ကျန်းဝူအကြီးအကဲ သုံးဦး (ဒုတိယပိုင်း)
Vol. 9 Ch. 124
"အကြီးအကဲ သုံးယောက်ခင်ဗျာ... ဒါက လုရွှမ်ပါ.... သူက ဥပဒေအဖွဲ့ကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ပြီး အကယ်ဒမီရဲ့ ဆရာတွေနဲ့ ပါရမီရှင်တွေကို သတ်ပစ်လိုက်တယ်.... သူ့ရဲ့ ရာဇ၀တ်မှုတွေက ရက်စက်ကြမ်းကြုတ်ပြီး ခွင့်မလွှတ်နိုင်တဲ့အတွက် သေတဲ့အထိ အရေခွံခွာပြီး တင်းတင်းကြပ်ကြပ် ဒဏ်ခတ်ဖို့ အကြီးအကဲတွေကို တောင်းဆိုပါတယ်!"
စင်မြင့်ထက်က ပုလ္လင်ကိုကြည့်ရင်း ဒုကျောင်းအုပ်ချန်က အော်ပြောလိုက်သည်။
"သေတဲ့အထိ အရေခွံခွာမယ်?? တင်းတင်းကြပ်ကြပ် ဒဏ်ခတ်မယ်??" ထိုစကားလုံးတွေကို ကြားတော့ လုရွှမ် မျက်ခုံးပင့်ကြည့်လိုက်သည်။
"မင်းတကယ် လှည့်စားတဲ့နေရာမှာ တော်တာပဲ...အဲဒီနေ့က လော်ယန်ချင်း ပြောတာကို ငါနားမထောင်ခဲ့သင့်ဘူး....မင်းကိုတစ်ခါတည်း အသေသတ်ပစ်လိုက်သင့်တာ! ဒါပေမဲ့ နောက်မကျသေးပါဘူး... မင်းက သေချင်နေတယ် ဆိုမှတော့ မင်းဆန္ဒပြည့်အောင် ဖြည့်ဆည်းပေးရတာပေါ့!"
လုရွှမ် သူ့ခြေဖဝါးများကို မြှောက်လျက် လှုပ်ရှားသွားကာ ရှေ့သို့ ပြေးသွားပြီး နောက်အခိုက်အတန့်တွင် ဒုကျောင်းအုပ်ချန်၏ ရှေ့သို့ ရောက်သွားသည်။
ရုပ်ခန္ဓာနှင့် စစ်မှန်သော စွမ်းအင် ပေါင်းစပ်မှုသည် ယခုအခါ လေတိုက်သံနှင့်အတူ တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ လှုပ်ရှားနေလေရာ ခွန်အား ၁၀၀ကျော်၏ စွမ်းအားကို ပိုင်ဆိုင်ထား၏။
"မင်း……"
မထင်မှတ်ပဲ လူငယ်လေးသည် အကြီးအကဲ သုံးဦးရှေ့တွင် လှုပ်ရှားရဲနေသည်။ သူ့မျက်နှာမှာ ထိတ်လန့် တုန်လှုပ်သွားကာ အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားခဲ့သည်။
သို့သော်လည်း သူသည် ယခင်ကတည်းက လုရွှမ်၏ ပြိုင်ဘက် မဟုတ်သောကြောင့် ယခုအချိန်တွင်လည်း သူမည်သို့ လွတ်မြောက်နိုင်မည်နည်း။
ဗုန်း!
လက်ဝါးတစ်ချက်ဖြင့် အိတ်တစ်လုံးကဲ့သို့ လွင့်သွားကာ ကြီးမားသော တိုင်ကြီးကို နောက်ပြန်ထိမှန်ကာ လက်အရိုးများ ကွဲအက်သွားပြီး သွေးများ ထွက်ကျလာသည်။
"ဘာ?"
