မုယန်ဖုန်း လှုပ်ရှားပြီ
Vol. 9 Ch. 126
"အတင့်ရဲလိုက်တာ!"
"တော်တော် သတ္တိကောင်းနေတယ်ပေါ့!"
"သေချင်နေတာလား?"
ထိုလူငယ်၏ စကားကိုကြားတော့ အကြီးအကဲ သုံးယောက်၏ မျက်နှာများ တစ်ပြိုင်နက် မည်းမှောင်သွားကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။
"လုရွှမ်..."
ဘေးက လော်ယန်ချင်းလည်း လုရွှမ်ကို ဒီလိုပြောမယ်လို့ မမျှော်လင့်ထားတာကြောင့် သူ ထိတ်လန့်ပြီး မူးလဲလုနီးပါး ဖြစ်သွားတော့သည်။
မူလက ဒုကျောင်းအုပ်ချန်၏ စကားများအောက်တွင် အကြီးအကဲများသည် အလွန်ဒေါသထွက်ခဲ့ကြသည်။ လုရွှမ် ထိုသို့သော စကားကို ထပ်ပြောပါက မီးထဲသို့ လောင်စာထည့်လိုက်တာပဲ မဟုတ်ပါလော။
အကြီးအကဲ သုံးယောက် ဒေါသထွက်ပြီး သုံးယောက်လုံး ပေါင်းတိုက်လာရင် တားလို့ မရတော့ဘူး။
"ငါကျန်းရွှင်း မသိနားမလည်တဲ့ ကောင်တွေကို အများကြီး တွေ့ဖူးတယ်....မင်းက အမိုက်ဆုံးပဲ...လော်ယန်ချင်း အဲဒါကို မလုပ်ဘူး ဆိုမှတော့ ငါကိုယ်တိုင်လုပ်မယ်!"
အုမှိုင်းနေသော မျက်နှာဖြင့် အကြီးအကဲကျန်းသည် သူ့ထိုင်ခုံမှ ဆင်းလာပြီး လူသေကို ကြည့်နေသလိုမျိုး လုရွှမ်ကို အေးစက်စွာ ကြည့်နေလေသည်။
ကျန်းဝူအကယ်ဒမီ၏ အကြီးအကဲ သုံးယောက်တွင် သုသည် လေးစားထိုက်သော အနေအထားဖြင့် ရပ်တည်ခဲ့ပြီး သူ့ကို တွေ့သည်နှင့် လူတိုင်း သတိထားပြီး လေးစားကြမည် ဖြစ်သည်။ ဒီကောင်လေးကတော့ သူတို့ကို စော်ကားဝံ့လေ၏။
အေးစက်သော လေသံဖြင့် အကြီးအကဲကျန်းရွှင်းသည် လှုပ်ရှားလိုက်သည်။
ခန်းမထဲတွင် ကြီးမားသော လက်ဖဝါးပုံနှိပ်တစ်ခု ချက်ချင်းပေါ်လာပြီး လေပြင်းနှင့်အတူ လုရွှမ်ဆီသို့ ပြေးသွားသည်။
၎င်းသည် ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်လာပြီး စွမ်းအင် ၃၀၀၀ အထိ ရှိသည်။
လုရွှမ်၏ ဆင်သံချပ် ရွှေကိုယ်ထည်သည် ဒုတိယအဆင့်သို့ ရောက်ထားလျှင်ပင် ဤလက်ဖဝါးဖြင့် ထိမှန်ပါက သူသည် အသားတုံးထဲသို့ တိုက်ရိုက် အခုတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားလိမ့်မည်ဟု ခန့်မှန်းကြည့်လို့ရသည်။
"ငါ့သခင်ငယ်ကို နာကျင်အောင်လုပ်ရဲလား?"
သို့သော်လည်း လက်ဖဝါးပုံများ မကျလာမီတွင် ခန်းမထဲတွင် ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဘေးတွင်ရပ်နေသော မုယန်ဖုန်းသည် ကျိုးထောင်းနဲ့ တခြားသူများပါ ဝင်ရောက်လာသောအခါ ဝင်ရောက် လှုပ်ရှားလိုက်တော့သည်။
ဗုန်း!
