← Chapters

ကျန်းဝူအကြီးအကဲ သုံးဦး (ပထမပိုင်း)

Vol. 9 Ch. 123

ကျန်းဝူအကြီးအကဲ သုံးဦး (ပထမပိုင်း)

Vol. 9 Ch. 123

"ဖိရွှယ်နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်က ယန်ယီးကို လွယ်လွယ်ကူကူပဲ အနိုင်ယူသွားတယ်... ဆိုတော့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင် စုဆောင်းမှုက အားကောင်းပြီး အနည်းဆုံး တတိယအဆင့် နန်းတော်ပင်လယ် ပွင့်သွားပြီပေါ့.. ကြွက်သားတွေကို ကောင်းမွန်စွာ ပေါင်းစပ်ထားပြီး ခွန်အားကလည်း ၅၀၀ ထက် ကျော်လွန်နေတယ်... ဆိုလိုတာက သူအနည်းဆုံး ကွင်းခုနစ်ကွင်းစုဆောင်းထားပြီး နတ်စွမ်းအင် အမှတ်ကို ဖွင့်ထားနိုင်တာ ဖြစ်မယ်....ယန်ယီးရဲ့ လှံရှည်ကို အလွယ်တကူ ဖမ်းထားနိုင်ပြီး သူရဲ့ တိုက်ခိုက်ရေး သတိနှင့် တုံ့ပြန်မှု အရှိန်က အလွန်ကောင်းမွန်တယ် ဆိုတော့ သူဝိညာဥ်သတိအမှတ်ကို ဖွင့်လိုက်နိုင်တာ ဖြစ်နိုင်တယ်....အနာဂတ်မှာ အလားအလာက အဆုံးမရှိပဲ အလားအလာ အဆုံးမရှိပဲ!"

လုရွှမ်နှင့် ယန်ယီးတို့ရဲ့ တိုက်ပွဲဖြစ်စဉ်ကို မြင်တော့ ဆရာဟူယွင်က ခေါင်းညိတ်ပြီး ရွေးချယ်ထားတဲ့ ကိုးဦးကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ကို ထုတ်ကာ အပေါ်ထပ်မှာ လုရွှမ်ရဲ့ နာမည်ကို ရေးထည့်လိုက်ပါ၏။

"လူကြီးမင်း....ကျောင်းအုပ်ကြီးက ခဏထွက်သွားပါတယ်....ကိစ္စရှိရင် ကျွန်တော့်ကို မှာကြားလို့ရပါတယ်"

ညွှန်ကြားရေးမှူး ကျိတောက်မင်သည် ရောက်လာပြီး သူ့နောက်တွင် ရပ်လိုက်သည်။

"လုရွှမ်ရဲ့ အချက်အလက်တွေ ငါ့ကို ပေးပါ!"

ဆရာဟူယွင်က အမိန့်ပေးလိုက်သည်။

"ဟုတ်!"

ကျိတောက်မင် လှည့်ထွက်သွားပြီး မကြာခင်မှာပဲ လုရွှမ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို မှတ်တမ်းတင်ထားတဲ့ စာရွက်စာတမ်း တစ်ခုကို ယူလာခဲ့သည်။

"တတိယအဆင့် အဂ္ဂိရတ်ဆရာလား? မင်းပြောချင်တာ... ဒီလုရွှမ်က တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်နေတာလား?"

တစ်ချက်ကြည့်လိုက်ပြီး နောက်တွင် ဆရာကြီးဟူယွင်၏ မျက်လုံးများသည် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။

တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဆိုသည်မှာ စိတ်ဝိညာဉ်စွမ်းအား အနည်းဆုံး ၀.၅ ရှိရမည်ဖြစ်ပြီး ကျင့်ကြံသူများသည် ဤမျှပြင်းထန်သော ဝိညာဉ်စွမ်းအားရှိရန် အဆင့်၇သို့ ရောက်ရှိရလေ့ရှိပြီး ၎င်းတို့သည် အခြေခံအားဖြင့် အသက်၄၀ကျော်များ ဖြစ်သည်။

ဒီလူငယ်လေးက အသက် ဘယ်လောက်ရှိသေးလို့လဲ?

