လျောက်ချင်းကို ကူညီခြင်း
Vol. 9 Ch. 127
အကြီးအကဲသုံးဦး ရပ်သွားသည်။
လူတစ်ဦး၏ ကျင့်ကြံမှုသည် သာမန်အဆင့်မှ တစ်လခန့်အတွင်း ဖိရွှယ်နယ်ပယ်အထိ အဆင့်ဆင့် အောင်မြင်အောင် ထိုးဖောက်သွားနိုင်တယ် ဆိုတာ မည်သူမဆို မယုံနိုင်လောက်အောင် ဖြစ်တတ်သည်။
နတ်ဆိုးများနှင့် လူသားတို့သည် အတူမယှဉ်တွဲနိုင်ချေ။ အမှန်တကယ် ပါဝင်ပတ်သက်နေပါက ၎င်းကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ပါသည်။
"အဲဒါကြောင့် ကန့်သတ်ချုပ်ချယ်မှု အစီအရင်ကို အသက်သွင်းပြီး ဒီကလေးကို နေရာမှာတင်သတ်ပစ်ဖို့ အကြီးအကဲ သုံးယောက်ကို တောင်းဆိုပါရစေ "
သူတို့ တုံ့ဆိုင်းနေတာကို မြင်တော့ ဒုကျောင်းအုပ်ချန်က ကျယ်လောင်စွာ အော်လိုက်သည်။
အကြီးအကဲခြံဝန်းသည် အကယ်ဒမီတစ်ခုလုံး ဆုတ်ခွာရန် နောက်ဆုံးနေရာဖြစ်ပြီး ၎င်းတွင် ပြင်းထန်သော ကန့်သတ်ချက်များ ထားရှိထားသော်လည်း ယင်းကန့်သတ်ချက်မျိုးသည် အရေးကြီးသော အခိုက်အတန့် မဟုတ်ပါက ပေါ့ပေါ့တန်တန် အသုံးပြုနိုင်မည် မဟုတ်ပေ။
ဒါကြောင့် ကျန်းရွှင်းဟာ အခုနက ဒဏ်ရာရသွားခဲ့ရင်တောင်မှ မပြောမဖြစ် ပြောရမည်။
သူ့ရှေ့က လူငယ်က နတ်ဆိုးတွေနဲ့ တကယ်ပဲ ပါဝင်ပတ်သက်ရင် ဖွင့်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိလိမ့်မည်။
"သခင်ငယ်လေး...ကျန်းဝူအကယ်ဒမီရဲ့ ကန့်သတ်ချုပ်ချယ်မှုကို အသက်သွင်းလိုက်တာနဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ သူတွေက စွမ်းအင်ကို စုစည်းနိုင်ပြီး ခွန်အားတွေ တိုးလာနိုင်ပါတယ်... မင်းကို ကာကွယ်နိုင်မယ်ဆိုတာ ငါယုံကြည်ချက် မရှိဘူး..."
ကန့်သတ်ချုပ်ချယ်မှုကို ဖွင့်ပေးရန် ဒုကျောင်းအုပ်ချန်က အကြီးအကဲ သုံးဦးကို လှည့်ဖြားလိုက်ကြောင်း ကြားရတော့ မုယန်ဖုန်း၏ အမူအရာမှာ မည်းမှောင်သွားကာ လုရွှမ်ထံသို့ အသံတစ်ခု အမြန်ပေးပို့လိုက်သည်။
"နတ်ဆိုးကို ခိုလှုံတယ်?"
မုယန်ဖုန်း၏ စကားကို မဖြေဘဲ လုရွှမ်သည် ဒုကျောင်းအုပ်ချန်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူ့အရင်ဘဝတုန်းက နတ်ဆိုးများကို အမုန်းဆုံး ဖြစ်သည်။ ထိုကြောင့်သာ မဟုတ်ပါက နတ်ဆိုးဧကရာဇ် ချုံလူကို သွားသတ်နေစရာ အကြောင်းမရှိပေ။
အခုသူ့ကို အကြောင်းပြချက် ရှာမတွေ့တာနဲ့ သူ နတ်ဆိုးကို ခိုလှုံခဲ့တယ်လို့ တကယ်ပြောခဲ့တယ်လား။ တကယ်ကို အရှက်ကင်းမဲ့တာပဲ!