ပေါက်ကွဲသံနှင့်အတူ တူညီသော လက်ဖဝါးပုံကြီးက လွင့်ထွက်သွားသည်။
ဤလက်ဖဝါးပုံသည် ပို၍ပင် ခမ်းနားပြီး အစွမ်းထက်ကာ ပိုမိုပြင်းထန်သော တန်ခိုးနှင့် စွမ်းအားများဖြင့် လွှမ်းခြုံထားသည်။
အတုတံဆိပ်နယ်ပယ်၏ အထွတ်အထိပ်တွင် အားကောင်းသည့် ခွန်အား ၄၀၀၀ အားပင်တည်း။
ဖုန်း!
အတုတံဆိပ်နှစ်ခုသည် လေထဲတွင် တိုက်မိသွားပြီး ကျန်းရွှင်း မတုံ့ပြန်မီ သူ့ရင်ဘတ်တွင် တင်းကျပ်မှုကို ခံစားလိုက်ရသည်။
သူ ခုနစ်လှမ်း ရှစ်လှမ်းလောက် ဆက်တိုက် နောက်ပြန်ဆုတ်သွားကာ မျက်နှာက ဖြူဖျော့လာပြီး ပါးစပ်က သွေးတစ်လုတ် အန်ကျလာ၏။
"ဘာ?"
"အတုတံဆိပ်နယ်ပယ်? အတုတံဆိပ်နယ်ပယ် ကျွမ်းကျင်သူက အကယ်ဒမီမှာ ဘယ်တုန်းက ပေါ်လာတာလဲ?"
"အကြီးအကဲကျန်းကို တစ်ချက်တည်းနဲ့ နောက်ပြန်ဆုတ်သွားစေတယ် ဆိုတော့ သူက အကြီးအကဲကျန်းထက် ပိုသန်မာတယ်ဆိုတာ ပြသနေတာပဲ!"
"မင်းကြားလိုက်တာ....သူက လုရွှမ်ကို ဘယ်လိုခေါ်လိုက်တယ်?? သခင်ငယ်လေး?"
.......
လျောက်ချင်း၊ ကျိုးထောင်း နှင့် တစ်ဖက်တွင် ရပ်နေသော အခြားသူများအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြသည်။
လော်ယန်ချင်းပင်လျှင် အနည်းငယ် မူးဝေနေ၏။
မုယန်ဖုန်းသည် အကယ်ဒမီတွင် အလုပ်ဝင်ရန် သူ့အား ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် ပျက်စီးသွားကာ သူ၏ကျင့်ကြံမှုမှာလည်း နန်းတော်ပင်လယ် အဆင့်သာရှိသည်။ သူသည် ဆရာများကြားတွင်ပင် အောက်ခြေအဆင့်သာ ရှိနေခဲ့သည်။
သူသည် အဘယ်ကြောင့် ရုတ်တရက် အတုတံဆိပ်နယ်ပယ် အထိ အစွမ်းထက်လာရသနည်း။ အတုတံဆိပ်နယ်ပယ်ရှိ အကြီးအကဲကျန်းပင် သူ၏ပြိုင်ဘက် မဟုတ်တော့ချေ။
ဘာတွေဖြစ်ကုန်တာလဲ?
"အတင့်ရဲလိုက်တာ! မင်းက အကြီးအကဲကိုတောင် တိုက်ခိုက်ရဲတယ်!! မင်းအကယ်ဒမီရဲ့ ဆရာရော ဟုတ်သေးရဲ့လား?"
"မုယန်ဖုန်း မင်းက ပုန်ကန်ချင်တာလား?"
