← Chapters

မင်းတို့ကတန်လို့လား?

Vol. 9 Ch. 125

မင်းတို့ကတန်လို့လား?

Vol. 9 Ch. 125

"ဒါ……"

ထိုကဲ့သို့ ရှိသေးသည်ကို ကြားလိုက်ရတော့ အကြီးအကဲ သုံးယောက်သည် တုံ့ဆိုင်းကာ တခဏမျှ အေးခဲသွားသည်။

ကျန်းဝူအကယ်ဒမီ၏ အရေးကိစ္စများကို အချိန်အတော်ကြာ လျစ်လျူရှုထားသော်လည်း ၎င်းသည် အကယ်ဒမီ၏ ဂုဏ်အသရေနှင့် ဆက်စပ်နေသောကြောင့် မတ်တပ်ရပ်၍ မကြည့်နိုင်သေးပေ။

"အကြီးအကဲတို့ လော်ယန်ချင်းရဲ့ အကာအကွယ် စကားတွေကို နားမထောင်ပါနဲ့... ဥပဒေအဖွဲ့ရဲ့ ခေါင်းဆောင်လျောက်ချင်းက ထိပ်တန်း ဆယ့်ခြောက်ယောက်ထဲကို ဝင်သွားပါပြီ...သူ့ကို ခေါ်ပြီး အတင်းအကြပ် ပြုစုပျိုးထောင်နေသမျှ သူ သေချာပေါက် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နိုင်မှာပါ"

အကြီးအကဲ သုံးယောက် ယိမ်းယိုင်သွားသည်ကို မြင်လိုက်ရသဖြင့် တစ်ဖက်မှ ဒုကျောင်းအုပ်ချန်က ရှေ့သို့ တိုးလာပြန်သည်။

"ဒီလုရွှမ်က ဖိရွှယ်နယ်ပယ်ပဲ ရှိသေးတယ်...ထုံးရွှမ်နယ်ပယ်ကို ရောက်ဖို့ဆိုတာ အလှမ်းဝေးသေးတယ်...ထိပ်တန်း ၁၆ယောက်ထဲကို ဝင်နိုင်တာတောင် ကံကောင်းလို့... ရှေ့ဆက်ဖို့က လုံးဝခက်ခဲတယ်...သူ့အပေါ် မျှော်လင့်ချက်တွေ ထားမယ့်အစား လျောက်ချင်းအပေါ်ပဲ ပုံအပ်လိုက်တာက ပိုကောင်းပါတယ်"

"ဒါ့အပြင် ဒီအရာတွေကို မကိုင်တွယ်နိုင်ဘူး ဆိုတာ တခြားအကယ်ဒမီတွေ သတင်းကြားသွားရင် ကျွန်တော်တို့ အကယ်ဒမီ အရှက်ကွဲလိမ့်မယ်..."

ဒုကျောင်းအုပ်ချန်က မျက်နှာကို မည်းမှောင်လျက်။

"ကျွန်တော်တို့ ဒီကိစ္စကိုသာ ကိုင်တွယ်နိုင်ပြီး ထိပ်တန်း၁၀ယောက်အတွက် လျောက်ချင်းကို ပံ့ပိုးပေးနိုင်ရင် တခြားလူတွေက အကယ်ဒမီဟာ တရားမျှတပြီး တင်းကျပ်တယ် မှန်တယ်မှားတယ် သိပြီး ကိုယ်ရေးကိုယ်တာအတွက် ဘယ်တော့မှ လှည့်စားမှာ မဟုတ်ဘူးဆိုတာ သိသွားပါလိမ့်မယ်...."

"ကောင်းပြီ!"

အကြီးအကဲကျန်းက ခေါင်းညိတ်လိုက်သည်

"ဒုကျောင်းအုပ်ချန် ပြောတာ မှန်တယ်... စည်းကမ်းက စည်းကမ်းပဲ....အကယ်ဒမီ သုံးခုရဲ့ ပြိုင်ဆိုင်မှုကြောင့် ဒီအမှုကို ဖယ်ရှားပစ်လို့ မရဘူး...ကျိုးထောင်း လျောက်ချင်းကို သွားခေါ်လာခဲ့!"

