဒမီ၏ ကျောင်းသားများ ထိုင်ရာနေရာ၌ ပထမပွဲတွင် အနိုင်ရခဲ့သော ယန်ယီးသည် သူ့ရှေ့မှ လူငယ်တစ်ဦးကို စိုးရိမ်တကြီးကြည့်နေသည်။
ဒီလူငယ်ဟာ သူနဲ့ အသက်အရွယ် တူပေမယ့် ပိုပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ပိုတည်ငြိမ်တဲ့ အပြုအမူကို ထုတ်ဖော် ပြသနေ၏။
ယန်ယီးသည် ကိုးဦးထဲက တစ်ဦး ဖြစ်သော်လည်း သူ့ရှေ့တွင်ရှိသော အန်းရွှိထောင်းသည် အရိုက်ခံခဲ့ရပြီ။ ထိုလူငယ်ကို အနိုင်ရမယ်လို့ သူအာမ မခံနိုင်တော့ပေ။
"အဲဒီကောင်လေး စစ်မှန်တဲ့ ဝိညာဥ်ချီက ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ကြံ့ခိုင်မှုကတော့ သိပ်မကောင်းပါဘူး....ခန့်မှန်းရရင် သူ့မှာ အနည်းဆုံး ခွန်အား၅၀၀ လောက်ပဲ ရှိတယ်!"
သူ့စကားကို ပြန်မဖြေဘဲ အစ်ကိုရှန့်ဆိုသူသည် မျက်လုံးများထဲ အလင်းရောင် တောက်လာကာ ဘာမှမထူးခြားပုံဖြင့် ပြောလိုက်သည်။
အန်းဝူအကယ်ဒမီ၏ အတွင်းခန်းတွင် နံပါတ်တစ် ချန်ကျားရှန့်ပင်တည်း။
မတိုင်ခင်က လုရွှမ်ဟာ အလွန်လျင်မြန်စွာ တိုက်ခိုက်ခဲ့ပြီး လူတော်တော်များများက ဒါကို မမြင်ခဲ့ကြသလို အချို့သော ဆရာများတောင်မှ ဖြစ်ပျက်ခဲ့တာကို မသိပေမယ့် သူကတော့ လုရွှမ်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိမြင်ပြီး ဖြစ်သည်။
"ခွန်အားက ၅၀၀ ရောက်နေပြီလား?" ယန်ယီး အံ့သြသွားသည်။
လက်ဝါး တစ်ချက်တည်းနဲ့ အန်းရွှိထောင်းကို ငှက်လိုပျံတက်သွားအောင် ရိုက်ပစ်နိုင်တာ အံ့သြစရာတော့ မဟုတ်တော့ပေ။
"စိတ်လှုပ်ရှားစရာ မလိုပါဘူး... တိုက်ပွဲမှာ သန်မာတိုင်းလည်း အနိုင်ရနိုင်တယ်လို့ မဆိုလိုပါဘူး အရေးကြီးဆုံးအရာက တကယ့်တိုက်ပွဲပဲ!"
လူငယ်ရဲ့အသွင်ကိုမြင်တော့ ချန်ကျားရှန့်က ခေါင်းခါပြီး ပေါ့ပေါ့တန်တန် ပြောလာသည်။
"တကယ်တော့ အနိုင်ရဖို့က လွယ်ပါတယ်....သူက ခန္ဓာကိုယ် သန်မာပြီး အနီးကပ် တိုက်ခိုက်ရာမှာ ကောင်းတယ်.... ခန္ဓာကိုယ်ကို အဝေးကနေ တိုက်ခိုက်နေသမျှ သူ့အားသာချက်က ပျောက်ကွယ်သွားမှာပဲ!"
"အဝေးက တိုက်ခိုက်မှုလား?"
ယန်ယီး၏ မျက်လုံးများ တောက်ပလာသည်။
ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ပျိုးထောင်ခြင်းသည် ယခုလိုတိုက်ပွဲတွင် အကောင်းဆုံး ဖြစ်သည်။ ထုံးရွှမ်နယ်ပယ်၏ အထွတ်အထိပ် ခွန်အားဖြင့် သူ၏ စစ်မှန်သော စွမ်းအင်သည် တဟုန်ထိုး တက်လာပြီး အဝေးမှ လုံးဝ တိုက်ခိုက်နိုင်သည်။
"ကောင်းပြီ သူနဲ့တွေ့တဲ့အခါ အနားမကပ်နိုင်အောင် လှုပ်ရှားပြီးတာနဲ့ ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်လွှတ်လိုက်မယ်!"