"မင်းနတ်ဆိုးဘက် မခိုလှုံရင်တောင် ဝေ့ချွမ်ကို သတ်လိုက်တာ အမှန်ပဲလေ မင်းအကြီးတန်းက ကျောင်းသား သုံးယောက်ဖြစ်တဲ့ ရှင့်မင်၊ မော့ရှီးနဲ့ တုဖျင်တို့ကို သတ်လိုက်တာ အမှန်ပဲ!! မင်းကကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေကို သတ်ပစ်လိုက်တာမို့ အကြိမ်ပေါင်းများစွာ သေဖို့ လုံလောက်ပြီ!"
ဒုကျောင်းအုပ်ချန်က ဆက်၍
"အစီအရင်ကို အသက်သွင်းဖို့ အကြီးအကဲ သုံးယောက်ကို ကျေးဇူးပြုပြီး တောင်းဆိုပါတယ်!"
"ဂိုဏ်းတစ်ခုတည်းက လူကို သတ်ဖြတ်တာက ကြီးကျယ်တဲ့ ပြစ်မှုတစ်ခု ဖြစ်ပြီး နတ်ဆိုးကို ခိုလှုံတာက ပိုဆိုးတယ်! ဒီလိုဆိုရင် ဒီနေ့ဒီကထွက်ဖို့တောင် မစဉ်းစားနဲ့!"
ကျန်းရွှင်းသည် သူ၏ကြီးမားသော လက်ဝှေ့ယမ်းမှုဖြင့် သူ့ခြေဖဝါးကို မြေပြင်ပေါ်သို့ နင်းချလိုက်သည်။
ဝုန်း!
ဝိညာဥ်ချီသည် ကြမ်းပြင်ပေါ်တွင် ပျံ့နှံ့သွားပြီး အခန်းတစ်ခုလုံးကို ချက်ချင်းပင် ဖုံးအုပ်သွားသည်။
ကျန်းဝူအကယ်ဒမီ၏ ဘိုးဘေးများ တီထွင်ခဲ့သော [နတ်ဆိုးချုပ်နှောင် အစီအရင်]။
အဲဒီထဲမှာ ပိတ်မိနေတဲ့သူက အတုတံဆိပ်နယ်ပယ်က သန်မာသူတွေ ဆိုရင်တောင် လွတ်ဖို့ခက်ခဲလေ၏။ ဂိုဏ်းဆရာနယ်ပယ်ကိုသာ မရောက်ရှိထားပါက လုံးဝ ထိုးထွက်နိုင်မည် မဟုတ်ချေ။
"အကြီးအကဲတို့...."
မမျှော်လင့်ဘဲ အစီအရင်ကို တိုက်ရိုက် အသက်သွင်းလိုက်သောအခါ လော်ယန်ချင်း၏ မျက်နှာသည်လည်း ရုပ်ဆိုးလာသည်။
ဒါက အရေပြားနဲ့ အရိုးတွေကို စုတ်ပြတ်စေမယ့် အစီအရင်ပဲ။
လူငယ်လေး၏ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်၏ တပည့်အပေါ် ချစ်ခြင်းမေတ္တာကို တွေးတောရင်း ဤနေရာ၌ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် အဘယ်သို့ ဖြစ်မည်နည်း?
