ဖမ်းဆီးခြင်း
Vol. 9 Ch. 122
"ဒါမင်းဘာသာ သေကြောင်းရှာတာနော် ငါ့ကို အပြစ်မတင်နဲ့!"
သူသည် လက်နက်သုံးစရာ မလိုဘူးဟု ကြားတော့ ယန်ယီး၏ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ သူ့လက်ဖဝါးကို လှုပ်ခါလိုက်သည်နှင့် လှံသည် ပစ်သွင်းလိုက်သော ကြယ်တစ်ပွင့်ကဲ့သို့ ပြောင်းလဲသွားကာ လုရွှမ်ထံ ပြေးထွက်သွားသည်။
"သေစမ်း! ငါလက်နက် ယူလာခဲ့သင့်တာ!"
ဒီမြင်ကွင်းကို သူ့မျက်လုံးထဲ မြင်လိုက်ရတော့ လော်ယန်ချင်းရဲ့ အမူအရာက မည်းမှောင်သွားတော့သည်။
သူသည် ကျန်းဝူအင်ပါယာတွင် ဒုတိယကျွမ်းကျင်သူဖြစ်ပြီး သူ၏ အမြင်အာရုံမှာ ချန်ကျားရှန့်ထက် များစွာသာလွန်ကောင်းမွန်ပါသည်။ လုရွှမ်၏ ကြံ့ခိုင်မှုကို နောက်ပိုင်းတွင် သိမြင်နိုင်သော်လည်း သူ၏စစ်မှန်သော စွမ်းအင်မှာ အားနည်းသောကြောင့် ၎င်းကိုလည်း သဘာဝအတိုင်း မြင်တွေ့နိုင်သည်။
ယန်ယီးသည် လှံရှည်တစ်ချောင်းကို ယူ၍ သူ့အားနည်းချက်ကို သိသာစွာ မြင်သွားပြီး လုရွှမ်သာ လက်နက်ကို အသုံးပြုပါက အနည်းဆုံး အနည်းဆုံး တစ်ချက်နှစ်ချက် ခံနိုင်ရည်ရှိမည်။
သို့သော် လက်ဗလာနဲ့ ဆိုရင်တော့ ရှုံးဖို့ ရာခိုင်နှုန်း များနေပြီ။
သူအလျင်စလို ဖြစ်နေချိန်မှာပဲ စင်ပေါ်မှာတော့ လုရွှမ် လှုပ်ရှားလိုက်သည်။ သူသည် ရှောင်တိမ်းမနေဘဲ သူ့ရှေ့ကလှံဆီ တိုက်ရိုက် ပြေးဝင်သွား၏။
ဝှစ်.....
အဆိပ်ပြင်း မြွေနှင့်တူသော လှံကို သူ၏လက်ချောင်းများဖြင့် ဆုပ်ကိုင်ထားရာ သံကိုသစ်သားထဲ ထိုးရိုက်လိုက်သလိုမျိုး ရှေ့ဆက် မတိုးနိုင်တော့ပေ။
"အရိုင်းဆန်တဲ့ အင်အားက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်လား? မင်း လှည့်စားခံရပြီ!"
လှံကိုင်ထားသူကို မြင်တော့ ယန်းယီ မအံ့သြဘဲ စိတ်လှုပ်ရှားနေမိသည်။
ဗုန်း!