လော်ယန်ချင်းသည် လူကြီးသုံးယောက် လုရွှမ်ကို ရှာနေကြောင်း ကြားသောအခါ ၎င်းသည် ဒုကျောင်းအုပ်ချန်၏ ပယောဂ ဖြစ်မည်ကိုသိသောကြောင့် သူသည် ကြိုတင်ဖျောင်းဖျပြီး အဖြစ်မှန်များကို ရှင်းပြချသော်လည်း သူစကားမဆုံးမီ လုရွှမ် ရောက်ချလာသည်။
သဘောထား ကွဲလွဲတာကို ချက်ချင်း လက်စားချေလိုက်တဲ့အတွက် ထိတ်လန့်လုနီးပါး ဖြစ်သွားခဲ့သည်။
သူ့ရှေ့က သုံးယောက်ဟာ အကယ်ဒမီရဲ့ အငြိမ်းစား ကျောင်းအုပ်ကြီးတွေဖြစ်ပြီး အကယ်ဒမီရဲ့ အထွတ်အထိပ်ဆုံး တည်ရှိနေတဲ့ သူတွေဖြစ်သည်။ သူကိုယ်တိုင်တောင် သူတို့ရှေ့မှာ မလှုပ်ရှားဝံ့ပေ။
လုရွှမ်ကတော့ အလွန်တရာ သတ္တိရှိပြီး အတင့်ရဲလေ၏။
"အတင့်ရဲလိုက်တာ! ဒုကျောင်းအုပ်ချန် ပြောတဲ့အတိုင်းပဲ...မင်းက ငါတို့ရှေ့မှာတောင် ရာဇဝတ်မှုကို ကျူးလွန်ဝံ့တယ်ပေါ့!"
လုရွှမ်သည် ဒုကျောင်းအုပ်ချန်ကို တစ်ခါတည်း အပြတ်ရှင်းပစ်ဖို့ ဆက်တိုက်မည်အလုပ် လေသံတစ်သံကို ကြားလိုက်ရပြီး ကြီးမားသော လက်ဝါးစည်းတံဆိပ် တစ်ခု သူ့ဆီပျံလွင့်လာသည်။
အတုတံဆိပ်နယ်ပယ်ရဲ့ လက်စည်းတံဆိပ်!
ဟူ!
လက်ဖဝါးတွင် အချည်းနှီး ဖြစ်နေသော်လည်း ၎င်းတွင် ခိုင်ခံ့ပြီး ပျက်စီးစေသော တံဆိပ်တစ်ခု ပါရှိသည်။ ယခုအချိန်တွင် သူ မပြိုင်နိုင်တော့ပေ။
သူ၏ခြေဖဝါးပေါ်ကို တစ်ချက်ထိ ဖော့ခြင်းဖြင့် သူသည် ရှေ့သို့မရွေ့တော့ဘဲ နောက်တဖန် ဆုတ်သွားလေသည်။
"အကြီးအကဲကျန်း သက်ညှာပေးပါ!"
မမျှော်လင့်ဘဲ လုရွှမ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုသို့သော တိုက်ပွဲကြီးတစ်ခု ပေါ်လာပြီး နှစ်ဖက်စလုံးက ပြင်းထန်စွာ တုံ့ပြန်လိုက်ရာ လော်ယန်ချင်းသည် စိုးရိမ်တကြီး လက်နှစ်ဖက်ကို ဆန့်လျက် ဝင်ကာလိုက်သည်။
ဗုန်း!
အကြီးအကဲကျန်း၏ လက်ဝါးပုံနှိပ်က လေထဲမှာပဲ ပျက်ပြယ်သွားသည်။
"မင်းကအရမ်းကို သတ္တိရှိနေတယ်ပေါ့! လော်ယန်ချင်း မင်းက ပုန်ကန်ချင်နေတာလား?"
သူ့တိုက်ခိုက်မှု ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် သုံးယောက်ထဲတွင် ထိုင်နေသော အကြီးအကဲကျန်း၏ မျက်နှာသည် မည်းမှောင်သွားပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
သူသည် အငြိမ်းစား တစ်ဦးဖြစ်ပြီး အတုတံဆိပ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း စစ်မှန်သော အင်အားအရ သူ့ရှေ့ရှိ လော်ယန်ချင်းနှင့် နှိုင်းယှဉ်ပါက ကွာဟချက် ရှိနေပါသည်။
နောက်ဆုံးတွင် သူသည် ကျန်းဝူအင်ပါယာ ဒုတိယအကောင်းဆုံး ကျင့်ကြသူဖြစ်ပြီး သူ၏ ကျင့်ကြံမှုကို ဘုရင်မှလွဲ၍ မည်သူမျှ ခုခံနိုင်စွမ်းမရှိပေ။
"ယန်ချင်း မဝံ့ရဲပါဘူး... ဒါပေမဲ့... ကျွန်တော်တို့ စုံစမ်းချင်တယ် ဆိုရင်တော့ ဘယ်သူမှန်တယ် ဘယ်သူက မှားတယ် ဆိုတာ စစ်ဆေးရမယ်... မဟုတ်ရင် ကျန်းဝူအကယ်ဒမီက မတရားဘူးလို့ အပြင်လူတွေက ထင်ကုန်လိမ့်မယ်!"