အကြီးအကဲ သုံးယောက်ထဲမှ အကြီးအကဲဝမ် နဲ့ အကြီးအကဲယန်တို့ဟာ ကျန်းရွှင်း ဒဏ်ရာတစ်ချက်ကြောင့် မထနိုင်တော့ဘဲ ထိုင်ခုံပေါ်မှာ လှဲနေရတာကို တွေ့လိုက်ရပြီး ထအော်လိုက်ကြသည်။
"ပုန်ကန်တယ်? လုရွှမ်က ငါ့သခင်ငယ်လေ... ငါ့သခင်ငယ်လေးကို နာကျင်အောင် လုပ်ရဲတဲ့သူကို..."
မုယန်ဖုန်းသည် အေးခဲနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ
"ကရုဏာမရှိ သတ်ပစ်မယ်!"
"မင်း……"
မထင်မှတ်ပဲ မုယန်ဖုန်းက အရမ်းကြမ်းတမ်းနေ၏။ အကြီးအကဲ သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး လက်သီးတွေကို ဆုပ်ထားကြသည်။
"မုယန်ဖုန်း....မင်းရဲ့အဆင့်က အတုတံဆိပ်နယ်ပယ် အထွတ်အထိပ် အဆင့်မှာရှိပြီး အရမ်းအစွမ်းထက်တယ် ဆိုတာ ငါဝန်ခံတယ်...ငါတို့သုံးယောက် ပေါင်းရင် မင်းအနိုင်ယူနိုင်မယ် ထင်လား?"
အကြီးအကဲယန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"မင်းတို့ သုံးယောက်ကို ငါမတိုက်နိုင်ဘူး... ဒါပေမယ့် မင်းဆက်ပြီး တိုက်ခိုက်ရဲရင် ငါမသေခင် အနည်းဆုံး တစ်ယောက်ယောက်ကို သတ်ပစ်မယ်လို့ အာမခံတယ်!"
သူတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရပေမယ့် မုယန်ဖုန်းသည် လုံးဝ မကြောက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် အတုတံဆိပ်နယ်ပယ်၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသော်လည်း သုံးယောက်ပေါင်းရင်တော့ အနိုင်ယူနိုင်မည် မဟုတ်ပေ။
အကြီးအကဲ သုံးဦး၏ ခွန်အားသည် သူ့လောက် မကောင်းမွန်နိုင်သော်လည်း ပေါင်းစည်းလိုက်သည်နှင့် သေချာပေါက် အနိုင်ယူရန် ခက်ခဲပေမည်။
ဒါပေမဲ့ ဘာပဲဖြစ်နေပါစေ သခင်ငယ်လေးကို ထိရဲတဲ့သူ သေရမယ်!
"ကောင်းလိုက်တာ အရမ်းကောင်းတယ်!"
အသက်အနည်းငယ် ရှူရင်း ကျန်းရွှင်း ပြန်လည် သက်သာလာခဲ့သည်။ တကယ်တော့ သူ့ဒဏ်ရာက မပြင်းထန်ပေမယ့် တစ်စုံတစ်ယောက် ရုတ်တရက် ထွက်လာဖို့ မမျှော်လင့်ထားတာကြောင့် သူ့ကို ဒဏ်ရာရစေခဲ့ခြင်း ဖြစ်သည်။
ခြေတစ်လှမ်းဆုတ်ပြီး နောက်ထပ် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရင်း မုယန်ဖုန်း၏ တိုက်ခိုက်မှုကို အခြေခံအားဖြင့် ကုစားပြီးသွားပြီ ဖြစ်သည်။
လူအနည်းငယ်ကြားတွင် စကားပြောဆိုမှုသည် လုံးဝ တည်ငြိမ်နေပြီး ပြဿနာ ကြီးကြီးမားမား မရှိပေ။
"ကောင်လေး မင်းအရမ်း သောင်းကျန်းနေတာ အံ့သြစရာ မရှိတော့ပါဘူး.... အကြီးအကဲတွေကိုတောင် မင်း မိုက်မဲတဲ့ စကားတွေ ပြောရဲတယ်.... အဲဒါက မင်းမှာ အားကိုးစရာ ရှိနေတာကိုး... ငါ မင်းကို လျှော့တွက်မိသွားပုံပဲ"
လုရွှမ်ကို ပြန်ကြည့်လိုက်တော့ ကျန်းရွှင်းရဲ့ မျက်လုံးတွေက ရက်စက်မှုအပြည့်ဖြင့်။
ကျန်းဝူ အင်ပါယာကို နှစ်ပေါင်းများစွာ စီးနင်းခဲ့သော ဂုဏ်သိက္ခာရှိသော နတ်ဆိုးအိုကြီးသည် လူငယ်တစ်ယောက်၏ လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့။
သို့သော် သူအရမ်း ဒေါသထွက်နေပေမယ့် လွယ်လွယ်နဲ့တော့ မလုပ်ရဲချေ။
သူတို့ သုံးယောက်ပေါင်းပြီး မုယန်ဖုန်းကို တကယ်သတ်နိုင်ပေမယ့် မုယန်ဖုန်းက တကယ်သာ သူတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကို အသဲအသန် သတ်သွားရင်။
"လော်ယန်ချင်း....မင်းဘေးမှာ စောင့်ကြည့်ချင်တာလား?"