"ဟုတ်!" ကျိုးထောင်း ခေါင်းညိတ်လိုက်ပြီး ခဏအကြာတွင် လျောက်ချင်းနှင့်အတူ ဝင်လာသည်။

"လျောက်ချင်း....အကြီးအကဲ သုံးယောက်ကို ဂါဝရပြုပါတယ်!"

ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လျောက်ချင်းသည် မြေပေါ်တွင် ဒူးထောက်ပြီး ဂါဝရပြုလေ၏။

"လျောက်ချင်း... ထိပ်တန်းဆယ်ယောက်ကို ဝင်ပြီး ငါတို့ အကယ်ဒမီအတွက် နေရာရဖို့ မင်းမှာ ယုံကြည်မှုရှိလား?"

အကြီးအကဲကျန်းက မေး၏။

"ကျွန်တော်...."

လျောက်ချင်း ခဏတုံ့ဆိုင်းသွားပြီး

"ကျွန်တော့် ခွန်အားက နည်းနည်းတော့ အားနည်းနေသေးပါတယ်....ကျွန်တော် မလုပ်နိုင်မှာကို ကြောက်မိတယ်!"

ပထမပွဲစဥ် အနည်းငယ်တွင် သူသည် ကံကောင်းလို့သာ အဆင့်မြင့်သူနဲ့ မတွေ့ခဲ့ချေ။ နောက်ထပ် ပြိုင်ဘက်တွေဟာ ထုံးရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်တွေ ဖြစ်ကြတာကို သူတွေ့ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် သူ့ရဲ့လက်ရှိ အင်အားနဲ့ ထိပ်တန်း၁၀ယောက်သို့ ဝင်ရောက်ရန် သေချာပေါက် မျှော်လင့်ချက် မရှိပေ။

"စိတ်လှုပ်ရှားစရာ မလိုပါဘူး...မင်းက အကယ်ဒမီကို သစ္စာစောင့်သိပြီး အလုပ်ကို ကောင်းကောင်း လုပ်ခဲ့တယ်.... ငါတို့သုံးယောက်က မင်းရဲ့ဝိညာဥ်သွေးကြောကို အခုချက်ချင်းဖွင့်မယ်.... မင်းရဲ့ ကျင့်ကြံမှု တိုးတက်အောင် တွန်းအားပေးပြီး ထုံးရွှမ်နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်အောင် ကူညီပေးမှာပါ!"

အကြီးအကဲကျန်းက ခေါင်းညိတ်ရင်း ဆို၏။

စကားပြီးသောအခါ အကြီးအကဲ သုံးဦးတို့သည် တစ်ချိန်တည်း လှုပ်ရှားလိုက်ကြပြီး စစ်မှန်သော စွမ်းအင်စီးကြောင်း သုံးခုသည် လေထဲတွင် ဖြစ်ပေါ်လာကာ လျောက်ချင်းဆီသို့ ပြေးသွားကြသည်။

"အကြီးအကဲတို့...."

မထင်မှတ်ပဲ သူတို့သုံးယောက်က သူ့ကို ကူညီပေးလာသောအခါ လျောက်ချင်းမှာ မူလက ပြောချင်ခဲ့သော စကားများမှာ ထွက်မလာတော့ဘဲ ရပ်တန့်သွားလေ၏။

နန်းတော်ပင်လယ် နယ်ပယ်ရှိ ဝိညာဥ်ချီ အစစ်အမှန်များ စုစည်းမှုသည် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားနိုင်သည်။ ကျွမ်းကျင်သူတစ်ဦးက ကူညီလိုပါကလည်း မလုပ်ဆောင်နိုင်ချေ။

ဖိရွှယ်နယ်ပယ်ကလည်း ထိုနည်းတူပင်။ လူ့ခန္ဓာကိုယ်ရှိ အမှတ်တည်နေရာများမှာ မတူတာကြောင့် မိမိကိုယ်တိုင်သာ ရှာတွေ့နိုင်သည်။

ထုံးရွှမ် နယ်ပယ်သည် ဤနယ်ပယ်နှစ်ခုနှင့် လုံးဝကွဲပြားသည်။

ယခုအချိန်တွင် ကျွမ်းကျင်ပညာရှင်များသည် အမှတ်များကို ဖွင့်လှစ်ပေးနိုင်ပြီး အမှတ်များကို အတူတကွ ချိတ်ဆက်ရန်အတွက် သွေးကြောကိုသာ အသုံးပြုနိုင်ပါက ကျင့်ကြံမှုသည် အလွန်တိုးတက် ကောင်းမွန်လာမည် ဖြစ်သည်။