ကျင့်ကြံခြင်းသည် တိုးတက်ရန် လွယ်ကူသော်လည်း စိတ်ဝိညာဉ်စွမ်းအား တိုးရန် ခက်ခဲသည်။

"ကောင်းလိုက်တဲ့ ပျိုးပင်လေး....အပြင်ပန်းက ပေါက်ပင်တွေနဲ့ အတူတူပဲလို့ ထင်ရပေမယ့် ကောင်းကောင်း ပျိုးထောင်လိုက်ရင် သူက တခြားပါရမီရှင်တွေထက် ပိုကောင်းလာမှာ!"

စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြရင်း ဆရာဟူယွင်သည် စုတ်တံကို တစ်ဖန်ထုတ်ကာ မှင်ဖြင့် နှစ်ပြီး လုရွှမ်၏ အမည်ကို သေချာဝိုင်းထားလိုက်သည်။

…………………………

"ဘာဖြစ်တာလဲ?"

"မပြောတတ်ဘူး!"

"ဒုကျောင်းအုပ်ကျိုးက အကယ်ဒမီရဲ့ ရာဇ၀တ်မှုဆိုင်ရာ တာဝန်ခံ...ဒုကျောင်းအုပ်ချန်နဲ့ ဆက်ဆံရေး ကောင်းကြတယ်... သူ့ကို ဒီအချိန်မှာ လွှတ်လိုက်တာက အဆင်ပြေပါ့မလား?"

"ကြည့်ရတာ သူ့ကိုလာဖမ်းတဲ့ပုံပဲ"

"သူ့ကို ဖမ်းတယ်? ဘာပဲဖြစ်ဖြစ် လုရွှမ်က ငါတို့ရဲ့ အကယ်ဒမီမှာ ထိပ်တန်းဆယ်ယောက် ဝင်ဖို့ ဖြစ်နိုင်ခြေ အရှိဆုံးပဲ...သူ့ကို ဖမ်းမိသွားရင် ငါတို့ရဲ့ ရာစုနှစ်တစ်ခုစာ အကယ်ဒမီရဲ့ နာမည်က ပျက်သွားလိမ့်မယ်!"

လုရွှမ် ထွက်သွားသောအခါ ကျောင်းသားအားလုံး အံ့အားသင့်သွားပြီး သံသယဖြစ်ဖွယ် အသံများ ထွက်ပေါ်လာသည်။

……………………

ကျိုးထောင်းနှင့် ဒုကျောင်းအုပ်လျိုတို့သည် ထိုပြောဆိုမှုများကို နားထောင်လိုက်ကြပြီး ဤအငယ်တန်း ကလေးသည် အကယ်ဒမီတွင် ဤမျှကျော်ကြားနေမည်ဟု မမျှော်လင့်ထားဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်မှောင်ကြုတ်သွားကြသည်။

တစ်ခုခု ပြောခဲ့ချင်ပေမယ့် ထွက်လာတုန်းက အကြီးအကဲ သုံးယောက် ပြောခဲ့တာကို သတိရပြီး နောက်ဆုံးမှာ အတင်းအကြပ် မျိုသိပ်ထားလိုက်သည်။

အပေါ်ယံတွင် ကျန်းဝူအကယ်ဒမီ၏ အာဏာအရှိဆုံးမှာ ကျောင်းအုပ်ကြီး ဖြစ်သော်လည်း အမှန်တကယ်တွင် အကြီးအကဲ သုံးဦးက ရာထူးအမြင့်ဆုံး ဖြစ်သည်။

သူတို့ပြောလိုက်တာနဲ့ ကျောင်းအုပ်ကြီး ရာထူးကို အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်။

"သ.. လုရွှမ်!"