"လုရွှမ်က ရှင့်မင်၊ မော့ရှီးနဲ့ တုဖျင်၊ ဝေ့ချွမ်နဲ့ တခြားသူတွေကို သတ်ရတဲ့ အကြောင်းရင်းက ချန်ယန်က နောက်ဆုံး ရွှေအမိန့်ကို ထုတ်ပြီး ဒီလူတွေအားလုံး သူ့ကို သတ်စေခဲ့လို့ပါ... အကယ်ဒမီမှာ စည်းမျဥ်းစည်းကမ်းတွေ ရှိပေမယ့် သူတို့မှာ သူတို့ကိုယ်သူတို့ ကာကွယ်လို့ရတယ်.... "
"အကယ်ဒမီမှာ တရားမျှတမှုမရှိတဲ့ ဆက်ဆံမှုမျိုး ကြုံရတဲ့အခါ သူ့ကိုယ်သူ ကာကွယ်ဖို့ စည်းမျဉ်းတွေ ရှိပါတယ်...ဒါပေမယ့် အကယ်ဒမီအတွက် ကြီးကြီးမားမား ပံ့ပိုးပေးသူတွေ အတွက် သတ်မှတ်ထားတာ....လုရွှမ်က အစပိုင်းမှာ အတန်းနိမ့် ကျောင်းသားပဲ....သူ့ရဲ့ ခွန်အားတွေ တိုးလာပြီးနောက် အတန်းအများကြီး မတက်ခဲ့ဘူး.... ကောင်းမှုတွေ မပြောနဲ့ အကယ်ဒမီအတွက် ဘာလုပ်ခဲ့လဲ?? ဘာအဓိပ္ပာယ်ရှိခဲ့လဲ ?"
ဒုကျောင်းအုပ်ချန်က တစ်ဖက်မှ လှောင်ပြောင်လိုက်သည်။
"တကယ်လို့သူက ခေါင်းဖြတ်လိုက်ရင်တောင် အကယ်ဒမီရဲ့ မျက်နှာသာရမှုကို ပြောဦးမှာလား?.... ကိုယ့်ကိုကိုယ် ကာကွယ်တယ်လို့ ဆိုဦးမှာလား?"
"ဒါ......"
လော်ယန်ချင်း စကားမပြောနိုင် ဖြစ်သွားသည်။ တစ်ဖက်လူပြောတာ မှန်ပေ၏။ အကယ်ဒမီမှာ တကယ်ပဲ ဒီလိုစည်းမျဥ်းရှိလေသည်။
တရားမျှတချင်ရင် တရားမျှတမှု မရှိရာကနေ ရုန်းထွက်နိုင်တယ် ဆိုတာကို သက်သေပြဖို့ လိုပါ၏။
လုရွှမ်သည် ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားသော်လည်း ကျန်းဝူအကယ်ဒမီအတွက် မည်သည့် အကျိုးအမြတ်ကိုမျှ မလုပ်ဖူးသေးပါ။
သူ့မှာ ကုသိုလ်လုံးဝမရှိဟု ဆိုနိုင်ပါသည်။ ဤအခြေအနေတွင် သူသည် အတင်းအကြပ် ကျောင်းသားများကို သတ်ပစ်ခဲ့ပြီး စည်းကမ်းကို ချိုးဖောက်ခဲ့သည်။
"ကောင်းမှု?.... မင်းက ကောင်းမှုအကြောင်း ပြောမှတော့ မင်းကို ကောင်းမှုကြောင့် စကားမပြောနိုင်အောင် လုပ်ပြမယ်!"
လုရွှမ်က အေးစက်စွာ ပြုံးလိုက်သည်။ ဒီအခြေအနေကို ရောက်လာပြီဆိုတော့ သူတို့ကို နှုတ်ပိတ်သွားအောင် လုပ်ရတော့မှာပေါ့။
မဟုတ်ရင် လုရွှမ်ဆိုတဲ့သူဟာ နတ်ဆိုးတွေကို ခိုလှုံတဲ့လူဆိုပြီး နာမည်တွင်သွားနိုင်သည်။ စကားပြောပြီးသောအခါ သူသည် မဝေးသော လျောက်ချင်းကို လှည့်ကြည့်လိုက်သည်။
"ဒီကိုလာ!"