တစ်နည်းဆိုရသော် ဝိညာဥ်သွေးကြောများကို ဖွင့်ထားသရွေ့ သူကိုယ်တိုင်ဖြစ်စေ အပြင်လူဖြစ်စေ ကျင့်ကြံမှုတိုးတက်အောင် လုပ်ဆောင်နိုင်သည်။

မိမိဘာသာ ချိတ်ဆက်ရန် ခွန်အား၏ အကျိုးသက်ရောက်မှုများ စုဆောင်းရန် အချိန်ယူရသော်လည်း ပြင်ပလူများနှင့် ချိတ်ဆက်ရန်မှာ များစွာလွယ်ကူပါ၏။

သို့သော် အနည်းဆုံး အတုတံဆိပ်နယ်ပယ်မှ ကျွမ်းကျင်သူများစွာသည် တစ်ချိန်တည်းတွင် လုပ်ဆောင်ရန် လိုအပ်ပါသည်။

ကျန်းဝူအကယ်ဒမီ၏ အကြီးအကဲ သုံးဦးသည် အတူတူ လှုပ်ရှားနေကြပြီး သုံးဦးသာ ရှိသော်လည်း ၎င်းတို့သည် အတုတံဆိပ် နယ်ပယ်တွင် သန်မာသူများနှင့် နှိုင်းယှဉ်နိုင်သည်။

ဗုန်း! ဗုန်း!

သန်မာသော ဝိညာဥ်ချီများသည် သူ့ခန္ဓာကိုယ်ထဲတွင် လွတ်လပ်စွာ လှည့်လည်သွားလာကာ သူ၏ ဝိညာဥ်သွေးကြောကို အတင်းဖွင့်ရန် ကြိုးစားသည်။

သို့သော်လည်း ခဏအကြာတွင် အကြီးအကဲ သုံးယောက်လုံး အံ့ဩနေသော မျက်နှာများဖြင့် ရပ်သွားကြသည်။

"ဘယ်လိုဖြစ်တာလဲ?"

သူတို့ရဲ့ ခွန်အားတွေအရ စစ်မှန်တဲ့ စွမ်းအင်ကို သုံးစွဲလိုသရွေ့ ထုံးရွှမ်နယ်ပယ် စွမ်းအားရှင်ငယ်လေးဟာ ဝိညာဥ်သွေးကြောဖွင့်ရန် ကူညီပေးဖို့ အလွန်ရိုးရှင်းပေမယ့် ဘာကြောင့်မှန်းမသိ ခဏလောက် စမ်းသပ်ပြီး နောက်မှာတော့ သူတို့ဟာ မင်သက်သွားကြသည်။

ဤလျောက်ချင်း၏ ဝိညာဥ်သွေးကြောများကို တစ်ခုခုက ပိတ်ဆို့ထားပုံရပြီး သူတို့အားဖြင့် မထိုးဖောက်နိုင်ပေ။

"အကြီးအကဲ သုံးဦးကို တင်ပြပါတယ်.... မတော်တဆမှု တစ်ခုကြောင့် ကျွန်တော် ဒဏ်ရာရသွားပြီး ကျွန်တော့် ခန္ဓာကိုယ်ထဲက ဝိညာဥ်သွေးကြောတွေ ပိတ်ဆို့သွားခဲ့ပါတယ်...အဲဒါကို ကျွန်တော် မဖြေရှင်းနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော် ထုံးရွှမ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာ ပိတ်မိနေခဲ့ပြီး တိုးတက်ဖို့ နည်းလမ်း မရှိခဲ့ပါဘူး...... အကြီးအကဲတို့ကို စိတ်ပျက်စေမိပါပြီ..."