အကြီးအကဲများထံ သွားနေစဥ် အသွင်သဏ္ဌာန် တစ်ခုက သူတို့လမ်းကို ပိတ်ဆို့လာသည်။ မျက်လုံးထဲတွင် အလိုမကျသော လေပွေတချို့ကို သယ်ဆောင်လျက်။

ကျန်းဝူအကယ်ဒမီ၏ ရွှေဝိညာဥ်ရေကန်ကို စောင့်ကြပ်နေခဲ့သော မုယန်ဖုန်းပင်တည်း။

"မုယန်ဖုန်း....မင်းဘာလုပ်ချင်နေတာလဲ?" ကျိုးထောင်းရဲ့ အမူအရာက မည်းမှောင်သွားသည်။

"မင်းငါ့ကိုလိုအပ်လား..."

သူ့စကားတွေကို လျစ်လျူရှုရင်း မုယန်ဖုန်းသည် လုရွှမ်ကိုသာကြည့်၍ မေးလိုက်သည်။ အကယ်၍ လက်ဟန်ခြေဟန်နဲ့ပဲ ဖြစ်ဖြစ် လုရွှမ် ခေါင်းညိတ်ပြပြီးတာနဲ့ သူ တိုက်ရိုက် လှုပ်ရှားလိုက်မှာ ဖြစ်သည်။

မုယန်ဖုန်း၏ ဒဏ်ရာဟောင်းများ ပျောက်ကင်းသွားကာ သူ၏ကျင့်ကြံမှုသည် အဆင့်၇ အတုတံဆိပ် နယ်ပယ်သို့ ပြန်သွားပြီဖြစ်ကြောင်းကို မည်သူမျှ မသိနိုင်ပေ။

ဒုကျောင်းအုပ် နှစ်ဦးပင်လျှင် ၎င်းသည် ကျင့်ကြံမှု လုံးဝ မတိုးတက်လာနိုင်တော့တဲ့ အညစ်အကြေးများ အဖြစ် ထင်မြင်နေကြဆဲဖြစ်သည်။

"မလိုဘူး.... အကြီးအကဲတွေက ငါ့ကိုခေါ်ပြီး ဘာပြောမလဲဆိုတာ သွားကြည့်မလို့" လုရွှမ် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်ပြီး သူက။

"ဒီလိုလုပ်ပါလား....မင်းငါနဲ့အတူ လိုက်ကြည့်လေ....ကျန်တာ ပြီးမှ ဆက်ပြောကြတာပေါ့"

"ကောင်းပြီ!"

မုယန်ဖုန်းက ခေါင်းညိတ်ပြပြီး ကျိုးထောင်း နဲ့ တခြားသူတွေကို ကြည့်ပြီး

"အကယ်ဒမီက ဆရာတစ်ယောက် အနေနဲ့ အကြီးအကဲတွေရဲ့ အစည်းအဝေးကို သွားတာ ပြဿနာမရှိဘူး မဟုတ်လား?"

"အကြီးအကဲတွေ စိတ်ဆိုးမှာ မကြောက်ရင် သွားပေါ့"

ကျိုးထောင်းက ရယ်မောလိုက်သည်။

အကြီးအကဲများ အစည်းအဝေးကို ဆရာတွေ သွားကြည့်ခွင့် ရှိသည်။ သို့သော် ဖိတ်ကြားစာ သို့မဟုတ် ဆင့်ခေါ်အမိန့် မပါဘဲ သွားမယ်ဆိုရင်တော့ အကြီးအကဲတွေကို အလွယ်တကူ စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်။

ကျန်းဝူအကယ်ဒမီမှ အကြီးအကဲများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ၎င်းတို့ကို မပျော်မရွှင် ဖြစ်စေပါက မိမိကိုယ်ကိုသာ ထိခိုက်စေမည် မဟုတ်လော။

မုယန်ဖုန်း စကားရပ်လိုက်ပြီး အနီးကပ်လိုက်လာသည်။

လုရွှမ်သည် သူ၏သခင်ငယ်လေး ဖြစ်ပြီး အကယ်ဒမီသည် သူ့အတွက် နေထိုင်စရာ နေရာတစ်ခုမျှသာ ဖြစ်သည်။ ဘယ်သူက ပိုအရေးကြီးသလဲ ဘယ်သူက အရေးမကြီးဘူးလဲ ဆိုတာ တွေးကြည့်နိုင်ပါ၏။

ဘာပဲဖြစ်ဖြစ် သခင်ငယ်လေးရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးရမည်သာ။