ထိုခေါ်သံကို ကြားတော့ လျောက်ချင်း အံ့အားသင့်သွားသည်။
"မင်းရဲ့ ခွန်အားကို မတိုးတက်နိုင်ရတဲ့ အကြောင်းရင်းက မင်းရဲ့ ကျင့်ကြံရာ နေရာတွေမှာရှိတဲ့ ဟွေဟိုင်းအမှတ် ဒဏ်ရာရသွားလို့ပဲ....ဟွေဟိုင်အမှတ်က နန်းတော်ပင်လယ် နယ်ပယ်နဲ့ အမှတ်တွေကို ဆက်သွယ်ထားတဲ့ အချက်အချာပဲ....ဒဏ်ရာရသွားတဲ့အခါ ဝိညာဥ်စွမ်းအင် မစုစည်းနိုင်တော့ဘူး.. မင်းဘယ်လောက်ပဲ လေ့ကျင့်နေပါစေ တိုးတက်လာနိုင်မှာ မဟုတ်ဘူး"
လျောက်ချင်းကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဒီကောင်လေးကို ဖန်းရှစ်မှာ ပထမဆုံးအကြိမ် မြင်လိုက်ကတည်းက သူ့ခန္ဓာကိုယ် ပြဿနာရဲ့ အဓိက အကြောင်းအရာကို ထိုးထွင်းသိမြင်ပြီးသား ဖြစ်သည်။
ဒီအချိန်မှာ ပေါ့ပေါ့ပါးပါး ပြောဖို့ မခက်တော့ပါဘူး။
"ဟွေဟိုင်အမှတ်?"
လျောက်ချင်းသည် တစ်ခဏမျှ အေးခဲသွားပြီးနောက် စိတ်လှုပ်ရှားမှုဖြင့် မျက်နှာက နီရဲလာကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ သူက တုန်လှုပ်သော အသံဖြင့်
"ငါ့ကို...ကယ်တင်ပေးနိုင်မလား?"
ဖန်းရှစ်သခင် ယွမ်ဟုန်တောင်မှ အဂ္ဂိရတ်ပညာနဲ့ ရှာဖွေခဲ့ပေမယ့် သူ့ခန္ဓာကိုယ် ပြဿနာရဲ့ အဓိက အကြောင်းအရာကို ရှာမတွေ့ခဲ့ချေ။
ပြဿနာကို ရှာမတွေ့လို့ ကုလို့မရခဲ့ဘူး။ မကုသနိုင်ပါက ကျင့်ကြံခြင်း မပြုနိုင်သောကြောင့် ထုံးရွှမ် နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ပိတ်မိနေခဲ့သည်။
အရင်တုန်းကတော့ သူဟာ အတွင်းခန်းက တပည့်တွေထဲမှာ အသန်မာဆုံးဖြစ်ပြီး ကျင့်ကြံမှု မတိုးတက်နိုင်ခဲ့တဲ့အတွက် ရှဲ့ကျား သူ့ကို ကျော်တက်သွားခဲ့သည်။
ခွန်အားကို စိတ်အားထက်သန်စွာ လေ့ကျင့်သူ တစ်ဦးအနေဖြင့် မိမိကိုယ်မိမိ မတိုးတက်နိုင်ခြင်းကြောင့် ဝမ်းနည်းကြေကွဲခြင်း မကျေမနပ်ဖြစ်ခြင်းတို့ ဖြစ်နေခဲ့သည်။
ထို့အတွက်ကြောင့် ဖန်းရှစ်တွင် ဆရာသခင်တစ်ဦး ထွက်ပေါ်လာပြီဟု ကြားရသောအခါ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပြီး ဆက်လက်လေ့ကျင့်နိုင်ရန် တစ်ဖက်လူ၏ အစေခံဖြစ်ဖို့ပင် အလိုရှိခဲ့သည်။
ပြသနာက ဘယ်မှာမှန်း မသိပေမယ့် အခုဟွေဟိုင်အမှတ် ဆိုတာကြားတော့ ကောင်လေးပြောတာ မှန်မယ်ဆိုတာကို အလိုလို ခံစားမိပြီး ထိတ်လန့် တုန်လှုပ်သွားမိသည်။
ဘာကြောင့်လဲ ဆိုတော့ အမှတ်တွေကို ဖွင့်တဲ့အချိန်မှာ ဟွေဟိုင်အမှတ်မှာ ဒဏ်ရာရသွားလို့ပါပဲ။
"ဒါပေါ့ ငါမင်းကို ကယ်တင်နိုင်တယ်... မင်းကို ကယ်တင်နိုင်ရုံတင် မကဘူး မင်းရဲ့ ကျင့်ကြံမှု အဆင့်ကိုလည်း မြှင့်တင်ပေးနိုင်ပြီး ထိပ်တန်းဆယ်ယောက်ထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်မယ်ဆိုတာ အာမခံတယ်"
လုရွှမ် ပြောလိုက်သည်။
မင်းတို့က အကြီးတန်းက ပါရမီရှင်ကို ငါသတ်လိုက်တာလို့ မပြောခဲ့ဘူးလား? ဒါဆို ပိုအစွမ်းထက်တဲ့ ပါရမီရှင်ကို အခုပဲ ဖန်တီးလိုက်မယ်!