တိုက်ပွဲအစီအစဥ်ကို သိလိုက်ရတော့ ယန်ယီး ယုံကြည်မှုများ ပြန်ရလာသည်။
ဆက်လက်၍ ဒုတိယပွဲစဥ် အပြီးတွင် နေရာတစ်ခုစီမှ နောက်ဆုံးဖိုင်နယ်ကို အဆုံးအဖြတ်ပေးခဲ့သည်။ နေရာလေးခုကို ပေါင်း၍ တတိယပွဲစဥ်တွင် လူ ၃၂ ဦး ဝင်ရောက်နိုင်ခဲ့သည်။
လုရွှမ် ကြည့်လိုက်တော့ မောက်မာသော ရှဲ့ကျားနှင့် ဥပဒေအဖွဲ့ ခေါင်းဆောင် လျောက်ချင်းတို့သည် ကံကောင်းစွာဖြင့် နောက်တစ်ဆင့် တက်သွားသည်။
တစ်နည်းဆိုရသော် ထိပ်တန်း ၃၂ ဦးတွင် ကျန်းဝူအကယ်ဒမီမှ စာရင်းသွင်းသူ ၂၄ ဦးကို ဖယ်ရှားခဲ့ပြီး ၎င်းတို့ထဲမှ ၃ ဦးသာ ကျန်ရှိတော့သည်။
အရမ်း ရက်စက်တယ်လို့ ပြောရမည်။
"တတိယအကြိမ်က ညနေမှာ ကျင်းပမယ်... အခုအနားယူပြီး မင်းတို့ရဲ့စိတ်ဓာတ်ကို ပြန်လည်ဖြည့်တင်းကြပါ!"
ဒုတိယပွဲစဥ် ပြီးသွားတော့ နေ့ခင်းဘက်တောင် ဖြစ်သွားပြီ။
ပြိုင်ပွဲဝင် တော်တော်များများဟာ လုရွှမ်လောက် ပေါ့ပါးမနေဘဲ စစ်ပွဲပေါင်းများစွာက အနိုင်ရသူကို အဆုံးအဖြတ် ပေးဖို့အတွက် ရာနဲ့ချီတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလိုမျိုး သူတို့ရဲ့ စွမ်းအင်နဲ့ ကြံ့ခိုင်မှုတွေဟာ အပြင်းအထန် ပင်ပန်းနွမ်းနယ် နေလေသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်မည်ဆိုရင် ဘယ်သူမှ မခံနိုင်ဘဲ ပြိုင်ပွဲဟာ အဓိပ်ပါယျ မရှိတော့တာကြောင့် တတိယပွဲစဥ်ကို ညနေပိုင်းသို့ ခေတ္တရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်သည်။
ထိပ်ဆုံးဆယ်ယောက်ကို ဆုံးဖြတ်ရန် စတုတ္ထအကျော့ကို နောက်တစ်နေ့ နံနက်အထိ ရွှေ့ဆိုင်းခဲ့သည်။
"လုရွှမ် ကျောင်းအုပ်ကြီးက ခေါ်ခိုင်းလိုက်ပါတယ်"
အစီအစဉ်ကို ကြားတော့ လုရွှမ်သည် ရန်းလင်၊ ယွမ်ချောင်တို့နှင့်အတူ အနားယူရန် အိပ်ဆောင်သို့ ပြန်သွားရန် စီစဉ်နေစဥ် ကျောင်းသားတစ်ဦးရောက်လာသည်။
"အင်း!" လုရွှမ် ခေါင်းညိတ်ပြီး နောက်ကနေ လိုက်သွားသည်။
ခဏအကြာတွင် သူသည် လော်ယန်ချင်းသာမက လျောက်ချင်း နှင့် ရှဲ့ကျားတို့လည်း ရှိနေတဲ့ အခန်းတစ်ခန်းထဲသို့ ရောက်လာခဲ့သည်။
"ဒီနေ့တော့ ရုတ်တရက်ကြီး အဓိက အကယ်ဒမီ သုံးခု ဆုံစည်းလာတယ်... အရင်က ဘာသတင်းမှ မကြားခဲ့ရဘူး.... သူတို့က ငါတို့ရဲ့ ကျန်းဝူအကယ်ဒမီကို အရှက်ရစေချင်နေတာ ထင်ရှားတယ်"
သူရောက်လာတာကို မြင်တော့ လော်ယန်ချင်းဟာ အပိုတွေ မပြောတော့ဘဲ ခေါင်းစဉ်ကို တိုက်ရိုက် ပြောင်းသွားခဲ့သည်။
"ငါတို့ရဲ့ အဓိက အကယ်ဒမီ လေးခုက သိပ်မကွာပါဘူး.... ဒါပေမယ့် သူတို့ခေါ်လာတဲ့ ကျောင်းသားအများစုက ထုံးရွှမ်နယ်ပယ်ကို ရောက်နေကြပြီ... ဘာလို့လဲဆိုတော့ သူတို့က ငါတို့ထက်စောပြီး ပြင်ထားလို့ ဖြစ်နိုင်တယ်"