သူ၏ ဟိန်းဟောက်သံနှင့်အတူ သူ့ခန္ဓာကိုယ်ထဲရှိ ကြမ်းတမ်းသော ဝိညာဥ်ချီသည် လှံမှတစ်ဆင့် စိမ့်ထွက်လာကာ လုရွှမ်ထံ ပြေးဝင်သွားသည်။
အတုတံဆိပ်နယ်ပယ်သို့ မရောက်ရှိမီတွင် စစ်မှန်သော စွမ်းအင်ကို ခန္ဓာကိုယ်မှ ခွဲထုတ်၍ မရသော်လည်း ၎င်းကို လက်နက်များ၏ အကူအညီဖြင့် တိုက်ခိုက်နိုင်သည်။ ယခုအချိန်တွင် လှံတံသည် အလယ်အလတ်အဆင့် ခွန်အား၆၀၀ဖြင့် ပြင်းထန်စွာ ထွက်ပေါ်လာသည်။
အကယ်၍ လုရွှမ်သည် ယွမ်ယန်ကျင့်စဥ် ပထမအဆင့်၏ ပြီးပြည့်စုံသော အဆင့်သို့ မရောက်ရှိဘဲ ခွန်အား၂၁၀ သာရှိပါ ထိုသို့သော အခြေအနေမျိုးတွင် သူသည် သွေးအန်ပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိမည်မှာ သေချာပါ၏။
၎င်းသည် စစ်မှန်သော ဝိညာဥ်ချီနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းဟု ခေါ်တွင်ပြီး ၎င်းသည် ပျော့ပျောင်းမှု မရှိတဲ့ စစ်မှန်သော ဝိညာဥ်ချီကို အသုံးပြုသည်။
သို့သော် ယန်ယီးအတွက် စိတ်ပျက်စရာ ကောင်းသည်မှာ သူ၏ ဝိညာဥ်ချီ စွမ်းအားသည် သိသိသာသာ တိုးလာပြီး ယွမ်ယန်၏ ဝိညာဥ်ချီသည်လည်း အလွန်ကြမ်းတမ်းသည်။ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူ မည်သို့ကြောက်နိုင်မည်နည်း။
လက်ဆွဲနှုတ်ဆက်ခြင်း မပြုဘဲ ခပ်ပါးပါး ပြုံးကာ ယွမ်ယန်၏ စစ်မှန်သော စွမ်းအင်သည် လှံတံတစ်လျှောက် ချက်ချင်း ထိုးတက်လာခဲ့သည်။
ဟူ!
စွမ်းအင်နှစ်ခု တိုက်မိသည်နှင့် တစ်ပြိုင်နက် သူ၏ခွန်အား၆၃၀ အင်အားသည် အားကောင်းသည့် ယွမ်ယန်ဝိညာဥ်ချီနှင့် ပေါင်းစပ်ကာ ယန်းယီ၏ ဝိညာဥ်ချီကို ပြိုလဲကျသွားစေသည်။
"ဘာ!"
ယန်ယီး မတုံ့ပြန်နိုင်ခင်မှာပင် ရင်ဘတ်ဆီသို့ ကြီးမားသော စွမ်းအားတစ်ခု ရုတ်တရက် ပြေးဝင်လာသည်ကို ခံစားလိုက်ရပြီး သွေးများ ပြင်းထန်စွာ ထွက်ကျလာသည်။
ဖူး.....
အန်းရွှိထောင်း ကဲ့သို့ပင် စင်မြင့်အောက်သို့ လွင့်ပျံသွားသည်။
လုရွှမ်၏ စစ်မှန်သော စွမ်းအင်သည် သူနှင့်အတူ တိုက်ခိုက်မှုကို သယ်ဆောင်သွားပြီး စွမ်းအားနှစ်ခု၏ အားသည် တစ်ထောင်ကျော်သွားခဲ့သည်။ သူသာ ထုံးရွှမ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သွားလျှင် တစ်ဖက်လူ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
"ဖူး!"
သွေးတွေ အန်ကျလာပြီး တစ်ချိန်တည်းမှာပဲ မျက်ရည်တွေကလည်း ပေါက်ထွက်လုမတတ်။
သူ့မှာ ညံ့ဖျင်းတဲ့ ဝိညာဥ်စွမ်းအင် ရှိတယ်လို့ ဘယ်သူပြောလဲ?
သူက ကြံ့ခိုင်မှုကိုပဲ အားကိုးတယ်လို့ ဘယ်သူပြောလဲ?
တစ်ချက်လောက် လာစမ်းကြည့်စမ်းပါ!
သူ့မျက်စိရှေ့က မည်းမှောင်သွားပြီး မြေပြင်ပေါ် လဲကျမလာခင်မှာပဲ သတိလစ်သွားသည်။
လုရွှမ် နိုင်သွားပြီ!