"မဆိုးဘူး.... တစ်လမပြည့်ခင်မှာ ဒဏ်ရာက သက်သာသွားရုံတင် မကဘဲ ကျင့်ကြံမှုကလည်း အတုတံဆိပ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ"

နှစ်ယောက်သား ရှေ့သို့ လျှောက်သွားကာ မုယန်ဖုန်းကို ကြည့်လိုက်ပြီး လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်ပြသည်။

သူဝှက်ထားတဲ့ ကျင့်ကြံမှုက ထုတ်ဖော်မပြမချင်း တခြားသူဟာ မမြင်ရပေမယ့် သူကတော့ တခြားသူကို မြင်ရလေသည်။

သူ့ဒဏ်ရာတွေ သက်သာလာတဲ့အခါ သူ့ရဲ့ ကျင့်ကြံမှုဟာ အတုတံဆိပ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ပြန်ရောက်သွားခဲ့သည်။ ဒီရက်တွေထဲ အပြင်းအထန် လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ အရှိန်အဟုန်နဲ့ ပြန်ပြီး တိုးတက်ခဲ့ပြီး လော်ယန်ချင်းနှင့်ပင် အဆင့်တူနေပြီ။

"ဒဏ်ရာက နဂိုအတိုင်း သက်သာသွားပါပြီ... ကြံ့ခိုင်မှုလည်း ပြန်ကောင်းလာပြီ!" မုယန်ဖုန်းက ကျေနပ်မှုဖြင့် ပြောလိုက်သည်။

သူသည် မူလက ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူ၏ ခွန်အားသည် ထိုအချိန်က အတုတံဆိပ်နယ်ပယ်၏ ပြီးပြည့်စုံမှု အဆင့်သို့ ရောက်ရှိသွားသော်လည်း ဒဏ်ရာကြောင့် သူ၏ ကျင့်ကြံမှုအဆင့်ဟာ ပြုတ်ကျသွားခဲ့သည်။

သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာကာ သူ၏ ကျင့်ကြံမှုများသည်လည့း သဘာဝအတိုင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ ပြောရရင် တစ်လအတွင်း ပြည့်ပြည့်စုံစုံ ပြန်ကောင်းလာတဲ့အတွက် ကျေနပ်စရာပဲ ဖြစ်ပေ၏။

"ခဏနေလို့ ဟိုကိုရောက်တဲ့အခါ မင်းရဲ့ကျင့်ကြံမှု အဆင့်ကို မပြနဲ့! ငါ့ကို သခင်ငယ်လေးလို့လည်း မခေါ်နဲ့! ဒီအချိန်မှာ ကျန်းဝူအကယ်ဒမီရဲ့ အကြီးအကဲတွေက ငါ့ကို ဘာလို့ရှာနေကြတာလဲ? သူတို့မှာ ဘယ်လိုသဘောထား ရှိလဲဆိုတာ ငါကြည့်ချင်တယ်!"

လုရွှမ်က ရှင်းပြသည်။

"ဟုတ်ကဲ့!" မုယန်ဖုန်း ခေါင်းညိတ်သည်။

သူတို့လေးယောက် ရှေ့သို့ လျှောက်သွားရာ ကျိုးထောင်းနှင့် ဒုကျောင်းအုပ်လျိုသည် လုရွှမ် လွတ်မြောက်သွားမည်ကို စိုးရိမ်သောကြောင့် ဘယ်တစ်ဖက် ညာတစ်ဘက်တွင် စောင့်နေကြသည်။

သိပ်မကြာခင်မှာပဲ နတ်ဘုံနန်းလို ပန်းတွေပြည့်နေပြီး တောင်တန်းမြစ်တွေ ဝန်းရံထားတဲ့ ခြံဝင်းကြီးတစ်ခု ပေါ်လာ၏။

ဝင်းအပြင်ဘက်ရှိ ကမ္ဗည်းပြားပေါ်တွင် "အကြီးအကဲခြံဝန်း" ဟူသော စာလုံးကို ရေးထား၏။

"ကောင်းလိုက်တဲ့ တွေ့ဆုံမှုပါလား?"