လော်ယန်ချင်းက ပြောသည်။
"အကြီးအကဲကျန်း....အကြီးအကဲဝမ်....အကြီးအကဲယန်...ဒီကောင်လေးက အကြီးအကဲတွေရှေ့မှာ ကျွန်တော့်ကို တိုက်ခိုက်လိုက်တာ တွေ့တယ်မလား? သူက လုံးဝဥပဒေမဲ့နေပြီး အကယ်ဒမီကို မျက်စိထဲ မထည့်ဘူး... သူ့ကိုချန်ထားတာက ဘေးအန္တရာယ် တစ်ခုပဲဖြစ်နေမှာ... ကျွန်တော်တို့သူ့ကို မြန်မြန် ရှင်းထုတ်ပစ်သင့်တယ်"
တိုင်ပေါ်တွင် ပိတ်မိနေသော ဒုကျောင်းအုပ်ချန်သည် မတ်တတ်ရပ်ကာ ထပ်မံ ဟိန်းဟောက်လိုက်သည်။
အခုပဲ လုရွှမ်၏ လက်သီးချက်ကြောင့် သူ့လက်များအားလုံးကို ကျိုးကြေသွားကာ သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားများလည်း ကမောက်ကမ ဖြစ်သွားပြီ။ သူ့အတွင်းအင်္ဂါများ ရွှေ့ပြောင်းသွားကာ သက်သာပျောက်ကင်းသွားသော ဒဏ်ရာများမှာ ပိုမိုပြင်းထန်လာသည်။
“ဒါ့အပြင် ကျောင်းအုပ်လော်ရဲ့ လျှို့ဝှက်ကြံစည်ပြီး ဥပဒေနဲ့မညီဘဲ အမှားအမှန်ကို သိရှိနိုင်ဖို့ စုံစမ်းဖော်ထုတ်မယ်လို့တောင် ပြောခဲ့တယ်... သူတို့က တစ်ဖွဲ့တည်းဆိုတာ ထင်ရှားပါတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စသာ မဟုတ်ရင် လုရွှမ်က သူ့တရားမဝင်သားပဲ ဖြစ်ရမယ်!"
ဒုကျောင်းအုပ်ချန်က သူ့မျက်လုံးများတွင် နာကြည်းမှု အပြည့်ဖြင့် အော်ပြောလေ၏။
"တရားမဝင် ကလေး?"
ဒီလူရဲ့ အသံကိုကြားတော့ လော်ယန်ချင်း အံ့အားသင့်သွားခဲ့သည်။ လုရွှမ်ဟာအခုထိ သူ့ဒေါသကို မပြေလည် ဖြစ်နေသေးတာကို မြင်တော့ သူသက်ပြင်းချပြီး ခေါင်းကို အမြန်မော့လိုက်သည်။
"အကြီးအကဲ... သူ့စကားကို နားမထောင်ပါနဲ့! လော်ယန်ချင်းက ပြတ်ပြတ်သားသား နှလုံးသားနဲ့ အမြဲလုပ်ခဲ့တယ်...ဒီကိစ္စက တကယ်ကို ထူးဆန်းပါတယ်..."
"လုံလောက်ပြီ!"
လော်ယန်ချင်း၏ စကားများကို ရပ်တန့်ဖို့ အကြီးအကဲကျန်းက လက်ဝှေ့ယမ်းကာ ညိုမှိုင်းသော မျက်နှာဖြင့် ကြည့်လိုက်သည်။
"မင်းက ငါတို့မှာ မျက်စိမရှိဘူးလို့ ထင်နေတာလား? ငါတို့ အကယ်ဒမီထဲကို မဝင်တာ နှစ်အတော်ကြာပေမယ့် ငါတို့က ဘေးထွက်နေတာ မဟုတ်ဘူးကွ!"