"အာ?" လော်ယန်ချင်း အံ့သြသွားပြန်သည်။
အမှန်တိုင်း ပြောရရင် သူ့ရှေ့က ကောင်လေးက သူ့ကိုတကယ်ပဲ တုန်လှုပ်သွားစေသည်။
မနက်ခင်းမှာ တစ်ဖက်လူရဲ့ ဝိညာဥ်စွမ်းအင် ခွန်အားက အလယ်အလတ်ဖြစ်ပြီး အစွမ်းထက်တဲ့ ခန္ဓာကိုယ်ဖြစ်တယ်ဆိုတာ သူသေချာသိပေမယ့်ဘညနေခင်းမှာ ဝိညာဥ်စွမ်းအင်က အရမ်းအစွမ်းထက်နေပြီ။
ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ?
အန်းဝူအကယ်ဒမီမှ ကျောင်းအုပ်ကြီးသည် နှုတ်ခမ်းများ တုန်ခါနေကာ မူးလဲလုမတတ် ဖြစ်သွားသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဤနှိမ့်ကျသော ကောင်လေးသည် ယင်းယန်အကယ်ဒမီတွင် အခိုင်အမာ မှတ်ကျောက်တည်ထားသည့် ၎င်းတို့၏ အကယ်ဒမီမှ သုံးဦးအနက် နှစ်ယောက်ကို ရှုံးသွားစေသည်။
သူ့မျက်လုံးများသည် မီးတောက်များ တောက်လောင်လာကာ လုရွှမ်ကို လည်ပင်းညှစ် သတ်ချင်တဲ့ စိတ်များထွက်ပေါ်လာသည်။
မင်းပြဿနာ ရှာချင်ရင် တခြား အကယ်ဒမီတွေကို ရှာလို့ရတယ်။ ငါ့ကိုတော့လှည့်စားဖို့ မကြိုးစားနဲ့။
သူ အံသြသွားရုံသာမက အန်းဝူအကယ်ဒမီမှ နံပါတ်တစ် ကျောင်းသား ချန်ကျားရှန့်သည်လည်း မယုံကြည်နိုင်မှု အပြည့်ဖြင့် မျက်တောင်များ ပုတ်ခတ်နေရလေသည်။
နံနက်ခင်းတွင် လုရွှမ်၏ ပြိုင်ဆိုင်မှုကို အထူးသတိထား ကြည့်ရှုခဲ့ပြီး လုရွှမ်ကို တိုက်ခိုက်ဖို့ ယန်းယိကို သင်ပေးသော တိုက်ခိုက်ရေးပုံစံသည် လုံးဝမှန်ကန်သော်လည်း အဘယ်ကြောင့် ဤကဲ့သို့ အဆုံးသတ်ရသနည်း။
ဒီကောင်က သူ့ခွန်အားကို ဖုံးကွယ်ထားတာလား?
စစ်မှန်သော စွမ်းအင်၏ ခွန်အားသည် ၆၀၀ ထက်ကျော်လွန်ပြီး ကိုယ်ခန္ဓာ၏ ကြံ့ခိုင်မှုသည် ၅၀၀ ထက်ကျော်လွန်သည်။ ဤသူသည် ဖိရွှယ်နယ်ပယ်တွင် အမှန်တကယ်ရှိသူ တစ်ယောက်ရော ဟုတ်ရဲ့လား?
ထုံးရွှမ်နယ်ပယ်မှာ သန်မာသူ တစ်ယောက်ဖြစ်တဲ့ သူ့ကိုယ်သူနဲ့ ယှဥ်လိုက်ရင် ဘာဖြစ်လို့ သူချက်ချင်း အားနည်းသွားတယ်လို့ ခံစားနေရတာလဲ?
........
"လုရွှမ်.....လုရွှမ်...."
"လုရွှမ်! အရမ်းမိုက်တယ်!"