လျောက်ချင်း ဝမ်းနည်းစွာဖြင့် လျှောက်တင်လိုက်သည်။

သူ့ခန္ဓာကိုယ်က ပျက်စီးသွားပြီး မတိုးတက်နိုင်တာကြောင့် ဖန်းရှစ်မှာတုန်းက လုရွှမ်ထံ ဒူးထောက်ထိုင်ပြီး ကုသဖို့အတွက် အစေခံအဖြစ် ခေါ်ဆောင်သွားပါလို့ တောင်းဆိုခဲ့ပါသေးသည်။

လုရွှမ်သည် ထိုအချိန်မှစ၍ "ဆရာကြီး" အဖြစ် ဖန်းရှစ်ကို တစ်ခါမှ မရောက်ဖြစ်တော့ဘဲ နှစ်ယောက်သား နောက်တစ်ကြိမ် မဆုံဖြစ်တော့ရာ သူ့ကို ကုသပေးဖို့ ကူညီပေးရန်မှာ သဘာဝကျကျ မဖြစ်နိုင်ခဲ့ချေ။ သူ၏ရောဂါမှာ ယခုထိ ကုစားမရအောင် ဖြစ်နေခဲ့သည်။

"ဒါ……"

မမျှော်လင့်ဘဲ မျှော်လင့်ချက်ထားနိုင်တဲ့ တစ်ဦးတည်းသော လျောက်ချင်းသည် လျှို့ဝှက်ပြဿနာ ရှိနေတာကြောင့် အကြီးအကဲ သုံးဦး၏ မျက်နှာများမှာ အနည်းငယ် ရုပ်ဆိုးသွားခဲ့သည်။

လျောက်ချင်းရဲ့ ကျင့်ကြံမှု တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်တဲ့အကြောင်း ပြောပြီးတာနဲ့ သူ့ကို ထိပ်တန်းဆယ်ယောက်ထဲကို ၀င်ခွင့်ပေးလိုက်မည်ဟု တွေးခဲ့သော်လည်း ရလဒ်ကတော့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

"အကြီးအကဲတို့...ကျွန်တော်တို့ အကယ်ဒမီက ဒီသတင်းကို နောက်ကျမှ သိရတာပါ... ထိပ်တန်းဆယ်ယောက်ကို ဘယ်သူမှ မဝင်နိုင်ရင် ကျန်တဲ့ အကယ်ဒမီ သုံးခုက ကျွန်တော်တို့ ကျောင်းသားတွေ ညံ့တယ်လို့ ပြောနိုင်တဲ့အပြင် သင်ပြပေးတဲ့ ဆရာတွေလည်း မကောင်းဘူးလို့ ပြောလာနိုင်ပါတယ်!"

လော်ယန်ချင်းက ဝင်ပြော၏။

အကြီးအကဲ သုံးယောက် ရပ်သွားတာကို မြင်တော့ ဒုကျောင်းအုပ်ချန်က ရှေ့ကို လှမ်းလာပြီး အော်ပြောလာသည်မှာ။

"အကြီးအကဲတို့ မဟုတ်မှ ကတိကို မေ့သွားပြီလား"

"ကတိ?"

ထိုစကားနှစ်လုံးကို ကြားလိုက်ရတော့ သက်ကြီးသုံးယောက်၏ မျက်လုံးများသည် တစ်ပြိုင်နက် မီးတောက်လာသည်။

သူတို့ဟာ လုရွှမ်နဲ့ သူတို့ကိစ္စတွေကို မသိပါဘူး။ လုရွှမ်ကို ခေါ်လာခိုင်းရတဲ့ အကြောင်းအရင်းက ဒုကျောင်းအုပ်ချန်နဲ့ ပေးထားတဲ့ ကတိကြောင့်သာ ဖြစ်လေသည်။

သူ့တောင်းဆိုချက်သည် အလွန်ရိုးရှင်းပါသည်။ သူတို့သည် လုရွှမ် အမည်ရှိ ဤကျောင်းသားအား ကိုင်တွယ် ဖြေရှင်းပေးနေသရွေ့ [ဝိညာဥ်ချီဆေးလုံး] က သူတို့လက်ထဲကို ရောက်လာမည် ဖြစ်သည်။

ဝိညာဥ်ချီ ဆေးလုံး!