သူ လော်ယန်ချင်းကို လှည့်ကြည့်လိုက်သည်။
ယခုအခါ လော်ယန်ချင်း၏ ရပ်တည်မှုသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။
လော်ယန်ချင်းသည် အတုတံဆိပ်နယ်ပယ်၏ အထွတ်အထိပ် အဆင့်တွင် သန်မာသူတစ်ဦး ဖြစ်ပြီး သူသည် ဤနယ်ပယ်တွင် နှစ်အတော်ကြာအောင်နေခဲ့သည်။ သူတစ်ယောက်တည်း ရန်ဖြစ်ရင်တောင် မုယန်ဖုန်းသည် ပြိုင်ဘက်မဟုတ်နိုင်ပေ။
အကြီးအကဲ သုံးယောက်နှင့် ပူးပေါင်းလိုက်ရင် မုယန်ဖုန်းသည် ကျိန်းသေပင် ပြန်တိုက်ခိုက်နိုင်မည် မဟုတ်ပါ။
သူ့အကာအကွယ် မပါဘဲ လုရွှမ်လည်း လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ပေ။
ဆန့်ကျင်ဘက် အနေနှင့် လော်ယန်ချင်းသည် လုရွှမ်ဘက်တွင် ရှိနေပါက အကြီးအကဲသုံးဦးကို တိုက်ခိုက်ရန် ခွန်အားမရှိတာကြောင့် လိမ်လိမ်မာမာနဲ့ ရှုံးနိမ့်ခြင်းကို ဝန်ခံရလိမ့်မည်။
"ကျွန်တော်...."
မမျှော်လင့်ဘဲ သူသည် ဒီအခြေအနေကို ချိုးဖျက်ရမည့်သူ ဖြစ်လာခဲ့သည်။ လော်ယန်ချင်း တုံ့ဆိုင်းနေပြီးမှ
"အကြီးအကဲတို့...ဒီကိစ္စက အမှားအမှန် မသဲကွဲသေးပါဘူး... ဒီကိစ္စက ဒုကျောင်းအုပ်ချန်ဆီက ဖြစ်ပေါ်လာတာမို့ ကျွန်တော့်အထင်တော့ ပြန်စုံစမ်းကြည့်တာ ကောင်းမယ်လို့ ထင်ပါတယ်....တကယ်လို့ လုရွှမ်မှားခဲ့ရင် ကျွန်တော် အကြီးအကဲတို့နဲ့ ပူးပေါင်းပြီး လုရွှမ်ရဲ့ ကျင့်ကြံမှုကို ဖျက်စီးတာပဲဖြစ်ဖြစ် သတ်တာပဲဖြစ်ဖြစ် လိုက်နာပါ့မယ်....ဒါပေမဲ့ ဒုကျောင်းအုပ်ချန် မှားခဲ့ရင်တော့ နိုင်ထက်စီးနင်း ပြုမှုအတွက် စီရင်ဆုံးဖြတ်ပေးပါ... မဟုတ်ရင် အကယ်ဒမီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်"
ပြောပြီးနောက် သူက ခေါင်းကိုလှည့်ပြီး
"မုယန်ဖုန်း... တိုက်ပွဲတွေက ပြဿနာကို မဖြေရှင်းနိုင်ဘူး... ငါတိုဒီကိစ္စကို ဘာလို့စကားနဲ့ မပြောကြတာလဲ?"