စင်မြင့်ပေါ်ရှိ လုရွှမ်သည် ယန်ယီးကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပြန်တာကြောင့် ပရိသတ်အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။
လူတိုင်းရဲ့ မျက်နှာမှာ နီရဲသွားကြသည်။
အဓိက အကယ်ဒမီ သုံးခုသည် အရှိန်အဟုန်ဖြင့် အရှက်ခွဲဖို့ ရောက်ရှိလာပြီး သူတို့ကို အထင်သေးခဲ့ကြသည်။ ယခု လုရွှမ်အမည်ရှိ ဤလူငယ်သည် ဤအရာအားလုံးကို ဖြိုခွင်းလိုက်လေပြီ။
သူတို့အတွက် ကြည်လင်တဲ့ ကောင်းကင်ကို ဖန်တီးပေးလိုက်သလိုပဲ!
တစ်ယောက်ပြီးတစ်ယောက် ကောင်လေးရဲ့ နာမည်ကို မခေါ်ဘဲ မနေနိုင်ကြတော့ပေ။
တခဏချင်းမှာပဲ လုရွှမ်ဟာ ကျန်းဝူအကယ်ဒမီရဲ့ အဖွဲ့ဝင်အားလုံးရဲ့ အိုင်ဒေါကြီး ဖြစ်လာခဲ့ပါသည်။
"ဖယ်စမ်း! ဖယ်စမ်း!"
လူအုပ်ကြီးက အော်ဟစ်နေကြစဉ် အလိုမကျသော အသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးနောက်မှ လူနှစ်ယောက် ဖြတ်လျှောက်လာ၏။
"အဲဒါ ဒုကျောင်းအုပ်ကျိုးနဲ့ ဒုကျောင်းအုပ်လျိုတို့မလား?"
"လုရွှမ် နိုင်တာကိုမြင်ပြီး ချီးကျူးဂုဏ်ပြုဖို့ လာခဲ့တာများလား?"
"ငါတော့အဲ့လို မမြင်ဘူး..."
.... ...
နှစ်ယောက်သား ပြိုင်ပွဲစင်မြင့်သို့ ရောက်သောအခါ လူတိုင်းက သံသယများဖြင့် ကြည့်နေကြသည်။
ကျန်းဝူအကယ်ဒမီ၏ ဒုကျောင်းအုပ် နှစ်ဦးသည် တစ်ချိန်တည်းတွင် ရောက်လာကြပြီး ၎င်းတို့၏ မျက်နှာများသည် ညိုမှိုင်းနေကာ ပထမတစ်ချက်ဖြင့် တစ်ခုခု မှားယွင်းနေတယ်ဆိုတာ သိနိုင်သည်။
လူတိုင်းရဲ့ မှတ်ချက်တွေကို လျစ်လျူရှုပြီး ဒုကျောင်းအုပ် နှစ်ယောက်က ပြိုင်ပွဲစင်မြင့်ရှေ့မှာ ရပ်ပြီး စင်ပေါ်က လူငယ်ကို ကြည့်လိုက်သည်။
"မင်းက လုရွှမ်လား?"
"ဘာဖြစ်လို့လဲ!" လုရွှမ်ခေါင်းကို လှည့်လိုက်သည်။
"ငါတို့နဲ့လိုက်ခဲ့!" ဒုကျောင်းအုပ်ကျိုးက ပြောသည်။
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူကို မသိပေမယ့် ပရိသတ်ရဲ့ ဆွေးနွေးမှုကို ကြားလိုက်ရလို့ ဒီလူက ဒုကျောင်းအုပ်ကျိုး ဆိုတာကို သူသိလိုက်ပြီ။ သို့သော်လည်း ဒီနေရာအထိ သူ့ကိုလာရှာတာက ဘာအတွက်များလဲ?
"ကျိုးထောင်း ဘာဖြစ်တာလဲ?"