"အကြီးအကဲတို့..." လော်ယန်ချင်း အံ့အားသင့်သွားသည်။
"လော်ယန်ချင်း...ကျောင်းအုပ်တစ်ယောက် အနေနဲ့ မင်းက ကျောင်းသား တစ်ယောက်ကို အကာအရံတွေနဲ့ မတရားသဖြင့် ဖုံးကွယ်ပေးထားတယ်... ငါတို့ အကြီးအကဲ သုံးယောက်ရဲ့ ဆုံးဖြတ်ချက်အရ မင်းကို ကျောင်းအုပ်ကြီး ရာထူးကနေ ခေတ္တဖယ်ရှားပြီး အပြစ်ပေးရလိမ့်မယ်... မင်း သတ္တိရှိတယ် ခုခံမယ် ဆိုရင်တော့ ရက်စက်တယ်လို့ ငါတို့ကို အပြစ်မတင်နဲ့!"
အကြီးအကဲကျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အာ……"
မမျှော်လင့်ဘဲ အကြီးအကဲ သုံးဦးသည် ကျောင်းအုပ်ကြီး ရာထူးကို တိုက်ရိုက်ဖျက်သိမ်းလိုက်သဖြင့် လော်ယန်ချင်း အံ့အားသင့် သွားရပြန်သည်။
"လုရွှမ်!"
လော်ယန်ချင်း၏ ရာထူးကို ဖျက်သိမ်းလိုက်ပြီးနောက် အကြီးအကဲကျန်းက သူ့ခေါင်းကိုလှည့်၍ လုရွှမ်ထံ ဆိုးသွမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျန်းဝူအကယ်ဒမီရဲ့ ကျောင်းသား တစ်ယောက် အနေနဲ့ မင်းက အထက်လူကြီးကို မလေးစားဘူး ဆရာကို လက်ပါရဲတယ်...မင်းတော်တော် သတ္တိကောင်းနေတာပဲ....မင်းကိုသာ ဒီအတိုင်းထားရင် လူထုကို ဘယ်လိုမျက်နှာ ပြရမလဲ? အကယ်ဒမီရဲ့ စည်းကမ်းတွေကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းတော့မလဲ?....ငါအခုပဲ ကြေညာလိုက်မယ်... အခုချက်ချင်း ကျင့်ကြံမှုကို ဖျက်စီးပြီး အပြစ်ပေးစေ ခုခံရဲရင် တစ်ခါတည်း သတ်ပစ်လိုက်!"
"အကြီးအကဲတို့...."
ကျင့်ကြံမှုကို ဖျက်စီးပြီး သတ်ပစ်မည်ဟု ကြားသောအခါ လော်ယန်ချင်း ဒူးထောက်လိုက်ကာ။
"အကြီးအကဲတို့ မဖြစ်ပါဘူး....လုရွှမ်ရဲ့ဆရာက...."
လော်ယန်ချင်းသည် သူ၏ဆရာသည် အလွန်အမင်း အင်အားကြီးသူ ဖြစ်ပြီး သူ့တပည့်ရဲ့ ကျင့်ကြံမှု ပျက်စီးပြီး သေသွားတယ်ဆိုတဲ့ သတင်းကြားရင် အကယ်ဒမီ တစ်ခုလုံး မတည်ရှိနိုင်တော့အောင် ပြောင်းပြန်လှန်ပစ်နိုင်ကြောင်း ပြောချင်ပေမယ့် စကားလုံးတွေက နှုတ်ခမ်းဝမှာတင် ရပ်သွားသည်။
လုရွှမ်၏ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်သည် သူ့အကြောင်းကို လူမသိစေလိုပုံရသည်။ ဖန်းရှစ်သခင် ယွမ်ဟုန်သည် ဤကိစ္စကိုသေချာစွာ ရှင်းပြခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ အပြင်သို့ မဖြန့်ပါနှင့် သို့မဟုတ်ပါက ထိုသန်မာသော လူကို စော်ကားမိမည် ဖြစ်သည်။