ယင်းယန်အကယ်ဒမီက တပည့်တွေကို ခေါ်ယူနေတယ်ဆိုတာ မသိခဲ့ဘူး။ သိခဲ့ရင် ငွေအများကြီးနဲ့ အရင်းအမြစ်တွေ အများကြီးသုံးဖို့ ဆန္ဒရှိနေသရွေ့ လူအနည်းငယ်ကို အမြန် အဆင့်တိုးစေဖို့ မဖြစ်နိုင်တာတော့ မဟုတ်။
"မင်းတို့ သုံးယောက်က ထိပ်တန်း ၃၂ယောက် ထဲကို ဝင်ခဲ့ပေမယ့် မင်းတို့ရဲ့ လက်ရှိ ခွန်အားနဲ့ နောက်တစ်ဆင့်ကို ဝင်ချင်တယ် ဆိုရင်တော့ ခက်နေလိမ့်မယ်။ ဒီကျောက်တုံး သုံးလုံးက ထိပ်တန်းဆယ်ယောက်ကို ဝင်ခွင့်ရဖို့ ငါကတိပေးထားတဲ့ ဆုလာလ်တွေပဲ.... အရင်က ငါသူတို့ကို ကြိုပြီး သတင်းမေးခဲ့သင့်တာ... မင်းတို့သုံးရင် နည်းနည်းလေး အဆင့်တက်လာအောင် လုပ်နိုင်လိမ့်မယ်...ဒီည ထိပ်တန်း ၁၆ ယောက်ထဲ ဝင်သရွေ့ မင်းတို့ တစ်လုံး ထပ်ရမယ်!"
လော်ယန်ချင်းက လှည့်ကြည့်လိုက်ပြီး ကျောက်အသေးသုံးလုံးကို ထုတ်ယူပြီး လွှဲပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး!"
လျောက်ချင်း နှင့် ရှဲ့ကျားတို့၏ မျက်လုံးများသည် တစ်ချိန်တည်းတွင် တောက်ပလာသည်။
သူတို့အားလုံးသည် ထုံးရွှမ်နယ်ပယ်သို့ ရောက်ရှိထားကြပြီ။ ဝိညာဉ်ကျောက်တုံးများ၏ အကူအညီဖြင့် အချိန်တိုတိုအတွင်း လျင်မြန်စွာ မတိုးတက်နိုင်သော်လည်း အချို့မှာ သေချာပေါက် တိုးလာနိုင်သည်။
လုရွှမ်သည် ဝိညာဉ်ကျောက်တုံးကို ယူကာ အနည်းငယ် စိတ်လှုပ်ရှားလာသည်။
၎င်းသည် အနိမ့်ဆုံး ဝိညာဉ်ကျောက်မျှသာ ဖြစ်သော်လည်း ယခု သူ့အတွက် အလွန်အသုံးဝင်သည်။
အထူးသဖြင့် ၎င်းတွင် ပြင်းထန်သော ဝိညာဥ်စွမ်းပင် ပါဝင်သဖြင့် ကောင်းမွန်စွာ အသုံးပြုခြင်းဖြင့် ယွမ်ယန်ကျင့်စဥ်သည် အထွတ်အထိပ်အဆင့်မှ ပြီးပြည့်စုံမှုအထိ လုံးလုံးလျားလျား ဖြတ်ကျော်သွားနိုင်သည်။
"ကောင်းပြီ မြန်မြန် လေ့ကျင့်ကြပါ!"
လော်ယန်ချင်းသည် အချိန်ဖြုန်းရန် အချိန်မရှိမှန်း သိသောကြောင့် ထပ်၍ မပြောတော့ပေ။
လျောက်ချင်းနှင့် ရှဲ့ကျားတို့သည် အဓိပ်ပါယျမဲ့သော အကြောင်းအရာကို ထပ်မပြောကြတော့ဘဲ မြေပြင်ပေါ်တွင်ထိုင်ကာ ဝိညာဉ်ကျောက်တုံးနှင့် လေ့ကျင့်ကြတော့သည်။
သူတို့လေ့ကျင့်နေတာကို မြင်တော့ လုရွှမ်လည်း အချိန်မဖြုန်းဘဲ သူ့လက်ဖဝါးမှာ ဝိညာဉ်ကျောက်တုံးကိုကိုင်ပြီး နန်းတော်ပင်လယ်နှင့် ယွမ်ယန်ကျင့်စဥ်ကို ဆက်သွယ်ရင်း သန့်စင်တဲ့ စွမ်းအားတွေကို မြန်မြန်ဆန်ဆန် စုပ်ယူလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ဝိညာဉ်ကျောက်တုံး၏ မျှော်မှန်းထားသည့်အတိုင်း ၎င်း၏ သန့်စင်မှုနှင့် ဝိညာဥ်စွမ်းအင် အရည်အသွေးသည် ဝိညာဉ်အရည်များထက် များစွာပို၍ ပြင်းထန်သည်။
ဗုန်း!