ဘယ်ညာ ကြည့်ရင်း လုရွှမ်က အေးစက်စွာ ပြုံးလိုက်သည်။

ဤအကြီးအကဲခြံဝန်းသည် ကျန်းဝူအကယ်ဒမီ တစ်ခုလုံးရှိ တောင်များနှင့် အနီးဆုံးဖြစ်သော်လည်း ၎င်းသည် တိတ်ဆိတ်ပြီး ပြေပြစ်ကာ ဝိညာဥ်ချီ ရောင်ဝါအပြည့်ရှိသည်။

အကယ်ဒမီ တစ်ခုလုံးတွင် ကျင့်ကြံရန် အသင့်တော်ဆုံး နေရာဖြစ်ပြီး ကျောင်းအုပ်ကြီး၏ တည်နေရာထက် များစွာ ပိုမိုကောင်းမွန်သည်။

"ဒါက အကြီးအကဲတွေ နေထိုင်ရာ နေရာပဲ.... ဝင်ပြီးရင် ကျယ်လောင်တဲ့ ဆူညံသံတွေကိုပေါ့ပေါ့ဆဆ မလုပ်နဲ့... မဟုတ်ရင် အကြီးအကဲတွေကို ဒေါသထွက်ရင် ဘုရားတောင်မှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"

တံခါးဝသို့ ရောက်သောအခါ ကျိုးထောင်းက အေးစက်သော အသံဖြင့် ရှင်းပြသည်။

လုရွှမ်က ဘာမှပြန်မဖြေဘဲ ထိုနှစ်ယောက်နောက်က လိုက်ကာ တံခါးဖွင့်၍ ဝင်လာခဲ့သည်။

ခြံဝင်းထဲကို ဝင်လိုက်တာနဲ့ လတ်ဆတ်တဲ့ ဝိညာဥ်စွမ်းအင်တစ်ခုက သူ့မျက်နှာဆီ ပြေးတက်လာသလို ခံစားလိုက်ရသည်။ ဤနေရာသည် ဝမ့်ဖုန်းချိုင့်ဝှမ်းလောက်တော့ မကောင်းပေမယ့် သန့်ရှင်းတဲ့ နေရာလို့ သေချာပေါက် သတ်မှတ်နိုင်သည်။

ခြံဝင်းတစ်လျှောက် ဆက်သွားကာ မကြာမီ ခန်းမတစ်ခုထဲသို့ ရောက်လာသည်။

"အကြီးအကဲ သုံးယောက်....လုရွှမ်ကို ခေါ်လာပါပြီ"

ခန်းမဆောင်ထဲ ဝင်သွားတော့ ကျိုးထောင်းက အလျင်အမြန် ဦးညွှတ်လိုက်သည်။

ထိုမှသာ လုရွှမ်သည် သူ့ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

ခန်းမကြီးသည် ကျယ်ဝန်းပြီး အပေါ်ထပ်တွင် အထပ်မြင့်ထိုင်ခုံ သုံးခုစီတန်းထားကာ အဘိုးကြီး သုံးဦး ထိုင်နေသည်။ လော်ယန်ချင်းသည် တစ်စုံတစ်ခုအကြောင်း ပြောနေသကဲ့သို့ သူ့ရှေ့တွင် ရပ်နေသော်လည်း အသက်ကြီးသူ သုံးဦး၏ မျက်နှာများမှာ ညိုမှိုင်းနေပြီး မလှုပ်မယှက် ဖြစ်နေသည်။

အောက်တွင်တော့ အသိအကျွမ်းဟောင်း တစ်ဦးဖြစ်တဲ့ ဒုကျောင်းအုပ်ချန် ရပ်နေ၏။

ဤအခိုက်တွင် ဒုကျောင်းအုပ်ချန်သည် လုရွှမ်အား သူ၏ မျက်လုံးများထဲက မုန်းတီးမှုများစွာဖြင့် ကြည့်နေ၏။ သူသည် လုရွှမ်လောက် အင်အားမကောင်းဟု မခံစားရပါက အစောကတည်းက ပြေးထွက်လာလောက်သည်။

All Chapters