ဒါကိုတွေးမိပြီး သူက မြန်မြန်ဆန်ဆန် တခြားအရာ ပြောလိုက်သည်။
"အန်းဝူ၊ ကန့်ရှင်းနဲ့ လုံချင်း အကယ်ဒမီကျောင်းသုံးခုက စိန်ခေါ်လာပါတယ်....လုရွှမ်က ထိပ်တန်း ဆယ်ယောက်ထဲကို ၀င်နိုင်ခြေ အရှိဆုံး ကျောင်းသားပါ....သူ့ကျင့်ကြံမှုကို ဖျက်စီးလိုက်ရင် ကျွန်တော်တို့ ကျောင်းက ထိပ်တန်း၁၀ယောက်ထဲ ဝင်နိုင်တဲ့သူ ရှိမှာ မဟုတ်တော့ပါဘူး...တကယ်လို့ ယင်းယန်အကယ်ဒမီ ဝင်ခွင့်ကို ဆုံးရှုံးသွားရင် ကျွန်တော်တို့ အကယ်ဒမီကို နောက်တစ်ကြိမ် စုဆောင်းဖို့ မလာတော့မှာ စိုးရိမ်မိပါတယ်"
"ဒါ့အပြင် လုရွှမ်ကို ဒီကိစ္စအတွက် အပြစ်မတင်သင့်ပါဘူး ဒါက စည်းမျဉ်း စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့ ဥပဒေအဖွဲ့ အဖွဲ့ဝင်တွေက လုရွှမ်ကို သည်းမခံနိုင်အောင် အကြိမ်ကြိမ် နှောင့်ယှက်နေကြလို့ပါ...စီရင်ချက်မချင် သေချာစုံစမ်းပေးဖို့ အကြီးအကဲတွေကို ကျွန်တော်က တောင်းဆိုပါတယ်...မဟုတ်ရင် တခြားကျောင်းတွေဆီက လှောင်ပြောင်ခံရပြီး အကယ်ဒမီက ပါရမီရှင်ကို သတ်တယ်ဆိုပြီး နာမည်ဆိုး အတပ်ခံရနိုင်ပါတယ်"
လော်ယန်ချင်းက ဆက်တိုက်ဆိုသလို ပြောနေသည်။
အကြီးအကဲသုံးဦးသည် ဆုံးဖြတ်ချက် တစ်ခုချပြီး ဖြစ်သော်လည်း ယခုအခြေအနေ တစ်ခုလုံးကို ဂရုစိုက်နိုင်မည်ဟု သူမျှော်လင့်နိုင်သည်။
"အကယ်ဒမီ သုံးခုက စိန်ခေါ်တယ်?? ဘယ်လိုဖြစ်တာလဲ?"
အကြီးအကဲ သုံးဦးသည် ယခင်က တသီးတသန့် ဖြစ်ခဲ့ကြပြီး ကျန်းဝူ၏ ခေါင်းလောင်းသံကို တစ်ခါမျှ မကြားခဲ့ရသလို အဓိက အကယ်ဒမီ သုံးခု၏ စိန်ခေါ်မှုများနှင့် ယင်းယန်အကယ်ဒမီမှ ကျောင်းသားများကို ခေါ်ယူခြင်း အကြောင်းကိုလည်း မသိခဲ့ကြပေ။
"ဒီလိုပါ..……"
တစ်ဖက်လူက မေးတာကို ရပ်သွားတာကို မြင်တော့မှ လော်ယန်ချင်းက သက်ပြင်းချပြီး ယင်းယန်အကယ်ဒမီရဲ့ ကျောင်းသား စုဆောင်းမှုနဲ့ အဓိက အကယ်ဒမီသုံးခုရဲ့ စိန်ခေါ်မှုအကြောင်း အသေးစိတ်ကို အလျင်စလို ရှင်းပြလိုက်သည်။
နောက်ဆုံးတွင်
"လုရွှမ်က ထိပ်တန်းဆယ်ဦး စာရင်းဝင်ဖို့ ဖြစ်နိုင်ခြေ အရှိဆုံးပါ....ကျင့်ကြံမှုကို ဖျက်စီးလိုက်ရင် ကျွန်တော်တို့ အကယ်ဒမီက အခြားအဓိက အကယ်ဒမီသုံးခုရဲ့ လှောင်ပြောင်စော်ကားခြင်းကို ခံရမှာဖြစ်ပြီး နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါဘူး...."