ငါက အကယ်ဒမီအတွက် ကောင်းတာမလုပ်ဘူး မပြောခဲ့ဘူးလား? လျောက်ချင်းကို ပြိုင်ပွဲရဲ့ ထိပ်တန်းဆယ်ယောက်ကို အောင်မြင်စွာ ဝင်ရောက်ခွင့်ပေးပြီး အမွေအနှစ်တစ်ခု ချန်ထားခဲ့မယ်!
လက်ချောင်းများ တဖျပ်ဖျပ်ခတ်ပြီး လျောက်ချင်း၏ ကိုယ်ပေါ်ကို ဖိနှိပ်လိုက်သည်။
နှိပ်လိုက်တိုင်း လက်ချောင်းထိပ်များတစ်လျှောက် အင်အားတစ်ခုသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သည်။
ဖန်းရှစ်မှာ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက တစ်ဖက်လူကို ကုသပေးမယ်လို့ ကတိပေးခဲ့တယ် ဆိုရင်တောင် လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ အခု သူ့ရဲ့ ဝိညာဉ်စွမ်းအားက ၀.၈ အထိ ရောက်ရှိသွားပြီး သူ့ရဲ့ အစွမ်းက ဖိရွှယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။
"အား……"
လျောက်ချင်း၏ ခန္ဓာကိုယ်ပေါ်သို့ လက်ချောင်းထိပ်များ ကျရောက်လာသည်နှင့်အမျှ ပြင်းထန်သော နာကျင်မှုတစ်ခုသည် သူ့တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားပြီး ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်တွင်းရှိ ဖိနှိပ်ထားသော စွမ်းအားများသည် ပေါက်ကွဲထွက်လာကာ အရူးအမူး ကြီးထွားလာသည်။
ဆည်ပိတ်ဆို့ထားတဲ့ ရေတွေ ဒလဟော စီးကျလာသလိုပင်။
ဗုန်း!
နောက်ဆုံးတွင် ပြင်းထန်သော စွမ်းအင်များကို တားဆီးနိုင်ခြင်း မရှိတော့ပေ။
ဝုန်း! ဝုန်း! ဝုန်း!
တခဏချင်းတွင် အမှတ်များသည် တစ်ခုပြီးတစ်ခု ပွင့်လာပြီး သူ၏ ခွန်အားသည်လည်း သိသိသာသာ တဖြည်းဖြည်း တိုးလာခဲ့သည်။
ထုံးရွှမ်နယ်ပယ် အလယ်အလတ် အဆင့်။
ထုံးရွှမ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်။
ထုံးရွှမ်နယ်ပယ် အထွတ်အထိပ် အဆင့်။
ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်!
ဆယ်ကြိမ်ထက်မနည်း အသက်ရှုပြီးနောက် ပါးစပ်မှ တစ်ချက် ထုတ်လွှတ်လိုက်သော စွမ်းအင်က ဆယ်မီတာကျော် လွင့်သွားခဲ့သည်။
ဟူ.....
စွမ်းအားတွေ ရပ်သွားတော့ လျောက်ချင်းလည်း သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။