"မင်းပဲသူတို့နဲ့ ပြောသင့်တာ!"
မုယန်ဖုန်းက အေးစက်စွာ ပြောသည်။
"အကြီးအကဲတို့ ဘာမှ ဆွေးနွေးစရာ မလိုဘူး..."
အသေးစိတ် ပြောကြမှာကို စိုးရိမ်သွားတဲ့ ဒုကျောင်းအုပ်ချန်ရဲ့မျက်နှာက မည်းမှောင်သွားပြီး
"ဒီကောင်လေးက အစောကတည်းက နတ်ဆိုးမျိုးနွယ်ထဲ ခိုလှုံနေပြီလို့ သံသယဝင်တယ်"
နတ်ဆိုးမျိုးနွယ်သည် လူသားများကို နှစ်ပေါင်းများစွာ ရန်လိုနေကြသည့် မျိုးနွယ်ဖြစ်သည်။
နတ်ဆိုးမျိုးနွယ်တွင် ခိုလှုံခြင်းသည် လူသားမျိုးနွယ်ကို သစ္စာဖောက်ခြင်းနှင့် တူညီပြီး လူတိုင်း အပြစ်ပေးခံရမည် ဖြစ်သည်။
"မင်းမှာ ဘာအထောက်အထားရှိလဲ"
ကျန်းရွှင်းသည် မျက်ခုံးပင့်ကာ ခေါင်းကို လှည့်လိုက်သည်။
"ကျွန်တော် သူ့ကို အတိအကျ စုံစမ်းပြီးပါပြီ ဒီကလေးက အရင်က ဘာမှမရှိတဲ့ ဆင်းရဲတဲ့ ကောင်လေး တစ်ယောက်ပဲ... သူ့ရဲ့ ခွန်အားနဲ့ စွမ်းရည်က သိပ်မကောင်းပါဘူး.. ဒီလအတွင်းမှာ သူ့ရဲ့ ဘာမှမရှိတဲ့ အခြေအနေကနေ လက်ရှိအထိ အရှိန်အဟုန်နဲ့ တိုးတက်လာတယ်... ဒါတင်မကဘူး အတုတံဆိပ်နယ်ပယ်မှာ အားကောင်းတဲ့ မုယန်ဖုန်းက သူ့ကို သခင်ငယ်လေးအဖြစ် ဘယ်လိုလုပ် အသိအမှတ်ပြု နိုင်မှာလဲ? ကျောင်းအုပ်ကြီးလော်က ဘာလို့ သူ့အတွက် ထပ်ခါထပ်ခါ ပြောပေးနေတာလဲ?"
ဒုကျောင်းအုပ်ချန်၏ မျက်လုံးများက ရူးသွပ်မှု အပြည်ဖြင့်။
"သေချာပေါက် နတ်ဆိုးမျိုးနွယ်ရဲ့ မှော်အတတ်ပဲ ဖြစ်ရမယ်! သူကအဲဒါနဲ့ အကုန်လုံးကို လှည့်စားနေတာ...အဲဒါကြောင့် သူ့ကိုသတ်ပစ်ရမယ် ယင်းယန်အကယ်ဒမီကို ဝင်ခွင့်မပေးသင့်ဘူး...ကျွန်တော်တို့ အကယ်ဒမီက နတ်ဆိုးမျိုးနွယ် ခိုလှုံနေတဲ့သူကို စေလွှတ်တယ်ဆိုပြီး ကျန်းဝူအကယ်ဒမီကို လုံးဝ ဖျက်စီးပစ်နိုင်ပါတယ်"