သူတို့သည် အတုတံဆိပ်နယ်ပယ်တွင် နှစ်ပေါင်းများစွာ ကြာအောင် ပိတ်မိလာခဲ့ကြသည်။ ဤအဆင့်မြင့် မှော်ဆေးလုံးကို ရနိုင်သည်နှင့် တစ်ရှိန်ထိုး ဖြတ်ကျော်ကာ ဂိုဏ်းဆရာအဆင့် ဖြစ်လာနိုင်သည်။

ဂိုဏ်းဆရာနယ်ပယ်ကို ရောက်ရှိနေသမျှ ကာလပတ်လုံး ခန္ဓာကိုယ်နှင့် ခွန်အား နှစ်ခုစလုံးသည် အလွန်ကောင်းမွန်လာပြီး သက်တမ်းသည်လည်း အလွန်ရှည်လျားလိမ့်မည်။

ထို့ကြောင့် ဘာပဲဖြစ်ဖြစ် ငြင်းဖို့ နည်းလမ်းမရှိချေ။

"ကောင်းပြီ!"

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲကျန်းက အေးစက်စွာ ငုံ့ကြည့်ရင်း

"လုရွှမ်ရဲ့ မျက်လုံးတွေက ဥပဒေမဲ့နေကြောင်း ထင်ရှားတယ်....အနာဂတ်မှာလည်း စည်းကမ်းတွေ ဖောက်ဖျက်လာနိုင်တယ်....လော်ယန်ချင်း! မင်းသူ့ကို ကျင့်ကြံမှုတွေကို ဖျက်စီးလိုက်...ဒါဆို ငါတို့မင်းရဲ့ ကျောင်းအုပ်ကြီး နေရာကို ပြန်ပေးလို့ရတယ်....မဟုတ်ဘဲ ဖုံးဖိပေးဖို့ ကြိုးစားနေတယ် ဆိုရင်တော့ အပြစ်ပေးခံရဖို့ စောင့်နေလိုက်!"

"အကြီးအကဲတို့...."

မထင်မှတ်ပဲ အကြီးအကဲများက ဒီလိုဆုံးဖြတ်ချက် ချလိုက်ပြန်တော့ လော်ယန်ချင်း ထပ်ပြီး အံ့ဩသွား၏။

"လုံလောက်ပြီ!"

အကြီးအကဲကျန်းက ထရပ်ပြီး

"လော်ယန်ချင်း! မင်းက အခုမှ တော်တော် ရဲရင့်လာတာပဲ.... ကျောင်းသားငယ်လေး တစ်ယောက်အတွက် ငါတို့ရဲ့ဆန္ဒကို ဆန့်ကျင်ရဲတယ်ပေါ့!! မင်းရဲ့ကျင့်ကြံမှုကို ဖျက်စီးပြီး ထောင်ထဲ ထည့်ပစ်စေချင်တာလား!!"

"ယန်ချင်း မလုပ်ရဲပါဘူး!"

လော်ယန်ချင်း၏ အမူအရာမှာလည်း ပြောင်းသွားသည်။

"မလုပ်ရဲတာ အကောင်းဆုံးပဲ...."

အကြီးအကဲကျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

"မြန်မြန်လုပ်လိုက်တော့!"

"ကျွန်တော်……"

လော်ယန်ချင်းသည် သူ့မျက်နှာပေါ်တွင် ရုပ်ဆိုးသော အမူအရာဖြင့် ရပ်နေပြီး လုရွှမ်၏ ကျင့်ကြံမှုကို ဖျက်စီးပစ်ဖို့ စေခိုင်းခံနေရသည်။ သူ မလုပ်နိုင်ပေ။ နောက်ဆုံးတွင် ၎င်းမှာသူ့အား ဆင်းရဲဒုက္ခမှ ကယ်တင်ခဲ့သော "ကျေးဇူးရှင်" ဖြစ်ပြီး သူ့ကျေးဇူးရှင်ကို ဒီလိုမလုပ်နိုင်ချေ။

"ဟား ဟား... မင်း တော်တော် ထိုးထွင်းသိမြင် တတ်တာပဲ.... မင်းပြောတဲ့စကားက နားထောင်လို့ ကောင်းပေမယ့် မင်းကနောက်ကွယ်မှာ လူဆိုးလူမိုက်နဲ့ ပြည့်တန်ဆာလိုပဲ!"

ဒါကိုမြင်လိုက်ရတော့ တစ်ချိန်လုံး နှုတ်ဆိတ်နေတဲ့ လုရွှမ်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"ငါ့ကို ဖယ်ရှားမယ်...မင်းတို့က တန်လို့လား"

All Chapters