စကားပြီးတာနဲ့ လော်ယန်ချင်း တက်လာသည်။
ကျိုးထောင်း ဆိုသည်မှာ ဒုကျောင်းအုပ်ကျိုးသာ ဖြစ်၏။
"ကျောင်းအုပ်ကြီးလော် မင်းဒီကို ရောက်နေပြီဆိုတော့ ငါမပင်ပန်းတော့ဘူးပေါ့ အကြီးအကဲ သုံးယောက်က အကြီးအကဲများ အစည်းအဝေးကို အမြန်လုပ်ချင်နေတယ်....လုရွှမ် တင်မကပဲ မင်းလည်း လိုက်ရမှာ" ဟု ကျိုးထောင်းက ပြောသည်။
"ငါလား? အကြီးအကဲတွေက အစည်းအဝေး လုပ်မယ်?? ဘာလို့ ဒီအချိန်မှာ အကြီးအကဲတွေ အစည်းအဝေးကို ကျင်းပနေတာလဲ?" လော်ယန်ချင်း အံ့အားသင့်သွားသည်။
အကြီးအကဲများ အစည်းအဝေးကို များသောအားဖြင့် အကယ်ဒမီ၏ သေရေးရှင်ရေး ဖြစ်နေသည့် အချိန်မှသာ ကျင်းပလေ့ရှိသည်။
ဒါ့အပြင် အကြီးအကဲများ အစည်းအဝေးကို ကျင်းပနေရင်တောင်မှ အကယ်ဒမီနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စတွေကို ဆွေးနွေးနေရမှာ မလား? ဒီလူငယ်နဲ့ ဘာဆိုင်လို့လဲ?
"ဒီလူငယ်က မဆင်မခြင် ပြုမူတယ်လို့ ပြောကြတယ်.... ကိုယ်ကျိုးအတွက် လှည့်စားတယ်တဲ့ အကြီးအကဲတွေက သတင်းကို သိသွားတဲ့အတွက် ကျောင်းရဲ့ ကျင့်ဝတ်တွေကို သေချာစုံစမ်းပြီး ရှင်းပစ်သင့်တယ်လို့ ထင်တယ်"
အတွင်းကျကျ အချက်အလက် တချို့ကို သိနေဟန်ဖြင့် ကျိုးထောင်းသည် လော်ယန်ချင်း ၏ စကားများကို အလွန်လေးစားခြင်း မရှိပေ။
"ကိုယ်ကျိုးစီးပွားအတွက် လှည့်စားတာ?" လော်ယန်ချင်းသည် မတုံးအတာကြောင့် ဒါကိုကြားပြီးနောက် ချက်ချင်း သဘောပေါက်သွားသည်။
ဥပဒေအဖွဲ့ရဲ့ လက်ချက်ပဲ!
"ကောင်းပြီ...ငါသွားကြည့်မယ်!" လော်ယန်ချင်းက ရှေ့ကို တိုးသွားသည်။
"ငါတို့နဲ့လိုက်ခဲ့!"
ကျောင်းအုပ်ကြီး ထွက်သွားတာကို မြင်တော့ ကျိုးထောင်းလည်း လုရွှမ်ကိုကြည့်သည်။
"ကောင်းပြီ..ငါကြည့်လိုက်ပါဦးမယ်... နောက်ကွယ်မှာ ဘယ်သူရှိလဲ....မင်းတို့ ငါ့ကို ဘာလုပ်နိုင်ဦးမလဲဆိုတာ"
နှစ်ယောက်ကြားက စကားပြောသံကို ကြားတော့ လုရွှမ်လည်း တစ်ခုခုကို ခန့်မှန်းပြီး အေးစက်စွာ ပြုံးလိုက်သည်။
ဥပဒေအဖွဲ့ကို ကြောက်စေချင်ရင် သူ့ရဲ့တွင်းဟောင်းဖြစ်တဲ့ ဒုကျောင်းအုပ်ချန်ကို ပြေးပြီး ရိုက်နှက်ဖို့ မဖြစ်နိုင်ပါဘူး။
ဒီကိစ္စက သွားကြည့်လိုက်လည်း သူ့အတွက် ဘာမှဖြစ်မသွားဘူး။
ကျန်းဝူ အကယ်ဒမီ၏ အသက်ကြီးသူများတွင် မည်သို့သော အရည်အချင်းများ ရှိသည်ကို မြင်ချင်သည်။ သူ့ကို ဘယ်လိုများ လုပ်နိုင်မလဲဆိုတာ မြင်ချင်ပါသေး၏။