အချိန်မည်မျှ ကြာသည်မသိ သူ့ခေါင်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
ထူထဲပြီး ပျော့ပျောင်းတဲ့ စွမ်းအားတစ်ခုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး လုရွှမ် သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး အရာအားလုံးကို တောက်ပစွာ မြင်နေရ၏။
"နောက်ဆုံးတော့ ယွမ်ယန်ကျင့်စဥ်ရဲ့ ပထမအဆင့်ကို ပြီးပြည့်စုံသွားပြီ!"
ဝိညာဥ်ကျောက်တုံး၏ အကူအညီဖြင့် သူသည် အထွတ်အထိပ်ကို အမှန်တကယ် ဖြတ်ကျော်ပြီး ယွမ်ယန်ကျင့်စဥ်၏ ပထမအဆင့်ကို ပြီးပြည့်စုံသော အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။
အဆင့်မြင့်သော လေ့ကျင့်ရေး နည်းလမ်းနဲ့အတူ စစ်မှန်သော စွမ်းအင်သည် ပိုမိုအားကောင်းလာပြီး ခွန်အားမှာလည်း နှစ်ဆတိုးလာခဲ့သည်။ယခင်က စစ်မှန်သော စွမ်းအင်တစ်ခုတည်းတွင် ခွန်အား ၂၁၀ သာရှိသော်လည်း ယခုအခါ ၆၃၀ သို့ရောက်ရှိသွားပြီ။
ဆိုလိုသည်မှာ စစ်မှန်သော ဝိညာဥ်စွမ်းအင် တစ်ခုတည်းဖြင့် သူသည် ထုံးရွှမ်နယ်ပယ်ရှိ အထွတ်အထိပ် အဆင့်ရှိသူများနှင့် ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်သည်။
ရုပ်ခန္ဓာ၏ ခွန်အား ၅၀၀ နှင့် ပေါင်းလိုက်လျှင် ထုံးရွှမ်နယ်ပယ်ရဲ့ သန်မာသောသူများကိုပင် အလွယ်တကူ အနိုင်ယူနိုင်သည်။
ဒါ့အပြင် ဝူအဆင့်၇ အစောပိုင်းအဆင့်ရှိ ပညာရှင်ကိုလည်း သူတိုက်ခိုက်နိုင်ပြီ။
ဝူအဆင့်၇ အတုတံဆိပ်နယ်ပယ်။ စစ်မှန်သောစွမ်းအင်ကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ကာ တိုက်ခိုက်ရေး စွမ်းအားကို များစွာတိုးမြှင့်ပေးသည့် လက်စည်းတံဆိပ်ကို ဖန်တီးနိုင်သည်။
တိုက်ပွဲတွင် ၎င်းတို့သည် အစောပိုင်းအဆင့်သာ ဖြစ်ကြသော်လည်း ခွန်အားက အနည်းဆုံး ၁၀၀၀ရှိသည်။
အလယ်အလတ်တွင် ၂၀၀၀၊ နှောင်းပိုင်းအဆင့်တွင် ၃၀၀၀ စသည်တို့ ရှိကြသည်။ အတုတံဆိပ်နယ်ပယ်တွင် ပြီးပြည့်စုံခြင်း အဆင့်က ၅၀၀၀ အပြည့်ရှိ၏။
လုရွှမ်သည် ထုံးရွှမ်နယ်ပယ်သို့ မရောက်သေးသော်လည်း သူ၏ စွမ်းအင် အစစ်အမှန်နှင့် ပေါင်းစပ်ထားသော ခန္ဓာကိုယ်သည် အတုတံဆိပ်နယ်ပယ် အစောပိုင်းအဆင့် အားနည်းသူများထက် သာလွန်သော ခွန်အား ၁၁၃၀ ရှိပြီးဖြစ်သည်။
အတုတံဆိပ်နယ်ပယ်မှာ ပြင်းထန်တဲ့လူကို တကယ်တိုက်ရင် ဖြစ်နိုင်ခြေက 80% ထက်ပိုပါ၏။
အတုတံဆိပ်နယ်ပယ်မှ ပညာရှင်များသည် ၎င်းတို့၏ စစ်မှန်သော စွမ်းအင်နှင့် တိုက်ခိုက်မှုကို အဝေးမှ ထုတ်လွှတ်နိုင်သော်လည်း လုရွှမ်၏ ကြံ့ခိုင်မှု ခွန်အား ၅၀၀ထက် အလွန်ပင် ဆိုးရွားလှသည်။